အတင့်ရဲလာတဲ့ ဖုန်းသူခိုးတွေ ……

နွယ်ပင်November 15, 20111min24321

အခုတစ်လော အလုပ်ကများနေတာနဲ့ ရွာထဲကိုတောင်မ သေသေချာချာ မဝင်ဖြစ်တာကြာပြီ ဒီကြားထဲ ပြောချင်တဲ့ အကြောင်းအရာကလည်း ရှိဆိုတော့ အလုပ်ကို ဖြောင့်ဖြောင့်မလုပ်နီုင်ဘူး အလုပ်လေး နည်းနည်းအားတာနဲ့ ရွာထဲကို အပြေးအလွှားဝင်ပြီး ပိုစ့်ဖတ်ရတာလည်းအမောပေါ့ ။ ဒါနဲ့ အခုတစ်လော ဖုန်းသခိုးတွေသောင်းကျန်းနေတဲ့ အကြောင်း ရွာသူားတွေကို ပြောပြချင်နေတာ ။ ကိုယ့်တွေ့လေးလဲ ဖြစ်နေတော့ ……………….
ဖြစ်ပုံကဒီလို xxxxxxxxxxxxx

တန်ဆောင်မုန်းလပြည့်နေ့က အလုပ်ပိတ်ရက်ဆိုတော့ အိမ်မှာ အေးအေးဆေးဆေး အနားယူမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့ ။လပြည့်နေ့မို့ မနက်စောစော သစ်သီးဆွမ်းကပ်ပြီး အိမ်ရာထဲဝင်ပြန်ကွေးလို့မှ မကြာသေးဘူး အိမ်ရှေ့မှာ အစ်မတော်ရဲ့ ပူညံပူညံအသံကိုကြားရတော့တာပဲ ။ “ဟဲ့ အခုလေးတင် ဒီနားမှာ အားသွင်းထားတာပါ ခုနက ငါဘုရားရှိခိုးနေတုန်းကလည်းရှိသေးတယ် ခဏလေးနောက်ဖေးဝင်ပြီး ပြန်ထွက်လာတော့ မရှိတော့ဘူး ကလေးတွေ ယူဆော့ကြသလား “ ဆိုတဲ့ အသံကိုကြားနေရတယ် သူ့ကလေးတွေကလည်း အဲ့တော့မှ အိပ်ရာထဲက အိပ်ချင်မူးတူးနဲ့ ထလာပြီး အမေကို မဏိစန္ဒာမျက်လုံးလေးတွေနဲ့ ကြည့်နေကြတယ် ။ အဲတာနဲ့ နွယ်ပင်လဲ မနေနိုင်လို့ ဘာဖြစ်ကြတာလဲ အခုမှ မနက် 7း30 အစောကြီးပဲရှိသေးတယ် ဆူညံနေတာပဲဆိုပြီး ဝင်ပြီးဆရာလုပ်တာပေါ့ ။
အဲ့တော့ အစ်မက မနက် 7း30 ခွဲ မခွဲတော့ မပြောတက်ဘူး ငါဒီနားမှာ ဖုန်းအားသွင်းထားတဲ့ ဖုန်းတော့ မရှိတော့ဘူး သူခိုးခိုးသွားပြီလို့ပြောတော့ ဆရာကြီးလုပ်နေတဲ့ နွယ်ပင်လဲ ဘာပြောရမှန်းမသိတော့ဘူး ။ အဲတာနဲ့ ဘယ်လိုဖြစ်တာလဲ ဖုန်းအားသွင်းတာကလည်း အိမ်ထဲမှာပါ နောက် ကလေးတွေကလည်း အားသွင်းထားထဲ့နားမှာ အိပ်နေကြတာပဲ သူခိုးက အိမ်ထဲထိ အတင့်ရဲပြီး ခိုးရအောင် တံခါးမပိတ်ထားဘူးလားဆိုတော့ ……

အစ်မက ဘုရားရှိခိုးနေပါသတဲ့ အဲ့မှာ အဝတ်လျှော်နေကြ အဒေါ်ကြီးကလာလို့ တံခါးဖွင့်ပေးရင်း အဝတ်တွေယူပေးရအောင် ထလိုက်လာပါတယ်တဲ့ အဝတ်လျှော်ပေးတဲ့အဒေါ်ကြီးက တံခါးပိတ်နေတာလဲတွေ့ပါတယ်ဆိုပဲ ဒါပေမယ့် သူအဝတ်တွေယူပြီးလို့ ပြန်ထွက်လာတာ (5) မိနစ်တောင် မကြာသေးဘူး
အားသွင်းထားတဲ့ ဖုန်းလည်းမတွေ့သလို တံခါးကလည်းပွင့်နေတာပေါ့ ။ အဒေါ်ကြီးတံခါးပိတ်တာ ဂျက်မကျသွားဘူးထင်တယ် အတင့်ရဲတဲ့ သခိုးက
အိမ်ထဲထိဝင်ပြီး ဖုန်းကို မသွားပါလေရော။ အဲတော့ဒီဘက် နွယ်ပင်တို့အိမ်က မနက်စောစောစီးစီး ဆူညံနေတော့ ဘေးနားက အိမ်က မနေနီုင်လာလို့
လာမေးတော့ သူတို့တုန်းကတော့ ကားပေါ်မှာ ခါးပိုက်နှိုက်ခံရတာ ဒါပင်မဲ့ သူခိုးကို ဈေးညှိပေးတော့ ဖုန်းကဒ်ကို ပြန်လာပေးပါတယ်လို့ပြောတော့
အိမ်အောက်ထပ်မှာ ဆင်းပြီးဖုန်းခေါ်တော့ တော်တော်လည်တဲ့ သူခိုးက ဖုန်းကိုပိတ်ထားလိုက်ပါပြီ ။ အိမ်ကလူတွေလည်း လှေကားကို တပ်လိုက်ဆင်းလိုက်လုပ်နေတော့ အိမ်အောက်ထပ်က (3) လွှာက အစ်မကြီးက ဘာဖြစ်တာလဲမေးတော့ ဒီလို ဒီလိုပါဆိုပြီး xxxxxxx ပြောပြလိုက်တော့ ဟယ်သူတို့လဲ
လွန်ခဲ့တဲ့ (3) လလောက်က အဲလိုပဲ မနက်စောစော အိမ်ထဲဝင်ပြီး ဖုန်းအခိုးခံလိုက်ရပါတယ်တဲ့ သူတို့ကတော့ ဖုန်းရောကဒ်ရောပြန်မရတော့ပါဘူးလို့
အားပေးရှာပါတယ် ။ (3) လွှာက အစ်မကြီးနဲံစကားပြောနေတုန်း အပေါ်ထပ်အိမ်က လူကြီးကလည်း နားစွန်နားဖျားကြားပြီး
ဝင်ပြောပါလေရော သူကတော့ လွန်ခဲ့တဲ့ (1) လလောက်ကမှ ပျောက်တာပါတဲ့ သူဖုန်းလဲ အိမ်ထဲထိဝင်ခိုးခံရတာပါတဲ့လေ ။
နွယ်ပင်တို့ အိမ်ကတော့ သုံးခါမြောက် ကံစမ်းမဲပေါက်သွားတဲ့ အိမ်ပါတဲ့ ။ဒါနဲ့ နွယ်ပင်တို့လည်း တိုက်ကလူတွေကဒီလောက် အားပေးနေမှတော့ ဖုန်းတော့ သေချာပေါက်ပါသွားပြီ ဆိုတဲ့စိတ်ကလေးနဲ့ ကိုယ့်အိမ်ဘက်ကို ခြေဦးပြန်လှည့်ရတော့တယ် ။

21 comments

  • lone

    November 15, 2011 at 3:11 pm

    ဖုန်းရုံးကနေ နံပါတ်သွားပိတ်လိုက်လေ…ပြန်လုပ်ရင် တစ်သိန်းတော့ပေးရတယ်တဲ့ lone ကြားဖူးတာပဲ
    fighting …. 🙂

  • Moe Z

    November 15, 2011 at 3:33 pm

    မိုးစက်ရဲ့အစ်ကိုဖုန်းလည်းအခိုးခံရဖူးတယ် မနွယ်ပင်ရေ
    ကားထဲမှာ ပြတင်းပေါက်ကနေနှိုက်သွားတာ
    sim card ပါတဲ့ဖုန်းနဲ့ handset အလွတ်နဲ့ ၂လုံးယှဉ်ထားတာ
    တော်သေးလို့ handset အခွံကြီးပဲပါသွားတယ်

  • blackchaw

    November 15, 2011 at 3:37 pm

    lone ရေ။
    လူကြီးမင်းကို အပ်ရင် ကိုးသောင်းကျော်လောက်ကျတယ်။ အပြီးအစီးပေါ့။
    ကိုယ်တိုင်လုပ်ရင် ခြောက်သောင်းလောက်ကျတယ်။
    ဆက်သွယ်ရေးကဝန်ထမ်းတွေနဲ့ အပ်ရင် ရ သောင်းလောက်ကျပါတယ်။
    ဖုန်းစာရွက်စာတမ်း အော်တွေတော့ လိုတယ်နော်။ အနည်းဆုံးတော့ ၂ ပတ်နဲ့ အထက်ကြာပါတယ်။
    အကူအညီလိုရင်ပြောပါ။ ဆက်သွယ်ရေးဝန်ကြီးကို ဦးဘလက် ဖုန်းဆက်ပေးလိုက်ပါ့မယ်။
    ဟားဟား နောက်တာနော်။

  • cobra

    November 15, 2011 at 4:11 pm

    လူတွေလုပ်စားစရာအလုပ်မရှိကြတာလား
    အချောင်လိုက်ကြတာလား
    ဘယ်လိုဟာတွေလဲတော့မသိတော့ဘူး….
    မကောင်းတာလုပ်တဲ့သူတွေပေါပေါလာတာတော့အမှန်ပဲ

  • “ဘီလူးကြီး”ogre

    November 15, 2011 at 6:31 pm

    ဒွတ်ခ
    လူတွေလဲ ဘယ်လောက် ငတ်နေကြပြီလဲမသိဘူး
    ခိုးနေကြပြီ ….ဒီထက်ဆိုးလာရင် လုတော့မယ်
    ကြာရင်သတ်တော့မယ် ….
    နာ့ခါးကြားဖုန်းရောရှိသေးရဲလားမတိဘူးလို့ ကားပေါ်ကဆင်းတိုင် ခဏခဏစမ်းကြည့်ရတာ
    အမောပေါ့….

  • windtalker

    November 15, 2011 at 7:05 pm

    တန်ဆောင်မုန်း လပြည့်နေ ့မှာ မနွယ်ပင် အမ ထီပေါက်သွားတာပေါ့ဗျာ ။
    ရန်ကုန်တင်မဟုတ်ဘူး ။ မနွယ်ရေ မန်းတလေးမှာလဲ သူခိုးတွေ သောင်းကျန်းနေတယ်ဗျို ့။
    စီးပွားပျက် ငွေရှာရခက်လို ့လား ။ ဒါမှမဟုတ် လွယ်လို ့လားတော့ မစဉ်းစားတတ်တော့ဘူး ဗျို ့

  • အီးတီ

    November 15, 2011 at 7:26 pm

    အိမ်ထဲထိတောင် ဝင်ခိုးတယ်ဆိုတော့ မလွယ်ဘူး။ တော်တော်အတင့်ရဲတဲ့သူခိုး။ အမတို ့တိုက်မှာ သူခိုးရှိနေဘီထင်တယ်။ ၃ခါတောင်ခိုးတယ်ဆိုတော့။ နောက်တစ်ခါ ဖုန်းလေးပြပြီး စောင့်ဖမ်းကြည့်ပါလား။ တော်ကြာနောက်တစ်လုံးပါသွားဦးမယ်။ သတိလည်းထားဦး။ 🙂

    • နွယ်ပင်

      November 16, 2011 at 4:13 pm

      ွှအီးတီပြောသလိုပဲ ဖုန်းသခိုးကို စောင့်ဖမ်းမလားလို့
      နွယ်ပင်လဲ စဉ်းစားပါသေးတယ် ဒါပေမယ့် စောင့်ဖမ်းရင်းနဲ့
      နောက်တစ်လုံးပါသွားမှာဆိုးလို့ ဒီအစီစဉ်ကို အိမ်က
      လက်မခံပဲ ပယ်ဖျက်လိုက်ပါတယ် … 😛

  • MaMa

    November 15, 2011 at 10:24 pm

    မကောင်းတာကို မလုပ်ချင်လို့ လျှာမြက်ပေါက်ချင် ပေါက်ပါစေ လို့ သူကြီးသူမတွေ ပြောတာ ကြားဖူးတယ်။ ခုတော့လည်း လျှာမြက်မပေါက်ပဲ စာရိတ္တတွေ ပျက်ပြားကုန်ကြလို့ကို ခိုးစားနေကြတာပါ။ သူငယ်ချင်းတစ်ယောက်လည်း ဖုံးပျောက်သွားတော့ အဲဒီဖုံးကို ဆက်ကြည့်လိုက်တော့ သူခိုးက ၃ သိန်းတောင်းတယ်။ ၁ သိန်းလောက်ပဲ ယူပါလို့ ဈေးဆစ်တော့ ဟန်းဆက်က ကောင်းလို့တဲ့လေ။ သူငယ်ချင်းကလည်း စိတ်ဆိုးပြီး ရုံးသွားလိုင်းပိတ်ပြီး ဟန်းဆက် အပေါစားလေးပဲ ဝယ်သုံးလိုက်တော့တယ်။ အားလုံးပေါင်းမှ ၁ သိန်း ကျော်ကျော်လေးပဲ ကုန်တယ်။

  • ကိုရင်စည်သူ

    November 16, 2011 at 10:21 am

    မနွယ်ရေ… အဓိကက ကိုယ့်ပစ္စည်းကို (ဖုန်း) ကိုယ်
    ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါတယ်ဗျာ..
    တချို့လူတွေ ဖုန်းကို ပစ်စလတ်ခတ်ထားပုံကလည်း
    သူခိုးမပြောနဲ့ သာမန်လူတောင် ခိုးချင်တဲ့ ပုံစံမျိုးပါ..
    လွယ်ရင် သူကြွယ်တောင် လက်မနှေးပါဘူး..
    သေးသေးကွေးကွေး ဖြစ်တဲ့ ဖုန်းတို့က..
    သူခိုးလက်မလွယ်တဲ့နေရာမျိုးမှာ ထားသင့်ပါကြောင်း..
    အကြံပြုပါတယ်..

    • နွယ်ပင်

      November 16, 2011 at 4:19 pm

      ဟုတ်ပါတယ် ကိုရင်စည်သူရေ
      နွယ်ပင့်အစ်မက သူ့ပစ္စည်းကိုယ် (ဖုန်း)ကို
      သေချာကို ဂရုစိုက်ပါတယ် အခုဟာက တံခါးက ဂျက်မကျပဲ
      ပွင့်နေတာလေးက အပြစ်တစ်ခုဖြစ်သွားတာပေါ့လေ
      အမှန်က သူခိုးက တံခါးပွင့်နေတော့ ဘာရရယူမယ့်ပုံပါပဲ
      အဲဒီအချိန် ဖုန်းကလည်း အားသွင်းထားတာဆိုတော့ အလွယ်တကူတွေ့တဲ့
      ဖုန်းကို ယူသွားလိုက်တာထင်ပါတယ် ဖုန်းအားသွင်းထားတာကလည်း အိမ်ထဲတော်တော်ရောက်ပါတယ် ။ခိုးချင်တဲ့ သူဆိုတော့လည်း အိမ်ထဲထိ
      ဝင်ခိုးသွားတာနေမှာပါ …………..

  • manawphyulay

    November 16, 2011 at 6:42 pm

    နွယ်ပင်တို့က ခုမှခံရတာ။ အမ ညီမလေးတွေ အိမ်မှာတုန်းကတော့ အိပ်တဲ့အခန်းက ကုတင်ပေါ်မှာ နှစ်ယောက်အိပ်တဲ့ကြားမှာထားတာကို ပျောက်သွားတာ။ နောက်ပြီး သူတို့က စမ်းသပ်သေးတယ်လို့ပြောတယ်။ ညီမလေး သူငယ်ချင်းတွေအိမ်ကို ညကြီး ၂ နာရီခွဲ ၃ နာရီမှာ ဖုန်းခေါ်တယ်တဲ့။ နောက်ရက်ထိပဲ ရှာတာ ဖုန်းဆက်တော့ ပထမကိုင်တယ် မိန်းမတစ်ယောက်တဲ့ ကလေးတွေအသံလည်းကြားရတယ်။ နောက်တော့ မကိုင်တော့ဘူး။ သူတို့လည်း လိုင်းအမြန်ပိတ်ပြီး ပြန်ပြောတော့ ပိုက်ဆံ တစ်သိန်းနှစ်သောင်းလားပဲ ထပ်ကုန်ပြီး ပြန်လုပ်ရတယ်။ ဖုန်းခွံလည်းထပ်ဝယ်ရတော့တာပေါ့။ ဂိုဏ်းနဲ့များ ခိုးနေလားမသိဘူး။ တော်သေးတယ်။ မနောမှာ ဖုန်းခွံတောင် မကိုင်နိုင်သေးတာ ကျေးဇူးတင်ရမယ်။ 😛

  • ရွှေအိမ်စည်

    November 16, 2011 at 9:55 pm

    ဖုန်းမှမဟုတ်ပါဘူး…ခိုးတဲ ့သူကတော့..
    အယူလွယ်တာအကုန်ခိုးမှာပါဘဲလေ

  • unclegyi1974

    November 16, 2011 at 11:14 pm

    တော်သေးတာပေါ့မနောညီမတွေအိပ်နေတာ
    ဖုန်းပဲယူသွားလို့

    • ကြောင်ကြီး

      November 17, 2011 at 12:10 pm

      အန်တယ်ဂျီးက သိလည်းမသိဘဲနဲ့။ သူခိုးက ချွတ်ယူသွားမလို့ ကြိုးစားသေးတယ်၊ ကျပ်နေလို့တဲ့။ ရွှေဆွဲကြိုးကိုပြောပါတယ်။ 😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 17, 2011 at 12:18 am

    ဒီတစ်လော သဂျီးမင်း တော်တော်အချောင်ခိုနေတယ်လို့ထင်မိတယ် 😀
    ဆိုတော့ကာ ကျုပ်ကဘဲ သဂျီးမင်းလေသံနှင့် ပြောပါမယ်
    ကျုပ်တို့ လော့အိန်ဂျလိမှာဆို
    အငှားကွန်ဒိုတွေ အပါ့မန့်တွေမှာ ဖြစ်လာရင် အိမ်ရှင်ကို အကြောင်းကြားရပါတယ်
    ပြီးရင် အိမ်ရှင်က စီစီကင်မရာတွေဘာတွေတပ်ပြီး
    အိုက်လို အိုက်လို ဒါက အကျဉ်းချုံ့ပြောဒါ
    …………………
    ယူတို့တစ်တွေလည်း အတော် အတင်းတုတ်ဝါသနာထုံတာဘဲ
    အကြောင်းရှိလို့ အကျိုးရှိတယ်ဆိုတာ ဒါကိုလည်းခေါ်သကွဲ့
    သေခြာလည်းစားစားဆင်းဆင်းလုပ်ကြဦး
    ခြံမလုံလို့ သူခိုးဝင်တာကိုများ တစ်ယောက်မှ မပြောတာအံ့ရော
    ကျုပ်အမြင်တော့ ခင်ဗျားတို့ပြောတဲ့ သူခိုးဆိုတဲ့သတ္တဝါက တော်တော်သဘောထားဖြောင့်တာဘဲ
    ကိုယ့်အခန်းထဲထိတောင်ဝင်လာပြီး ဖုန်းလေးတစ်လုံးဘဲမ..သွားတယ်
    အပျင်းကြီးတာလားတော့သိဘူး
    ကျုပ်များခင်ဗျားတို့ အခန်းထဲထိ ဝင်ခိုးလို့ကတော့
    အတွင်းပစ္စည်းရွှေတိုရွှေစ တိုလီမိုလီလေးမရရင်တောင်
    ဘရာစီယာလေးဘာလေးပေါ့ 😀 😀 😀
    ညှင်း ညှင်း ညှင်း

  • kai

    November 17, 2011 at 2:35 am

    ဖုံးအာမခံ ထားဖို့… လုပ်ဖို့ လိုနေပြီလို့ထင်မိတယ်..။
    ဆိုတော့…
    တလ.. ကျပ်၅၀၀ဝလောက်ပိုသွင်း..
    ပျောက်ရင်..အသစ်အစား ပြန်ဝယ်ပေးမယ်ပေါ့..
    အဲဒါမျိုးအာမခံ…။ 😆

    • etone

      November 17, 2011 at 3:11 pm

      အာမခံတွေ အတော်ကောင်းစားသွားဦးမယ် … ဘာလို့လဲဆိုတော့ ဖုန်းတလုံး ငါးသိန်းထားဦး … ဟမ်းဆက်တစ်သိန်းလောက်ပဲ သုံး … စုစုပေါင်းခြောက်သိန်း … အဲ့ဒီငွေက တနှစ်အာမခံပေးရငွေနဲ့ မျှတယ်လေ … ။ တနှစ်နေလို့ ဖုန်းတခါမပျောက်တဲ့ လူတွေ အတွက်တော့ အာမခံက မတန်ဘူး … ။

      မြတ်ချင်လျှင်တော့ … ခြောက်လလောက် အာမခံထားပြီး … ဖုန်းပျောက်တယ်ပြော ကဒ်ဖျက်လိုက် .. ဟမ်းဆက်ကို တခြားသူငယ်ချင်းကို ဈေးပေါပေါနဲ့ ပြန်ပေးလိုက် … ။ ဒါမှ အာမခံထားရတာ တန်မှာပေါ့ … 😆

  • etone

    November 17, 2011 at 3:22 pm

    အစ်မရေ .. ဒီပိုစ်ဖတ်ပြီးမှပဲ … သူကြွယ်တောင်လွယ်လျှင် သူခိုးဖြစ်တယ်ဆိုတဲ့ စကားပုံကို သတိရမိပါတော့တယ် … ။ ပျောက်သွားတာ စိတ်မကောင်းပါဘူး … နောင်တခါမဖြစ်အောင်သင်္ခန်းစာတော့ယူရမှာပေါ့ … ။

    မှတ်မှတ်ရရ ညီမတို့အဖွားအိမ် အောက်ထပ်က လင်မယားအကြောင်းပြောပြဦးမယ် … သူတို့လင်မယားက ပစ္စည်းသိပ်သိတာ … သူတို့ပစ္စည်းဆို သေချာ သိမ်းတတ်သလို ၊ စိသလားတော့မမေးနဲ့ …. ။ 15သိန်းဖုန်းတွေ ခေတ်စားတုန်းက .. သူယောကျာ်းသဘောင်္ပြန်လာလို့ ဖုန်းတလုံးဝယ်လိုက်ကြတယ် … ။ အဲ့ဒါညအိပ်တော့ … ဖုန်းကို ဗီဒိုထဲသော့ခတ်သိမ်းပါရော … ညဘက်ဖုန်းလာတော့မှ အသံက ဆူညံနေပြီး အထပ်တိုင်း သော့ခတ်ထားတဲ့ အံဆွဲတွေ လိုက်ဖွင့်ရှာရတော့တယ် … ။အံဆွဲတိုင်းသော့ခတ်ထားတော့ … အကုန်လိုက်ဖွင့်ရှာကြရတယ် … သူတို့ လင်မယားအော်သံဟစ်သံနဲ့ … တတိုက်လုံး နိုးတော့တာပါပဲ 😆

  • နွယ်ပင်

    November 17, 2011 at 3:33 pm

    ပျောက်သွားပြီးမှတော့ ဘာမှတော့ မတက်နိုင်တော့ဘူးပေါ့ etone ရယ်
    နောက်တစ်ခါ မဖြစ်အောင်တာ ဂရုစိုက်နေရတာပေါ့ …
    etone ပြောတဲ့ လင်မယားလို ဖုန်းကို သေချာသိမ်းဖို့ အစ်မကို ပြောရဦးမယ် 🙂

    • etone

      November 17, 2011 at 4:47 pm

      ဟီးဟီး… အဲ့ဒါဆို တအိမ်လုံး ဘယ်သူမှ အိပ်ရမှာ မဟုတ်ဘူး … ညဘက်ဖုန်းလာလျှင် … 😀

Leave a Reply