မန ္တလေးက သံဃာတော်(၅)ပါးရဲ့ ငြိမ်းချမ်းရေး၊လွတ်လပ်ရေးတောင်းဆိုမှု ပထမအဆင့် အောင်မြင်ပြီ

DaveNovember 15, 20111min19412

ဘုရားကြီးမှ ၄နာရီခန့်တွင် ဦးဆောင်သံဃာတော် (၅)ပါးသည် ကားဖြင့် မစိုးရိမ်တိုက်ဟောင်းသို့ ကြွရောက်တော်မူကြသည်။ တိုင်း သံဃနာယကဆရာတော်ကြီးများနှင့် ညှိနှိုင်း၍ နိုင်ငံတော် သံဃနာယက အဖွဲ့မှ တစ်ဆင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ပြည်တွင်းစစ်ရပ်စဲပြီး စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန်နှင့် ရဟန်းတော်များနှင့် စာပေပညာရ…ှင်ကြီးများ ဟောပြောပွဲများကို ခွင့်ပြုမိန့် မတောင်ခံရဘဲ လွတ်လပ်စွာဟောပြောခွင့်ပေးရန်တို့ကို နိုင်ငံတော်သမ္မတထံတောင်းဆိုထားသည်။နိုဝင်ဘာ(၁၆)မွန်းလွဲ(၁)နာရီမှ (၂)နာရီထိ ငြိမ်းချမ်းရေး ဟောပြောပွဲ မစိုးရိမ်တိုက်ဟောင်းတွင် ကျင်းပမည်။နိုဝင်ဘာ(၁၈)ထိ (၃)ရက်ကြာ ကျင်းပမည်။“ဆရာတော်တို့အားလုံးက ရန်ကုန်မြို့မဟာကိုးဆူကျောင်းတိုက်ကဖြစ်ပါတယ်။ အခုလို ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ (၃)လခန့် အချိန်ယူခဲ့ရပါတယ်။စီစဉ်ခဲ့စဉ်က သံဃာတော် များစွာပါဝင်ခဲ့သော်လည်း အမှန်တကယ် ဆောင်ရွက်ရာမှာတော့ (၅)ပါးပဲ ပါဝင်ခဲ့ပါတယ်။မနက်က အစီအစဉ်စစချင်း ရင်တွေတုန်ခဲ့ပါတယ်။ တံခါးတွေပိတ်ရတာ ပစ္စည်းတွေကို တွန်းလှည်းနဲ့သယ်ယူခဲ့တာတွေ အချိန်ကိုက်မဖြစ်မှာကို စိုးရိမ်ခဲ့ရပါတယ်။ အခုအစီအစဉ် မအောင်မြင်ဘဲ ပျံလွန်ခဲ့ပါက ကောင်းရာသုဂတိလားမယ်လို့ ယုံကြည်ခဲ့ပါတယ်။ အခုလှုပ်ရှားမှုက အကြမ်းမဖက်ဘဲ ငြိမ်းချမ်းရေးကို လိုချင်တာဖြစ်ပါတယ်။ လူပြောင်းဖို့ ဆင်းပေးဖို့ မလိုပါဘူး။မူသာပြောင်းဖို့လိုပါတယ်။သွားနေတဲ့လမ်းကြောင်းက မှန်သော်လည်း မြန်မြန်ပြောင်းလဲဖို့ အခုလိုလုပ်ဆောင်ရခြင်းဖြစ်ပါတယ်။အခြားဘာသာတွေကလည်း အခုလို ဆုတောင်းပွဲတွေလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။နိုင်ငံတိုးတက်ဖို့ ဦးဇင်းတို့ ရဲ့ တွန်းအားက (၅၀)ဆိုရင် စစ်မှန်တဲ့မီဒီယာရဲ့ တွန်းအားကလည်း(၅၀)ဖြစ်ပါတယ်“ဟု ဦးအာဒိစ္စက မိန့်ကြားသည်။

12 comments

  • Yan Shin

    November 15, 2011 at 9:18 pm

    ခုလို သတင်းဦးတင်ပေးလို့ အထူးကျေးဇူး
    bigbrown blog ကလည်းပို့ပေးလို့ ဖတ်ရတယ်
    အောင်မြင်ပါစေ
    အင်အားများထပ်မံတိုးပွါးလာပါစေလို့
    အဝေးကနေ ဆုတောင်းပေးနေတယ်။

  • ဆူး

    November 16, 2011 at 8:56 am

    ပြောင်းလဲမှုတွေ လုပ်ပေးနေပြီပဲ မသိမသာနဲ့ တဆင့်ချင်းစီ တိုးပြီး လုပ်သင့်တယ်လို့ ထင်တာပဲ..
    ၂၀၀ရ စက်တင်ဘာတုန်းကလို မြင်ကွင်းမျိုးတွေ ထပ်မမြင်ချင်တော့ဘူး။ ညင်ညင်သာသာနဲ့ ပြီးသွားရင်တော့ အကြောင်းမဟုတ်ဘူး ကြမ်းကြမ်းတမ်းတမ်းတွေ မဖြစ်စေချင်တော့ဘူး။

    ကျွန်ုပ် နှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်းသည်လည်း သက်ရှိထင်ရှား ရှိနေစဉ် ကာလ အတွင်း ထပ်မံပြီး ထိုကဲ့သို့ သမိုင်းဆိုး အရိပ်မဲဖြစ်မဲ့ ကိစ္စများ မကြုံရ မတွေ့ရပါစေနဲ့တော့။

    ရဟန်းသံဃာ များကိုလည်း ရဟန်းသံဃာများ ကျင့်အပ်တဲ့ ဝိနည်း သိက္ခာနဲ့ မေတ္တာဘာဝနာ တရားများ ကျင့်ကြံပြီး ရဟန်း အလုပ်သာ လုပ်စေချင်ပါသည်။
    ရဟန်းမှ မဟုတ်ပါဘူး ဘယ်သူကို မဆို စွန့်လွတ်မှုတွေ မရှိစေချင်တော့ဘူး။ ကာယကံရှင်နဲ့ တကွ မိသားစုကလည်း အလွန်တရာ ခက်ခဲ ကြမ်းတမ်းသော လမ်းတွေမှာ ပင်ပန်းမှုတွေ မကြုံစေချင်ဘူး။

    ဇာဂနာ ပြောသလိုပဲ အခုအချိန်က အော်ဟစ်ပြီး လမ်းပေါ်တက်ပြီး ထွက်ရမဲ့ အချိန်မဟုတ်သေးဘူး ဉာဏ်ကစားရမဲ့ အချိန်လို့ ပြောတဲ့ အချက်ကို သတိရမိတယ်။
    အခုတလော အင်းစိန်ထောင်နဲ့ စစ်ကြောရေး အကြောင်းတွေ ဖတ်ရတာနဲ့တင် တော်တော် စိတ်မောလှပါပြီ။

  • ကိုရင်စည်သူ

    November 16, 2011 at 9:13 am

    ထင်ဘူးနော့.. ထင်ဘူး…
    ရွှေဝါရောင်မှာ သံဃာတော်တွေ အပြွတ်လိုက် တောင်းဆို
    ဆန္ဒပြတာတောင် မရတာ… ခုလည်း.. မထင်.. မထင်…
    သူတို့ မပေးချင်ရင်… ဘယ်လောက်မှောက်မှောက်
    ဘာမှမပေးပီးရင်း မပေးပါပဲ… ခုချိန် ရုတ်ရုတ်
    မဖြစ်တာအကောင်းဆုံးပါပဲ… တစ်ခုခုဆို..
    အာဏာကို စစ်တပ်က ပြန်သိမ်းမယ့် အခြေခံဥပဒေကြီးက
    ရှိနေတယ်လေ… အဟမ်း…
    တိုင်းပြည်တိုးတက်ချင်ရင် မျိုးချစ်စိတ်နဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ကြပါ…
    ဘုန်းကြီးလည်း ဘုန်းကြီးအလုပ်လုပ်ပါ… လူတွေကလည်း လူအလုပ်ကို
    အကောင်းဆုံး လုပ်ကြပါ… ဒါပဲပြောချင်တော့တယ်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 16, 2011 at 9:35 am

    တွေးရတော့ နည်းနည်းလေးဂွကျနေတယ်
    သေခြာတာကတော့
    အဖွားကြီးက ဒီဘုန်းကြီးတွေနဲ့ ပြောရမဲ့စကားလုံးတွေကို
    ဗလိုင်းကြီး ခေါင်းစားခံပြီးရွေးရဦးမယ်ထင်တယ်
    ဘာသာရေးအနေနဲ့ကတော့ ဘုန်းကြီးနဲ့ဘာဆိုင်လို့ဒုန်း
    နုင်ငံရေးအနေနဲ့ နည်းနည်းအမြတ်ထွက်မလား အကြပ်ရိုက်မလားတော့သေချာဘူး
    သေခြာတာက လူတွေမလုပ်တာကို ဘုန်းကြီးတွေလုပ်ပဟလို့ ပြောလို့ရနိုင်မလားသိဘူး
    ဒီအကြောင်းကြောင့် နိုင်ငံရေး အမြတ်ထွက်သလား
    အကြပ်တွေ့သလားဆိုတာလေး ထောက်ပြသုံးသပ်နိုင်တဲ့သူရှိလျှင်
    ကောင်းလေစွ

  • Pearl May

    November 16, 2011 at 9:57 am

    ဆူးရဲ့ comment ကိုထောက်ခံပါတယ်။ အပြောင်းအလဲတွေစတင်နေတဲ့ အရှိန်ကို နှောင့်နှေးမှုတွေ မရှိစေချင်ပါဘူး။ နိုင်ငံရေးအကျဥ်းသားတွေထပ်လွှတ်ဖို့လည်း အရိပ်အယောင်မြင်နေရပြီ ၊ လက်နက်ကိုင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးနေပြီဖြစ်ပါတယ်။ လိုချင်တာ ၁၀ဝ ရာခို်င်နှုန်းတော့ ချက်ချင်းဘယ်လိုမှ မရနိုင်ပါဘူး။ အစိုးရကိုထောက်ခံလို့ပြောတာမဟုတ်ပါ။ ရရမယ့်ဟာလေးတွေတောင် လက်လွတ်သွားမှာစိုးလို့ပါ။ တကယ်တန်း နစ်နာတော့ ထောင်ထဲက တစ်ရက်တစ်ရက်ကို ခက်ခဲစွာဖြတ်သန်းနေရတဲ့ သူတွေပါ။ ထောင်ထဲက ဘုန်းဘုန်းတွေ အမြန်လွတ်စေချင်ပါတယ်။ အခုကိစ္စကတော့ တမက်သက်သက်အစိုးရကို အကြပ်ရိုက်စေတာလို့ ထင်ပါတယ်။ အစိုးရအနေနဲ့လည်း အရမ်းကို sensative ဖြစ်တဲ့အချိန်ဖြစ်နေပါတယ်။ ဖြစ်နိုင်ရင် အခုသပိတ်ကို ရုတ်သိမ်းစေချင်တယ်။

  • Patriot

    November 16, 2011 at 10:17 am

    Recommend ဆူး & above comments, we don’t want to see any bloody chaotic scene again like 2007 demonstration which only suffer to grass root people on the streets.

  • Pearl May

    November 16, 2011 at 11:24 am

    reference : http://www.facebook.com/7daynews?ref=ts&sk=wall
    comment by: ကြယ် စင် လင်း
    ဒီနေ့ ကိစ္စနဲ့ ပါတ်သက်လို့် စဉ်းစားစရာဖြစ်တာ ပထမ သံဃာတော်တွေ ဝေတဲ့စာရွက်မှာ ရက်စွဲက ဝ၇-၁၁-၂၀၁၁ ကြိုထုတ်ထားတယ်… အဲ့ရက်ပိုင်းက ဘယ်အကြောင်းအရာ ဟော့ဖြစ်နေလဲ အားလုံးလည်း သိကြတာပါပဲ… ၁၁-၁၁-၁၁ တုန်းက ဒီဗီဘီက မသီတာ ဒီရက်သတ္တပါတ်မှာ မျှော်လင့်နေတဲ့ သတင်းလေး မကြားရပါလား ဆိုတဲ့ ညဉ်းခြင်းကို တင်ခဲ့တယ်…. ကဲ အခု ဘုန်းကြီးတွေ သူတို့ဟာသူတို့ အပြင်က ဝင်မနှောင့်ယှက်နိုင်အောင် ကျောင်းတိုက်ကို ပိတ်ပြီး ဆန္ဒပြတာကို အင်္ဂလိပ်လိုပိုင်းမှာ The monks locked themselves ဆိုပီး သုံးထားတယ်ဗျာ….. ကိုယ့်ကိုကိုယ် ချုပ်နှောင်တယ်ဆိုတဲ့ ပုံစံ ရေးတယ်ဗျာ….. နောက်ဘုန်းကြီးတွေမှာ မီးစက်တွေပါတယ် ကင်မရာတွေပါတာကို အင်္ဂလိပ်လို အပိုင်းမှာ ထုတ်မရေးဘူး…..

    မွန်းလွဲ ၁ နာရီခွဲကြတော့ ဆန္ဒပြတဲ့ ဘုန်းကြီးတွေနဲ့ တယ်လီဖုန်းကနေ အင်တာဗျူးတယ်… ကဲ ဘုန်းကြီးတွေရဲ့ ဖုန်းနံပါတ်ကို ဒီဗီဘီ ဘယ်ကရလဲ…. တိုက်ဆိုင်တာတွေကလည်း တော်တော်များတယ်…. နောက် ဒီ ဆန္ဒပြတဲ့ ဘုန်းကြီးတွေထဲက တစ်ယောက်က ဂျာမဏီမှာ နိုင်ငံရေး ခိုလှုံခွင့်နဲ့ နေတဲ့လူဖြစ်တယ်လို့ ဒီဗီဘီကပြောတယ်ဗျာ…. မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဘန်ကောက်ကနေ မဲဆောက်အထိ လမ်းလျှောက် ဆန္ဒပြခဲ့တာမှာ ဦးဆောင်တယ်လို့လည်းပြောတယ် (အဲ့ဒိလမ်းလျှောက်တဲ့ ရုပ်ရှင်မှာ အဲ့ဒိ ဆရာတော်ရဲ့ ပုံကို ကွက်တိထုတ်ပြတယ်ဗျာ)… ငြိမ်ချမ်းရေးလိုလားတဲ့ သံဃာတော်များအဖွဲ့ကို တည်ထောင်ဆောင်ရွက်နေသူပါတဲ့….. ကဲ ဒါမျိုးကြတော့ ကွက်တိ အပ်ချ မတ်ချ သိတယ်ဗျာ….. တော်လွန်းလို့ ဆိုတာထက် ကြိုတင်ကြံစည်တာမှာ စည်းဝါးကိုက်တာ ပါနေတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်…. စဉ်းစားကြည့်ကြပေါ့….

    ဘန်ကောက် ဆန္ဒပြတာကို ကွက်တိပြတဲ့ပုံကို သေခြာကြည့်နော် တမင်ကို အရိုက်ခံတဲ့ပုံစံဗျာ….. ဟိုးအရင်တုန်းက ကြည့်ခဲ့တဲ့ ဂျိန်းစဘွန်းကားထဲက မီဒီယာသူဌေးကြိးရဲ့ ရာဇဝတ်မှု အကြောင်းနဲ့ ပါတ်သက်တဲ့ ဇာတ်လမ်းကို ပြန်သတိရနေမိတယ်….

  • Patriot

    November 16, 2011 at 11:56 am

    Kind suggestion to all politicians, If really want to see the development of our country, don’t do for the sake of popular and fame yourself. Before doing any manners, Please deeply consider for ordinary people whether any profit or not. Tyrant already shown their mindset that they don’t fucking care about any demonstration since 88 and 2007. Please don’t let our relatives killed on the streets. Thanks!

  • မိုးချမ်းမြေ့

    November 16, 2011 at 1:50 pm

    လွတ်လပ်မှုဆိုတာ လူသားအားလုံးနဲ့ဆိုင်တဲ့ကိစ္စ၊ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်နေတာမို့ လူသော၊
    ဘုန်းကြီးသောလုပ်မနေကြပါနဲ့ဗျာ။ မတောင်းလို့မရတာထက်၊ တောင်းဆိုနေခြင်းက မသင့်မြတ်ပေဘူးလား။
    ကျုပ်ကတော့ လက်ခံသဗျို့။ ဘုန်းကြီးအလုပ်ဆိုတာကလည်း လူတွေငြိမ်းချမ်းအေးမြဖို့ပဲမဟုတ်လား။ ကန့်ကွက်သူတွေက ကန့်ကွက်နိုင်သလို၊ လက်ခံသူတွေကိုလည်း အပြစ်မမြင်ကြဖို့ ပြောချင်ပါရဲ့။

    • Sky ko ko

      November 16, 2011 at 2:21 pm

      စိတ်မရှိပါနဲ့ ကို မိုးချမ်းမြေ့ရေ….
      ကျုပ်ကတော့ အဲလိုမဖြစ်စေချင်တာ အမှန်ပါပဲ….
      ဗုဒ္ဓဘာသာရဲ့ ဘာသာရေးကို အနည်းနဲ့အများဆိုသလို ထိခိုက်နေတယ်လို့ ထင်မိပါတယ်…
      လူပုဂ္ဂိုလ်တွေပဲ လုပ်သင့်ပါတယ်….
      ပိုပြီးထိန်းသိမ်းရမှာက ကျုပ်တို့ဆိုတာထက် သံဃာတော်များသာဖြစ်တယ်လို့ဆိုချင်ပါတယ်…

  • Sky ko ko

    November 16, 2011 at 2:15 pm

    ဪဒုက္ခဒုက္ခ၊ကျုပ်တို့ဗုဒ္ဓဘာသာဘုန်းဘုန်းတို့လည်း နိုင်ငံရေးပဲဦးစားပေးလုပ်နေကြတာလားသိတော့ဘူး … နောက်နောင်ကျုပ်တို့လူမျိုးတွေတော့ဗုဒ္ဓဘာသာတရားကိုမသိတော့ပဲနိုင်ငံရေးကိုပဲသိတဲ့သူတွေ ဖြစ်ကုန် ကြတော့မှာပဲ…
    မွတ်ဆလင်ဘာသာရေးဘုန်းကြီးတွေလိုပဲ နိုင်ငံရေးကိုဦးစားပေးဆောင်ရွက်ကြတော့မှာလား မပြောတက်၊ ဘုရားဟောနဲ့ ဆန့်ကျင်ကုန်ပါပြီဘုရား… ပြည်သူတွေအတွက်ကောင်းကျိုးကို ပေးလိုလျှင်တော့ နိုင်ငံရေး မလုပ်ဘဲ၊ ဘာသာရေးနဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာအောင် ဟောကြားပြသပေးတာပဲ ကောင်းပါတယ် လို့ အဝေးတစ်နေရာမှ လျှောက်ထားအပ်ပါသည် ဘုရား…..
    အကောင်းဆုံးကို အကြံပြုရမယ်ဆိုရင်လူဝတ်လဲပြီး နိုင်ငံရေးလုပ်တာကမှ ဝိနည်းနဲ့ညီညွတ်ပါလိမ့်မယ်ဘုရား
    ကျုပ်တို့ဗုဒ္ဓမြတ်စွာဘုရားကို လေးစားကြည်ညိုပေးတော်မူပါလို့ လျှောက်ထားလိုပါတယ်…..

  • xman

    November 17, 2011 at 10:27 am

    ဆန္ဒပြ သံဃာတော်များဘုရား
    ဘုရားစကား နားမထောင်ချင်လျှင် ဘုရားတည်ထောင်ခဲ့တဲ့ သံဃာ့အဖွဲ့အစည်းမှ ထွက်သင့်ပါတယ်။
    လူထွက်ပြီးမှ နိုင်ငံရေးလုပ်လုပ် ပရဟိတလုပ်လုပ် ထောက်ခံကြိုဆိုပါတယ် ဘုရား။

Leave a Reply