ကျနော် ကြုံတွေ ့ခဲ ့ရသော ERROR တစ်ခ

agkyawthantMay 23, 20101min1175

ကျနော် ကြုံတွေ ့ခဲ ့ရသော ERROR တစ်ခု

သိပ်တော့မကြာသေးပါဘူး။ကျနော် Internet ထဲကနေ Software တစ်ခု Download ချပြီး Install လုပ်မိတယ်။ဒါပေမယ့် Software Error တက်လို ့ပြန်ဖြုတ်လိုက်ရတယ်။ အဲဒီ Error ရဲ ့ နောက်ဆက်တွဲ ကတော ့ ကျနော် ့ရဲ ့ PC မှာသုံးနေတဲ ့Microsoft Office လုံးဝဖွင့်လို ့မရတော့ဘူး။ ဖွင့်လိုက်တိုင်းError Box တစ်ခုတက်လာတယ်။ Error က “ Error 1327. Invalid Drive F:\ “ တဲ့ဗျာ။
အဲဒီ့ Error Box ကို ပိတ်ရင် Office ပါပိတ်သွားတယ်။ ကျနော် လည်း Office ရဲ ့Error လို ့ယူဆပြီး
Office ကို uninstall လုပ်လိုက်တယ်။ ပြီးတော့ Office ကို အစကနေပြန်တင်တယ်။ အဲဒီမှာ စတွေ ့
တော့တာပဲ။ Office ကို ဘယ်လိုမှ Install လုပ်လို ့မရတော့ဘူး။ အပေါ်မှာတွေ ့တဲ့ Error ပဲပြနေတယ်
ကျနော် တော်တော်ကြီးကို စိတ်ညစ်သွားတယ်။ Windows ကိုပဲ Repair လုပ်ရမလား ဒါမှမဟုတ်
Windows အသစ်ပဲ ပြန်တင်ရမလား ကျနော် အရမ်းကို စိတ်ညစ်သွားတယ်ဗျာ။ Repair လုပ်လို ့
အဆင်ပြေသွားရင် ကောင်းပေမယ့် အဆင်မပြေရင်တော့ ဆိုတဲ့ အတွေးက ကျနော့်ကို ပူလောင်
သွားစေတယ်။ ရာသီဥတု ပူတာကြောင့်လည်းပါမှာပေါ့နော်။ ကျနော်လည်း ကြံရာမရ ဖြစ်ပြီး အချိန်
တော်တော်ကြာကြာ ထိုင်ပြီး စဉ်းစားနေမိတယ်။ ဘာဆက်လုပ်ရမလဲပေါ့။
အဲဒီမှာ ကျနော့်ဆရာတစ်ယောက် ပြောဘူးတာကို သတိရသွားတယ်။ ဆရာ က ဘာပြော
ဘူးလဲဆိုတော့ “ Internet ကို အကျိုးရှိအောင် အသုံးချပါ “ တဲ့။ ကျနော်လည်း ချက်ချင်းပဲ
Internet ထဲဝင် Google ကိုဖွင့်ပြီး Google ရဲ ့ Search Box မှာ “ how to fix Error 1327.
Invalid Drive F:\ “ ဆိုပြီး ရိုက်ထည့်လိုက်တယ်။ တွေ ့ပါပြီဗျာ အများကြီးပဲ။ ကျနော်လည်း တစ်ခု
ခြင်းလိုက်ဖွင့်ပြီး စမ်းကြည့်တယ်။ စမ်းကြည့်ရင်းနဲ့ တစ်ခုမှာ အဆင်ပြေသွားတယ်။ ဖြေရှင်းရတာက
Registry ထဲမှာပါ။ Registry ထဲကိုဝင် HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Office\
11.0\Delivery ထဲကိုသွားပြီး ညာဘက်ခြမ်းက LocalCacheDrive ဆိုတဲ့ Key ရဲ ့ Value Data:
“ f “ ကို “ c “ လို ့ပြောင်းပြီး စက်ကို restart ချလိုက်ပါတယ်။စက်ပြန်တက်လာတဲ့ အခါ Office ကို
Install ပြန်လုပ်ကြည့်တဲ့ အခါ အဆင်ပြေသွားပါတယ်။
ကဲ အားလုံးပဲဗျာ အထက်ပါ Error မျိုး ကြုံခဲ့ရင် စမ်းကြည့်လိုက်နော်။ ကျနော် တစ်ခု
အကြံပြု ချင်တာက ERROR တစ်ခုခုကြုံတွေ ့ရင် Internet ထဲသွားပြီး ရှာကြည့်စေချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

5 comments

  • intro

    May 23, 2010 at 5:53 am

    ဟုတ်တယ် အစ်ကိုရ… ကွန်ပျူတာ သုံးနေရတာ တစ်ခု မဟုတ် တစ်ခု ပြသနာက ကြုံနေရတာပဲ… အစ်ကို ပြောသလို အင်တာနက်ကို အသုံးချပြီး Error တွေကို Fix လုပ်လို့ရတာတွေ အများကြီးပဲ… ကျွန်တော်ကတော့ software အသစ်တွေ လိုချင်လည်း အင်တာနက် ပဲအားကိုးတာပဲ… driver တွေလိုချင်လည်း အင်တာနက်ကပဲ ဒေါင်းတာပဲ… အများကြီးအသုံးဝင်တယ်ဗျ…

  • galu

    May 23, 2010 at 7:51 am

    အင်း ကျွန်တော်လဲ အိမ်သာနက် ထဲမှဘဲရှာဖြစ်တယ်…… IT forum တွေမှာမေးရင် reply က ကြာတယ်ဗျ

  • yannaingech

    May 23, 2010 at 11:17 am

    အင်တာနက်နဲ့ချိတ်ထားတဲ့စက်ကိုတော့သုံးနေတာပဲ။ Error…တွေကို အဲလိုလက်တွေ့ကျကျရှင်းဖို့ တစ်ခါမှ မတွေးဖူးဘူး။ Idea လေးအတွက်ကျေးဇူးပဲဗျို့။

  • moethiha

    June 10, 2010 at 2:59 am

    အဲ့လိုလုပ်လို့ရတယ်ပေါ့။မိုက်တာပေါ့ဗျာ

  • doekalay

    October 1, 2010 at 6:39 am

    ကျွန်တော်ကတော ့အင်တာနက်ကိုသုံးနေရတာကိုပဲကျေနပ်နေတာ….အဓိကကတော ့Proxy ကျော်လို ့ရမယ် ့နံပါတ်ပဲလိုချင်တယ်……..Error ကတော ့တတ်တာအမြဲလိုပဲ

Leave a Reply