အပင်ထိပ်က ပန်းသီးလေးများ

ေအမီNovember 16, 20111min52651

မိန်းကလေးတွေဟာ ပန်းသီးပင်ပေါ်က ပန်းသီးလေးတွေနဲ့ တူတယ်တဲ့။ ဘာကြောင့်ပါလိမ့်………

အကောင်းဆုံး အလုံးတွေက အပင်ရဲ့ထိပ်ဆုံးမှာရှိတတ်ကြတယ်၊ ဒါပေမဲ့ ယောကျာ်းလေးတွေကတော့ အကောင်းဆုံးအလုံးဆီကိုရောက်ချင်စိတ်မရှိကြပါဘူး၊ ဘာကြောင့်လဲဆိုတော့ အပင်ထိပ်ကနေပြုတ်ကျမှာကို ကြောက်ကြလို့ပေါ့။ အဲဒိတော့ အပင်ခြေမှာကျနေကြတဲ့ အလုံးတွေကိုပဲကောက်သွားကြတယ်။ အဲဒိအလုံးတွေက ထိပ်ဆုံးကအသီးတွေလောက် မကောင်းကြပေမဲ့ လွယ်လွယ်ရနိုင်တယ်လေ။

ဒီတော့ ထိပ်ဆုံးကပန်းသီးလေးတွေက စဉ်းစားတယ်…….”အင်း..သူတို့တွေတော့ တစ်ခုခုတော့မှားနေပြီ”….လို့။

အမှန်တော့ သူတို့တွေဟာ တကယ်ကိုအဖိုးတန်လေးတွေပါ။ သူတို့တကယ်လုပ်ရမှာက သူတို့ရှိတဲ့အပင်ထိပ်ဖျားထိ သတ္တိရှိရှိတက်လာရဲတဲ့ သူရဲကောင်းကိုစောင့်နေဖို့ပါပဲ။

အေမီ နားလည်သလိုခံစား ဘာသာပြန်လိုက်ပါတယ်။ မှားတာရှိရင် သည်းခံပါနော်။ ဒါကတော့ မူရင်းစာသားတွေပါ…………..

Girls are like
apples on trees. The best
ones are at the top of the tree.
The boys don’t want to reach for
the good ones because they are afraid
of falling and getting hurt. Instead, they
just get the rotten apples from the ground
that aren’t as good, but easy. So the apples
at the top think something is wrong with
them, when in reality, they’re amazing.
They just have to wait for the right
boy to come along, the one
who’s brave enough
to climb
all the way
to the top
of the tree.

51 comments

  • MaMa

    November 16, 2011 at 7:35 am

    အိုင်ဒီယာဆန်းဆန်းလေးတွေကို ပေးတတ်တဲ့ အေမီအမရာရဲ့ လက်ရာလေးကို အားပေးသွားပါတယ်နော်။

    • အေမီ

      November 16, 2011 at 12:52 pm

      မမရေ….ဖတ်ရှုအားပေးသွားလို့ ကျေးဇူးတင်ပါတယ်နော်။ 😀 ;D

  • အီးတီ

    November 16, 2011 at 8:11 am

    ကျွန်တော်တော့ အပင်ပေါ်တက်ရင်းတက်ရင်း အတက်လွန်သွားလို ့ထင်တယ် အောက်ပြန်ပြုတ်ကျပြီး လူပျိုကြီးဘဲ ဖြစ်တော့မယ်ထင်ပါတယ်။ 😀 အဲဒီလို အတွေးဆန်းဆန်းလေးတွေ တင်ပေးပါဦး။ အားပေးနေပါတယ်ဗျာ အန်တီအေမီ။ စာဖတ်ရင်း အန်တီအေမီကို အပင်ထိပ်က အပျိုကြီးစာရင်းဝင် ပန်းသီးကြီးထင်လို ့အန်တီလို ့ခေါ်လိုက်တာပါ။ ခင်တတ်လို ့နောက်တာပါ စိတ်မဆိုးပါနဲ ့ဗျာ။ 🙂

    • အေမီ

      November 16, 2011 at 1:00 pm

      ဟာဂျာ…….ဦးဦးအီးတီကရဲ
      အေမီက ထုမှ ကရေးပဲချိတေးတာကို။ အကျိုကြီး ဟုတ်တေးပါဘူး…………ဆယ့်ခြောက်နှစ် တစ်ရက်လျော့လေးပါ……… 😀
      ဦးဦးအီးတီလည်း အမြန်ဆုံး ပန်းသီးတစ်လုံး အရယူနိုင်ပါစေ……(သစ်ပင်တက် ကျင့်ထားပါလားဟင်) 😛 😛

      • inz@ghi

        November 16, 2011 at 1:03 pm

        အင်း ….သည်ကလေးမတော့ မနူးမနပ်နဲ့ …ခက်တော့မယ်
        ပင်လယ်ဟာ ကျယ်တယ်နက်တယ် သင်္ဘောသီးဟာလည်တယ်သွက်တယ်
        ပင်လယ်မှာ လှိုင်းရှိသလို သင်္ဘောသီးမှာလည်း သမိုင်း ရှိတယ်ကွဲ့
        သင်္ဘောသီးပြောင်းတွေ (လေသေနတ်) သမီးဘက်လှည့်လာပါ့မယ်. ..
        စိုးတယ် …. စိုးမိတယ်… စိုးထိတ်မိတယ်…

        ကိုကိုအင်

        • အေမီ

          November 16, 2011 at 1:18 pm

          အိစ်!!…………..ဟုတ်ရား
          ဒါဆို ဘွာတေး….ဘွာတေး……. အေမီ မကျောဘူးလို့ သဘောထားလိုက်ပါ အဟီး 😀 😀

        • အီးတီ

          November 16, 2011 at 2:27 pm

          အဲဒီကိုကို အင်ကြီး MG ထဲမှာဆိုးဆုံး။ သူ ့အကြောင်းသိချင်ရင် လူစွမ်းကောင်း ၁၁ ယောက်ထဲမှာကြည့်။ အေမီက ဆယ့်ခြောက်နှစ် တစ်ရက်လျော့လေးပါ ဆိုတော့ အပင်ထိပ်ကပန်းသီးလေးပေါ့နော်။ အောက်ကလူတွေလည်း မလွယ်ဘူး တုံးခု၊ တံချုနဲ ့လှမ်း၊ လှေကားထောင်တက်မယ်ဆိုဘဲ။ ကိုကို အီးတီနဲ ့ပင်လယ်ထဲဘဲ လိုက်ခဲ့တော့ 🙂

        • ကိုရင်စည်သူ

          November 16, 2011 at 2:39 pm

          ဘွားတေး.. ရဘူး.. ဘွားတေးရဘူး..
          ဟိုမှာ ဂြိုလ်သား အီးတီက ပင်လယ်ထဲတောင်
          ခေါ်နေပီ… အားလုံးထဲမှာ သူက အစွမ်းဆုံး
          ဇာတ်ကားထဲကလို လက်ညိုးထိပ်လေးနဲ့..
          ထိတာနဲ့ အကုန်ဖြစ်တာဆိုဘဲ… 😀 😀 😀
          ဒါတောင် တောင်ကျွန်းက အဘဖောမလာသေးလို့…
          မှော်ဆရာကလည်း ဟယ်လီပေါ်တာပုံနဲ့…
          တုတ်တိုကြီး ကိုင်ပြီး စောင့်နေလို့… 😛 😛 😛
          တစ်ယောက်က လက်ညှိုးစွမ်းတယ်..
          တစ်ယောက်က တုတ်စွမ်းအားရှင်…
          ဟူးးးး… ဟူးးးးးးး..
          စိုးတယ်.. စိုးမိတယ်… စိုးရိမ်မိတယ်… 😳 😳 😳

      • မှော်ဆရာ

        November 16, 2011 at 2:10 pm

        ဟယ် အေမီလေးက မီးမီးလေးပေါ့နော်
        ဦးဦးမှော်ကိုလဲ မှတ်ထားပေါ့နော်
        ညာတတ်တာလေးတစ်ခုကလွဲရင် အကုန်ကောင်းပါတယ်
        အရက်ဆိုလဲ အနံတောင်မခံနှိုင်လို့ နှာခေါင်းပိတ်သောက်ရတဲ့ လူရိုးလေးပါ ဟီဟိ
        ဟို လူဂျိုးကြီးတွေ ပြောတာ နားမယောင်နဲ့ သိလား

        • inz@ghi

          November 16, 2011 at 2:39 pm

          ခေးမှားမယ်ခေး ဒီလူရီးကပိုချိုးဒယ်
          သူ့ကိုယ်သူ နိုင်ဂံဒဂါ နဲ့ ဆက်ဆံတာ တတ်တယ်တဲ့နော်
          ကီးသိပ်မြင့်တာနော် လွယ်ဝူး ကြောက်ချာရီး ..

  • ဆူး

    November 16, 2011 at 8:38 am

    မမှီတဲ့ပန်း တုံးခု လို့ လှမ်း တကျူနဲ့ လှမ်း.. ဆိုတာတွေ ရှိသေးတယ်။
    တစ်ဦးချင်းစီရဲ့ အရည်အချင်းများကြောင့်လည်း ထိပ်ဆုံးက အသီး ရအောင် ယူနိုင်တဲ့ သူကတော့ ယူနိုင်ကြမယ်လို့ ထင်ပါတယ်။

    • အေမီ

      November 16, 2011 at 1:34 pm

      မမှီတဲ့ပန်း တုံးခုလို့လှမ်း…………..
      မစွပ်ခင်က ညွှတ်ချင်……………….စတဲ့ စကားတွေရှိသေးတာပဲ။ တနည်းနည်းတော့ ရအောင်ယူဖို့ကြိုးစာကြသလို၊ ရစေချင်သူတွေကလည်း ကြံဖန်ပြီး ရအောင်နေမှာပေါ့ အဟဲ…….. 😀

  • ကိုရင်စည်သူ

    November 16, 2011 at 9:06 am

    အင်း.. အေမီလေး စာဖတ်မိတော့မှ… ကိုရင်တစ်ယောက်
    အိုင်းစတိုင်းလို ပန်းသီးကြွေတာ ကြည့်ပြီး ကိုရင်နှလုံသားက
    နိယာမတွေ ဖော်ထုတ်မယ့် စိတ်ကူးပျက်သွားပါပီကွယ်… ဒီတော့
    ယနေ့ကစပြီး… အပင်ထိပ်ဆုံးက ပန်းသီးလေးကို…
    ကိုရင်က တုံးခု၊ တံချု၊ လှေကားထောင်တက် မရရတဲ့
    နည်းတွေနဲ့ ကြံယူလိုက်မယ်လို့ ဆုံးဖြတ်လိုက်ပါပီ… 😀 😀 😀 😀
    အပင်ပေါ်တက်ရင်းနဲ့ ထိပ်ဖျားမရောက်ခင် အောက်ကအသီးတွေကိုတော့
    ကိုရင် မစားဘူးလို့ မီလေးသိအောင် ပြောပါရစေ.. 😳 😳 😳
    ရတဲ့ပန်းသီးလေးကတော့ ပိုးမကိုက်ထားပါစေနဲ့လို့
    ဆုတောင်းရပါတော့မယ်… 🙂 🙂 🙂

    • ပေါက်ဖော်

      November 16, 2011 at 9:23 am

      တက်ပါ…တက်ပါ..
      အပေါ်ရောက်ကာနီးရင် လေးဂွနဲ ့..ဆော်ပစ်မယ်
      😆

    • inz@ghi

      November 16, 2011 at 9:53 am

      အောက်ကအသီးတွေ တလုံးပီးတလုံး စားပီးမှ အမောဖြေပီး အေးဆေးတက်ပါလားကိုရင်…
      ကပေ့မှာ ရောင်းဇရာ ချိဒလယ်တဲ့ …၂လုံးတောင်မှ …
      😀

      • ကိုရင်စည်သူ

        November 16, 2011 at 9:57 am

        ဟယ်… ကပေ့မှာ ပန်းဒီး နှစ်လုံးရှိရင်တော့..
        ဝယ်မစားဘူး… ဘောဝါသနာရှင်တွေဆိုတော့
        ဘောလောင်းပြီး နိုင်တဲ့လူ ယူကြေး… 😀 😀
        ညတုန်းက ကပေ့ ဘောပွဲနိုင်တယ်ကြားတယ်..
        ဒီလူ ဘယ်ချောင်မှာ ပန်းသီးသွားခိုးစားနေလဲမသိဘူး… 🙄 🙄 🙄

      • ပေါက်ဖော်

        November 16, 2011 at 10:19 am

        အရေးထဲ..ဝေစုခွဲနေသေးတယ်..
        ကိုယ့်အသီး.ကိုယ်ဖြုတ်စားကြပါရား..(ခြံထဲက ဇီးသီး..တို ့ဘာတို ့)

    • မှော်ဆရာ

      November 16, 2011 at 11:44 am

      ရွက်ပုံးသီးလေးများ မချားချင်ဘုူရားဗျ …
      ဘာတဲ့ အရိုးပေါ် အရွက်ဖုန်းဆိုရား ဘာရှိုလား …
      ရွက်ပုံးသီးဆိုရင်တော့ အပင်ပေါ်တောင် တက်ဆရာ မလိုဘူးနော်…
      ဘာတဲ့ မော်ဒယ်ရှိုလား ဘာရှိုလား ဟီဟီဟိ…

  • inz@ghi

    November 16, 2011 at 9:45 am

    ကိုကိုဂီ တောင်းယက်နေသည်..
    တလုံးပီးတလုံး ခူးဖို့
    ခစ်ခစ်..
    😀

    • မှော်ဆရာ

      November 16, 2011 at 11:47 am

      ဖြိုးဖြိုးလေးရေ လာပါတော့ ဂီဂီတမော့မော့

      • inz@ghi

        November 16, 2011 at 11:57 am

        ရွက်ပုန်းသီးတော့ မစားပါရစေနဲ့ ဆြာမှော်ရယ်…
        ဂီဂီ သိသလောက်တော့ ရွက်ပုန်းသီးနဲ့ သင်္ဘောသီးနဲ့တည့်တယ်တဲ့
        သူရို့ပဲ ကျွေးလိုက်ပါ

        • ကိုရင်စည်သူ

          November 16, 2011 at 12:03 pm

          ဟင်.. ကအင်ကြီး…
          တားတားတို့က ရွက်ပုန်းသီးတွေ ချားဝူး..
          ပွင့်ပြီးလန်ပြီး အာထွက်နေတဲ့..
          ချဉ်ချဉ်
          ချိုချို
          အရည်ရွှဲရွှဲ
          အာဟာရဖြစ်တဲ့…
          နာနတ်သီးလောက်မှ စားတာ.. ဟိဟိ 😀 😀

      • htoosan

        November 16, 2011 at 12:51 pm

        တကယ်တော့ မမေ့နှိုင် သူကြီးက ဆြာ မှော် ကိုး းးးးးးးး

  • Moe Z

    November 16, 2011 at 10:14 am

    လေသေနတ်နဲ့ အညှာကိုသေချာချိန်ပြီးပစ်ချလိုက်
    အောက်ကပိုက်နဲ့ခံထား အဲဒါဆိုရမလားမသိ 😛

    • inz@ghi

      November 16, 2011 at 10:22 am

      လေသေနတ်ကတော့ အချိန်တိုင်းပစ်နေတာပဲ မိုးဇိရဲ့

      မပစ်နဲ့နော် လှုပ်ထလိုက်ရမား…
      😀

      • ကိုရင်စည်သူ

        November 16, 2011 at 11:32 am

        ဘာ.. ဘာ.. ကိုအင်ကြီးက ကိုယ့် မိုးဇွလေးကို..
        လေသနတ်နဲ့ ပစ်မို့.. လုပ်ဒယ်…
        မကြောက်နဲ့.. မိုးဇွလေး… အဟင်း.. 😀 😀
        ဒီလူကြီး ပစ်ရင် ကိုရင် အရှေ့က ကာပေးထားမယ်…
        ကိုရင့် အစိလေး ထိသွားရင်တော့… 😳 😳 (လည်စိပြောတာ.. လည်စိ)

        • inz@ghi

          November 16, 2011 at 11:54 am

          စေဒနာတွေ ဗလပွ ပါလား ကိုရင်စည်
          ဘယ်တုန်းကတည်းက မိုးဇိ ကို ခိုးကြည့်ပီး
          အကျိုး ရှိအောင် ပိုးမိနေတာလဲဟင် …
          (ကိုရင်စည့်အုပ်ထိန်းသူ အမြန်လာပါ..) 😀

    • htoosan

      November 16, 2011 at 11:42 am

      မိုးဇက်ပြော သလို ထိပ်ဆုံးတွေက လေ သေနတ် (လေသမား) စာ မိကုန်တာ များပါတယ်။ 😀

      • inz@ghi

        November 16, 2011 at 11:55 am

        ဟေ့လူ ရှူးတိုးတိုး …..
        တော်ကြာလူတွေ ရိပ်မိကုန်မှဖြင့်…

        ပုံ
        အရှေ့ကျွန်းလေသိုင်းဆြာကြီး အင်ဇာဂီ

  • we R one

    November 16, 2011 at 12:42 pm

    ထိပ်ဆုံး က ပန်းသီး ချဉ် တယ်များ ပြောနေကြမလားလို့…… 😀

    • အေမီ

      November 16, 2011 at 1:13 pm

      အင်းနော်……
      အသီးတွေက အမျိုးမျိုးရှိသလို………ခူးသူကလည်း အမျိုးမျိုးဆိုတော့……… ချိုတယ်ထင်တဲ့လူရှိသလို………ချဉ်တယ်ထင်တဲ့သူလည်း ရှိနိုင်တာပါပဲ။
      (မှတ်ချက်ဆိုတာ မှတ်ချက်ပေးသူရဲ့ သဘောထားနဲ့ မှတ်ချက်ပေးခံရတဲ့ အကြောင်းအရာ တဝက်စီပါတယ်လို့ အေမီ ထင်တယ်။ :D)

      • inz@ghi

        November 16, 2011 at 1:34 pm

        တိန်…. အဲ့ဂလိုကြီး ထင်တွားတာလား ..
        အဟီး မတိရို့နော် တားတားက ပျော်တတ်လို့စဒါနော်…
        လေသိုင်းဆြာရီး ဟုတ်ဝူးနော် တိရား …
        ရွာထဲက ပျော်တတ်တဲ့ ပေါက် ပေ လူး ဂီ ကိုရင်စည် အဖွဲ့ထဲမှာ
        ဂီဂီလေးက လိမ္မာဆုံး အရိုးဆုံးလေး…

        • အေမီ

          November 16, 2011 at 1:53 pm

          ဟာ…………….ခုမှ ဖတ်မိတယ်။ အေမီ ဘယ်လိုမှ မထင်ပါဘူး ကိုဂီရ။ ခင်ရာမင်ကြောင်း စတာနောက်တာ အေမီ နားလည်ပါတယ်။ ခုက ကြုံတုန်း မှတ်ချက်နဲ့ ပတ်သက်လို့ အေမီ့အမြင်လေးကို ပြောပြတာပါ။

      • ကိုရင်စည်သူ

        November 16, 2011 at 1:35 pm

        အင်းပေါ့နော်..
        အသီးတွေက စားသုံးသူ အကြိုက်ပါ… ချိုတာကြိုက်တဲ့သူရှိတယ်
        ချဉ်တာကြိုက်တဲ့သူရှိတယ်… ရတဲ့အသီးလေးကို စိတ်ကျေနပ်ဖို့ပဲလိုတာပါ။
        ကိုရင်ကတော့ ပန်းမီလေး… အဲ့.. ပန်းသီးလေး စစ်စစ်တလုံးရရင် ပဲ ကျေနပ်ပါပီ.. 🙂 🙂 🙂
        ဒါနဲ့ ဟိုလူ အရှေ့ကျွန်း ကအင်ကြီး ပြောတာ မီလေး သွားမယုံနဲ့…
        သင်္ဘောသီးတွေက ချိုလဲချိုတယ်.. စားလိုက်ရင်လည်း ရင်ထဲအေးသွားတာပဲရှိတယ်..
        ပန်းသီးလေးတွေ အတွက်ဆို သင်္ဘောသီးတွေက အမြဲ အဆင်သင့်ပါနော်…
        အဲ့ အင်ကြီးကို မယုံနဲ့… စိုးတယ်.. စိုးမိတယ်… စိုးရိမ်မိတယ်… 😳 😳 😳

        • inz@ghi

          November 16, 2011 at 1:48 pm

          ဂလိုချိပါတယ် ခေးရယ်
          ဝမ်းပျက်ဝမ်းလျောဖြစ်နိုင်တဲ့ ယင်နားစာ သင်္ဘောသီး ကို
          စားရင် မှားမှာပေါ့ကွယ် ….
          ဂီဂီတို့လို နီတာရဲ လမ်ပူတန်(ကြက်မောက်သီး) လေးပဲကောင်းပါတယ်

        • inz@ghi

          November 16, 2011 at 1:57 pm

          တူကလေးက အဲ့ရို ဂီ့ကို နားလည်မယ် ဆိုတာ ဂီ တိနေပီးတားပါ
          အဲ့ရာ ဟို ကြားဆိပ်ကမ်းဆိုက်ချင်သူဒွေ သာ ဂီဂီ့ကို နားမလည်ကြတာ..
          သင်္ဘောသီးတွေ တွေ့လယ် မလား ဟွန့်. ..

        • ကိုရင်စည်သူ

          November 16, 2011 at 2:08 pm

          အမငီး.. ကအင်ကြီးက လန်ပူတာ ကြက်မောက်သီးတဲ့… ဟီးး 😀 😀 😀
          တွေးကြည့်တာနဲ့တော့ ကြက်သီးထမိတယ်… (အမွှေးတွေနဲ့ အခွံမှာတောင်)
          အရွေးမမှားနဲ့ အီးတီနဲ့ တားတားလို့ ဖလန်းဖလန်းဖြစ်နေတဲ့..
          သင်္ဘောသီးတွေကို အရွေးမှန်ရင် ဈေးမှန်မှန်နဲ့ရမယ်.. (ဒီကအဆင်လေးတွေ)
          မီလေး.. သိ.. သိစေ… သိစေဖို့… ညှဲညှဲ.. :mrgreen: :mrgreen:

        • အီးတီ

          November 16, 2011 at 4:18 pm

          မနက်က comment ရေးတုန်းက ၂ခုထဲရှိသေးတယ်။ သွက်လိုက်တဲ့ သူတွေ။ မီလွယ်ဘူး။ ကြက်မောက်သီးက မကောင်းဘူး။ သေးသေးလေး။ သင်္ဘောသီးကြီးဘဲကောင်းတယ်။ ကိုရင်စည်သူ ပြောသလို သင်္ဘောသီးတွေက ချိုလဲချိုတယ်.. စားလိုက်ရင်လည်း ရင်ထဲအေးသွားတယ်။ ကြီးလည်းအကြီးကြီး။ အသီးကို ပြောတာ။ မီးလေး လူရွေးမမှားနဲ ့။ စိတ်ပူတယ်။

  • blackchaw

    November 16, 2011 at 2:44 pm

    အေမီရေ။
    တကယ်တော့ ယောကျင်္ားနဲ့ မိန်းမဆိုတာ
    နီးစပ်ရာကို ခုံမင်ကြတာမျိုးပါဗျာ။
    ဘယ်လောက်ပဲမြင့်မြင့်မှာ ရှိရှိပါ။
    ခူးတဲ့လူနဲ့ နီးစပ်မှ ဖြစ်တာမျိုးပါ။
    အလွန်အင်မတန်ချမ်းသာတဲ့ သူဌေးသမီးတစ်ယောက်ကလည်း
    နီးစပ်မှုရှိရင် သူ့ကားကို မောင်းပေးနေတဲ့ ဒရိုင်ဘာချောချောလေးနဲ့လည်း
    ညားနိုင်တာပါပဲ။ အိန္ဒိယ မှာ သွားနေရင် ကုလားနဲညားမှာပါပဲ။
    အင်္ဂလန်မှာသွားနေရင် အင်္ဂလိပ်နဲ့ညားပြီး
    စပိန်မှာသွားနေရင် စပိန်လူမျိုးတစ်ယောက်နဲ့ ညားကြတယ်ဆိုတာ
    နီးစပ်မှုပါ။ ကဗျာထဲမှာတော့ လှကြတာပေါ့ဗျာ။
    လက်တွေ့မှာတော့ နီးစပ်ရင် အမြင့်ကြီးက အသီးတစ်လုံးကလည်း
    ကြွေကျပြီး နွားကျောင်းသားလက်ထဲရောက်သွားတတ်တာမျိုးပါ။
    ကျွန်တော်ပြောတာ လက်တွေ့သိတ်ဆန်နေရင် ခွင့်လွှတ်ပါဗျာ။

    • အေမီ

      November 16, 2011 at 3:02 pm

      blackchaw ပြောတာမှန်ပါတယ်……..
      ခူးသူနဲ့ ပန်းသီး သပ်သပ်စီ ဝေးနေရင် ပန်းသီးရှိတာလည်း ခူးချင်သူ မသိနိုင်သလို၊ တကယ်လို့ ပန်းသီးကြွေကျနေခဲ့ရင်တောင် ခူးသူကလည်း ဘယ်မြင်နိုင်မလဲ။

      • inz@ghi

        November 16, 2011 at 3:05 pm

        တူကလေးရယ် တိုက်ဆိုင်ထှာ …
        တူလေးလိုပဲလေ တိလား
        ကိုဂီ့လည်း ပန်းသီးပို့စ် လှလှလေးရေးထားတာ
        မအားသေးလို့ ပုံလေးတွေ ထည့်ရသေးလို့ draft ထားထားရတာ…
        အားရင်တင်လိုက်မယ်နော်

        ဂေဇက်စောင့်ကြီး လုပ်မှပဲ သင်္ဘောသီးတွေ မှော်ဆြာတွေ
        ဒလိုင်ဘာ လုပ်ချင်စိတ် နွားကျောင်းချင်စိတ် ပေါက်တော့မယ်ထင်တယ်

  • etone

    November 16, 2011 at 3:25 pm

    အပင် ကိုင်လှုပ်တာနဲ့ တစ်လုံးထက်မက ကြွေလာတာကိုကောက်စားမယ်ဆိုတဲ့ လူတွေကလည်းရှိသေးတယ် … ။ အညှာမခိုင်တဲ့ အသီးတွေသာ ကြွေတာပါ … .အညှာကောင်းနေသရွှေ့တော့ အပင်ပေါ်မြဲနေဦးမှာပဲ …. အဲ့ဒီအသီးတွေကတော့ … အညှာလည်းကြွေ အသီးလည်းခြောက်ပေါ့ :mrgreen:

    ဖြိုးကြီးဆိုထားတဲ့ ဟိုသီချင်းကိုတော့ သောက်ညင်အကပ်ဆုံးပဲ … ဘာတဲ့ …
    ပန်းမခူးရဘူးဆိုတဲ့ ဆိုင်းပုဒ်လေး ကပ်ထားရုံနဲ့ လုံခြုံမလား ။
    မချွေသော်လည်းပဲ ကြွေမှ .. ဘာညာနဲ့… နားထောင်မိရင် နားရင် ထအုပ်ချင်တယ် 😀

    • we R one

      November 16, 2011 at 6:07 pm

      မအိတုံ.. အဲဒါ ဖြိုးကြီး မဟုတ်ဘူး ရိန်မိုး.. ဆိုတဲ့ သူက

  • ကြောင်လတ်

    November 16, 2011 at 4:32 pm

    ဒါပေမဲ့ပန်း(သီး)ဆိုတာ…၊နေနိုင်တုန်းခဏပါကွာ ..သဘာဝရဲ့အောက်မှာ…. တနေ့တော့ကြွေမှာပဲ…..

    ကိုလွှမ်းမိုးရဲ့ သီချင်းဆိုတာပါ။

  • Gipsy

    November 16, 2011 at 4:49 pm

    ပန်းတိုင်းလဲ မလန်းနိုင်ပါ….
    ကြွေသော အသီး လည်း မွှေးတတ်ပါသည်…။

  • we R one

    November 16, 2011 at 6:08 pm

    ရွာထဲ က ရွာသားတွေလည်း ပန်းသီးတွေ အစားများ ပြီး ချကား အဲ စကား မပီးကြတော့ဘူန ဲ တူတယ်…. 😀

  • windtalker

    November 16, 2011 at 8:39 pm

    အေမီ အမရာ ရေ
    ကြွားတယ်လို ့တော့ မထင်ပါနဲ ့
    ကျုပ် မောင်ပေ သည်
    အပင်ထိပ်မှ ပန်းသီး ၊ ရိုးရိုးအသီးမဟုတ် ၊ အရွက်များဖြင့် ပျောက်နေသော
    တစ်ကယ့် ပန်းသီးကို ရရှိပြီးသကာလ
    တစ်သက်လုံး တန်ဖိုးထား မြတ်မြတ်နိုးနိုးဖြင့် ပျော်ရွှင်လျှက် ရှိပါကြောင်း
    ( ဟီဟိ…ကိုယ်ကြွားတယ်လို ့ပြောချင်ပြောပါ )

  • အေမီ

    November 16, 2011 at 8:57 pm

    ဟား……….ဟား…………..ကြုံတုန်းလေးကြွားတာပေါ့လေ
    ဟုတ်ပါပြီ….ရွက်ပုံးသီးလေးပိုက်ပြီး တသက်လုံး ပျော်ရွှင်နိုင်ကြပါစေလို့ မုဒိတာပွားပါတယ်နော် ^_^

    • ပေါက်ဖော်

      November 16, 2011 at 9:15 pm

      ညိုချောရေ
      နှမတော်က အပင်ထိပ်က ဘယ်အလုံးလဲကွဲ ့..
      အလယ်လုံးလေးလား..မောင်ကြီးဆီခုန်ချခဲ့ပါလား.. 😆
      အပေါ်က ရွာစားတွေက စားနေကြ လူကြီတွေပါ…ပန်းသီးကုန်သည်တွေကွဲ ့..
      အထင် မစမောလ် လိုက်နဲ ့..ဆယ်ပါးမှောက်သွားမယ်..

      • အေမီ

        November 16, 2011 at 9:35 pm

        ဆရာပေါက်…………..
        အေမီ လည်းအပင်ပေါ်က ပန်းသီးတစ်လုံးပါ၊ ဒါပေမဲ့ ဘယ်သူ့ကိုမှ အထင်မသေးသလို့၊ ငါက အမြဲထိပ်ကလို့လည်း ကြွေးကြော်နေတာမဟုတ်ပါဘူး။ ခူးသူမြင်စေဖို့ အရိပ်ယောက်ပြ လက်ရခေါ်နေတာလည်းမဟုတ်ပါဘူး။ ခုန်ချရန်လူရှာနေခြင်းလည်း မဟုတ်ပါ။
        ဒီစာပုဒ်က အပင်ထိပ်မှာစောင့်နေတဲ့ ပန်းသီးလေးတွေကို ရည်ရွယ်ရေးလိုက်တာပါ။

  • ” ကောင်မလေးအေ မျိုးရိုးလဲကောင်း ပညာလဲတတ် ရုပ်ချောသဘောကောင်းရဲ့သားနဲ့
    ဘာလို့များအပျိုကြီးဖြစ်နေပါလိ်မ့်တော်” ဆိုတဲ့ မေးခွန်းအဖြေကို ဒီပန်းသီးပင်ကိုကြည့်ပြီးရလိုက်ပါသဗျာ။
    အမြင့်ဆုံးမှာနေတဲ့အသီးက အဖိုးအတန်ဆုံးဆိုပါတော့။
    ဒါပေမယ့် အမြင့်ဆုံးကို မမှီလောက်ဘူးဆိုတဲ့စိတ်နဲ့ အပင်ပေါ်ကိုတက်မလာတော့
    ခူးမယ့် သူလက်ထဲမရောက်တော့ ဘူး။
    ဒါကြောင့်……………………………..

Leave a Reply