ဒေါ်အောင်ဆန်းစုကြည်…ဘယ်လဲ…ဘာလဲ… မောင်သာရ

theinlwinNovember 16, 20111min20524

ဒေါ်အောင်ဆန်းစုကြည်…ဘယ်လဲ…ဘာလဲ…        မောင်သာရ

သိတယ်နော်…၊ အခုလာတော့မယ့် နိုဝင်ဘာလ၁၈ရက်နေ ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုဦးစီးအဖွဲ့ ခေါ်ယူပြီး၊ ပါတီမှတ်ပုံတင်ရေး မတင်ရေးနဲ ့… ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရေး မယှဉ်ပြိုင်ရေးကို… ဆုံးဖြတ်မယ်လို့ ကျေညာထားပါတယ်။ သည်အဆုံးအဖြတ်ဟာ နိုင်ငံနဲ ့ပြည်သူရဲ့ ကံကြမ္မာနဲ့ အဓိက ပတ်သက်နေတဲ့အတွက်… ပြည်သူတရပ်လုံးက အထူးစိတ်ဝင်တစား ပြောဆိုငြင်းခုန် ဆွေးနွေးဝေဖန်နေကြတာကို
တွေ့မြင်ကြားသိနေရပါတယ်။ သည်ကနေ ့၃ရက်အလို နိုဝင်ဘာလ ၁၅ရက်နေ ့အထိ သိရတဲ့သတင်းတွေထဲမှာကတော့… ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်အုံးလှနဲ့ အဖွဲ့ချုပ်ရဲ့အရွေးချယ်ခံလွှတ်တာ်ကိုယ်စားလှယ်၂ဦးအပါအဝင် အဖွဲ့ချုပ်ဝင်ပေါင်း ၃၂ယောက်က ပါတီ မှတ်ပုံမတင်ဖို့နဲ့ ရွေးကောက်ပွဲမဝင်ဖို့…လက်မှတ်ရေးထိုးကန့်ကွက် ထားပါတယ်။ အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလဲ… မှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ကြောင်း ထုတ်ပြန်ကျေညာလိုက်ပါပြီ။ နောက်ထပ် ဘယ်ပါတီအဖွဲ့အစည်းတွေနဲ့ ဘယ်တသီးပုဂ္ဂလ အဖွဲ့ဝင်တွေက ဘယ်လိုကျေညာကြအုံးမယ်တော့ မပြောတတ်ပါဘူး။ နောက်တခုက…နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခွင့် နောက်ဆုံးပိတ်ရက်နဲ ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုလဲ… အစိုးရက မကျေညာသေးပါဘူး။
အမှန်တော့ သည်ရွေးကောက်ပွဲကကြားဖြတ်ရွေးကောက်ပွဲပါ။ အမတ်၄၈ယောက်အတွက် လစ်လပ်နေတဲ့ ၄၈နေရာတည်းပါ။ သည်၄၈နေရာအားလုံးကို ဘယ်ပါတီအဖွဲ့အစည်းကဖြစ်ဖြစ် သိမ်းကျုံးပြီး အနိုင်ရ သွား သွား။လွှတ်တော်ထဲမှာ ဘာမှ ပြောင်းလဲသွားစရာ မရှိပါဘူး။ ဒီမိုကရေစီအင်အား လူနည်းစုက လူနည်းစုပါပဲ။ ပြောရရင် သည်၄၈နေရာ ဆိုတာတွေထဲမှာမှ… လုံးဝ လုံခြုံမှုမရှိတဲ့နေရာတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွါးနေတဲ့နေရာတွေနဲ့… အစိုးရနေပြည်တော်ရဲ့ ရပ်ကွက်မဲဆန္ဒနယ်တွေကလဲ ပါနေပါသေးတယ်။ ဆိုတော့ နေရာပိုနည်းသွားတာပေါ့။ လူပြိန်းတွက်ပဲ တွက်ကြည့်လိုက်နိုင်ပါတယ်။ အရည်မရ အဖတ်မရ၊ ဘာမှထူးခြားပြောင်းလဲလာမှာ မဟုတ်ရင်ဖြင့်… မိမိရဲ ့မူလဆုံးဖြတ်ချက်ဟောင်းကို ပြင်၊ သိက္ခာ အကျခံပြီး… ဘာလုပ်ဖို ့ဝင်အရွေးခံနေကြတော့မလဲ။ ပြီးလွှတ်တော်ထဲရောက်ရလို့လဲ… ရောက်နှင့်နေကြတဲ့ ကိုယ့်လူရောင်းရင်းဟောင်းတွေကိုပဲ လှမ်းကြည့်လိုက်လေ…။ ခေါင်းပေါင်းစ တလူလူနဲ ့လူရုပ်ဆင်ထားရတာက လွဲလို့… ပါးစပ်ခြင်ခြောက်နေရတာ မဟုတ်လား။
ဒါပေမယ့် အစိုးရကတော့ ဒီမိုကရေစီဘက်သား အတိုက်အခံပါတီဝင်တွေကို ဝင်လာအရွေးခံစေချင်ပုံရပါတယ်။ အဓိက ကတော့ ဒေါ်အောင်ဆန်းစုကြည်ပေါ့နော်။လွှတ်တော်ဥက္ကဌ
ကိုယ်တိုင်က ကြိုဆိုပါတယ် ဖိတ်ခေါ်ထားတာပဲ။ ကျုပ်အထင် (ထင်မြင်ချက်ပေါ့နော်) ကိုပြောရရင်တော့၊ ဒေါ်အောင်ဆန်းစုကြည်သာ ဝင်အရွေးခံမယ်ဆိုရင်… အစိုးရဖက်က ယှဉ်ပြိုင်အရွေးခံမယ့်ပုဂ္ဂိုလ်တောင် ရှိချင်မှရှိပါလိမ့်မယ်။ ရှိရင်လဲ စာရင်းပိတ်ခါနီးမှာ
နုတ်ထွက်ပေးလိုက်မှာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ပြိုင်ဘက်မရှိ အနိုင်ရဘွယ် ရှိပါတယ်။
အဲ ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီဆိုရင်တော့… မူလထားရှိတဲ့ ရည်ရွယ်ချက်အတိုင်း ထိုက်သင့်တဲ့ရာထူးတနေရာတော့ ချီးမြှင့်ရပါလိမ့်မယ်။ တချို့နိုင်ငံရေးပုဂ္ဂိုလ်အကဲခတ်တွေနဲ့ တချို ့သတင်း media တွေကတော့ဒုတိယသမ္မတတို့၊ဝန်ကြီးချုပ်တို့၊ အနိမ့်ဆုံး ပြည်ထောင်စုဝန်ကြီးတနေရာတို့… စသဖြင့် တနေရာရာ ပေးလိမ့်မယ်လို ့…
ထင်ကြေးနဲ့ကာလဟာဠသတင်းထုတ်လွှင့်နေကြလေရဲ့။
ဒါပေမယ့် သည်ကနေ ့သက်ရှိထင်ရှားရှိနေတဲ့… ‘နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ’ အရကတော့ အဲသည်ဒုတိယသမတရာထူးကို ဘယ်သူကမှ ပေးပိုင်ခွင့်မရှိပါဘူး။ သည် ‘ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ’ အရပဲ… ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကဝန်ကြီးချုပ်တွေဆိုတာကလဲ… (၁၉၄ရခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာင်းထဲကဝန်ကြီးချုပ်ဦးနုတို့လို အာဏာရှိတဲ့ဝန်ကြီးချုပ်မျိုး မဟုတ်တဲ့အတွက်) ပေးလိမ့်မယ် မထင်ပါဘူး။
အဲ… ပြည်ထောင်စုဝန်ကြီးဆိုတဲ့ဝန်ကြီးတနေရာကတော့ ပေးမယ်ဆိုရင် ပေးနိုင်ပါရဲ့။ ဒါပေမယ့် ပြည်ထောင်စုဝန်ကြီးတယောက်အနေနဲ့ ရှိရမယ့် လိုက်နာရမယ့် အရည်အချင်း စည်းကမ်းစည်းမျဉ်းတွေကလဲ ဥပဒေမှာ ရေးဆွဲပြဌာန်းထားပြီး ဖြစ်ပါတယ်။ဝန်ကြီးတယောက်အနေနဲ့ အစိုးရအဖွဲ့ဝင် ဖြစ်သွားပြီးဖြစ်တဲ့အလျောက်… မိမိလာခဲ့ရာ မိခင်ပါတီရဲ့ လုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ပ်ိုင်ဆောင်ရွက်ခြင်း မပြုရ…မိခင်ပါတီရဲ့အစည်းအဝေးများ အခမ်းအနားများကိုလဲ ပါဝင်တက်ရောက်ခြင်းမရှိစေရ… လို ့သတ်မှတ်ထားပါတယ်။ အကယ်၍ ပြည်ထောင်စုဝန်ကြီး အဖြစ်သာ ခန် ့အပ်ခံရလျှင်… ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရဖြစ်သွားပြီဖြစ်တဲ့အတွက်… အခုလက်ရှိ လူထုခေါင်းဆောင် အမျိုးသားခေါင်းဆောင်ဘဝကိုမလွှဲမသွေ စွန်း့လွှတ်လိုက်ရတော့မှာ ဖြစ်ပါတယ်။
သိတယ်နော်… ဒီမိုကရေစီရေး အမျိုးသားခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ ဒီမိုကရေစီ ဗဟိုဦးစီး အဖွဲ့ဝင်တွေ တရာကျော် ရှိပါတယ်။ ဒီမိုကရေစီကို အသက် သွေးချွေးတွေနဲ့ ရင်းပြီးလိုလားတောင့်တနေကြတဲ့ ပြည်သူလူထုကြီးလဲ ရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လမ်းပြောင်းခဲ့သည်ရှိသော်… ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတကွ လက်တွဲရက်ပဲ ရှိနေကြမလားဆိုတာတော့ မပြောနိုင်ပါဘူး။
မောင်သာရ

ကိုကားစာရင်း…။
နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စာအုပ်မှ…
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ… ပုဒ်မ၆(ဂ)… ပုဒ်မ ၁၀(င)… ပုဒ်မ ၁၂(က) ၁…
အခန်း၃။ နိုင်င်ငံတော်သမတ နှင့်ဒုသမ္မတများ… ပုဒ်မ ၅၉(စ)
ပြည်ထောင်စုဝန်ကြီးများနှင့်ဒုဝန်ကြီးများ ခန် ့အပ်တာဝန်ပေးခြင်း… ပုဒ်မ ၂၃၂(က မှ ဋ အထိ)

24 comments

  • MaMa

    November 16, 2011 at 7:38 am

    ဒီဆိုဒ်ထဲမှာ လာရောက်ချီးမြှင့်ရေးသားပေးလို့ ဆရာကြီးရဲ့ အတွေးအခေါ်တွေကို သိရှိခွင့်ရတာကြောင့် လေးစားစွာဖြင့် ကျေးဇူးအထူးတင်ပါတယ် ရှင့်။

  • maungmoenyo

    November 16, 2011 at 8:10 am

    ဒေါ်စုအနေနဲ့တော့ statesman တယောက်ရဲ့ရပ်တည်ချက်မျိုးမှာဆက်ရှိဘို့အာသီသများပုံရပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 16, 2011 at 9:28 am

    ( ကျုပ်အထင် (ထင်မြင်ချက်ပေါ့နော်) ကိုပြောရရင်တော့၊ ဒေါ်အောင်ဆန်းစုကြည်သာ ဝင်အရွေးခံမယ်ဆိုရင်… အစိုးရဖက်က ယှဉ်ပြိုင်အရွေးခံမယ့်ပုဂ္ဂိုလ်တောင် ရှိချင်မှရှိပါလိမ့်မယ်။ ရှိရင်လဲ စာရင်းပိတ်ခါနီးမှာ
    နုတ်ထွက်ပေးလိုက်မှာပါပဲ။ )
    သိပ်သိပ်သိပ်သိပ် သဘောကျတယ်ဗျာ ပုဂ္ဂိုလ်ရေးအစွဲမပါဘဲ
    သဘောကျတာပါနော
    ဘာဖြစ်လို့လဲဆိုတော့ NLD အနေနဲ့ ပြိုင်တယ်ဆိုတာက အေးဆေးပါ
    တစ်ရေးနိုးထပြိုင်လဲနိုင်မှာပါ
    ဒီတော့ကာ နည်းနည်းလေးဘဲတွေးကြည့်ပါ
    လူပြိန်းတွေးလေးပါ့ ( ဖိုးဖိုးလေသံဖြင့် 😀 )
    လက်ရှိအစိုးရပေါ့နော တရားတာ မတရားတာ အသာထား
    အကြောင်းကြောင်းကြောင့် သူတို့က အစိုးရဖြစ်လာပြီဘဲ .. ကဗျာဆန်ဆန်ပြောရရင်
    အချစ်နဲ့စစ်မှာ တရားတယ် တရားဘူး ဘယ်ရှိမဒုန်းနော
    ကိုယ်က အစိုးရဖြစ်လာပြီ
    ဘယ်လိုနည်းနဲ့ဘဲဖြစ်ဖြစ် ကိုယ်က ရပ်ကွက်လူကြီးရူး ..ရူးပြီး
    ရပ်ကွက်လူကြီး ဖြစ်လာပြီဆိုတဲ့အခါ ကောင်းတာတွေလုပ်ရတော့မှာပေါ့
    သမိုင်းတွေမှာလဲရှိတာဘဲ ရာထူးတွက် သတ်ကြဖြတ်ကြပြီး ရာထူးတွေရတဲ့အခါ
    တိုင်းပြည်တွက်ကောင်းအောင်လုပ်ပေးလို့ ပြည်သူတွေကြည်ညိုသွားတာ
    ခုလည်း တိုင်းပြည်တွက်ကောင်းအောင်လုပ်လိုပ်ပေါ့ ဟုတ်ဘူးလား
    ကိုယ့်မိန်းမ နားကပ်ပေါင်ပေးရတာမှမဟုတ်တာ ( စကားချပ် )
    ခုတော့ ဒီလိုဟုတ်ဘူး
    ပြောရရင်တော့အောလပုံဘဲ
    NLD ကို တရားဝင်ယှဉ်ပြိုင်ခွင့် ပေးတယ်ဆိုတာ NLD ကို အစိုးရအဖြစ်ဖြင့်
    လွှဲပြောင်းပေးတာနဲ့ အတူတူဘဲလို့တောင်ပြောလို့ရတယ်
    ပြိုင်တာနဲ့ NLD နိုင်မယ် သူတို့သိနေပါလျှက်နဲ့ ဘာ့ကြောင့် NLD ပါဝင်ရေးကို
    သူတို့လုံးလစိုက်နေသလဲ ????????????????????????
    သူတို့သာ မှန်အောင်လုပ် NLD မှတ်ပုံမတင်လည်း ဘာအရေးလဲ
    အခြားမကြည့်နဲ့ သူတို့ အစိုးရဆိုပြီးဖြစ်လာတာနဲ့ စစ်တပ်လက်ထက်
    နိုင်ငံရေးအကျဉ်းသားတွေ သူတို့နဲ့ဘာဆိုင်လို့ဒုန်း လွှတ်ပေးရမှာပေါ့
    ကြုံလို့လဲပြောလိုက်ပါဦးမယ် လက်စားချေတာတို့ ဘာတို့ဆိုတဲ့ စိတ်တွေကိုလည်း
    ခုကတည်းက မမွေးကြပါတော့နဲ့လို့နော
    မထူးပါဘူး NLD ကတစ်ယောက်တစ်လေဝင်ဖတ်လည်း မနဲဘူး
    တီတီစု 😀 အနေနဲ့လည်း ရိုးလွန်းရင် အတယ်လို့ ထင်တတ်ကြတဲ့ခေတ်ကြီးမှာ
    အဘိဓမ္မာထဲကနေ နောက်တစ်လှန်းပြန်ဆုတ်လိုက်တာကို ထွက်ပြေးတယ်လို့
    ထင်တတ်ကြတာမို့
    နည်းနည်းလေး အလံလေးဘာလေးထူးပြဘလိုက်ဇမ်းဘာ 😀 😀 😀
    ဘာဘဲဖြစ်ဖြစ်ပါ မှတ်ပုံတင်လိုက်ရင် တရားဝင်သွားမယ် အလွယ်လှုပ်ရှားလို့ ရနိုင်တယ်ဆိုတာကို
    လွယ်လွယ် မတွေးကြစေလိုကြောင်းပါ ( ဘုန်းကြီးစာချ မိချောင်းမင်းရေခင်း လိပ်ရေကူးသင် )
    ပြောစရာတွေကတော့ ဒဘုံဂျီးဘာ
    နောက်က ပုဂ္ဂိုလ်တွေတွက် ချန်ထားလိုက်ပါတယ်

  • ပေါက်ဖော်

    November 16, 2011 at 10:03 am

    မှတ်ပုံ မတင်ရင်ကော ဘာဖြစ်နိုင်လဲ ဟင်
    အဘတော့ မမေးတော့ပါဘူး…အားနာရို ့. 😆
    ဝင်ရှုပ်မိသလိုဖြစ်ရင်တော့..ကန်တော့ပါ…..ခင်ဗျ
    အကျိုးအပြစ်လေးတွေ..သိချင်မိလို ့ပါ….
    စာတတ်ပေတတ်..အာစိတို ့..အမြင်လေး..ဖတ်ပါဦးမယ်
    🙄

    • မိုက်ကယ်ဂျော်နီအောင်ပု

      November 16, 2011 at 10:50 am

      ဟုတ်တယ် NLD အနေနဲ့ ဒီအကြောင်းတွေကို
      တွက်ချက်ထားနှင့်ပြီးလောက်ပြီထင်တယ်
      မဝင်ရင်ဘာဖြစ်မယ်
      ဝင်ရင်ဘာဖြစ်မယ်
      အညစ်ခံရရင် ဘယ်လိုလုပ်မယ် ဆိုတဲ့အကြောင်းတွေမှာ
      မူတည်ပြီးဆုံးဖြတ်မယ်လို့တော့ထင်တာဘဲ
      ( အထင် )
      ဇဂါးစစပ်
      ထိပ်ပြောင်တို့အဖွဲ့ညစ်ပတ်ရင်
      နယ်စပ်ကနေ သဂျီးဆီကိုသွားမလား
      လုပ်ပေးမယ်
      ဘီအီးတစ်ပီပါ 😀

  • Pearl May

    November 16, 2011 at 10:08 am

    ့ပြည်ထောင်စုဝန်ကြီး ၊ အမျိုးသားခေါင်းဆောင်။ ခေါင်းစဉ် ကအရေးကြီးပါသလား။ ယုံကြည်မှုရှိမှ ရွေ့လျားမှုဆိုတာ ရှိမှာပါ။ လမ်းဟောင်းအတိုင်းသွားလို့ အများကြီးနစ်နာခဲ့ပြီးပါပြီး လမ်းသစ်ထွင်ဖို့ အချိန်ကောင်းပါ။

  • nozomi

    November 16, 2011 at 10:28 am

    ဆရာကြီးကို ပုဂ္ဂိုလ်ရေး အရ ခင်မင်၊လေးစာပါသည် ခင်ဗျာ ၊ ပို့စ် မှာ စဉ်းစားထားတာလေးတွေကိုလဲ သဘောကျမိပါသည် ၊ကိစ္စ တိုင်းမှာ အမြင် အမျိုးမျိုး ရှိနိုင်သည့် အတွက် ကြိုက်သူ မကြိုက်သူ သဘောတူသူ သဘောမတူသူ အမျိုးမျိုးရှိနိုင်ပါသည် ။ ဒေါ်စု တို့ မှတ်ပုံတင်သည် ဖြစ်စေ မတင်သည်ဖြစ်စေ ပြည်သူအတွက် စိတ်စေတနာကောင်းဖြင့် အားလုံးစုပေါင်း တိုင်ပင်ပြီး ပေးလာတဲ့ အခြေအနေထဲက အကောင်းဆုံး လုပ်ဆောင်ကြမှာ ဖြစ်တဲ့အတွက် ပို့စ်ထဲမှာ ပါသလို “မိမိရဲ ့ မူလဆုံးဖြတ်ချက်ဟောင်းကို ပြင်၊ သိက္ခာ အကျခံပြီး… ဘာလုပ်ဖို ့ဝင်အရွေးခံနေကြတော့မလဲ” ဆိုတာမှာတော့ ဒေါ်စုတို့ လုပ်ရပ်က သိက္ခာကျမဲ့ လုပ်ရပ် မဟုတ်လို့ မြင်မိပါသည် ခင်ဗျာ

  • တညင်သား

    November 16, 2011 at 10:39 am

    ဆရာကြီးကို ပထမ အနေနဲ့ ဂါဝရ ပြုပါတယ်………….

    တကယ်လို့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်လို့ နိင်သွားခဲ့ရင်ရော နိင်ငံခြားရေး ဝန်ကြီးလေးဘာလေး ဖြစ်နိင်ပါသလားခင်ဗျာ…
    ဧရာဝတီ ဝက်ဆိုဒ်မှာတော့ မြန်မာကို အာဆီယံ ဥက္ကဌ သေခြာပြီလို့ ဖတ်လိုက်ရတယ်… NLD က ဝင်/မဝင် မသိ
    အစိုးရကတော့သွားနေပြီ….. ရွေးကောက်ပွဲ ဝင်ပြီး တူတာတွေလုပ် မတူတာတွေ ကိုတဖြေးဖြေး ညှိယူရင် ဖြစ်နိင်တယ်ထင်ပါတယ်…

  • blackchaw

    November 16, 2011 at 11:36 am

    ဆရာကြီးခင်ဗျား။
    ဘဝင်တောင်မြင့်သွားမိပါတယ်။
    ဆရာကြီး မန်းဂဇက်ကို ပြစ်မထားလို့ပါ။
    ဆရာကြီးတို့လို လူကြီးတွေရဲ့ အမြင်ကို
    ကျွန်တော် တို့ လေ့လာခွင့်ရတာ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
    ကျွန်တော့် အမြင်ကတော့ ကိုဇာလျန်းရေးပြီး ကိုခိုင်ထူးဆိုခဲ့တဲ့ သီချင်းလေးလိုပါပဲ။
    “အကုန်ရရင်ရ မရရင် ဘာမှ မလိုချင်ဘူး”
    ယူတုန်းက အကုန်လုံးယူသွားခဲ့ ကြတာပါ။
    ပြန်ပေးတော့လည်း အကုန်ပြန်ပေးတာ ကောင်းတယ်လို့ ထင်ပါတယ် ဆရာကြီးခင်ဗျား။

  • ကိုရင်စည်သူ

    November 16, 2011 at 11:52 am

    ဆရာကြီး ခင်ဗျာ.. ဆရာကြီး တင်ပြထားတဲ့
    “မိမိရဲ ့ မူလဆုံးဖြတ်ချက်ဟောင်းကို ပြင်၊ သိက္ခာ အကျခံပြီး… ဘာလုပ်ဖို ့ဝင်အရွေးခံနေကြတော့မလဲ”
    အဆိုကိုတော့ လုံးဝထောက်ခံပါတယ်ဗျာ…
    ဒါကြောင့် ဘွားတော်ကြီးတို့ ခုထိ ဝေခွဲမရဖြစ်ပြီး ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ
    တစ်ခုမချနိုင်သေးတာ ကြည့်တာနဲ့ သိသာပါတယ်ဗျာ..
    ဒါကြောင့် နိုင်ငံရေးအခင်းအကျင်းကိုကြည့်ပြီး ဆုံးဖြတ်မယ်ဆိုတာ
    အလကားပြောတာမှ မဟုတ်တာဗျာ..
    ဗိုလ်ကနေဦးပြောင်းတဲ့ အစိုးရအဖွဲ့ကလည်း လုပ်သင့်တဲ့ အခင်းအကျင်း
    အပြည့်အစုံလုပ်ပြီးသွားပြီ ထင်ပါတယ်…။ စွမ်းမယ်ထင်ရင် ဝဲကမ်းဆိုတဲ့ သဘောပါပဲ…
    ကျနော်ကတော့ ဘွားတော်ကြီး အရည်အချင်းနဲ့ နိုင်ငံခေါင်းဆောင် သမ္မတနေရာမှ
    မရရင်တော့ မဝင်စေချင်ပါဘူး…။ ဆက်ဖိုက်ဖို့ပဲ တိုက်တွန်းချင်ပါတယ်… 👿 👿

    လေးစားစွာဖြင့်…
    ကိုရင်စည်သူ

  • ကြောင်ကြီး

    November 16, 2011 at 12:02 pm

    ဆရာကြီးအခုလို ဝင်ရောက်ရေးပေးတာ ကျနော်တို့အတွက် အားတက်စရာဖြစ်ပါတယ် ခင်ဗျား။ စစ်တပ်က ဒေါ်စုကို ရာထူးတနေရာပေးပြီး သေးသိမ်သွားအောင်လုပ်ဖို့ ကြိုးပမ်းနေတာ ကြာပါပြီ။ အစပထမတုန်းက လူမှုဝန်ထမ်းရေးရာ ညွှန်ကြားရေးမှူးချုပ်တဲ့ (သူတို့ဖက်ပြောင်းသွားတဲ့ အင်္ဂလန်က မြန်မာဘုန်ကြီးတပါးကတဆင့် ပြောတာ။ အဲဒီဆရာတော်လည်း ပျံလွန်တော်မူသွားပါပြီ။) နောက်တော့ ဝန်ကြီးနေရာ။ ဒေါ်စု ဒုတိယအကြိမ်ပြန်လွတ်တုန်းကတောင် နယ်စည်းရုံးရေးအသွားမှာ ဆည်တခုဝင်ကြည့်ပေးပါ အစိုးရက တောင်းဆိုလို့ လယ်စိုက်ဝန်ကြီးနေရာတောင် သတင်းဖြစ်လိုက်သေးတယ်။ နောက်ဆုံးရသတင်းများမှာ ကြံ့ဖွတ်လွှတ်တော်အမတ်အချို့ ရွေးကောက်ပွဲဥပဒေပြင်ပြီး အစိုးရအဖွဲ့ဝင်များ လွှတ်တော်အမတ်နေရာ ဆက်လက်စွဲကိုင်နိုင်ရေး အားထုတ်နေတယ်လို့ ကြားရပါတယ်။ ဖြစ်ခဲ့ရင် ကြားဖြတ်ရွေးဂေါက်ပွဲမှာ လစ်လပ်မဲ့အမတ်နေရာများ ပိုလို့တောင် နည်းပါးသွားပါအုံးမယ်။
    အန်အယ်ဒီမှတ်ပုံတင်ပြီး ဒေါ်စုအမတ်ဖြစ်မယ်လို့ စဉ်းစားကြည့်ရင် သူ့ကို အစိုးရအဖွဲ့ဝင် ရာထူးတနေရာပေးတာ ဖြစ်နိုင်ပါတယ်။ နော်ဝေဒုနိုင်ငံခြားရေးဝန်ကြီးပြန်သွားတော့ ဒေါ်စုကို သမတတောင်ဖြစ်နိုင်တယ် အော်ချက်ထုတ်သွားသေးတာကိုး။ ဟုတ်ခဲ့ရင် နှစ်မျိုးတွက်မိပါတယ်။ (၁) ဥပဒေ မပြင်ဘူး၊ ဒေါ်စုကို အရေးပါတဲ့ အစိုးရရာထူး တခုပေးမယ် (သာမညရာထူးမျိုး ဖြစ်နိုင်မယ်လို့ မယူဆပါ၊ လုပ်ပိုင်ခွင့်ရှိတဲ့ အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်လိုရာထူးမျိုး သို့မဟုတ် သမတရာထူးအထိဖြစ်နိုင်ခြေရှိတယ်။) စစ်တပိုင်းအစိုးရသည် အဖက်ဖက်မှာ ပြင်ဆင်ထားပြီးသားဖြစ်လို့ ဒေါ်စုအနေနဲ့ သူတို့ပေးထားတဲ့ လိုင်းအတွင်းမှာသာ ကရမယ်။ ရွေးကောက်ပွဲ ထောက်ခံသူအချို့ပြောသလို ရေရှည်မှာအိုကေသွားဖို့ဆိုတာ ဒေါ်စုအသက် အခုထက်ပိုမကြီးသွားရင်လည်း ဟုတ်တုတ်တုတ်။ ဒေါ်စုနဲ့ပါတီ ကွဲသွားပြီ။ ကြံ့ဖွတ်ပါတီက မဟုတ်တာ အကုန်လုပ်ပြီး ချမ်းသာနေလို့ ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင်တယ်ထား၊ အန်အယ်ဒီက ရပ်တည်နိုင်ပါ့မလား။ တဖက်နဲ့တဖက် ဘက်လိုက်တယ် စွပ်စွဲကြရင်လည်း နောက်ဆုံးစကားရည်လုပွဲကိုရောက်ပြီး ညစ်ပတ်တဲ့နိုင်ငံရေးအဖြစ် ပုံဖော်ကြအုံးမယ်။ 🙁
    (၂) ဥပဒေပြင်မယ်၊ ဒေါ်စုကိုလည်း နေရာပေးမယ်။ အဲဒီကြရင် အန်အယ်ဒီက အမတ်နေရာလေး မဖြစ်စလောက်နဲ့ ဘာလုပ်နိုင်မှာလည်း။ သူတို့က လွှတ်တော်ကို အုပ်စီးထားလို့ ဥပဒေကို ပြင်ချင်တိုင်းပြင်ခွင့် အစဉ်အလာပေးလိုက်ရင် နောင်ဆိုတားဖို့ ခက်သွားပြီ။ ဥပဒေအရလည်း ပါတီအကျိုးစီးပွားကို ရောယှက်ခွင့်ပေးလိုက်လို့ အရင်ကထက် အဆပေါင်းများစွာ မတရားလုပ်တော့မယ်။ အန်အယ်ဒီက သူတို့လို လိုက်လုပ်လို့ရပါ့မလား။ နာမည်ပျက်တာပဲ အဖတ်တင်မယ်။
    အန်အယ်ဒီအတွက် ဘယ်ဖက်ကမှ သက်သာစရာ မရှိပါဘူး။ ကြံ့ဖွတ်အနေနဲ့ ပြောင်းလဲဖို့ စေတနာတကယ်ရှိရင် လုပ်နိုင်တာ (မမျှော်လင့်စကောင်းပါဘူး) ဒေါ်စုကို အန်အယ်ဒီကဖဲ့ထုတ်ပြီး ကြံ့ဖွတ်+စစ်တပ် ကိုယ်စားလှယ်များ ဦးဆောင်မှုနဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေများပြဌာန်း၊ အတိုက်အခံများကို နေရာမရအောင်လုပ်ထား။ သူတို့လည်း နာမည်ကောင်းရ၊ ဒေါ်စုကလည်း ပါတီနဲ့ ကင်းကွာ၊ ဒေါ်စုမှာလည်း ပြုပြင်ပြောင်းလဲရေးဖို့ သူတို့ပူးပေါင်းယုံကလွဲပြီး အခြားရွေးစရာလမ်းမရှိ။ ဒီလိုနဲ့ တချိန်မှာ အတိုက်အခံများ ပြိုကွဲထွက်သွားကြမယ်။ ပြောထားပြီးသားပါနော် မမျှော်လင့်စကောင်းပါဘူးလို့။။ 😆

  • ba gyi

    November 16, 2011 at 12:49 pm

    လေးစားရသော ဆရာကြီးခင်ဗျား၊NLD အရေးဟာ ပြည်သူလူထုအရေးလို့ခံယူလမ်းပြသွားသလို၊ဒေါ်စုကိုလည်း လူထုခေါင်းဆောင်ပါဝါ နေရာမှာပဲရှိစေချင်၊ရပ်တည်စေချင်သောစေတနာကိုရှင်းရှင်းဘွင်းဘွင်းမြင်အောင်ပြသပေးတာတွေ့ရပါ သည်။
    ဒါလည်း ၊တော်တော်များများဖြစ်စေချင်သောဆန္ဒဖြစ်ပါတယ်၊သည်အချိန်မှာ။အန်အယ်လ်ဒီ အနေနှင့်
    ဆုပ်လည်းစူး၊စားလည်းရူးစေမည့် အသီးကြီးကိုကိုင်ထားသလိုအချိန်ဖြစ်နေသည်ကိုလည်း၊ အကဲခတ် သူ များ အားလုံးသိကြပါလိပ်မည်၊သည်နေရာတွင်ကျွန်တော်ဉာဏ်မှီသလောက်တင်ပြပါရစေ- ဒီမိုကရေစီအခြေခံဘောင်တစ်ခုကိုပြပြီး၊ထိုဘောင်အရဝင်မလား/မဝင်ဘူးလားဆိုသောကိစ္စပေါ်တွင် အဖြေရှာ ရာတွင်- နိုင်ငံတစ်ကာနှင့်ကုလသမဂ္ဂမှထိုအပြဘောင်ကြီးအပေါ်ကန့်ကွက်ဖျက်စီးမရနိုင်သောအခြေအနေ။
    ထိုအခြေအနေတွင် ထိုဘောင်ကျဉ်းကလေးကိုအတတ်နိုင်ဆုံး အတိုက်ခံနှင့်ပြည် သူအ တွက်ချဲ့ ပေးရန် သာတိုက်တွန်းနိုင်သောအခြေအနေ။
    စစ်ရေးအရရော၊နိုင်ငံရေး၊စီးပွါးရေးမှာပါ တရုတ်ကိုဗဟိုပြုထားသောအခြေအနေ၊
    တရုတ်ဗဟိုပြုအခြေအနေကြောင့် အခြားပါဝါများဖြစ်သော အမေရိကန်၊အိန္ဒိယ၊အာစီယံတို့မှ( လက်ရှိဒီမို
    ကရေစီ်ဘောင်ပြ )အစိုးရ နှင့် အတိုက်ခံတို့ကြားသို့ ဝင်ရောက်ပြီးအရောတဝင်နေရာဝင်ယူနေ ကြရ သော အခြေအနေ။
    လက်ရှိပြည်တွင်းတိုင်းရင်းသားလက်နှက်ကိုင်များ၏။အချင်းချင်းမတူကွဲပြားနေကြသောခံယူချက်အခြေ အနေ များ။
    သယံဇာတတွေရှိပါလျှက်၊ထိုက်တန်သောဈေးကွက်၊နည်းပညာမရပဲ။တိုင်းပြည်အတွက်အပြည့်အဝအသုံး
    မချနိုင်သော၊ဈေးကွက်အားထားရာဗဟိုချက်မပါဝါလွဲမှားနေမှု။သည်အခြေအနေအားလုံးသည်၊နိုင်ငံတွင်း
    နိုင်ငံရေးအခြေအနေတိုးတက်လာခြင်းပေါ်တွင်ကပ်မှီပြီးလိုက်ပါနေသောကာလဟုကျနော်မြင်ပါသည်။
    ထို့ကြောင့် သည်ကာလတွင်- ဆုတ်ယုတ်စေသောနိုင်ငံရေးအခင်းအကျင်းများထက်၊ တိုးတက်စေသော
    နိုင်ငံရေးအခင်းအကျင်းများသည်သာ အမျိုးသားရေးကိုဆောင်နိုင်သည်ဟုထင်ပါသည်။
    ဒေါ်စု၏ပါဝါအရေးပါလာသလို၊လက်ရှိ( ဒီမိုကရေစီဘောင်ပြ)အစိုးရ၏၊ ပြုင်ပြင်ပြောင်း လဲမှုများလည်း အရေး ပါ သောကာလဖြစ်ပါသည်။တစ်ဦးတစ်ယောက်အရေးထက်၊အဖွဲ့အစည်းအရေးကပိုကြီးပါသည်၊
    အဖွဲ့အစည်းအရေးထက်၊တစ်တိုင်းပြည်လုံးအရေးကပိုကြီးပါသည်။
    ဆရာကြီးထား ရှိသောစေတနာကိုလေးစားပါသည်၊ ဒေါ်စုကို အိန္ဒိယ မှ ကွန်ကရက်အိုင်ပါတီခေါင်းဆောင်
    ဆိုနီယာ လို့်ပဲ ကျနော်လည်းမြင်ချင်ပါသည်။ တကယ်တော့ -သူရို့အခင်း အကျင်းရှင်း ပါသည်၊ သူတို့ကတော့ ဘယ်သူ လိုက် လိုက်မ လိုက်လိုက်သ ူ့လမ်းသ ူဖြစ်အောင် သွားနေသည်မ ဟုတ်လား။ ကျွန်တော်ကတော့ သူတို့ကိုအထိမ်းကွပ်မဲ့ တစ်လမ်းမောင်းမဖြစ် စေချင်ပါ၊မောင်းချင်တိုင်း မောင်းပြီး၊ မှောက်ချင်တိုင်းမှောက်ကုန်ကြပါလိပ်မည်။

  • memeseku

    November 16, 2011 at 1:14 pm

    အန်တီစုကိုပဲသနားတယ်…..
    ကျဉ်းထဲကြပ်ထဲကိုရောက်နေပြီ……
    တချက်မှားတာနဲ.ဝိုင်းပြောကြမှာ…တပုံကြီးပဲ……
    သူလဲလူတယောက်ပါပဲ…..အဲဒိတာဝန်ကြီး၁ခုလုံးကိုသူ.အပေါ်မှာပဲပေးမထားသင်.ဘူး
    အားလုံးတက်ညီလက်ညီလုပ်ဖို.လိုနေပြီထင်ပါတယ်…..

  • Reign

    November 16, 2011 at 2:38 pm

    I really recognized Saya Gyi Mg Thaya as a reputed writer in fiction novels and his comments in the post make sense though I am not in support of his opinions. I have also noted that Daw Aung San Su Kyi, with her tremendous wisdom & knowledge that is widely respected throughout the world, good political will and unrivaled sacrifice to people of Myanmar and above all else her character of absolute political sincerity and uprightness, would have plans in her mind to choose better options even NLD as whole decided whether to register or not, whether to join by-elections or not.People of Myanmar , including me, would rather see Daw Su continuously as a leader of Myanmar than as a vice-president, cabinet minister within USDP dominated cabinet that is an outcome of rigged & sham election. At the same time we must recognized that now is a good time to take opportunity to work together with those USDP people even we don’t see things eye to eye with them on almost every issue, as they also represent the powerful military and they are defacto ruler currently running the affairs of the state. If NLD decided to get registered and to join in coming by-elections , I don’t think it is a disgraceful act as the situations and today’s political scenario are somewhat different from that of the time when Ghandi declaration was made. Though nothing to do with this post, I even recollect the comments of some BCP people named Yebaw Than Gyaung who warned that Daw Su should better staged demonstrations and use general strike of people to overthrow the current quasi civilian government. I think, in politics, there are times when we should compromise for the wellbeing of the whole country, even if we might not be in 100% agreement between parties concerned and if we could avoid bloodshed and unnecessary commotions in this democratization process, it’s much better. We have learned from our history that while our national hero Gen.Aung San leading AFPFL in independence movement , trying hard for the sake of the country and people , communist like Than Tun and Soe trying to stab him from behind shouting that independence cannot be gained without fighting. We have also learned that how moral courage of our national leader has finally led us to gain the independence we’ve sought.If we can work with imperialist for the independence of the country , I don’t see reason we cannot cooperate with USDP. USDP may be well prepared, well planned but please remember that after 1988, in 1990 election, very well organized and well financed National Unity Party cannot came out as they expected. Though USDP may currently very strong, most of the members of forced members, most are opportunists and I doubt if they stand a chance in a free and fair elections against NLD or any other democratic party.

  • Reign

    November 16, 2011 at 3:01 pm

    In Brief, the speculations raised by Saya Gyi is good. In my opinion, Daw Su is too clever to fall into any trap (if there is) set up by U Thein Sein government and she is very well aware of her role as a sole national leader of Myanmar people. I have also noticed that Daw Su every time carried out her political career without any political stunt and she used to have respect and certain degree of confidence even in relation with the very people who suppressed herself and people of Myanmar. I believe that Myanmar is lucky to have a good leaders like Daw Su and her father and I strongly believe she won’t disappoint all of us.I also feel that even there are so many bad generals in the current ruling party, there might be some good guys who are willing to make change and wanted to make democratic reforms as they also experienced how myanmar became LCD after successive military regimes trying to save the country continuously. Most important thing is , Myanmar cannot be saved again by the military this time.

  • Reign

    November 16, 2011 at 3:04 pm

    In brief, Daw Su is too clever to fall into any trap (if there is) set up by U Thein Sein government and she is very well aware of her role as a sole national leader of Myanmar people. I have also noticed that Daw Su every time carried out her political career without any political stunt and she used to have respect and certain degree of confidence even in relation with the very people who suppressed herself and people of Myanmar. I believe that Myanmar is lucky to have a good leaders like Daw Su and her father and I strongly believe she won’t disappoint all of us.I also feel that even there are so many bad generals in the current ruling party, there might be some good guys who are willing to make change and wanted to make democratic reforms as they also experienced how myanmar became LCD after successive military regimes trying to save the country continuously. Most important thing is , Myanmar cannot be saved again by the military this time.

  • forever

    November 16, 2011 at 4:00 pm

    ဘေးကနေဝေဖန်ရေးလုပ် ပေးတာ တကယ်လုပ်နေတဲ.သူတွေ
    စဉ်းစားဘို.အထောက်အကူဖြစ်ရင် အားလုံးတွက်အကျိုးရှိမှာပါ

    အာဆီယံဥက္ကဌ နေရာကရော…မြန်မာတကယ်ရနိင်မလား
    သံသယတော.ဖြစ်မိတယ် သတင်းတွေထဲမှာတော. နိင်ငံခြားရေးဝန်ကြီးတွေ
    ကသဘောတူလိုက်ပြီ..ကြားတယ်
    NLD ဟာ အာဆီယံကိုစောင်.တယ်ထင်တယ်
    NLD မှတ်ပုံတင်မတင်ကို ၁၈ရက်နေ.မှ ဆုံးဖြတ်မှာ ဆိုတော.
    အဲအချိန်လောက်ဆို မြန်မာဥက္ကဌဖြစ်မဖြစ် သိနေရပြီထင်တယ်..

    ဆိုလိုတာက အာဆိယံမှာ မြန်မာဥက္ကဌဖြစ်ပြီဆိုရင်
    ၂၀၁၄မှာ အာဆီယံ အစည်းဝေးကိုမြန်မာပြည်မှာကျင်းပမှာပေါ.
    အဲဒီအခါ မိတ်ဖက်ဖြစ်တဲ. ဥရောပနဲ.အမေရိကန်က ခေါင်းဆောင်တွေ
    မြန်မာပြည်ကိုလာရမှာပေါ.
    အိုဘားမားဟာ လူ.အခွင်.အရေးတွေလျော.နေတဲ. ဒီမိုကရေစီ စံနှန်းတွေ
    မရှိတဲ.မြန်မာနိင်ငံကိုလာဘို. သူတို.နိင်ငံက အဖွဲအစည်းတွေက သဘောတူနိင်ပါမလား
    သူမလာဖြစ်ရင် ကျန်အာဆီယံနိင်ငံတွေ မြွေကိုက်ကုန်မှာပေါ.

    ဆိုတော. အာဆိယံဥက္ကဌ ရာထူးဟာလည်း မြန်မာအစိုးရအတွက်
    အခွင်.အရေးချည်းရတာမဟုတ် ပါဘူး သူပြန်လုပ်ပေးရမယ်.အကြောင်းအရာတွေလဲ
    ဒုနဲ.ဒေးပါဘဲဒါတွေကိုကျန်အာဆီယံနိင်ငံတွေကမြန်မာအစိုးရဆီက ကတိကဝတ်တွေကျိတ်တောင်းထားပြိးရောပေါ.

  • လင်းဝေကျော်

    November 16, 2011 at 5:13 pm

    ဒေါ်စုအနေနဲ့ သူ့အကွက်အရ ညှိနှိုင်းမှုအရ ပါတီကို မှတ်ပုံတင်ခဲ့မယ် ဆိုရင်တောင်မှ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်ရာထူးကြီး ပေးပါ့မယ် ပြောပြော သူကိုယ်တိုင်မဝင်သင့်ပါဘူး။
    သူအနေနဲ့ နေပြည်တော်ကို အပို့ခံရမယ့်ကိစ္စ မျိုးမလုပ်သင့်ပါဘူး။ နေအိမ်အကျယ်ချုပ်ကမှ တော်ဦးမယ်။
    နေပြည်တော် အပို့ခံရတာက မဲဇာ ကို ပို့လိုက်သလို ပါတီနဲ့ အဆက်ဖြတ်၊လူထုနဲ့ အဆက်ဖြတ်ခိုင်းလိုက်တာပါ။ နိုင်ငံတည်ဆောက်ရေးဆိုတာ လူ့စွမ်းအားအရင်းအမြစ် အဓိကလိုတာပါ။ နိုင်ငံရေးအရ တိုင်းပြည်မူဝါဒ ချမှတ်နိုင်မယ့် အရည်အချင်းရှိသူများ ဖြောင့်မတ်မှန်ကန်သူများ ပါတီကြီးတွေမှာ ပါဝင်လုပ်ကိုင်နေမှသာ တိုင်းပြည်ကျန်းမားရေးကောင်းပါမယ်။ ဒီကိစ္စတွေ အတွက် ပါတီ တည်ဆောက်ရေးကို မှတ်ပုံတင်ပြီး ရင် ဒေါ်စု လုပ်ရဦးမှာပါ။ လွှတ်တော်ထဲကို ကိုယ်စားလှယ်အချို့ကို နောက်လေးနှစ်အတွက် ကြိုလွှတ်ပေးထားတာလောက်ပဲ လုပ်သင့်ပါတယ်။ သူ့ပါတီက အခြားသူများကို သာ လွှတ်တော်ထဲ ထည့်ပေးလိုက်ပါ။

  • unclegyi1974

    November 16, 2011 at 11:05 pm

    မတုူတာလေးတွေအသီးသီးရှိကြသော်လည်း
    NLD ရဲ့ဆုံးဖြတ်ချက်ကိုအားလုံးကလေးစားလိုက်နာဖို့
    ပြောချင်ပါတယ်

  • kai

    November 17, 2011 at 4:35 am

    “Those who cannot remember the past are condemned to repeat it.”
    Spanish philosopher George Santayana (1863-1952)

    “History repeats itself, first as tragedy, second as farce. ”
    German philosopher Karl Marx (1818-1883)

    ဒေါ်အောင်ဆန်းစုကြည်ဟာ.. အဖေ(သခင်အောင်ဆန်း)ရဲ့နေရာပြန်ရောက်နေသလား တွေးနေမိတယ်..။
    သမိုင်းဘီးများ တပါတ်လည်လာရော့သလား.. 😆

    • မှော်ဆရာ

      November 17, 2011 at 8:21 am

      ဟုတ်တယ် ဆရာခိုင် ကျွန်တော်လဲ အဲဒီလို တွေးမိတယ်
      ဗိုလ်ချုပ်အောင်ဆန်း စစ်ရာထူး ယူတုန်းကလဲ ဒီလို ပူညံပူညံ အသံတွေ ထွက်သေးတာပဲ …
      ဒေါ်စုက ရိုးသားတဲ့ လူတစ်ယောက်ပါ …
      ရိုးသားတဲ့သူ့အတွက် ….
      သူဘယ်နေရာနေနေ သူ့အတွက် မိတ်ဘက်တွေ အများကြီး ရှိလာမယ်လို့ထင်တယ်
      မှန်ကန်တဲ့ သူတစ်ယောက်က ဘယ်တော့မှ မကျဆုံးလောက်ဘူး ….
      အာဏာမှာ မရစ်မူးလောက်ဖူး …
      နောက်တစ်ခုအရေးကြီးတာက သူရွေးကောက်ပွဲမဝင်ရင် ဘာဆက်လုပ်ရမလဲ …
      ဘယ်လိုနည်းလမ်းနဲ့ ဆက်သွားမလဲ …
      သူ ရာထူးယူရင်သူ့ကို တကယ်ပဲ အမျိုးသားခေါင်းဆောင်ဆိုတဲ့ ရာထူးကို စွန့်လွှတ်ရမှာလား …
      ကျွန်တော့သဘောထားနဲ့ပြောရရင် သူ ရာထူးယူလဲ လေးစားနေဦးမှာပဲ
      နောက်ဆုံးဗျာ အဆင်မပြေရင်၊နေရာလေးပေးပြီး ဖမ်းထိမ်းထားတယ်ထင်ရင် ၊ လုပ်ပိုင်ခွင့်မရဘူးထင်ရင် ပြန်ထွက်ဗျာ …..
      အမျိုးသားညီလာခံတုန်းကတောင် တက်ပြီးမှ ပြန်ထွက်တာပဲ ….

  • ba gyi

    November 17, 2011 at 9:15 am

    သူကြီးမင်းတွေးထင်တာတကယ့်အမှန်တွေပါပဲ၊မြန်မာ့အရေးကိစ္စတွေအတွက် ဗိုလ်ချုပ်အောင်ဆန်းခဗျာ
    စတေးပြီးပေးဆပ်ခဲ့ရသလို၊ဒီမိုကရေစီအရေးမှာလည်း ဒေါ်စု ပေးဆပ်နေရတာပါပဲ။သည်လိုဖြစ်အောင်ကို
    မြန်မာ့နိုင်ငံရေးလောကမှာတင်ကမ၊ကဗ္ဘာ့နိုင်ငံရေးဇတ်ခုံကပါ၊ သူ့ကို ပါဝါပေးထိုက်သူ လို့ရွေးချယ် တွန်း ပို့ခဲ့ တာ ကိုး၊ဒီပါဝါပေးလာမှုဟာလည်းအကြောင်းမဲ့ပေးလို့မရပါဘူး သူ့ ဖခင်ကြီးနဲ့ တူတဲ့ သူ့ရိုးသားမှု၊ စွန့်လွှတ်မှု၊ထက်မြက်မှု၊ပေးဆပ်မှုတွေ ကြောင့်ပါပဲ။
    သူကိုယ်တိုင်ပြောဘူးပါတယ်၊တိုင်းပြည်အတွက်တစ်ကယ်လိုအပ်လို့ သူကိုစတေးမယ်၊အသုံးချခံရမယ်ဆို
    စတေးပါ၊အသုံးချပါ တဲ့။ တုတ်ထိုးအိုးပေါက်ပြောတတ်တာကအစ တစ်ကယ့် ဗိုလ်ချုပ်အောင်ဆန်းပါပဲဗျာ။

  • Reign

    November 17, 2011 at 9:16 am

    I agree with Ko Kai and Magician. Can’t help remembering what Gen.Aung San did when he has to choose between military career ( as Commander in Chief of Burma Army under British colonial rule)and the leader of AFPFL in the freedom movement of Burma. Such kind of people, Daw Su and his father, only assume certain political positions with an intention to lead the country and people to fight for freedom. I cannot expect, imagine and cannot believe Daw Su will accept any cabinet or government position without necessary safeguards that she is in a better position to serve the Myanmar people. Whatever USDP government planned and framed, it cannot be 100% successfully and we have to be careful that NLD, Daw Su and the whole country are in a process of compromising which is very delicate and complex. there are many brilliant brains surrounding NLD and Daw Su and they also have their own legal and political experts like U Nyan Win and U Win Tin etc. If NLD is going to decide whether to register / participate in by election democratically, it is a good practice .I heard that even veteran politician and journalist U Win Tin said even if he disagree to register/ participate he will respectfully follow the majority decision and that he’ll keep on supporting Daw Su as he has complete confidence in her leadership. If there is some apparent disagreement between NLD’s leadership on this issue, we welcome it as a symbol of democratic practice within NLD. We have learned very well that how 100% united BSPP, without any voices of different opinions and composed of all “YES” man finally collapsed.It really nice to have difference views and we can have a broader perspective by hearing different views like we did here in MG.

  • cryingsoul

    November 26, 2011 at 10:59 am

    ပြောထားတာတွေက စုံနေတော.ကျွန်တော်ဘာပြောရမလဲတောင်မသိတော.ဘူး ဒီတော.
    ဒေါ်စုရဲ.ဆုံးဖြတ်ချက်အတိုင်းပဲလိုက်နာပါမယ်လို.သာပြောချင်ပါတယ်ဗျာ…

Leave a Reply