Mastering the Metering Mode

ムラカミNovember 22, 20115min16511
ဟိုဘက်အရင် ပိုစ့်ထဲမှာ ဝင်မန့်ရင်း စာပြန်ဖတ်ဖြစ်လို့ ရေးလိုက်တယ်ခည
စာနည်းနည်းလေးသွားရင် ခွင့်လွှတ်ပါဗျ...

ဒါ ကင်မလာ တလုံးရဲ့ အလင်းသိမှု light sensitiveness နဲ့ ပါတ်သတ်တဲ့ post ပါခင်ဗျ
အိမ်သုံးကင်မလာတွေမှာလည်း အကျုံးဝင်တယ်ခင်ဗျ..
သူတို့မှာလည်း metering mode တွေ ပြောင်းရိုက်လို့ရတယ်ဗျ



ကျနော်တို့ ရိုက်ကြမယ်ဟဲ့နှက်ကြမယ်ဟဲ့ လုပ်ပြီး တခုခုကို ချိန်လိုက်တယ်ဆိုပါတော့
နေ့နေ့ညည ဗျာ ...လူမျက်စိနဲ့ မြင်ရတဲ့ အလင်းအမှောင် နဲ့ ကင်မလာ မော်နီတာ မှာ
ပြပေးတဲ့ အလင်းအမှောင် မတူဘူး ဖြစ်နေတာမျိုး ကြုံဖူးမယ်ထင်ပါသည်။
ညနေစောင်းတွေနဲ့ night portrait တွေမှာ ပို သိသာတတ်တယ်ဗျ....
ကိုယ့်မျက်စိနဲ့ ကြည့်တော့ subject(model)က မြင်ရယုံလောက် လင်းပါသေးတယ်..
ကင်မလာမှာ မြင်ရသလောက် မမှောင်ပါဘူး ရယ်ပေါ့....


တခါတခါ ကင်မလာ က အော်တို ချိန်ညှိပေးတဲ့ feature ကနည်းနည်း ပိန်းပါတယ်
under expose ဖြစ်လိုက် over ဖြစ်လိုက်နဲ့ပေါ့ .ကိုယ်က ဘာကိုပြချင်တာလဲဆိုတာ
ရိုက်တဲ့လူပဲ သိတာရယ်လေ ကင်မလာ ကတော့ light sensor ကိုအသုံးပြုပြီး
ရှိနေတဲ့ အလင်းရင်းမြစ်တွေကို အာရုံခံပုံဖော်ပေးရုံပဲ တတ်တာ ..
ကိုယ်လိုချင်သလို subject ရဲ့ မျက်နှာ သေချာလင်းရဲ့လား ..နောက်ခံ နေလုံးကြီးက
over-expose ဖြစ်သွားပြီး ဖွေးတက်နေလား ကင်မလာက နားလည်တာ မဟုတ်ဝူးရယ်

တခြားတခြားသော factor တွေကြောင့် (aperture, shutterspeed, ISO)လည်း ဖြစ်သလို
metering mode ကြောင့်လည်း ပါတယ်ဆိုတာ နည်းနည်း ရှင်းပြခွင့်ပြုပါခင်ဗျ..
metering mode ဆိုတာ အလင်းသိမှု (အလင်းတိုင်းတာမှု) စနစ်ပါပဲ...
အခြေခံအားဖြင့် (၅)မျိုး ရှိတယ် ဆိုတာ မှတ်သားရပါတယ်..
1. Spot
2. Centre weight
3. Average
4. Partial
5. Multi-zone Metering Mode
တို့ ဖြစ်ပါတယ် ..
ကျနော်တို့ ရိုက်တဲ့ scene တိုင်းမှာ light source တွေရှိတယ်ဗျ....
hardlightကတော့  နေမင်းကြီးလား ...ခရစ်စမတ်မီးလုံးလေးတွေလား ဖယောင်းတိုင်လား .
မီးချောင်းလား ... ၆၀ဝပ် မီးလုံးလား တခုခုပေါ့ဗျာ .... သူက ပြင်းပြပြီးဖျာထွက်နေတဲ့ အလင်း အမျိုးအစား

softlight ကတော့ အရာဝတ္ထုပတ်ချာလည်မှာ ပျံ့ နှံ့နေတဲ့ အလင်း အမျိုးအစား...
hardlight ရဲ့ ရောင်ပြန် အလင်း ဆိုပါတော့ ....
မှော်ဆြာတို့ ဆိုင်မှာ မီးလုံးတွေကို ထီးတွေအုပ်ပြီး ထိုးတာ ...ဒါမျိုးလိုချင်လို့ပေါ့ဗျာ..
(ဖလက်ရှ် ဝယ်နိုင်သေးဝူး မှော်ဆြာရေ့ သူများဟာ ငှားရိုက်နေတယ်..အင်ဒိုးဖိုတိုဂလပ်ဖီ
ရေးပေးပါဆို ခုထိ ဆီမလာ ပဲမလာ နဲ့ ဟွန်း ...)
ဆက်ရရင် metering mode ဆိုတာ အဲ့သည့် အလင်းတွေကို ဘယ်လောက်ထိ ခွဲခြား ပြီး
အာရုံခံ ပေးတယ် ဆိုတာပါပဲ


1. Spot Metering Mode
သူက ချိန်ထားတဲ့ scene, ဧရိယာ ရဲ့ ၁-၅% အထိ sensitive ဖြစ်တယ် လို့ ဆိုတယ်ဗျ..
ဥပမာ ညနေခင်း ဆန်းဆက်လေး ခရစ်စမတ် မီးလုံးလေးတွေဆင်ထားတဲ့
ကြိုးတံတားလေးပုံ ရိုက်တယ်ပေါ့ ...spot metering mode နဲ့ ရိုက်တာ အကောင်းဆုံးပဲဗျ..
တခြား metering mode တွေနဲ့ဆို အဲ့သည့်မီးသီးလေးတွေက အရောင်ဖျာထွက်မှု ကို
သိပ် sensitive ဖြစ်လွန်းတော့ မီးသီးလေးတွေ နဲ့မတူဘဲ မီးရောင်စုံ ဝါးဝါးကြီးတွေ အလုံးလိုက်
အလုံးလိုက် ထွက်လာတတ်လို့ဗျို့...။
spot နဲ့ဆော်ရင်တော့ အေးဆေးပဲ။ မီးရောင်စုံ အစက်ကလေးတွေပဲ ပေါ်မယ်
ပုံရဲ့အလှ ကို မထိခိုက်ဘူးပေါ့။


နောက်ထပ် အကောင်းဆုံးသော spot meatering mode ရဲ့ သုံးသင့်တဲ့နေရာကတော့
လ ကို ရိုက်တဲ့အခါပါပဲ ...  လကိုယ်တိုင်ကိုယ်က အလင်းထုတ်လွှတ်တဲ့ light source
ဖြစ်နေတော့ သူ့ကို less sensitive ဖြစ်တဲ့ mode နဲ့ပဲ ရိုက်မှ ယုန်ဝပ်တာတို့ ဆန်ဖွပ်တာတို့
ပေါ်မှာဖြစ်ပါတယ် ..နို့မို့ဆို လပြည့် ဖြူဖြူဖွေးဖွေး ကြီးပဲ ပေါ်နေမှာပါ

backlit တွေမှာလည်း သုံးတယ်ခင်ဗျ... နေကို subject နောက်ကျောမှာထားပြီး
subject ကမည်းနေတဲ့ ကောက်ကြောင်းတွေပဲ ဖော်တဲ့ ပုံတွေမှာ သုံးတယ်ဗျ...
hairline တွေကို အဓိက ပုံဖော်ချင်လို့ပါ

2. Center-weight metering mode
ဒါကတော့ ပုံ (Frame)ရဲ့ ၆၀-၈၀% လောက် က အလင်းကို သိတယ်တဲ့ဗျ.
သူက ပုံရဲ့ အလယ်ခေါင်ကနေ အဓိကယူတာဖြစ်ပြီး အနားသတ်တွေ ထောင့်တွေ
ဘက်ကို တဖြည်းဖြည်းချင်း သိမှု လျော့ကျသွားတယ်လို့ စာမှာတော့ အဆိုရှိသဗျ
ထောင့်တွေ နည်းနည်း မှောင်မယ်ပေါ့ ဒါကို vignetting လို့ ဆိုတယ်ဗျ...
တခါတလေမှာ ကျနော်တို့ ပြချင်တဲ့ subject ထင်ရှားပေါ်လွင်ဖို့
တမင်တကာ vignetting လုပ်ယူရတာမျိုးလည်း ရှိပါတယ် ...
portrait photography မှာ သုံးလေ့ရှိတဲ့ အရာမျိုးပါ။


3. Average Metering Mode
ဒါကတော့ ပုံခုလုံးရဲ့ ခြားနားတဲ့ exposure level တွေကို ပျမ်းမျှ ယူတဲ့ mode ပါ။
focus point များများ ရချင်တဲ့ အခါမှာ သုံးရတယ် လို့ မှတ်သားဖူးပါတယ်..
frame တခုလုံးဟာ ပြေပြစ်တဲ့ အလင်းအမှောင် လိုချင်ရင် သုံးရပါတယ်..
sunset တို့လို အလင်းအမှောင် ကွာခြားမှု စူးရှလွန်းတဲ့ အခြေအနေတွေမှာ
ပြေပြစ်ချင်ရင် သုံးပါတယ်... ပျမ်းမျှ ဆိုတော့ သူ့နာမည်အတိုင်း ပျမ်းမျှလောက်သာ
ရှိပါတယ် ထူးခြားသာလွန် ကောင်းမွန်မှု မတွေ့သေးပါ


4. Partial Metering Mode
သူကတော့ spot metering ထက် နည်းနည်းပိုများတဲ့ အလင်းသိမှုပေးနိုင်ပါတယ်
10-15% ပါ သုံးသင့်တဲ့နေရာကတော့ ပုံ frame ရဲ့ ထောင့်တွေ အစွန်းတွေမှာ
အလင်းအမှောင် ကွာခြားမှု များတဲ့ အခြေအနေတွေမှာ ပါ ။ AF points တွေ
ရှိတဲ့ နေရာတွေက နေ အဓိက အာရုံခံတယ် လို့ ဆိုပါတယ် ကျနော် သုံးလေ့ သိပ်မရှိပါ
5. Multi-zone metering Mode
ဒါနောက်ထပ် အရေးပါတဲ့ mode တခုဖြစ်ပါတယ် ။ သူ့ကို default mode အနေနဲ့
ကင်မလာ အတော်များများမှာ set လုပ်ထားကြပါတယ် executive metering mode
လို့လည်းခေါ်ပါတယ်။ dynamic range မြင့်မားတဲ့ sensor တွေရှိတဲ့ ကင်မရာတွေမှာ
စွမ်းဆောင်ရည်ထူးခြားကောင်းမွန်ပါတယ်။


(ဟိုလူကြီး တလောက ဝယ်လိုက်တဲ့ S-95 ဆို သည်မုဒ်မှာ အတော် ကောင်းတာ)

AF point တွေဆီက ခြားနားတဲ့ exposure အမျိုးမျိုးကို အာရုံခံနိုင်သလို
high exposure ရှိတဲ့နေရာက effect ကြောင့် low exposure ရှိတဲ့နေရာ
under-expose မဖြစ်သွားအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။
mode အားလုံးထဲမှာ light intensity အမျိုးမျိုးကို အကောင်းဆုံး ခွဲဆြား သိတဲ့ mode ဖြစ်ပါတယ်
အရင် model တွေနဲ့ ယှဉ်ရင် Digic 4 processor တွေမှာ သည် အချက်ဟာ အတော်ကောင်းမွန်
လာတာတွေ့ရပါတယ် .. ဆိုလိုချင်တာ Digic3 Vs Digic 4 သည် mode နဲ့ ယှဉ်ရိုက်မယ်ဆို
3ကထွက်တဲ့ ပုံဟာ ဖွယ်တယ်တယ် ဖြစ်နေမယ်။ 4 ကတော့ အရောင်စိုမယ်။ ပုံရိပ်ဟာ
ကြွတက်နေသယောင် ခံစားရမယ် ဖြစ်ပါတယ်။ portrait ရိုက်တဲ့အခါမှာ သုံးရမယ်လို့
အကြမ်းဖျင်းဆိုနိုင်ပါတယ်။ ကျနော်လည်း တောက်လျောက် လိုက်နာခဲ့တဲ့ အဆိုအမိန့်ဖြစ်ပါတယ်


အလွယ်ပြောရရင် Portrait ဆို excutive mode ပြောင်း AF point ကို မျက်လုံးပေါ်တင် ခလုပ်နှိပ် ဒါပဲ ။
သူ့ရဲ့ နာမည်ခွဲတွေကတော့ honeycomb metering system နဲ့ matrix metering mode တို့ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်ဗျ။



ထိပ်ဆုံး နဲ့ နောက်ဆုံး ၂ ပုံကတော့ spot metering ပါ wallpaper တင်ချင်တဲ့ ရွာသူား များအတွက် ဆစ်ဂနေချာတောင် မထိုးထားတဲ့ ဂီ့လက်ဆောင်ပါ...

11 comments

  • inz@ghi

    November 22, 2011 at 8:15 pm

    ခုတလော ဘောပွဲ နဲ့ မီးဒုတ်နဲ့ သောင်းကျန်းနေတာအားရလို့
    ဒါ့ပုံ ပိတ်သတ်ဂျီးအတွက် အထူးတင်ဆက်လိုက်ရပါသည်ခင်ညား..

  • ပေါက်ဖော်

    November 22, 2011 at 8:31 pm

    ပေါ့သေးသေးထင်ပြီး ဒါ့ပုံ ရိုက်စားမလား အောင့်မေ့တယ်.
    ကဇာဂိ့ နဲ ့တွေ ့မှ…ဒါ့ပုံပညာက.ပေါ့ကြီးကြီးကြီးဖစ်နေပါရော့လားဟ
    အင်း.
    ဖစ်တေးပါဘူး…ဒါ့ပုံဆာလုပ်ဖို ့က…ကင်မလာဖိုးနဲ ့..ပညာဖိုးနဲ ့..မီလွယ်ဘူး..
    ရိုးမထဲထိုးပြီး ပုဆိုးခါးတောင်းကျိုက်….တောက်တဲ့ လိုက်ဖမ်းတာပဲ ကောင်းပါလယ်လေ.

  • windtalker

    November 22, 2011 at 8:34 pm

    ကျုပ်လို ၊ ဘာမှ မသိဘဲ ကင်မလာ ကိုင်တဲ့ကောင်တွေ အတွက်တော့
    ဇာကြီး ပညာတွေ က အကျိုးတစ်ခု မက ရရှိစေတယ်
    ကျူးဇေး ဘာ
    ဘောလုံးမကန်ချင်နေဘာ / သောင်းကျန်းနေခြင်း မဟုတ်ကြောင်းပါ

  • ကိုရင်စည်သူ

    November 22, 2011 at 8:36 pm

    သိပ်တော်တဲ့.. ဂီ့.. သိပ်တတ်တဲ့.. ဂီ့..
    ရှင်းပြလိုက်မှပဲ.. ခေတ်မကောင်းရင်..
    ဓါတ်ပုံဆြာလုပ်စားမယ့်… အကြံကုန်
    ဂဌုန်ဆားချက်မယ့် ကိုရင့် အကြံတွေ
    ပျက်ပါပီ… ဟွင့်.. ဟွင့်.. လူချိုးကြီး..
    တော်ပီ… ခေတ်မကောင်းမှဘဲ..
    နှုတ်ခမ်းမွှေးကားကားနဲ့ ခေါင်းပေါင်းကြီးနဲ့
    ဗေဒင်ဆရာပဲလုပ်တော့မယ်… 🙂 🙂 🙂
    ပေါက်ဖော်ရေ.. နင်က မုဆိုးလုပ်..
    နာက ဗေဒင်ဆြာလုပ်မယ်..
    မောင်ပေကတော့.. ဘောဒိုင်လုပ်တော့မယ်ထင်ပ..

  • inz@ghi

    November 22, 2011 at 9:33 pm

    မကျပ်ကြပါနဲ့ကိုယ့်ဆြာတို့ ….
    သည်ရက်ပိုင်း ရိုက်ရတာ သိပ် မမိုက်လို့ စာရေးဖြစ်နေတာ
    လည်းပါပါတယ်ဗျို့….

  • E.T

    November 22, 2011 at 9:55 pm

    ဆြာဂီ ဂျီပွန်မှာရိုက်လို ့ မဝသေးဘူးလား။
    ဆြာ့ပညာအားလေးစားသဖြင့် ရန်ကုန်မှာ
    ဆြာဂီနဲ ့ ဒါ့ပုံဆိုင်ဖွင့်မလို ့စောင့်နေပါတယ်။
    ပုံ ညီနောင် ရဖော် မျှော်နေသည်။

  • Diamond Key

    November 23, 2011 at 2:58 pm

    ဆြာဂီရဲ့ မီတာရင်းတွေက ဂွတ်သဗျ။ ရှယ်နိုင်တာကို အားကြထှာ…… :D: စောင့်ဖတ်နေပါတယ် 😆
    ဒါ့ပုံ ပိတ်သတ်ဂျီးအားလုံး ကိုယ်စား ကျေးဇူးပါ :p

    • inz@ghi

      November 23, 2011 at 3:34 pm

      နောက်တာလား ဆြာသော့

      ဆြာတို့ ဆြာဂျီးတွေက မရှဲတော့
      တပည့်က ရှဲ ရတာပါဗျ

      ပျက်ရယ်မပြုပါနဲ့ ….

      (ကိုယ့်ဆြာ အခြေခံ စာစုတွေ လုပ်နေတာ အရှိန်မပျက်နဲ့ဦးနော့်
      ရွာထဲမှာ ဆြာ့ ပိတ်သတ် အခိုင်အမာ ရှိမင့်ကို….)

  • kai

    November 23, 2011 at 4:04 pm

    ဝယ်သာဝယ်တာ…
    ဘာကြောင့် ကင်မရာပိစိတွေထဲ. သူက…ဈေးကြီးနေသလည်းတောင်မသိဘူး..။
    အခုတေ့ာ.. အော်တို ထားပြီး.. ရိုက်နေတယ်…။

    ပုံထွက်မဆိုးဘူးထင်တာပဲ..
    ကိုရင့်အင်ဂျီးစာတွေဖတ်ပြီး.. နည်းနည်းချင်း ကျင့်ယူရမယ်..။ 😆

  • blackchaw

    November 23, 2011 at 5:25 pm

    သူကြီးတောင် အင်ဂျီး ခေါ်နေပြီ ဆိုတော့
    ကျုပ်တို့လည်း အင်ဂျီး ပဲဗျို့။….။
    အပေါ်ဆုံးက ငှက်ကလေးက လှတယ်ကွာ။

  • JackSkellington

    November 29, 2011 at 4:45 pm

    အဲ့ဒီ မီးတားရင်းမုဒ် ကို ရိုးရိုး ကွန်ပတ် ဒစ်ဂျစ်တယ် ကင်မလာ မှာ ဘယ့်နှာချိန်ရတုန်းဗျ…. း)
    လောလောဆယ် ကလိချင်လို့
    Canon SX230 ပါ အနော့် အစုတ်လေးက….

Leave a Reply