ဪ ယောက်ျား

ကြောင်လတ်November 16, 20111min49

ဪ   ယောက်ျား

 

တန်ခူးလ  သင်္ကြန်ပွဲ ၊                                                                                                       ကဆုန်လ ညောင်ရေသွန်းပွဲ……                                                                             ……………………………………                                                                                ……………………………………..

တပေါင်းလ သဲပုံစေတီပွဲ။

 

မြန်မာ တွေဟာ တော်တော်အပျော်အပါးမက်ပါတယ်။ တနှစ်မှာ ဆယ့်နှစ်လရှိပါတယ်။ ဆယ့်နှစ်လလုံးမှာပွဲတော်နဲ့၊နေပူရင်လဲ နေပူထဲ။မိုးရွာရင်လဲ မိုးရွာထဲ၊နှင်းဝေရင်လဲ နှင်းတွေထဲ   ပျော်ပွဲရွှင်ပွဲဆင်နွှဲနေကြတာပါ။ဒါနဲ့တင်အားမရသေးဘူး၊ ဒေသလိုက်သီးခြားပွဲတွေလုပ်ပါသေးတယ်၊   နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ၊ ပုသိမ်မှာထင်ရှားတဲ့ နိဂြောဓါ ဘုရားပွဲ၊ရှမ်းကုန်သည်လှဲ့ပွဲ၊ရဟန္တာပွဲ ၊ကုသိန္နာရုံဘုရားပွဲ၊အိုအများကြီးမှ အများကြီးပါ၊ ဒါနဲ့တင်မကျေနပ်သေးပါဘူး၊     တရုပ်ကူးလဲမြန်မာမူးတာပဲ၊ ကရင်ကူးလည်းမြန်မာမြူးတာပဲ၊ ကုလားကူးလဲ၊ မြန်မာထူးတာပဲဗျ၊ဒီလောက်ပွဲတွေလုပ်ရတာအားမရသေးဘူး၊   ဟောပွင့်လင်းရာသီရောက်လာရင် ဟိုမြို့ ဒီမြို့လိုက်ပြီး ဈေးပွဲတော် တဲ့ လုပ်ကြပြန်ပါရောလား။

“ကိုရင်ကြောင်ရေ၊ဒီနေ့ကစပြီး ဈေးပွဲတော် တစ်ပတ်လုပ်မယ်တဲ့၊ အိမ်အသုံးအဆောင်လေးဘာလေးသွားဝယ်ကြရအောင်”

ကြောင်လတ်ရဲ့အိမ်သူသက်ထားဇနီးမယားက ဒီနေ့စဖွင့်တဲ့ဈေးပွဲတော်သွားဖို့   ပြောပါတယ်၊ကျွန်တော်လည်းမသွားချင်တာနဲ့

“စဖွင့် ဖွင့်ခြင်း သွားမဝယ်နဲ့ ကွ ဈေးကြီးတယ် ၊ပြီးခါနီး နှစ်ရက်လောက်လိုမှ သွားဝယ်မယ် ၊အဲဒီရက်မျိုးဆိုဈေးနဲနဲ ချရောင်းတတ်တယ်”

“ဖေကြီးကလည်း ဒီနေ့သွားကြည့်မယ်၊ ဒီနေ့ ဖွင့်ပွဲမှာ မော်ဒယ်ရှိုးပါ ပါတယ်လို့ပြောတယ်”

“ဟုတ်တယ်ဖေကြီးရေ သားလဲ ပွဲဈေးမှာရောင်းတဲ့သေနတ် တစ်လက်လိုချင်တယ်၊ လိုက်ဝယ်ပေးနော်၊

“သားကလည်း ပိုက်ဆံအားကြီးဖြုန်းတာပဲ၊ဟိုနေ့ကဝယ်တဲ့သေနတ်ဘယ်ရောက်သွားလဲ”

“ပျက်သွားပြီ၊ ဟိုဘက်အိမ်ကကောင် ကိုသူ့အဖေ ဝယ်ပေးထားတဲ့သေနတ်ကအရမ်းကောင်းတယ်၊

အကြီး ကြီး၊ သားခဏကိုင်ကြည့်ချင်တယ်ပြောတာ ပေးမကိုင်ဘူး”

“ပေးမကိုင်ရင်မကိုင်နဲ့ပေါ့သားရဲ့၊သူများဟာပျက်သွားရင် လျှော်ပေးနေရမှာပေါ့”

” အရမ်းကြီးကျယ်တယ်။ငါ့အဖေကိုမင်းထက်ကောင်းတာဝယ်ခိုင်းမယ်လို့သားပြောထားတယ်၊ သားကိုဝယ်ပေးနော်ဖေကြီး”

“အေးပါအေးပါ… ဒါဆိုရင် ညကျရင်သွားကြမယ်”

မယားကိုငြင်းနိုင်ပေမဲ့သမီးနဲ့သားကို မငြင်းနိုင်တာနဲ့လိုက်လျောလိုက်ပါတယ်၊ ဒီလိုနဲ့ ပွဲထဲက အရုပ်ရောင်းတဲ့ဆိုင်ကိုရောက်ခဲ့ပါတယ်။ ဆိုင်ရှေ့အရောက်မှာ ကလေးတစ်ယောက်

အော်ငိုနေပြီးအဖေက သားကို ရိုက်နေတာတွေ့ပါတယ်။

“အဲဒါမလိုချင်ဘူး၊  ဟီးးဟီးး ဟိုအကြီးကြီးပဲလိုချင်တယ်။ အဲဒါဝယ်ပေး၊    ဟီးဟီးးး”

“မရဘူးဟေ့ကောင် ဒါပဲယူ၊ မင်းကိုဝယ်ပေးလိုက်ရင်ခဏလေးပျက်သွားတာ ၊ဟိုဟာကဈေးကြီးတယ်”

“မရဘူးမရဘူး၊ အဲဒါမယူဘူး…..ဟိုဟာပဲယူမယ်”

“ကဲကွာပြောမရတဲ့ကောင် ဖျန်းဖျန်း  ဟီးဟီး ”

“ဟာကိုခွေး ကလေးကိုဘာလို့ လူကြားထဲ ရိုက်နေတာလဲဗျ”

“အော် ကိုကြောင်၊ ဒီကောင်လေ  သေနတ်လိုချင်တယ်ဆိုလို့ ဒီ ၅၀ဝ တန်ဝယ်ပေးတာမရဘူး၊ ဈေးကြီးတဲ့ဟာကို လိုချင်နေတယ်”

“ဘယ်လောက်မို့လဲဗျာ”

“၁၅၀ဝတဲ့ဗျ”

“ဟာ  ဝယ်ပေးလိုက်ပါဗျာ၊၁၅၀ဝ တည်းပဲ ၊ ကျွန်တော်တောင်သားကိုဝယ်ပေးမလို့လာတာ၊ ကလေးတွေဆော့ကြပါစေဗျာ”

“အို ကိုကြောင်ကလည်းဝယ်မပေးနိုင်ပါဘူး၊ ငွေဆိုတာရဖို့လွယ်တာမဟုတ်ဘူး၊    ခင်ဗျားသိတဲ့အတိုင်းပဲကျွန်တော်တို့ခင်ဗျားတို့က ကုန်သည်ပွဲစားတွေမဟုတ်ဘူး၊ ဝန်ထမ်းတွေဆိုတာ ငွေကိုစစ်စစ်စီစီ ချွေချွေတာတာနဲ့ တိုင်းထွာသုံးနိုင်မှ တော်ကာကြတာ၊ လာဟေ့ကောင်သွားမယ်”

“ဟီးဟီး ဝယ်ပေး  ဝယ်ပေး ဒီဟာမလိုချင်ဘူး”

ပြောရင်းကလေးကိုလက်ဆွဲ ထွက်သွားတဲ့ ကိုခွေးနဲ့ ဒရွတ်တိုက်ပြီးပါသွားတဲ့ကလေးကိုကြည့်ရင်း      ကြောင်လတ်စိတ်မကောင်းဖြစ်မိပါတယ်၊ ကိုခွေးပြောသွားတာလဲဟုတ်ပါတယ်လေ ကျွန်တော်တို့လိုဝန်ထမ်းတွေဟာငွေကိုအတိုင်းအတာနဲ့သုံးနေရတာပါ၊ ကိုခွေးကိုလည်းတော်တော်လေးစားမိလိုက်ပါတယ်။

+++++++++++++++++++++++++++++

မိုးနတ်မင်းကြီးဟာ သူ့ဝမ်းထဲကရေတွေကို အစွမ်းကုန်အန်ချခဲ့ပြီးလို့  ကုန်ခမ်းသွားပါပြီ၊ လက်ကျန်လေးတွေကို နဲနဲချင်းဖြစ်ညှစ် အန်ထုတ်ရင်းက များများထွက်မလာတော့ပဲ တစ်စက်တစ်ပေါက်သာကျတော့ပါတယ်၊နောက်တော့ အခိုးအငွေ့အဖြစ်သာ ထွက်လာပါတော့တယ်။

အော် ဆောင်းနှင်းလေးဝေ့လာတဲ့ ညနေခင်းတွေကိုတောင်ရောက်လာပါလား၊ နှင်းတွေကြားကပဲ ဘယ်နံကျိုနံကြားကထွက်လာတဲ့လက်ကျန်ရေတွေလဲမသိ မိုးစက်တွေအဖြစ်ထပ်အန်ချလိုက်ပါသေးတယ်၊ ဒီညနေကတော့ နှင်းနဲ့ မိုးနဲ့ ရောပြီး အရင်နေ့တွေထက် အအေးပိုနေပါတယ်၊ ဒါကြောင့် ၅နာရီခွဲလောက်ကြောင်လတ်ရေချိုးအပြီးတဘက်နဲ့ ရေသုတ်နေတုန်း အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်သံနဲ့ ဟွန်းသံနှစ်ချက်ကြားကအော်ခေါ်သံတစ်ခုကိုကြားလိုက်ရပါတယ်။

“ကျွီ …..တီ တီ”

“ဟေ့ ကိုရင်ကြောင် ဘာလုပ်နေလဲဗျ ၊စားပြီလား”

“မစားရသေးဘူးဗျ၊အခုမှရေချိုးပြီးတယ်၊ ဘယ်သူများလဲမသိဘူး”

ကျွန်တော်လည်း အသံကိုသဲသဲကွဲကွဲမကြားလိုက်လို့ ရမ်းသမ်းထူးလိုက်ရင်း အိမ်ရှေ့ကိုထွက်လိုက်ပါတယ်၊အိမ်ရှေ့ထွက်လိုက်မှ ဆိုင်ကယ်ကိုစက်မရပ်ပဲ ခွပြီးမတ်တပ်ရပ်နေတဲ့ကိုခွေးဖြစ်နေမှန်းသိပါတယ်။

“ဟာ ကိုခွေးပါလား၊ ဘယ်ကလှည့်လာလဲ”

“ခင်ဗျားဆီပဲ သက်သက်လာတာဗျ၊ မစားရသေးဘူးမဟုတ်လား၊ ဒီနေ့ရာသီဥတုက ကိုယ့်ဖက်ပါတယ်။ တစ်ခွက်တဖလား သွားချလိုက်ကြရအောင်”

ဒီလိုပဲ ကျွန်တော်တို့တွေ တခါတခါ တူသောက်နေကျပါ။

“ဟာမလုပ်တော့ပါဘူး ကိုခွေးရာ ၊ ကျွန်တော်အခြေအနေသိပ်မကောင်းဘူးဗျ ၊ပြတ်တုန်းလပ်တုန်း နှစ်ဆယ့် သုံးလေဗျာ။ မနက်ဖြန်ဆို ဟိုပြေးဒီပြေးနှစ်ဆယ့်လေးဖြစ်ပြီဗျ”

“လာစမ်းပါဗျာ၊ကျွန်တော် ခွင်တစ်ခုမိထားတယ်တယ်၊ ကျွန်တော်ဒကာခံမှာပါဗျ၊         ကိုဆင်ကြီးကိုလဲချိန်းထားတယ်၊ ကျွန်တော်သွားနှင့်မယ်၊ခင်ဗျားလာရင် ကျားပေါက်ကိုပါဝင်ခေါ်ခဲ့”

“ဟုတ်ပြီ ဒါဆို ကျွန်တော်ဖုန်းကြိုချိတ်ထားလိုက်မယ်”

“အိုကေ သွားမယ်”

ကိုခွေးတို့ဌာနက နယ်ပြည်သူတွေနဲ့ဆက်ဆဲ့ရတော့ အောက်ဆိုက်က လဆန်းရယ် လလယ်ရယ်မဟုတ်ဘူးရတတ်ပါတယ်၊ရရင်လည်းပုံမှန်မဟုတ်ပဲ အနေအထားလိုက်ပြီးတခါတရံနဲနဲ တခါတရံအချီကြီးရတတ်ပါတယ်။ ကျွန်တော်တို့ဌာနကတော့ တစ်လမှ တစ်ကြိမ်သာ အနည်းငယ်ပုံမှန်လေးရပါတယ်။လူချင်းတူပေမဲ့ ကုသိုလ်ကံခြင်းက ကွာတယ်လေ။

ကျွန်တော်လဲ ကျားပေါက်ကိုဖုန်းဆက်ပြီး ရေသုတ် အကျင်္ ီပုဆိုးဝတ်ပြီး ဆိုင်ကယ်လေးဆွဲထွက်၊ကျားပေါက်ကိုဝင်ခေါ်ပြီး ဆိုင်ကိုလိုက်သွားပါတယ်၊ ဆိုင်ရောက်တော့ ကိုခွေးနဲ့ ဆင်ကြီးတို့ဝိုင်းဝင်ထိုင်လိုက်တယ်ဆိုရင်ပဲ၊ ကိုခွေးက စာပွဲထိုးလေးကို

“သားလေး  ရက်လေဘယ် တစ်လုံးချကွာ၊ အမြည်းက ငါးကင်ခဲပတ်ရယ်၊ငါးရှဉ့်မြေအိုးရယ် လုပ်၊    အသီးအရွက် က မှိုပြောင်းဖူးတစ်ပွဲလုပ်ကွာ၊ကြက်ဥဆာဒါး တစ်ပွဲ အစပ်လျှော့၊ ရေသန်းအေးအေးနှစ်ဗူးချ”

ဆိုပြီးဆက်တိုက်မှာလိုက်ပါတယ်။

“ကလေးသီဟိုစေ့တစ်ပွဲအရင်ချထားကွာ ဆားလေးပါနဲနဲထည့်ခဲ့”

ကျားပေါက်က အရက်လာချတဲ့ကလေးကိုဟင်းပွဲမလာခင်မြည်းဖို့မှာလိုက်ပါတယ်။  ကျွန်တော်တို့လည်းသောက်လိုက်စားလိုက်လိုတာထပ်မှာလိုက်နဲ့ တစ်နာရီလောက်ကြားသွားပါတယ်၊ ကိုခွေးလည်းအပေါ့သွားဖို့ထသွားရာက နောက်ဝိုင်းကလူတစ်ယောက်လှမ်းနှုတ်ဆက်သံကို ကြားလိုက်ရပါတယ်။

“ဟေ့ကိုခွေး ဘယ်သူတွေပါသေးလဲဗျ”

“ဟာ ဝက်ကြီး၊ကြက်တော၊မင်းတို့နှစ်ယောက်ထဲလား”

“ဟုတ်တယ်၊ ခင်ဗျားဘယ်သူနဲ့လဲ”

“အို လူစုံပဲ ၊ကိုရင်ကြောင် ရယ်၊ဆင်ကြီးရယ်ကျားပေါက်ရယ်ပါတယ်ဗျ”

“ဒါဆိုရင် လူစုံတုန်း တစ်ပွဲလောက် ကိုင်လို်က်ကြရအောင်”

“အိုကေ အချိန်ကောင်းပဲ ဒါဆိုဖြတ်လိုက်တော့ ကျွန်တော်အပေါ့သွားလိုက်ဦးမယ်”

သူတို့ပြောနေတဲ့ တစ်ပွဲလောက်ကိုင်မယ်ဆိုတာ ကျွန်တော်တို့အားလုံးအထာသိပြီးသားပါ၊ မိုက်ခဲအဖွဲ့ ငွေကုန်သံပြာဆိုင်ကိုသွားကြဖို့ပေါ့၊ဒီလို လူများများစုသွားမှ အခန်းခပေးရတာတန်တာဗျ။ခဏကြာတော့ ကိုခွေးပြန်လာပြီးစာပွဲထိုးကိုခေါ်လိုက်ပါတယ်။

“ဟေ့ ညီလေးရှင်းမယ်ဟေ့ ၊ဘေယူလာခဲ့”

ဘီ လ် ကို ဘေ လို့ ပဲ အလွယ်တကူပြောကျတာပါပဲ။ စာပွဲထိုးလေးယူလာတဲ့ စာရွက်ကိုတောင်းကြည့်လိုက်တော့ နှစ်သောင်းကျော်ကျပါတယ်၊ ဒါနဲ့ကျွန်တော်က

တဝက်ရှင်းဖို့လုပ်တော့

“ကိုရင်ကြောင် ခင်ဗျားမရှင်းပါနဲ့ ကျွန်တော်က ခင်ဗျားကိုခေါ်လာတာပါ၊

ကျွန်တော်ခွင်မိထားပါတယ်ဗျ”

“မဟုတ်ဘူးဗျ ဟိုကိုသွားဦးမှာမလား၊ အဲဒီကြမှခင်ဗျားရှင်းဗျာ။ဒါတော့ကျွန်တော်တို့ရှင်းလိုက်မယ်”

“ဟုတ်တယ် ကိုခွေး ကျွန်တော်နဲ့ ကိုရင်ကြောင်ရှင်းလိုက်မယ်”

ဆင်ကြီးကလည်းဝင်ပြောပြီး ပိုက်ဆံအတင်းထုတ်ရှင်းလိုက်ပါတယ်။

ဒီလိုနဲ့ ကေတီဗွီ ဆိုင်ရောက်ခဲ့ပါတယ်။ အဲဒီမှာတော့ ဘီယာ တစ်ယောက်တစ်လုံးနဲ့ အာလူးချောင်းကြော်၊ငါးမုန့်ကြော် ပဲမှာလိုက်ပါတယ်။

ကျွန်တော်နဲ့ကိုခွေးကဆိုဖာခုံရှည်တစ်ခုရဲ့အလယ်မှာကပ်လျှက်ထိုင်ပြီး၊ အဆိုရှင်နှစ်ယောက်က အစွန်နှစ်ဖက်မှာ ပူးပူးကပ်ကပ်ထိုင်ကြပါတယ်၊ သူ့ကောင်မလေးငါ့ကောင်မလေး ရောကျော်လုပ်လို့မရအောင်ခွဲထားကြတာပါ။ဟဲ ဟဲ

ဆင်ကြီးနဲ့ ဝက်ကြီးတို့က တစ်ခုံပါ၊ ကျားပေါက်နဲ့ ကိုကြက်တောတို့က လိုက