ခင်ရွှေ နင်လေ တကယ် အပြောကောင်း

လင်းဝေNovember 16, 20111min25020

အခုလို ခေတ်ကြီးထဲ လူတစ်ချို့က လူလည် လုပ်စားရတာ ချောင်နေတော့ သူတို့ကိုယ် သူတို့ သိပ်လည်တယ်ထင်ပြီး တွေ့သမျှလူကို လူအထင်နေတော့ပါတယ်။
ပြောတော့ မပြောချင်ဘူး။ မပြောပါဘူး ဆိုပြီး ကြည့်နေတာ။ လူပါးက ဝလွန်းလာလို့ နည်းနည်းတော့ ပြောလိုက်ဦးမယ်။

သတင်းတွေထဲမှာ ဖတ်မိတာပါ။ ခင်ရွှေက ဟိုတယ် ကိစ္စ သတင်းစာ ရှင်းလင်းပွဲလုပ်ရင်း ဝန်ကြီးများ ရုံးကိစ္စ အစာမကြေတော့ ပြည်တွင်းဂျာနယ်တွေကို မာန်မဲသလိုပြောရင်းနဲ့ ဆက်ပြောတာက,

“သူ့အနေနဲ့ စင်ကာပူ၊ အမေရိကား စတဲ့ နိုင်ငံများမှာ ငွေကုန်ကြေးကျခံ သွားရောက် သုံးဖြုန်း
နိုင်ကြောင်း၊ နိုင်ငံခြားတွင် မီလျံနာဟူသည့် ဂုဏ်ပုဒ်ခံယူပြီး သွားရောက်နေနိုင်သည့် အခြေအနေတွင် ရှိနေသော် လည်း
တိုင်းပြည်အတွက် အလုပ်လုပ်နေခြင်း ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောသွားသည်။ ”

လူတွေများ ငတုံးတွေမှတ်နေလားမသိဘူး။ ပြောပုံကိုက။ ဒီမြန်မာပြည်မှာ တိုင်းပြည်က သယံဇာတ နဲ့ ရေမြေကို ခေါင်းပုံဖြတ် အမြတ်ကြီးထုတ်စား ဖို့ချောင်းနေတာမို့ ဒီမှာနေ နေတာကိုများ။
ဟိုသွားရင် ကိုယ့်လိပ်ပြာကိုယ်မလုံပဲ ကြောက်နေရမှာမို့ မသွားရဲတာကိုများ။ ဟိုသွားပြီး သုံးဖြုန်းတော့လည်း ခဏပေါ့။ ဘယ်နားပိုက်ဆံသွားရှာမှာတုန်း။

စကားကို ဘယ်ရောက်လို့ရောက်မှန်း ဘာတွေပြောမိနေမှန်းမသိ အောင် ပြောနေပေမယ့် လည်တာတော့ အတော်လည်တဲ့ ကိုခင်ရွှေ ( ဇေကမာ္ဘ ခင်ရွှေ လို့ လူသိများပါတယ်။ သူ့ကိုသူတော့ ဒေါ်လာ ငါးထောင် နဲ့ ဝယ်ထားတဲ့ ဘယ်အရူးချီးပန်း လိမ်ဆင် တွေ့ကရာပေါက်ကရ ကျောင်းကပေးတဲ့ ဒေါက်တာဘွဲ့ ဆိုတာတပ်ပြီး ဒေါက်တာခင်ရွှေ လို့ သုံးပါသဗျ။ အခုများ ပိုဆိုးလာတာကတော့ လွှတ်တော်ထဲလည်း ယောင်တောင်ပေါင်တောင် ပါလာရတော့ သူ့ကိုသူ ဝန်ကြီး လယ်ဗယ် ဖြစ်လာပြီဆိုပဲ။ အင်္ဂလိပ်လိုများ ရေးရင် နာမည်ရှေ့မှာ H.E ဆိုတာ ပါတပ်လိုက်ပါသေးသဗျ။ တော်တော် တော့ သောက်မြင်ကတ်စရာ ကောင်းနေတာပါ။ ခေတ်ကြီး ဖြစ်နေပုံများ။ မှောင်ခို ချလာတဲ့ကောင်၊ အရင်က မော်လမြိုင်မှာ ရဲပေါက်စ က အစ မီးရထားဝန်ထမ်းအထိ အစ်ကိုကြီး ခေါ်ပြီး နည်းနည်း တက်လာတော့ ၁၉၈၅လောက်မှာ (ခင်ညွန့်ဆရာဖြစ်တဲ့) ဗိုလ်ချုပ်တင့်ဆွေ တိုင်းမှူးအဖြစ် ဝင်လုံးလိုက်တော့တာက စပြီး ထွက်ရပ်ပေါက်သွားတာပါပဲ။ ဦးတင့်ဆွေကြီး စက်မှုဝန်ကြီးဖြစ်တော့ လည်း စားကွက်တွေ ထွင်ပြီး ရန်ကုန်တက်လိုက်လာတော့တာပေါ့။ ဘယ်လောက်တောင် လုံးသလည်းဆိုရင် ကိုတင့်ဆွေကြီးရဲ့ ဘဝအကြောင်း ကိုယ်တိုင်ရေးစာအုပ် ကျောပိုးအိတ်လေး ချီကာလွယ် ထဲမှာတောင် မောင်ခင်ရွှေကို ကျေးဇူးတင်ပါသတဲ့။ အာဏာရှိတဲ့သူက သူအာဏာရှိတုန်း လုပ်ပိုင်ခွင့်ပေးလို့ မျှစားကြတဲ့အပြင် သူဘာမှ အာဏာ မရှိတော့တာတောင် ဆက်ပြီးကြည့်ရှု ထောက်ပံ့လို့ အိုကြီး အိုမ ဘဝမှာ ကျေးဇူးတင်ပါတယ် ပြန်ပြောရတာပေါ့လေ။ ( တကယ်တော့ ကိုတင့်ဆွေကြီး တပည့် ကိုခင်ညွန့်က ကောင်းစားနေတော့ မောင်ခင်ရွှေလည်း ကိုခင်ညွန့်နဲ့ ဆက်ပေါင်းပြီး လုပ်စားနေတုန်း သကာလ မှာ မူလ ကျေးဇူးရှင်ဆရာကြီးကို ဘယ်ပစ်ရက်ပါ့မတုန်း။ ခင်ညွန့်နဲ့ ခင်ရွှေ ပေါင်းလုပ်လိုက်ကြတဲ့ မြရိတ်ညို တို့ မင်္ဂလာဒုံဥယျာဉ်အိမ်ရာတို့ပေါ့။ အဲဒီတုန်းက ဦးကိုလေးက မြို့တော်ဝန် သူနေမယ့် ခြံကြီးကို ခင်ညွန့်အားကိုးနဲ့ မြရိတ်ညို လုပ်လိုက်လို့ တင်းပြီး အတေးထားတုန်းမှာ မောင်ခင်ရွှေက လူလည်လို့ သူ့ဖာသာ ထင်ပြီး မင်္ဂလာဒုံဥယျာဉ်အိမ်ယာ ထလုပ်လိုက်တာမှာ သူ့အိမ်ယာဘေး ဦးကိုလေးက သချင်္ ိုင်းကုန်း ကို စေတနာ ဗလပွနဲ့ ရွှေ့ပေးလိုက်တာပါပဲ။
အဲဒီမှာပဲ မောင်ခင်ရွှေ အသွားရှာတာ ဟိုလုပ်ရမလို ဒီလုပ်ရမလိုဖြစ်ပြီး အူလည်လည်နဲ့ ခံလိုက်ရတယ်။ တစ်ဖန် ကိုခင်ညွန့် ကန်တော်ကြီး ပြင်တော့ သူ့ကို ကရဝိတ် အပိုင်စားပေးလို့ ဝင်ကြေး ကောက်စားစေနဲ့ ပြန်တက်လာတုန်း မှာ အတိတ် သင်ခန်းစာ အရ မိတ်လိုက်ဖွဲ့တာမှာ ဦးရွှေမန်း သားနဲ့ သူ့သမီးကို ထိုးကျွေးပြီး မဟာမိတ်အားကို ယူတော့တာပါပဲ။ ဦးရွှေမန်း ကတော့ ဘာကြီးပေးလိုက်တယ် ညာကြီးပေးလိုက်တယ် မရှိပေးမယ့် ခမည်းခမက်ဆိုတဲ့ အရှိန်နဲ့ တော်ရုံလူက၊ တော်ရုံအစိုးရဝန်ထမ်းက ဒီခင်ရွှေကို ကြောက်ရတော့တာပါပဲ။ အဲဒီမှာ အကျင့်ပျက် ဝန်ထမ်းကို ဟောက်ဟမ်း သိမ်းသွင်း ပြီး မရှိဆင်းရဲသားတွေ လယ်မြေကို သိမ်းလို့ တစ်ဧက သိန်း ၇၀ဝ – ၉၀ဝ လောက်နဲ့ ရောင်းစားလိုက်တာ အလွန်ကိုထောသွားတော့တာပါပဲ။ သူ အထောနောက်ကျလို့ သူ့သားတောင် မင်းသမီးအမည်ခံ ပြည့်တန်ဆာအိုမ ဆီက ကပ်စားရင်း ဟိုက အမ်းတာကို ကျပြီး နာမည်ပါ တစ်ခါတည်း ဝင်ပစ်လိုက်သေးတာ။ အခုတော့ ပြန်ထောလာပါပြီ။
အခုတော့ သူက ပဲ ကြီးကြီးကျယ်ကျယ် တွေ ထပြောနေတော့တာပဲ။

“တချို့ပြောတာလဲ ကြားတယ်။ ဒါကြီးကို အသက်ပေးပြီး ကာကွယ်မယ်တဲ့။ အသက်ပေးစရာ မလိုပါဘူး တယောက် တသိန်းထည့်ပြီး ဒါကြီးကို ထိန်းသိမ်းမယ်ဆိုရင် အဲ့လူတွေ ထည့်မှာမဟုတ်ဘူး။ အသက်သာ ပေးကြမှာ။” ဟု သူက ဆိုသည် တဲ့။
အင်းလေ ရိုးရိုးသားသား လုပ်စားနေကြသူတွေမှာ တစ်သိန်း လောက်လွယ်ချင်မှ လွယ်ပေမှာပေါ့။ ဒင်းလို မြန်မာပြည်သား အများစု စားရမယ့် ဟာကို တစ်ယောက်တည်း ခေါင်းပုံဖြတ်စားထားတဲ့ကောင်ကတော့ တစ်သိန်းလောက်ပြန်အန်ပြတာကို လူအများစုက အထင်ကြီးမယ်ထင်သလား။ သိန်းတစ်ထောင်ပြန်အန်ပြတောင်မှ မျက်လှည့်အကွက်လောက်တောင် အထင်မကြီးဘူး။

တစ်လောကလည်း လုပ်သေးတယ်။ ဟိုတယ်နဲ့စားသောက်ဆိုင်တွေ သူတို့အသင်းမဝင်ထားရင် နိုင်ငံခြားသားကို မရောင်းရ ဆိုပါလား။ ဝင်စားနေရင် ဘယ်ဥပဒေနဲ့ ဖမ်းမှာတုန်း။ ရဲတွေကို သူ့ပါးစပ်ထဲခိုင်းချင်ရာ ခိုင်းဖို့များ မှတ်နေလား။ အခုတော့ ဧည့်လမ်းညွှန်တွေကို တူညီဝတ်စုံ ဝတ်ရမယ်တဲ့ ထွင်တာ။ ချုပ်ချင်လို့ ရှုပ်နေအောင်လုပ်တာ။ အဲဒီတုန်းကလည်း နည်းနည်း အသံထွက်လာလို့ ပြန်ငြိမ်နေရသေးတယ်။

ပိုရယ်စရာကောင်းတာက ရွေးကောက်ပွဲကာလတုန်းက မဇ္ဇိမ မှာပဲတွေ့တာထင်ပါရဲ့။ ရွေးကောက်ပွဲဝင်ပြီး ရင် ဘာလုပ်မှာပါလဲ မေးတော့။
“ဘာမှ မလုပ်ပါဘူး။ စီးပွားရေးပဲ စောက်ချလုပ်မှာပါတဲ့။” ဘယ်လောက်ရယ်ရတုန်း။ စီးပွားရေးလုပ်ချင်တာများ နိုင်ငံရေးထဲပါလာတော့မှာ ကိုယ်ကျိုးရှာ အာဏာပြသမား သေချာပေါက်ဖြစ်မှာပေါ့။
သူ့လို ဘာစကားမှန်းမသိ ဘာမှန်းမသိ ပြောချင်ရာ ပြောနေတဲ့ကောင်ကို ဦးရွှေမန်း မျက်နှာနဲ့ နေရာတွေပေးနေကြတာလားမသိ။ အရပ်ရပ် ကြားလို့မှ မတော်။ ကြံ့ဖွံ့အစိုးရတော့ ကိုယ့်ပေါင်ကိုယ်ပြန်လှန်ထောင်းပြနေတာပါပဲ။ သူတို့ အပေါင်းအပါတွေက ဘယ်လို ငပေါ ဘယ်လို အခွင့်အရေးသမား ဆိုတာကို ထင်ထင်ရှားရှားမြင်အောင် ထုတ်ပြနေသလိုဖြစ်နေပါပြီ။

ကဲပါ ဒီခွေးသရမ်းကောင်ကြီး လွတ်ပြီး လိုက်ရမ်းနေတာကို အပြည့်အစုံသိရအောင်လို့ အောက်က မဇ္ဇိမ သတင်းကို သာ အပြည့်အစုံဖတ်ပါတော့။

အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် နေရာဖြစ်သော ရန်ကုန်မြို့
ကျောက်တံတား မြို့နယ်ရှိ ဝန်ကြီးများရုံးအား ဟိုတယ်အဖြစ် ငှားရမ်းမည်ကို ကန့်ကွက် ရေးသားခဲ့ကြသည့် ပြည်တွင်း မီဒီယာများအား အဆိုးမြင် ရေးသားကြသည်ဟု မြန်မာ့ခရီးသွား လုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ရွှေမှ ပြစ်တင် ပြောဆို လိုက်သည်။

ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်တွင် အင်္ဂါနေ့က ပြုလုပ်သည့် မြန်မာ့ခရီးသွား လုပ်ငန်းအကြောင်း သတင်းစာ ရှင်းလင်းပွဲ အဖွင့်အမှာစကား၌ ပြည်တွင်း မီဒီယာများသည် ပြည်ပမီဒီယာများကဲ့သို့ပင် မကောင်းသည့်ဘက်မှ ရှု့မြင်ရေးသားကြသည်ဟု ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေမှ ပြစ်တင်ပြောသွားခြင်း ဖြစ်သည်။

“မဟုတ်က ဟုတ်ကတွေ ရေးတယ်ဆိုကတည်းက တော်တော်လေးကို စိတ်ဓါတ်ကျဖို့ ကောင်းပါတယ်။ ကောင်းတာ မမြင်တဲ့သဘော ဖြစ်နေတယ်။ နိုင်ငံတော်က သွားနေတဲ့ လမ်းကြောင်း ကောင်းနေတာကိုလဲ အသိအမှတ်မပြုတဲ့ သဘောမျိုး ဖြစ်နေတယ်။”ဟု ဦးခင်ရွှေက ပြောသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်အမတ် တဦးလည်းဖြစ်သည့် ဦးခင်ရွှေက ဝန်ကြီးများ ရုံးကိစ္စအပေါ် ကာကွယ်ပြောဆိုသူများကိုပါ သတင်းစာ ရှင်းလင်းပွဲတွင် တုန့်ပြန်ပြောဆို သွားခဲ့သေးသည်။

“တချို့ပြောတာလဲ ကြားတယ်။ ဒါကြီးကို အသက်ပေးပြီး ကာကွယ်မယ်တဲ့။ အသက်ပေးစရာ မလိုပါဘူး တယောက် တသိန်းထည့်ပြီး ဒါကြီးကို ထိန်းသိမ်းမယ်ဆိုရင် အဲ့လူတွေ ထည့်မှာမဟုတ်ဘူး။ အသက်သာ ပေးကြမှာ။” ဟု သူက ဆိုသည်။

“ပြည်တွင်းဂျာနယ်တွေက နုပါတယ်။” ဟု သုံးနှုန်းပြောဆိုခဲ့သည့် ဦးခင်ရွှေက အဆိုပါ ဝန်ကြီးကြီးများရုံးနှင့် ပတ်သက်သည့် မော်နီတာ ဂျာနယ်တွင် ပါရှိသော “ဘယ်ပေတံနဲ့ တိုင်းမှာလဲ” အမည်ရှိ ဆောင်းပါး တပုဒ်ကိုမူ ကွဲလွဲသည့် အမြင်ရှိသည်ဟု ချီးကျူးပြောဆိုခဲ့ပြီး ယင်းဆောင်းပါးကို သတင်းစာ ရှင်းလင်းပွဲတွင် ဝေငှခဲ့သည်။

ဆောင်းပါးတွင် “ ဝန်ကြီးများရုံးသည် အင်္ဂလိပ် အမွေအနှစ်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း လပိုင်းသာ ရုံးထိုင်ခဲ့ကြောင်း
နှင့် မြန်မာလူမျိုးများထက် မြန်မာနိုင်ငံအား ကျွန်အဖြစ် ပြုလုပ်ခဲ့သည့် အင်္ဂလိပ်လူမျိုးများသာ ထိန်းသိမ်းသင့်
ကြောင်း၊ နိုင်ငံတော်မှ ထိန်းသိမ်းပါက စာရိတ်များစွာ ကုန်ကျမည် ဖြစ်ကြောင်း” ရေးသား ထားသည်။

ဦးခင်ရွှေက မိမိအနေဖြင့် စင်ကာပူ၊ အမေရိကား စသောနိုင်ငံများတွင် ငွေကုန်ကြေးကျခံ သွားရောက် သုံးဖြုန်း
နိုင်ကြောင်း၊ နိုင်ငံခြားတွင် မီလျံနာဟူသည့် ဂုဏ်ပုဒ်ခံယူပြီး သွားရောက်နေနိုင်သည့် အခြေအနေတွင် ရှိနေသော် လည်း တိုင်းပြည်အတွက် အလုပ်လုပ်နေခြင်း ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောသွားသည်။

သူ့နည်းတူ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှာ ခြောက်လအတွင်း ကိုယ်ပိုင်ငွေ ကျပ်သိန်းတသောင်းကျော် အကုန်အကျခံ သုံးစွဲခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။

20 comments

  • မှော်ဆရာ

    November 16, 2011 at 5:41 pm

    ညီလား အကိုလား ခင်ဗျာ …
    မှန်ကန်ရင် ခြေထောက်ပြဲတတ်တယ်…
    နဲနဲလေးတော့ သတိထားနော် ….

  • “ဘီလူးကြီး”ogre

    November 16, 2011 at 5:55 pm

    မကန်ရင်လဲခံနေရမှာ မှော်ဆရာရဲ့
    ဒီတော့ ““ကိုပဲလင်းမွေသီးကျော်””ရေ
    ခွေးချေးနင်းထားတဲ့ ရှုးဖိနပ်အစုတ်စီးပြီးတော့ သာကန်ဗျာ..။။။။

  • MaMa

    November 16, 2011 at 6:13 pm

    အင်္ဂလိပ်လို နာမည်ရှေ့မှာ H.E တပ်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ မသိဘူး။
    နိုင်ငံခြားတွင် မီလျံနာဟူသည့် ဂုဏ်ပုဒ်ခံယူပြီး သွားရောက်နေနိုင်သည့် အခြေအနေမှာ ရှိနေရင် သွားနေတာက တိုင်းပြည်ကို ပိုအကျိုးပြုမယ်ထင်တယ်။ 😀

    • nozomi

      November 16, 2011 at 6:43 pm

      နဲနဲတော့ သိတယ် ပိုသေချာအောင် ဝီကီ ကဟာ ကူးပေးလိုက်ပါတယ်-
      “Usually, people styled “Excellency” are heads of state, heads of government, governors, ambassadors, certain ecclesiastics, royalty, aristocracy, and military, and others holding equivalent rank (e.g., heads of international organizations, high commissioners in the Commonwealth of Nations).

      It is sometimes misinterpreted as a title of office in itself, but in fact it is an honorific which goes with and is used before various such titles (such as Mr. President, and so on), both in speech and in writing. In reference to such an official, it takes the form “His/Her Excellency”; in direct address, “Your Excellency”, or, less formally, simply “Excellency”. ”

  • parlayar46

    November 16, 2011 at 6:52 pm

    @MaMa
    H.E. ဆိုတာကတော့ His Excellency ရဲ့ အတိုကောက်ဗျ။ ဘုရင် မင်းညီမင်းသား ဝန်ကြီး သံအမတ်ကြီး စတဲ့ ခေါင်းဆောင်ပိုင်းဆိုင်ရာ အဆင့်မြင့်ရာထူးရှိသူတွေကို နာမည်ရှေ့ကတပ်ပြီးခေါ်တဲ့ (မြန်မာလို အရှင့်သား/ အရှင်ဘုရား/ အရှင်) လို့ အဓိပ္ပါယ် ဆင်ဆင်တူတဲ့ – ပဒေသရာဇ် အငွေ့ မကုန်တဲ့ အခေါ်အဝေါ်ပါပဲ။ အင်း – လွှတ်တော်အမတ်လဲ လူထုခေါင်းဆောင်ဆိုတော့ အရမ်းအရမ်းကြီး အခေါ်ခံချင်ရင်လဲ သူများမခေါ်ရင်တောင် ကိုယ့်ကိုယ်ကိုယ် အာသာပြေခေါ်ခွင့်တော့ ရှိပါတယ်။

    ဦးခင်ရွှေအကြောင်းကတော့ ပြောစရာတွေများပါတယ်။
    နှိုက်ထုတ်ရင်လဲ မနည်းဘူး ထွက်လာမယ်။
    နဝတခေတ်ဦးမှာ မွေးထုတ်လိုက်တဲ့ ကနဦးသူဌေးကြီးကိုး။
    ဦးနေဝင်းသားမက်ကစလို့ သူဌေးလုပ်ချင်သူမှန်သမှ ကိုယ်ပိုင်ဟိုတယ်တစ်လုံး အပိုင်ထားပြီး အစိုးရပိုင်းရဲ့ အပြင်ကိစ္စတွေကို ဝိုင်းလဲလုပ်ပေး၊ ပွဲစားလဲ လုပ်ရတာကိုး။
    မြရိပ်ညိုဟာလဲ တချိန်ကတော့ လူမသိသူမသိဇတ်လမ်းတွေကတဲ့ အရေးပါတဲ့နေရာပါပဲ။
    လက်နက်ဝယ်တာ သတင်းရောင်းတာကအစ စမောဆွဲတာအဆုံး ………..

    • inz@ghi

      November 16, 2011 at 7:03 pm

      H.E က His Excellency လား
      တိပါဝူး …တားက Homo Enthusiast လားလို့
      ဟီး ….
      စာပြန်ဖတ်ဦးမှ ခစ်ခစ်..

  • windtalker

    November 16, 2011 at 7:03 pm

    အော်
    ပိုက်ဆံပိုက်ဆံ
    သူရို ့တတွေကြတော့လည်း မလိုချင်လောက်အောင်ပါဘဲလားနော်
    ဆင်းရဲသားငတ်မွတ်သူများ အတွက် ၊ ၁ ကျပ် ၂ ကျပ် လောက် အလှူခံချင်စမ်းပါဘိ

  • ပေါက်ဖော်

    November 16, 2011 at 7:41 pm

    အမလေး…ဖြစ်ရလေ….ကခင်ရွှေရဲ့…
    ရှင်နိုင်ဂံဂျား မကြွတာ..မြိုလို ့ဆို ့လို ့မဝသေးလို ့ဆိုတာ…ဖွင့်ပြောလိုက်စမ်းပါတော်..
    ဖွင့်ပြောလိုက်စမ်းဘာ….သောက်ကြီးသောက်ကျယ်..လုပ်မနေစမ်းဘာနဲ ့..
    ငွှဲ..ငွှဲ.
    😕

  • zaymdy

    November 16, 2011 at 8:15 pm

    ခင်ရွှေတို. ဟုတ်လှပြီးထင် (သူကိုသူ) ကွမ်းခြမ်းကုန်းဘက်ကို လမ်းပြင်ပေးမယ်ပြောပြီး မဲလိမ်တွေတင်
    မြန်မာပြည်.မှာ စားတာ အားမရသေး ခင်ရွှေမသာလေး မကြာခင်ကြွေပါစေ သေလျှင် တစ်ခါ ပျက်ပါလို.
    သန်လျှက်စာမိပါစေစစစစစစစ

  • Oo Oo

    November 16, 2011 at 9:07 pm

    88 နောက်ပိုင်းမှာ သာကူတွေလုပ် ငါးသလောက်လိုပေါင်းစား
    ဂွင်တွေဖန်ပြီး ဘနဖူးပေါ်လဲသိုက်တက်တူး
    ငတေမာရင်ပြီးရော ဆိုပြီး မာလာတဲ့ငတေ
    ချိတ်အဆင်နဲ့တိုက်ပုန်း..ပေါင်းထားတဲ့ခေါင်းပေါင်းမှအားမနာ
    အမေရီးကားသွားပြီးမီလျံနာ ကြီးလုပ်လို့ရတယ်တဲ့…အံ့ရော.. အံ့ရောဗျာ

    (အနော့သားသူငယ်တန်းခလေးတွေးတဲ့အတွေးနဲ့တော့တူနေပြီ … ဟား…ဟား )

  • naywoonni

    November 16, 2011 at 10:47 pm

    သွားနေနိုင်ရင် သွားနေခိုင်းလိုက်ကြစမ်းပါ…။ စောက်လုပ်ရှုပ်ခံပြီး ထားမနေစမ်းပါနဲ့ အဲဒိလိုကောင်မျိုး ဒင်း မဝသေးလို့နေ နေတာပဲရှိမှာပေါ့…။

  • ba gyi

    November 17, 2011 at 9:37 am

    အဲသည် ငခင်ရွှေက၊ စီးပွါးရေးပြစ်မှုတစ်ခုနဲ့ စစ်ကြောရေးအချုပ်ထဲရောက်ခဲ့သေးတယ်ကြားတယ်၊အဲဒါ လည်း တင့်ဆွေတပည့် ခင်ညွန့်ကောင်း မှုကြောင့်ပြန် လွတ်လာတယ်ဆိုပဲ၊ အဲသည်တုန်းကစစ်ကြောရေးမှာ သူ့ကိုစောင့်ရှောက်၊ကာကွယ်ခဲ့ဖူးတဲ့ ထောက်လှန်းရေးပြုတ် အရာရှိတစ်ချိုု့တောင် -ခု သူ့ကုမ္ပဏီမှာ ပြန် စောင့်ရှောက်ထားဆိုပဲ။ အဲသည်ဇတ်ကြောင်းကို သူအမတ်ရွေး တုန်းက။ သူ့ကိုယ်ရေး ရာဇဝင် မှာဖေါ်ပြ ပုံ မရဘူးနော်။

  • winkyawaung

    November 17, 2011 at 11:35 am

    အင်း.. မီဒီယာကို အဆိုးမြင်သမားတွေလို့ မြင်တာတော့ ကိုခင်ရွှေ ပြောတာလွန်ပါတယ်။ မီဒီယာဆိုတာ အများပြည်သူတွေဘက်ကသာ ရပ်တည်နေကြသူတွေပါ။ သာကူး ပေါင်းစား ဖားစား သူတွေကို အများသိအောင် ရေးသားဖော်ပြပေးတာ အထူးကျေးဇူးတင်ပါတယ်။

  • ကြောင်ကြီး

    November 17, 2011 at 12:14 pm

    ထိုင်နေအကောင်း ထသွားမှ ကျိုးမှန်းသိ ဖြစ်ကုန်ပြီကွယ်….

  • Diamond Key

    November 17, 2011 at 2:25 pm

    လူတစ်ချို့ ………………………….၊
    လူတစ်ချို့ သည် လက်ရှိ သူတို့၏ ဘဝကို အကျေနပ်ကြီး ကျေနပ်နေကြသည်။
    မသေခင် အခြေအနေထိ ဒီဘဝနှင့် နေလိုကြသည်။
    သူတစ်ပါးကို သူတို့ထက်နိမ့်ကျသူများဟု ထင်တတ်ကြသည်။
    ပြောချင်ရာကို စွတ်ပြောကြသည်။
    သူတို့နားတွင် အမှန်ကို ပြောမည့်သူများလည်းမရှိ၊ အမှန်လည်း မသိကြ။
    ကောင်းသည်မှန်သည်ဟု မြှောက်ပြောသမျှတွင် သာယာနေကြသည်။
    ထိုလူတို့ကို တွေလျှင် ကျွန်တော် ပြုံးမိပါ၏။

  • mummymoon

    November 18, 2011 at 7:51 pm

    နိုင်ငံတော်က ပိုက်ဆံတွေ သူတို့ဆီရောက်သွားတာကိုလဲ ထည့်ပြောကြအုံးလေ

  • moegyothwar

    November 19, 2011 at 11:25 pm

    ကိုလင်းရေ…. ဒီလူလုပ်ပေါက်ကတော့ သောက်တလွဲတွေချည်းပါဗျာ။ သူ့ကိုသူ ရှင်ဘုရင်လို သာသနာ သန့်ရှင်းဖို့ လုပ်မယ်ပြောလိုပြော။ နိုင်ငံပိုင်အဆောက်အအုံတွေကိုဟော်တယ်လုပ်မယ်ပြောလိုပြော.. စိတ်ရောကောင်းသေးရဲ့လားမသိ။ ဟိုတယ်လုပ်ငန်းရှင်များဘုတ်အဖွဲ့မှာ သူကဥက္ကဌလုပ်ရအောင် သူ့ဟိုတယ်တွေက ဖာခန်းသာသာအဆင့်ဘဲရှိတာလေ။ ဘယ်လိုလူတွေက အရှုးဘုံမြှောက်ထားလဲမသိဘူး။ အရေးထဲလွတ်တော်ထဲရောက်သွားတော့ ပိုဆိုးတော့တာပေါ့.. ဒီလိုလူမျိုးကို ဝင်ရွေးခံရအောင် စည်းရုံးထားတဲ့ ပြည်ခိုင်ဖြိုး တော့ ရေရှည်မှာ သက်ဆိုးရှည်ဖို့မလွယ်ရေးချ မလွယ်ဘဲ။ အသိတရားနဲ့ သတိထားပြီးဒီလို အမှိုက်တွေရှင်းဖို့ လိုနေပြီ….. ကျွန်တော်နားမလည်တာ အာဆီယံ-ဂျပန် အစည်းအဝေးကို သူကတာဝန်ယူလုပ်ရအောင် ဘာကောင်မို့လို့လဲ… အစိုးရကမလုပ်နိုင်လဲ RUMFCCI ကလူတွေ သေနေကြလို့လား…. သောက်ရှုး……ပေါက်ကရလျှောက်လုပ်ပြီး နိုင်ငံရောင်းစားဖို့ ချောင်းနေတဲ့ ကောင်တွေလက်ထဲ ဘယ်လိုအခွင့်အရေးတွေထည့်ထားတာလဲ.. ပြန်လဲစိစစ်ကြပါအုန်းဗျာ…

  • လင်းဝေကျော်

    November 22, 2011 at 2:00 pm

    ကိုမိုးသိကြားရေ,
    ဒီငတိ အာဆီယံ-ဂျပန် လုပ်လို့ ဘယ်လောက်လောက်လားလား ဂျပန်မှ လာမတက်ဘူးလေ။
    ဒီကောင် ဘာဖြစ်လို့ ထလုပ်ခွင့်ရသလဲဆိုတော့ ပြောခဲ့တဲ့ သူ့ကျေးဇူးရှင်ကြီး ကတင့်ဆွေကြောင့်ပေါ့။
    ဒီလူကြီးက ဂျပန်-မြန်မာအသင်း ကို ကန်ထရိုက်ဆွဲထားတော့ အခု သူ့တပည့်ကို ထိုးတင်ပေးလိုက်တာပေါ့။
    တကယ်ပဲ ကြံ့ဖွတ် အစစ်ဖြစ်နေပါပကော သူလိုလူတွေနဲ့ဆိုရင်။

  • Wow

    November 22, 2011 at 2:20 pm

    Post လေးကြိုက်လွန်းလို့ facebook မှာ ကော်ပီလိုက်ပြီ။ ခွင့်ပြုချက်အရင်မတောင်းတာ sorry ပါ။

Leave a Reply