ငါးပါးမှောက်တဲ့ မန္တလေးဆန္ဒပြပွဲ ပြီးဆုံး ….

ေမွာ္ဆရာNovember 17, 20111min17916

မန္ထလေး ဆန္ဒပြပွဲ ဗုဒ္ဓဟူးနေ့ နေ့လည်တွင် ပြီးဆုံးသွားကြောင်း မဇ္ဖိမ သတင်းဌာနမှ တင်ပြထားပါတယ် …။သတင်းဖတ်ပြီး မှော်ဆရာ နားလည်သလောက် ပြောရမယ်ဆိုရင်တော့ ဘာတောင်းဆိုချက်မှ မရလိုက်ဘူးလို့ပဲ ထင်ပါတယ် … ဘာကြောင့် တို့ ဘယ်လိုဖြစ်လို့တို့ ထင်မြင်ချက် မပေးချင်ပါ ။ဟောပြောပွဲကိုလဲ သုံးရက်ကြာဟောပြောမယ်လို့ ကြေငြာထားပေမယ့် တရက်ပဲ ဟောပြောပြီး ပြီးဆုံးသွားတာပဲ ဖြစ်ပါတယ် ။ တောင်းဆိုချက်များကိုတော့ သမ္မတ နဲ့ နိုင်ငံတော်သံဃာ့နာယက ထံ ပေးပို့ထားတယ်လို့ ဆိုပါတယ်။
ထူးခြားချက်တစ်ခုတော့ ပါပါတယ်။ ပထမဆုံးဟောပြောသော ဘုန်းတော်ကြီး အရှင်သောပါက မှာ ပြည်ပတွင် အနေကြာသည် သိရပါသည် ..၂၀၀၁ ခုနှစ်တွင် ပြည်ပသို့ထွက်ခွာပြီး ထိုင်း စင်္ကာပူ မလေးရှား လာအို ဂျပန် ဂျာမနီ တို့သို့ လှည့်လည်သတင်းသုံးကြောင်း မဇ္ဇိမမှ ရေးသားထားကြောင်းပါ. အရှင်သောပါကမှာ ထိုင်း-မြန်မာ နယ်စပ်မှ လာရောက်ဆန္ဒပြခြင်း ဖြစ်သည်။
ယခုအချိန်တွင် ဆန္ဒပြ သံဃာများမှာ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျောင်းတိုက်တစ်ခုသို့ ပြောင်းရွှေ့သွားကြောင်း သိရှိရပါသည်။
ကော်ပီ ပေ့ ဖြစ်မှာစိုးလို့ အပြည့်အစုံတော့ ကူးမတင်တော့ပါ ….။
အပြည့်အစုံကို – http://www.mizzimaburmese.com/news/inside-burma/8639-2011-11-16-08-46-52.html တွင် သွားရောက်ကြည့်ရှ နှိုင်ပါသည်။

16 comments

  • ကိုရင်စည်သူ

    November 17, 2011 at 3:38 pm

    ကမှော်ရေ… ဟုတ်တယ်..
    ဘုန်းကြီးက ဘုန်းကြီးအလုပ်မလုပ်ဘူး..
    ဟော့ပ်ချင်တာလား ဘာလားတော့ ကျနော် မစွပ်စွဲချင်ဘူး…။
    ပြောခဲ့သားပဲ… သူတို့ပေးချင်မှ ဖြစ်တာ..
    သံဃာတော်တွေ အုံလိုက်ကြီး တောင်းဆိုခဲ့တာတောင်
    ပစ်သတ်ပြီး မပေးခဲ့သေးတာ…
    ဒါဘာကြောင့်လုပ်လဲဆိုတာတော့…
    ပြစား ရိုက်စားကွက်တွေပေါ့ဗျာ… ငွဲငွဲ…
    တိနေဒယ်.. တိနေဒယ်.. ကိုရင်သိနေဒယ်… 🙂 🙂

    • ကိုရင်စည်သူ

      November 17, 2011 at 3:45 pm

      အိုင်ပီကမှော်စကြာရေ..
      သတင်းတွေစတက် ကတည်းက သတိထားမိတယ်..
      ပြီးတော့ သတင်းတွေကို စုစည်းပြီး ပုံရိပ်ဖော်ကြည့်တယ်..
      တင်ထားတဲ့ အေမီလေးပြတဲ့ ဗီဒီယိုဖိုင်ကို ဖွင့်ကြည့်တယ်…
      ဂွင်းဆက်လေးတွေကို တခုခုစီ ချိတ်လိုက်တယ်။။ … တကယ့်ကို ငါးပါးမှောက်ပါဗျာ…
      လေသံနဲ့ လုပ်ကွက်ကို ကြည့်တာနဲ့ ဘာအကွက်နင်းနေလည်း
      အသိသာကြီး…။ နာမည်ကြီးချင်၊ စားကွက်ထွင်ချင်လို့..
      ပွဲခံချင်လို့… လို့…
      ………….. လို့..
      ……… လို့…
      ဒီလို ဘုန်းကြီးတွေ သာသာနာမှာ မရှိစေချင်ဘူး..
      ဝိနည်းနဲ့အတူ ကျင့်ကြံကျတဲ့ သံဃာတော်တွေ တော်တော် သိက္ခာကျတယ်ဗျာ….
      (ကျနော်ထင်မြင်ချက်ပါ… လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရှိပါသည်။)

  • Reign

    November 17, 2011 at 3:39 pm

    Dear Magician,
    Just realized after reading the title that u are such a wizard with words. Can’t help smiling. 🙂

  • ပေါက်ဖော်

    November 17, 2011 at 4:27 pm

    ငါးပါးမှောက်လို ့ပြီးပလား…
    ပြီးလဲပြီးရော..
    မှောက်ရကျိုးနပ်ပါစေ…..တော်ကြာ..
    မှောက်သာမှောက်ရတာ…ဘာမှမထူးရင်..ငပွကြီးဖြစ်တယ်

    ကျုပ်လဲ မှောက်လိုက်ဦးမယ်..ခါးညောင်းလာပြီ..

  • kai

    November 17, 2011 at 4:34 pm

    Reign ပြောသလိုပဲ..
    ခေါင်းစဉ်ရွေးလိုက်တာ… (ကိုယ်ပိုင်စာသာဆို)..မချီးကျူးပဲမနေနိုင်ဘူးဗျို့..။
    ငါးပါးမှောက်တော့တာပဲ..။ ငါးပါး..ငါးပါး..။ 😆

    • မှော်ဆရာ

      November 17, 2011 at 5:13 pm

      ကျောက်ဆင်းတု ခေါင်းညှိတ် ဂေးအင်ဇာဂီရဲ့ စိတ်ကူးလေးပါ ခင်ဗျား ….
      ကျွန်တော် အဲဒီလောက် ညဏ်မကောင်းပါဘူး ….
      ကဲ ဂီဂီရေ ချီးကျူးကုန်ကြပြီ …

  • small cat

    November 17, 2011 at 6:16 pm

    ငါးပါးမှောက်ပြီးပြီ၊ သံဃာစင် မမှောက်ဖို့ အရေးကြီးတယ်။

  • cobra

    November 17, 2011 at 6:43 pm

    မြန်မာနိုင်ငံကြီးတဖြည်းဖြည်းရှုတ်ထွေးလာပါပီ…။

  • windtalker

    November 17, 2011 at 7:54 pm

    ဒီကနေ ့17/11/2011 ဘုရားကြီး ကို သွားမလို ့လုပ်တော့တောင်
    လန် ့နေတယ် ဗျာ ။ ဘာတွေ ဘယ်လိုတွေ ဖြစ်မှန်း အတိအကျ မသိပေမယ့်
    ဘုရားဖူးသွားမယ့်အရေး ထိတ်တလန် ့လန် ့ဖြစ်မိတာတော့ အမှန်ပင် ။

  • winkyawaung

    November 17, 2011 at 8:21 pm

    ငါးပါးမှောက်တော့ ငါးပေါက်လုံးမှားနေကြတုံးပါဗျာ..။ ဒီငါးပေါက်ကတော့..၁/ ဥပဒေပြုရေး၊ ၂/တရားရေး၊ ၃/အုပ်ချုပ်ရေး၊၄/ သတင်းမီဒီယာစောင့်ကြည့်ရေး၊၅/ ပြည်သူတွေအသံပေးရေးပါ။ မှားဆို ဘယ်ဟာမှ လှုပ်လို့မရသေးပါဘူး။ အရင်ခေတ်လိုပါဘဲနော်…။ စောင့်ကြည့်ရပေအုံးမည်..။ အချိန်တွေဘယ်လောက်ကြာမည်ဆိုတာတော့…?။

  • water-melon

    November 17, 2011 at 10:43 pm

    အော် ဦးဇင်းတွေက လောကီရေးရာတော်တော်ပါချင်နေကြာတာဘဲ။ မြန်မာပြည်က ဦးဇင်းတွေကတော့ ငြိမ်လောက်ပါတယ်။ ကမ္ဘာပတ်ကြီး ဟီးရိုုးလုပ်ချင်နေတဲ့ ဦးဇင်းတွေက မြောက်ထိုးပင့်ကြော် လုုပ်ကြလို့ ထင်တာဘဲ။
    နိုင်ငံတော် သမ္မတကို ဖိအားတွေ ပေးပါများရင် ပျောက်ထွက်မှ အကုန်ခွိနေမယ်။
    ဆွမ်းခံပြီး တရားကို အေးအေးချမ်းချမ်းအားထုတ်ကြပါဗျာ။

  • shwebagan

    November 18, 2011 at 4:06 am

    ရဟန်းတော်တွေ နိုင်ငံရေး မလုပ်သင့် လို့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ပါတယ်။တလောကလုံး ကိုယ်တော်လေးတွေ မြှောက်ပေးနေချိန်မှာ
    ရွာသားတွေက အမှန်မြင်နိုင်တာ လေးစားပါတယ်။

  • Bayote

    November 18, 2011 at 9:14 am

    ရေးသားချက်များသည် အနည်းငယ် အောက်တန်းကျနေပါတယ်။ ယုံကြည်ချက်နဲ့ ကြိူးစားမှုကို အမှန်တိုင်း မသိရှိ၊ ပြည်သူတွေအတွက် အနစ်နာခံ မှုကို ခနဲ့ရေးထားရာရောက်ပါတယ်။ဆရာတော် ဦးဥတ္တမကို သမိုင်းမသင်ဘူးလို့ မသိကြတာလားမသိပါ။ တောင်းဆိုဆရာတော်တွေက ပေါ်ပြူလာ ဖြစ်ချင်လို့မဟုတ်ပါ။ သာသနာနဲ့ အမှန်တရားအတွက်တောင်းဆိုနေတာပါ။ ဆရာတော်တွေကတောင်းဆိုမှုမပြုခင် နိုင်ငံတော်ကိုကြိုတင် သတိပေးခဲ့ပါတယ်။ နိုင်ငံတော်မှမလုပ်ပေးသေးတဲ့အတွက် ပြည်သူတွေအတွက် တောင်းဆိုခဲ့ကြတာပါ။တောင်းဆိုတဲ့အတွက် ထောင်နှစ်ပေါင်းများစွာ ကျသွားတာ အားလုံးအသိပါ။ ရေးသားသူကော နိုင်ငံပြည်သူအတွက် ဘာလုပ်ပေးခဲ့ပါသလဲ။ နာမည်ကြီးဆရာများစွာရှိပါတယ်။ ရဟန်းတစ်ပါးဆိုယင် နိုင်ငံတကာသာသနာပြုခဲ့ပါတယ်။ ဂျာမနီ နိုင်ငံမှမြန်မာပြည်ပြန်လာပြီး ရဟန်းပြည်သူအတွက် ဆောင်ရွက်ခဲ့တာပါ။ အကြောင်းအရာ အတိအကျမသိ စစ်အစိုးရ အလိုကျ မှိုင်းတိုက် သရော်နေဦးမယ်ဆိုယင် ကျနော်တို့နိုင်ငံဟာ နိုင်ငံအားလုံးထက်နောက်ကျပြီး ဟိုဟာနိုင်ငံဖြစ်သွားပါလိမ့်မယ်။

    • မှော်ဆရာ

      November 18, 2011 at 1:13 pm

      .. Bayote ၏ အောက်ပါအရေးအသားကို ကန့်ကွက်ပါသည် ….
      >>>ရေးသားချက်များသည် အနည်းငယ် အောက်တန်းကျနေပါတယ်။ <<>>ဆရာတော် ဦးဥတ္တမကို သမိုင်းမသင်ဘူးလို့ မသိကြတာလားမသိပါ။ <<>>အကြောင်းအရာ အတိအကျမသိ စစ်အစိုးရ အလိုကျ မှိုင်းတိုက် သရော်နေဦးမယ်ဆိုယင် <<<
      လွပ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိပါသည် . အခြားသူများအား ထိခိုက် စော်ကားစရာ မလိုပါ ..
      အက်ဒမင်ကိုယ်တိုင် စည်းကမ်းချက် ထုတ်ထားပါသည်။
      —-Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် အခွင့်မရှိ….
      အက်ဒမင် ကိုခိုင် —-

  • ကြောင်ကြီး

    November 18, 2011 at 11:22 am

    ဘုန်းကြီးကို နိုင်ငံရေး မလုပ်စေချင်ရင် လူ့အသုံးအဆောင် ပစ္စည်း၊ ပိုက်ဆံ၊ အဆောင်အယောင်တွေ မကပ်ကြနဲ့လေ။ သူတို့ပဲ ဘုန်းကြီးတွေကို လောကီထဲမှာပျော်ဖို့ အလှူအလှူဆိုပြီး အားပေးအားမြောက်ပြုနေပြီးတော့ နိုင်ငံရေးနဲ့ပတ်သက်တော့မှ (အမှန်တော့ ဆန္ဒပြဘုန်းကြီးများ ရည်ရွယ်ချက်က ထောင်ချခံထားရတဲ့ သံဃာတော် ၂၀ဝနီးပါးလွတ်မြောက်ဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ဖို့ပါ။) ဟိုပြောဒီပြောနဲ့။ ဒီလူတွေနဲ့တော့ တိုင်းပြည်လွတ်မြောက်ဖို့ မမြင် မမြင်…..
    ရှို့ကွာ မီးတုတ် မီးတုတ် ………..
    လောင်းကွာ ဓာတ်ဆီ ဓာတ်ဆီ……..
    တိုက်ကွာ လေ လေ …………………… 😡

  • naung

    November 18, 2011 at 1:33 pm

    ကျွန်တော်ရေးတာ အမှားပါရင်ခွင့်လွှတ်ကြပါ။
    ကျွန်တော်စဉ်းစာကြည့်မိတာတစ်ခုက တစ်ချိုု့နေရာတွေမှာ ဘာသာရေးကြောင့် စစ်ဖြစ်နေတာတွေရှိပါတယ်။ အဲဒါထက်စာရင် ပြည်သူလူထုအတွက် သံဃာတွေက အစိုးရဆီမှာ ဆန္ဒပြ တောင်းဆိုတာဟာ သင့်တော်တယ်လို့ထင်ပါတယ်။ အဲဒါက အစစ်အမှန်ဆိုရင်ပြောတာလေ။
    တစ်မျိုးပြောင်းစဉ်းစာကြည့်ရရင်
    ၁။ သံဃာငါးပါးဟာ ရန်ကုန်ကနေ မန္တလေးမှာ လာပြီး ဘာလို့ ဆန္ဒပြတာလည်း၊ ရန်ကုန်မှာကော လုပ်လို့ မရဘူးလား။
    (မန္တလေးသည် သံဃာများတဲ့ အတွက် ပွဲဆူအောင် သက်သက်လုပ်တာဖြစ်နိုင်ပါတယ်။ ပွဲဆူရင် ……………….ဒန် တန့် တန့်ဘဲ)
    ၂။ အစိုးရဘက်ကကော ဘာလို့ခွင့်ပြုရတာလည်း။
    (ပွဲဆူ စေချင်လို့)
    ၃။ တောင်းဆိုချက်တွေ မရသေးဘဲနဲ့ ဘာလို့ ၂ ရက်တည်းနဲ့ ပြီးသွားရတာလည်း။
    (လုပ်ကြည့်လို့ မရမှန်းသိသွားလို့)

    ဟီး…………ကျွန်တော်မေး၊ ကျွန်တော်ဘဲ ဖြေလိုက်ပါတယ်။
    အဲဒါတွေက စဉ်းစားစရာဖြစ်နေတယ်။

Leave a Reply