ဗုဒ္ဓဘာသာကို “ကမာ္ဘ့ အကောင်းဆုံး” ဘာသာတရားတရားအဖြစ် ဆုရွေးချယ်ချီးမြှင့် – Hoax

z-ZNovember 18, 20111min358913

ဆွစ်ဇာလန်နိုင်ငံ၊ ဂျာနီဗာမြို ့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိညာဏ် မြင့်မားရေးဆိုင်ရာ ပူပေါင်း ဆောင်ရွှက် ရေးအဖွဲ့က ဗုဒ္ဓဘာသာကို ကမ္ဘာ့ အမွန်မြတ်ဆုံး၊ အကောင်းဆုံး ဘာသာရေး အဖြစ် ရွှေးချယ်ခဲ့ကြောင်း သိရှိရသည်။ ရွှေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် (၂၀၀)ကျော် ကရွှေးချယ်ခဲ့ခြင်း ဖြစ်ပြီး ပိုပြီး အံ့ဩဖို့ ကောင်းသည်မှာ ပါဝင် ရွှေးချယ်ခဲ့သည့် ဘာသာရေး ခေါင်းဆောင် အများစုသည် ဗုဒ္ဓဘာသာကို မိမိတို့ ဘာသာထက် ကျော်လွန်ပြီး ဆန္ဒမဲပေး ခဲ့ကြခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိညာဏ် မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး၏ သုတေသနညွန် ကြားရေးမှူး Jonna Hult ကပြောကြားရာတွင် “ကမ္ဘာ့အမွန်မြတ်ဆုံး အကောင်းဆုံး ဘာသာတရား ဗုဒ္ဓဘာသာက ရရှိခဲ့တာ အံ့ဩစရာမရှိပါဘူး၊ ကမ ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာ မရှိခဲ့ပါဘူး။ တခြားဘာသာများနဲ့ မတူတာက အဲဒါပါပဲ။”

တခြားဘာသာတွေက လက်နက်တွေကို အဆင်သင့် ကိုင်ထားကြတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ဘာသာရေး အတွတ်နဲ့ စစ်တိုက်တာကို တွေ့ရဖို့ အတော်ခဲယဉ်းပါတယ်။ တခြားဘာသာဝင်တွေရဲ့ အစဉ်အလာ အလေ့အထနဲ့ မတူဘဲ ဗုဒ္ဓ ဘာသာဟာ ကိုယ်ကိုယ်တိုင် ကျင့်ကြံတဲ့ တရားကိုသာ သူများတွေကို ဟောကြားခဲ့တာပါပဲလို့ ဆိုခဲ့ပါတယ်။ အစ္စရေးနိင်ငံ ဂျေရုဆလင်မြို့က ဂျူးဘုန်းကြီး Shmuel Wasserstein ကတော့ ကျွန်တော်လည်း ကျွန်တော်ဘာသာဖြစ်တဲ့ ဂျူးဒါလစ်ဇင်ကို နှစ်သက်မြတ်နိးပါတယ်။

“ကိုယ့်ဘာသာကိုပဲ ကမ ္ဘာပေါ်မှာ အကြီးမြတ်ဆုံး ဘာသာတရားလို့လည်း ထင်ပါတယ်၊ ဒါပေမယ့် ရိုးရိုးသားသား ဝန်ခံရရင် ကျွန်တော်ဟာ နေ့စဉ်ဂျူးဘာသာအရ ဝတ်မပြုခင် ဝိပဿနာတရားကို ကျင့်ကြံအားထုက်နေတာ ၁၉၉၃ ခုနှစ်က တည်းကပါ။ ဒါကြောင့် ဗုဒ္ဓဘာသာကို မဲပေးလိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှ မူအလင်ဘာသာရေးခေါင်းဆောင် Tal Bin Wasssd ကလည်း ၎င်းအဆိုကို သဘောတူထောက်ခံခဲ့ပါတယ်။”

ဂျနီဗာမြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဘာသာရေးနဲ့ အသိညာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ ့ကြီး၏ ပါကစ္စတန် နိုင်ငံ မူစလင်အစည်းအရုံးဆိုင်ရာ မဲပေးရေးအဖွဲဝင်တစ်ယောက်ဖြစ်တဲ့ Tal Bin Wasssd က ကျွန်တော်ဟာ အစ္စလန်ဘာသာကို နှစ်နှစ်ကာကာ ယုံကြည်သူတစ်ယောက်ပါ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်ထက် ဘာသာရေးအကြောင်းပြပြီး အမျက်ဒေါသထွက်ကြ၊ သွေးမြေကြရတာတွေကို တွေ့မြင်ခံစားရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို သိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်။

 


“ပြောရရင် ကျွန်တော်ရဲ့ အရင်းအနှီးဆုံး မိတ်ဆွေတစ်ယောက်ဟာ ဗုဒ္ဓဘာသာဝင်တွေပါလို့ ပြောခဲ့ပါတယ်။ Belfast မြို့မှ ကက်သလစ် ဘုန်းကြီး Ted O’Shaungh-nessy ကတော့ ကက်သလစ်သာသနာကို မြတ်နိးကိုးကွယ်ပေမယ့် လူသားတွေကို မေတ္တာဂရုဏာ ထားရန်ဟောကြားပြီး လူသားတွေကိုပဲသတ်ဖြတ်ကာ ဘုရားသခင်အလိုဆန္ဒ နားလည်ပါ တယ်လို့ ပြောကြတာက စိတ်နှောက်အယှက်ဖြစ်ရဆုံးပါပဲ။ ဒါ့ကြောင့် မွန်မြတ်တဲ့ ဗုဒ္ဓဘာသာကို မဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်။”

ဗုဒ္ဓဘာသာကို ကမ္ဘာ့အကောင်းဆုံး ဘာသာတရားအဖြစ် ရွှေးချယ်ခဲ့ခြင်းအတွက် ဆုလက်ခံရန် ဗုဒ္ဓဘာသာဝင်အားလုံးက ငြင်းပယ်ခဲ့သည်ဟု သိရှိရပါသည်။ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက

“ပြောကြားရာတွင် မိမိတို့ဘာသာကို အသိအမှတ်ပြုခဲ့သည်အတွတ် ဝမ်းမြောက်ကျေးဇူးတင်ကြောင်း ဒါပေမယ့် ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မူနိက္ခမဓါတ်၊ နိဗ္ဗာနဓါတ် ကြိုးစားအားထုတ်ကာ ရရှိနိုင်သည့် လူသားအားလုံးကို မိမိတို့မျှဝေ ပေးအပ်ပါကြောင်း မိန့်ကြားခဲ့သည်။

www.dhammageha.com မှကူးယူဖေါ်ပြပါသည်။

13 comments

  • z-Z

    November 18, 2011 at 10:39 am

    သူကြီးရေ ခေါင်းစဉ် တပ်ဖို့မေ့သွားလို့ ကူပါအုံး …. 🙁

  • ကြောင်ကြီး

    November 18, 2011 at 11:06 am

    အမှန်တရားဆိုတာ ဘယ်တော့မှ ဖုံးထားလို့ မရဘူး။ သဂျီးဘယ်လောက် မှားပါတယ် ပြောပြော ဒီပို့စ်သည် မေ့လောက်ရှိရင် ပြန်တက်လာတာပဲ။ တားမရတဲ့ အတူတူ လွှတ်ထားလိုက်ပါတော့ သဂျီးရယ်…။ 😆

  • ပေါက်ဖော်

    November 18, 2011 at 11:18 am

    ဒါဘဲလေ..
    ဒလိုဘဲ ဖစ်ရမှာပေါ..
    😆

    အောမီးတောဖော..

  • kai

    November 18, 2011 at 11:48 am

    ဒီတခါတော့ အာဖရိကဘုန်းကြီးပုံတွေပါ သွပ်ပြီးလုပ်စားပြန်ပါတယ်..။
    ဘာလို့.. သာသနာပြုတာလိမ်လည်ပြုချင်နေသလည်း မသိ..။
    ဒီလိုခေတ်ကြီး ဒီလိုလိမ်ပြုရင်.. ရမယ်များထင်နေပုံရတယ်…။ 👿

    ဆိုတော့…
    ကျုပ်တို့ သာသနာ..နှစ် ၂၅၀ဝကျော်မှာ.. လုပ်စား တွေ..ဘယ်လောက်များနေသ/မလည်း တွေးကြဖို့ပါပဲ..။
    ၂၁ရာစုရောက်နေပါပြီလို့.. ။ 😆
    ==
    http://myanmargazette.net/20189/creative-writing

  • ပေါက်ဖော်

    November 18, 2011 at 12:10 pm

    သေတာပဲ..
    Related posts ကြီးပျူးနေတာ မမြင်မိဘူး….

  • etone

    November 18, 2011 at 1:04 pm

    လာပြန်ပလား ..ဟီးဟီး … သဂျီးလည်း မောနေတော့မယ် … ။
    ရေသောက် … နားနားပြီး ထပ်ပြောနော် … 😆

  • မှော်ဆရာ

    November 18, 2011 at 1:56 pm

    ရွာသားအသစ်မို့လို့ ဖြစ်ပါလိမ့်မယ်ဗျာ …
    သူလဲ သူကူးရေးတာပါဆိုပြီး ခရစ်ဒစ် ပေးထားတာပါပဲ …
    zz ရေ ဆက်လက်ရေးပါဗျာ ..အားပေးနေပါတယ်

  • Maung Dae`

    November 18, 2011 at 4:46 pm

    ဒါကြီးက ကြာပြီလေ…. လုပ်ဇာတ်ကြီး… ကျုပ်တို့ ဗုဒ္ဓဘာသာဝင်တွေ သိက္ခာကျတယ်…
    မူရင်းရေးတဲ့သူကိုအပစ်ပြောတာပါ.. 😀
    ZZ ကိုပြောတာဟုတ်ပါဝူး.. အဟီး… နောက်ထပ်သတင်းထူးတွေရရင် ထပ်တင်ဦးနော်

  • Gipsy

    November 18, 2011 at 5:48 pm

    အားရဝမ်းသာနဲ့ ဒိုင်ပင်ထိုးဝင်လာတာ..။ ဂလိုကြီးလား…၊
    ဟုတ်ပ…။ စောင့်မျှော်နေပါမယ်…။ ဆက်သာရေးပါ…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 18, 2011 at 6:34 pm

    ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ကတော့
    ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေဟာ သိပ်ကို
    အဖိုးတန်လှပါတယ်
    ဒါ့ကြောင့် ကိုယ့်အတွေးနဲ့ ကိုယ်ကတော့
    ဗုဒ္ဓတရားတော်ဟာ အကောင်းဆုံးပါဘဲ
    မကောင်းတာကတော့
    ခုလို ဗုဒ္ဓတရားတော်တွေကို မဟုတ်က ဟုတ်က လိမ်ညာတာတွေက မကောင်းပါဘူး

  • သော်ကြီး

    November 18, 2011 at 9:14 pm

    အားလုံးအတွက်တော့ ဗုဒ္ဓဘာသာကအကောင်းဆုံးပါပဲ။ သားသားတို့ကတော့ မိရိုးဖလာဖြစ်နေတယ်။

  • z-Z

    November 18, 2011 at 9:56 pm

    ကိုပု ပြောတာ အပြည့်အဝ ထောက်ခံတယ် ….
    ဘယ်ဘာသာ ကို ကိုးကွယ်ကိုးကွယ် အဓိက စိတ်ထားကောင်းဖို့ဘဲလိုပါတယ် …..
    ဘာသာတရားကိုု ခုတုံးလုပ်ပြီး လိမ်ညာနေတာတွေကြောင့် စိတ်မကောင်းဖြစ်မိတယ်

  • Sky ko ko

    November 24, 2011 at 12:18 pm

    ဟုတ်ပါတယ်ဗျာ…
    ကျုပ်လည်း အဲလိုကြုံဖူးပါတယ်…
    သူကြီးချမှတ်ခဲ့တဲ့ စည်းကမ်းကို သေချာမသိလို့ ဖောက်ဖျက်ဖူးတယ်…
    …………………………………………
    ကျုပ်တို့ ဗုဒ္ဓဘာသာက တကယ်ကို ကောင်းမွန်တဲ့ ဘာသာတစ်ခုပါ….. ဒါကို ဆက်ထိန်းထားဖို့ ကျုပ်တို့ ထက် ဘဘုန်းကြီးတို့(သံဃာတော်များ)တွင် ပိုပြီးတာဝန်ရှိလှကြောင်းပါ… ကျုပ်တို့လူသားတွေမှာကော တာဝန်မရှိဘူးလားတော့မဟုတ်ပါဘူး…(ရှိပါတယ်…)
    ကျုပ်တို့လူပုဂ္ဂိုလ်တွေရဲ့ အဓိကတာဝန်က မိရိုးဖလာဗုဒ္ဓဘာသာထက် တကယ်သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်… ဗုဒ္ဓမြတ်စွာဘုရား ဆိုဆုံးမထားတဲ့ တရားတော်အတိုင်း ကျင့်ကြံနေထိုင်မယ်ဆိုရင် ကျုပ်တို့တစ်တွေ လူကောင်းလူတော်တွေဖြစ်လာမှာ ဧကန်မုချပါခင်ဗျား…

Leave a Reply