မန်းလေးကို ငုံ့အကြည့်

“မန်းလေးကို ငုံ့အကြည့်”

တစ်ရက် မန္တလေးမြို့မှာရှိတဲ့ ဟိုတယ်ကြီးတစ်ခုရဲ့အပေါ်ဆုံးထပ်ကို မထင်မှတ်ဘဲအရောက်
မန်းလေးမြို့ကြီးကို ငုံ့ကြည့်ခွင့်ရလိုက်ပါတယ်။
ခွင့်ပေးသလောက် မြင်ခွင့်ရသလောက်လေးကို မှတ်တမ်းတင်မိပါတယ်။

မန်းလေးမြို့ အနောက်ဘက်ခြမ်းကို အပေါ်စီးကမြင်ရတဲ့ပုံပါ။

ကျနော်ရောက်နေတဲ့နေရာက အရင်တုးံကတော့ အတော်မြင့်တယ်လို့ပြောနိုင်ပေမယ့်
အခုတော့သူထက်သူလူစွမ်းကောင်းတွေပေါ်လာတော့ သူလဲပုသွားသလိုပါဘဲ။
ပြူတင်းပေါက်ကနေ အနောက်မြောက်ဘက်ကိုကြည့်လိုက်တော့
အဝေးမှာ မင်းဝံ။
သူ့ရှေ့ကဖြူဖွေးဖွေးကဧရာဝတီ။
အနီးမှာတော့ စုပြုံကျပ်ညှပ်နေတဲ့တိုက်အိမ်တွေ။
အနီးမြင်အသက်ရှူမဝ။
အဝေးမြင်ရမှာ စိတ်ပေါ့ပါး။
အရှေ့ဘက်မြင်ကွင်း

အရှေ့မြောက်ဘက်ခြမ်းအောက်ငုံ့ကြည့်ရင်တော့ တိုက်အသစ်တွေက ထိုးထိုးထောင်ထောင်။
အရင်ကဒီအပေါ်ကတက်ကြည့်ရင်အားလုံးကပြားပြားဝပ်နေသလို။။
အခုတော့လဲသူထက်မမြင့်တောင်မှ မင်းလောက်တော့ ငါလဲမြင့်တယ်နော်လို့
အသံတိတ်ပြောနေတဲ့အဆောက်အဦးတွေက များသထက်များ။
အဝေးမှာတော့ မန်းလေးတောင် မူံပြပြ။

အောက်ငုံ့ကြည့်တော့မြင်ရတဲ့လမ်းမ

အပေါ်ကနေအောက်ငုံကြည့်လိုက်တော့ လူတောင်မူးချင်သလိုလို။
လူကလဲသေးသေးလေး ကားကလဲသေးသေး။
ဒါနေ့လည်မို့လို့ နို့မဟုတ်ရင်ဒီလမ်းမကလဲပြည့်ကျပ်ညှပ်။
ပြပြသေးသေး ရန်ကင်းတောင်

အရှေ့တည့်တည့်ဘက်ကြည့်လိုက်တော့ အဝေးမှာ ပြပြလေးမြင်ရတဲ့ရန်ကင်းတောင်။
တစ်မြို့လုံးကိုဆက်သွယ်ပေးနေတဲ့ တာဝါတိုင်ကတော့ မားမားမတ်မတ်။
မနီးမဝေးမှာသူလိုမြင့်တဲ့ ဘဏ်အဆောက်အဦ

အရင်ကတော့ ဒီအဆောက်အဦးက အမြင့်ဆုံးပေါ့။
နောက်တော့ သူနဲ့အရွယ်တူ AWB BANK ပေါ်လာပါတယ်။
သူကလဲအခုတော့ နာမယ်အသစ် AGD BANK
ဟိုးအဝေးမှာလဲသူတို့နဲ့အပြိုင် အဆောက်အဦးတစ်ခု။
မြို့ကအထက်ကိုတစ်ဆင့်ခြင်းမြင့်အောင်တက်နေသလို။
တောင်ဘက်မြင်ကွင်း

ဟိုးတောင်ဘက်ခြမ်းကိုကြည့်လိုက်တော့ တိုက်အိမ်လေးတွေအစီအရီ။
အပြာရောင်ကောင်းကင်နောက်ခံကြောင့် စိတ်တွေက လွပ်လပ်စွာပျံသန်းသွားသလို။
ကြည်လင်လန်းဆန်းလို့လာပါတယ်။
အနောက်မြောက်ဘက်မြင်ကွင်း

အနောက်မြောက်ဘက်ခြမ်းကိုပြန်ကြည့်လိုက်တော့ မင်းဝံတောင်ရိုးက တပြန့်တပြော။
မြောက်ဘက်အဆုံးမှတော့ နိမ့်လျောလို့အဆင်း။
ဧရာမြစ်မင်းကတော့ သူ့အောက်မှာ ခပ်စင်စင်း။
အဖြူရောင်ဖဲစလေးလို။
မပီဝိုးတဝါး။
အနောက်စူးစူး

ပြူတင်းပေါက်ကနေရသလောက်တည့်တည့်လေးထားပြီး အနောက်စူးစူးကို လှမ်းကြည့်မိတဲ့အခါ။
အဆင့်မြင့်ဈေးချိုတော် နီနီရဲရဲကိုမြင်ရ။
အိမ်တွေကြားက နန်းမြို့ရိုးနဲ့ပြဿာဒ်

အရှေ့မြောက်ဘက်ကိုကြည့်လိုက်တော့ မြို့လယ်ခေါင်မှာတောအုပ်လေးလိုဖြစ်နေတဲ့
မန်းလေးနန်းတွင်းက အပင်တွေကိုမြင်ရသလို။
နန်းပြဿဒ်ကိုလဲမြင်နေရပါတယ်။

မြင်ရတဲ့မြင်ကွင်းလေးကတော့ လှတပတ။
ကျနော့်လိုဒီမြင်ကွင်းကို မြင်ဘူးသူတွေရှိမှာအသေအချာ။
ကဲ ဘယ်နေရာလဲဆိုတာ သိတဲ့သူက ဖြေကြည့်ပါလားနော်။

ကိုပေါက်လက်ဆောင် ပုံစာတွဲ
(19-11-2011)

18 comments

  • windtalker

    November 19, 2011 at 6:56 pm

    ခန် ့မှန်းကြည့်မယ်နော်
    ၈၃ လမ်း ရိုးမ ပင်မဘဏ်ပေါ်ကနေ တက်ရိုက်ထားတာများလား လို ့

  • blackchaw

    November 19, 2011 at 6:56 pm

    အနောက်မြောက်ဘက်က မြင်ကွင်း ဆိုတဲ့ ပုံလေးထဲက
    တိမ်တွေက လှလိုက်တာဗျာ။
    တကယ်လှတာ ကိုပေါက်ရေ။

  • hmee

    November 19, 2011 at 7:02 pm

    လေးပေါက်လည်း ခုန်မချနဲ့နော်။ ကိုကြောင် (အီးတုံး ပို့စ်မှာ) ပြောထားသလို အောက်က ကားတွေ လူတွေပေါ်ကျရင် ခုန်ကျိုးတာ ပြသနာ မရှိပေမဲ့ ရော်နေရမယ်။ 🙂 လေးပေါက်ရေ မန္တလေးကို ကျွန်မ တနှစ် နှစ်ခေါက်နှုန်းနဲ့ သုံးနှစ် ဆက်တိုင်လာဖူးတယ်။ ဒါပေမဲ့ ဈေးချိုကို တခေါက်လေးမှ မရောက်ခဲ့ဘူး အဝေးကတောင် မမြင်ခဲ့တာ။ မရောက်ထိုက်လို့ ထင်ပါရဲ့။ 🙂 ပုံ (၄၊၅) မှာ ပါနေတာ ဗလီ ထင်တယ်နော်။

  • မောင်ပေမှန်းတာ မြောက်ဘက်နည်းနည်းလေးရောက်သွားတယ်။
    ထပ်မှန်းလိုက်ပါအုံး။
    ဟုတ်တယ်ကိုချောရေ မင်းဝံတောင်တန်းပေါ်မှာ မိုးထားတဲ့တိမ်တွေပါ။
    ဟုတ်ပါတယ်မမှီရေ ဗလီတွေပါ။

  • windtalker

    November 19, 2011 at 7:11 pm

    ဟုတ်ဘီ
    ကျုပ်နှယ်ဗျာ
    ပိန်းလိုက်တာ ကို
    ဒီလူကြီး
    အဘဖော ရဲ ့ဆီမာဆတ် ဖတ်ပြီးကတဲက
    ယူနီဗာ့စ် ကို မျက်စောင်းထိုးနေခဲ့တာ
    မေ့နေတယ်ဗျာ
    အခုတော့
    စိတ်သွားတိုင်း ကိုယ်ပါခဲ့ကြောင်း
    သည်ပို ့စ် နဲ ့သက်သေထူလိုက်ပြီပေါ့နော်
    ဟီဟိ

  • “ဘီလူးကြီး”ogre

    November 19, 2011 at 7:48 pm

    မန္တလေး သွားတယ်
    လမ်းတွေမျက်စေ့လယ်တယ်
    ကားကိုလမ်းပြောင်းပြန်မောင်းမိတယ်
    ဆိုင်ကယ်သမားတွေဝိုင်းဆဲတယ်..နို့သိမှမသိပဲဗျ
    တည်းခိုခန်းမပြန်တတ်တော့လို့ လမ်းမှာ(၃)နာရီလောက်ကြာတယ်
    စစ်ကိုင်းတံတားပေါ်မှာ ဆိုင်ကယ်တွေကားရှေမှာမှောက်လို့ ဘရိတ်အုပ်တယ်
    နောက်ကဆိုင်ကယ်တွေ တစ်သီကြီးဝင်တိုက်တာ ကားမီးခွက်တွေကွဲကုန်တယ်
    လှည့်ကြည့် တော့ ဆိုင်ကယ်တွေ တစ်စီးမှမရှိတော့ဝူး မောင်းပြေးကြတယ်
    ဘူတာကြီးအပေါ်ထပ်ကို ဘယ်လမ်းကတက်ရမှန်မသိဘူး
    မန္တလေးတောင်တက်ရတာ ရင်တုန်တယ် ဘရိတ်ပေါက်မှာစိုးလို့
    ကျုံးပတ်လည်သွားတယ် ဆိုင်ကယ်တွေအားကြီးဒုက္ခပေးတယ်
    ဝှီးကနဲဝှီးကနဲ့…
    အနော်တော့ မန္တလေးကို အားကြီးကြောက်တယ်…… 🙁

    • Shanma TUmdy

      November 21, 2011 at 10:54 pm

      ကြားရတာတစ်ခုမှမသက်သာပါလား .. 😀 ဆိုက္ကားစီးတာမှ ပိုကောင်းလိမ့်မယ်ထင်တယ်. 🙂 🙂 မန်းလေးက ပျော်ဖို့ကောင်းပါတယ်.. ချစ်ဖို့လည်းအလွန်ကောင်း ..ဟီဟီ

  • ပေါက်ဖော်

    November 19, 2011 at 7:57 pm

    အားကြီးကြောက်ဆို..အဲဗားတိုက်နေကြတာကိုး..
    ဝီခနဲဝီခနဲ.. 😆
    အထာမသိလို ့ကတော့..လွယ်ဘူး..

    မိုးယုစံလေး….နောက်တစ်ယောက်တွဲသွားလို ့ကတော့…..
    မန်းလေးထိသွား
    လေးပေါက်ကိုနေရာမေး.
    တိုက်ခေါင်မိုးပေါ်တက်ပြီး..
    စက္ကူတွေခေါက်၊လေယာဉ်ပျံလုပ်ပြီး….တစ်စင်းပြီးတစ်စင်း..ထိုင်လွှတ်နေပလိုက်မယ်..
    ဘတူမှ လာမဆွဲကြနဲ ့..ရဘူး.ရဘူး….
    ဒါဗျဲ.
    ဗျက်..ဗျက်..ဗျက်..

  • MaMa

    November 19, 2011 at 8:00 pm

    အမြင့်ကြီးကနေ အဝေးကြီးကို ကြည့်ရတာတော့ ကြိုက်တယ်။
    အောက်ငုံ့ကြည့်ရတာတော့ ခြေဖဝါး ယားတယ်။ (ပြုတ်ကျမှာစိုးလို့) 😀

  • အီးတီ

    November 19, 2011 at 8:08 pm

    ဒီနေ ့အမြင့်တက်ပြီး ဓာတ်ပုံရိုက်တာ ခေတ်စားနေတယ်။ ကျွန်တော်လည်း သင်္ဘောရဲ ့အမြင့်ဆုံးနေရာကိုတက်ပြီ ဓာတ်ပုံရိုက်လိုက်ဦးမယ်။ 🙂

  • inz@ghi

    November 19, 2011 at 8:17 pm

    ရင်ထဲမကောင်းလို့ ..
    ကောင်းမှ ပဲ အသေအချာ မန့်တော့မယ်
    လေးပေါက်ရေ ….

    ၁၁ကျပ်ကျနေတဲ့ ဂီဂီ..

  • ko ko soegyi

    November 19, 2011 at 8:23 pm

    ဆရာပေါက်..
    နေများမကောင်းလို့လား..
    ဆေးခန်းရောက်နေတယ်ထင်လို့ပါ..
    ဟုတ်ရင်တော့ပြောပါဦး သတင်းလေးမေးရအောင်.. 🙂

  • ကောင်းမှကောင်း။
    အခုလိုစိတ်ပူပေးတော့ ရင်တွေတောင်ခုန်သွားသလိုဘဲ။
    ငါ့မှာ မိတ်ဆွေကောင်းတွေရှိတယ်ဆိုပြီးတော့ပေါ့။

  • TTNU

    November 19, 2011 at 10:02 pm

    ကိုပေါက်ရေ
    တစ်ချို ့ ပုံတွေကြည့်ရတာ တို့ မန ္တလေးနဲ့တောင်မတူဘူးနော်။
    ခက်ခက်ခဲခဲရိုက်ပေးတဲ့ ရှင့်စေတနာကို လေးစားပါတယ်။
    ပြုတ်ကျပါဦးမယ်ကွယ်။
    အုပ်ချုပ်သူ ကိုခိုင်ရေ…ရှင်တို့ အမေရိကမှာ ထုတ်တဲ့ မဂ္ဂဇင်းမှာ ဒီပုံတွေထည့်
    ပေးလိုက်ရင် လှသွားမယ်နော်။( It doesn’t mean that Mandalay is more
    beautiful than your Ame. To let them compare it with old Mandalay.) 😀

  • small cat

    November 20, 2011 at 8:53 am

    ကိုပေါက် ခင်ဗျာ၊
    နောက်တစ်ခါရိုက်ရင် ဆက်သွယ်ရေးတိုင်ပေါ်တက်ပြီး တယ်လီ ၄၀ဝ လောက်နဲ့ ရိုက်ရင်ဒါ့ထက်ကောင်းတဲ့ ပုံတွေထွက်လာမယ်ထင်ပါတယ်၊ ကြိုးစားကြည့်ဖို့ အကြံကောင်းပေးလိုက်ပါရစေ..အဟတ် အဟတ်..အဟတ်

  • Shanma TUmdy

    November 21, 2011 at 10:48 pm

    ဈေးချိုကပုံတွေကြည့်ချင်လိုက်တာ.. ;P 😀

Leave a Reply