ဂဇက်သမိုင်းထဲက weiwei ၏ မှတ်တိုင်များ။

black chawNovember 18, 20111min27722

ကျွန်တော် ဒီနေ့ တံခါးစောင့်ကြီးပို့စ် ရေးနေတင်နေရင်း ကမ္ဘာ့ အကြီးဆုံးကျားရိုင်းဥယာဉ်ကြီး ဆိုတာလေးတွေ့လို့ ဖွင့်ကြည့်မိပါတယ်။ အောင်မလေး လှလိုက်တဲ့ ကျားပုံလေးတွေ။ လန်းတယ်ဗျာ။ ပို့စ်တင်သူနာမည် ကြည့်တော့ weiwei တဲ့။ ဒါနဲ့ မနေ့ကလည်း ဧဝရက်တောင်သွားတောလားဆိုလား တွေ့လိုက်ရပါတယ်ပေါ့။ အခုကျွန်တော် ပြန်လည်တူးဆွကြည့်လိုက်တော့ တိမ်မြုတ်မနေသင့်သော အန်တီဝေ ရဲ့ ဓါတ်ပုံပို့စ်လေးတွေရဲ့လင့်လေးတွေကို စုတင်ပေးဖြစ်ပါတယ်။ တစ်နေ့က ကျွန်တော်တင်တဲ့ ဆာဖာရီရိုက်ချက်များဆိုတဲ့ ပို့စ်က ကျားမကြီးကိုတောင် အားနာသွားပါတယ် အန်တီဝေခင်ဗျား။

Weiwei ရဲ့ ပို့စ်တွေကို ပြန်ကြည့်မိတော့ ဂဇက် ရဲ့ အမာခံတစ်ယောက်ဆိုတာ ထင်ရှားပါတယ်။ သူတို့ လုပ်သလောက် ကျွန်တော်တို့ မီဘို့ အများကြီး ကြိုးစားရပါဦးမည်။ ဂဇက် စီနီယာ တစ်ယောက်ရဲ့

ဓါတ်ပုံပို့စ်လေးများကို တတ်နိုင်သလောက် စုစည်းတင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

Weiwei ရဲ့ ပို့စ်တွေ ပြန်ဖတ်ရင်း ကိုပေါက် ရဲ့ မွေးနေ့လည်း သိလိုက်ရပါတယ်။ မာလာဆောင်မှာ တစ်လလောက်နေပြီး သရဲအခြောက်ခံရတာလည်း သိလိုက်ရပါတယ်။ သံလျင် ဖားအောက်တောရရိပ်သာ ဓါတ်ပုံများလည်း တွေ့ရပါသည်။ အရင်တုန်းက ကဇက် က ပျော်စရာကောင်းတာကိုလည်း တွေ့ခဲ့ရပါတယ်။ အချိန်ရလို့ တတ်နိုင်လျှင် စီနီယာများ၏ ပို့စ်ကောင်းကောင်းလေးများအား ပြန်လည်ဖေါ်ထုတ်သွားချင်ပါကြောင်း ခွင့်တောင်းပါရစေခင်ဗျာ။ weiwei ရဲ့ ပို့စ်တွေက အများကြီး ရှိနေပါသည်။ တစ်ချို့ မာတိကာများ ခေါ်လို့မရပါသဖြင့် ဒီလောက်လေးကိုပဲ ကျွန်တော်တို့ ဂျူနီယာ များ လေ့လာဘို့ ပြန်စုစည်းပေးလိုက်ရပါသည် ခင်ဗျား။

ကမ္ဘာ့ အကြီးဆုံး ကျားရိုင်းဥယာဉ် ကြီး။

https://myanmargazette.net/30956/travel

Tibet ခရီးစဉ် ၇။

https://myanmargazette.net/47500/travel

Tibet ခရီးစဉ် ၆။

https://myanmargazette.net/47409/travel

လျှပ်တစ်ပြက်ရိုက်ချက်များ ၉။

https://myanmargazette.net/46660/travel

Tibet ခရီးစဉ် ၅။

https://myanmargazette.net/44456/travel

လျှပ်တစ်ပြက်ရိုက်ချက်များ ၈

https://myanmargazette.net/41395/travel

ရန်ကုန်မှာ ပွင့်တဲ့ချယ်ရီ

https://myanmargazette.net/43122/travel/photography-pictures-galleries-wallpapers-photo-tips

ဧဝရက်တောင်သွားတောလား

https://myanmargazette.net/30160/economic-news-international-news-news-industry-people-in-the-news-us-news-news

22 comments

  • ပေါက်ဖော်

    November 18, 2011 at 7:23 pm

    တော်သေးတယ်…
    နာ့ရဲ့..တိမ်မြုပ်နေတဲ့..ပေါက်တတ်ကရတွေ..မတူးဆွပေးတာ..
    နောက်ဒါနော့..အန်ကလယ်..တိုင်းကျူး

  • alinsett

    November 18, 2011 at 7:28 pm

    အားပေး ဖတ်ရှုသွားပါတယ် ..

    ဆက်လုပ်ပါဦး..။

    ခင်မင်စွာ

  • ခရီးသွားဆောင်းပါးတွေစရေးတာ မဝေကအရင်ရေးတာ။
    ဓါတ်ပုံတင်တာ မဝေက ကျနော့်ထက်အများကြီးစောတယ်လေ။

    • အီးတီ

      November 22, 2011 at 3:08 am

      ခွေးချစ်သူများအတွက် ခေါင်းစဉ်ကြားဖူးသလိုပဲ။

  • thit min

    November 19, 2011 at 7:01 am

    မဝေဝေ ဆိုတာ ဂေဇက်ကိုအသက်သွင်းတဲ့ ထင်ရှားသောဆရာမ တယောက်ဆိုတာ ကိုဘလက်က ခုမှသိတာလား။
    စေတနာ ပါပါနဲ့ ရေးတတ်တဲ့ သူစာတွေ ဂေဇက်မှာ ဖတ်သူတွေပိုလာအောင်ဂေဇက်နာမည်ရအောင် စွဲဆောင်နိုင်ခဲ့တာပါ။

  • blackchaw

    November 19, 2011 at 9:01 am

    အော် ကိုသစ်ရယ်။
    မသိပဲတော့ ဘယ်ရှိပါ့မလဲ။
    ဒါပေမယ့် ့highlight လုပ်ပေးသင့်တယ်ထင်လို့ လုပ်လိုက်တာပါဗျာ။
    သူကြီးက လင့်လေးချီးမြှင့်လိုက်တော့ အလွယ်တကူလေ့လာနိုင်တာပေါ့ နော။

    • thit min

      November 19, 2011 at 12:17 pm

      ဟုတ်ကဲ့ပါ ကိုဘလက်ရေ။
      အကယ်ဒမီ မင်းသမီးဘဲဗျာ။
      သိရမှာပေါ့။
      ကျနော်က ကိုဘလက်ကို Just Ask မေးကြည့်ရုံ ပါနော်။(^^)

  • blackchaw

    November 19, 2011 at 9:04 am

    သူကြီးအနေနဲ့ အဲဒီလို
    ဂဇက်မှာ တကယ် ရေးခဲ့ကြ ဝိုင်းခဲ့ဝန်းခဲ့တဲ့ ဆရာတွေရဲ့
    စာတွေကို တစ်စုတစ်စည်း လေ့လာနိုင်ဘို့
    လင့်လေးတွေ သီးသန့် ထားပေးပါလို့ တောင်းဆိုပါတယ်ဗျာ။

  • ဆူး

    November 19, 2011 at 10:14 am

    လင့် ရှာရတာ မခက်ပါဘူး အခု ကိုဘလက်ချောရဲ့ ပိုစ်မှာဆိုရင်လည်း နာမည်အောက်မှာ View all posts by blackchaw → ဆိုတဲ့ စာတမ်းလေး ပါတယ် အဲဒီ စာတမ်းလေးကို နိပ်လို်က်တာနဲ့ စာရေးသူ တင်ခဲ့သမျှ ပိုစ်တွေထွက်လာတတ်ပါတယ်။ အဲဒီ နည်းကတော့ တခါတရံ ဆာဖာ အပ်ပဒိတ် လုပ်တဲ့ အချိန်မှာ ရှိတဲ့ ပိုစ်တွေ လောက်ပဲ ထွက်လာတတ်လို့ အရှေ့ပိုင်းက ပိုစ်တွေ မပါတာတို့ ဘာတို့ ရှိတတ်တယ်။ တခြားနည်းနဲ့ ရှာရင်တော့ တင်ခဲ့သမျှ ပိုစ် မှန်သမျှ အကုန်ထွက်တယ် အဲဒါတော့ မပြောပြဘူး။

  • ကြောင်ကြီး

    November 19, 2011 at 11:06 am

    အန်တီဝေတင်တဲ့ ပို့စ်တွေကိုဖတ်ရတာ ကျားတကောင်အလား အားမာန်ပြည့်ဝ ရှိလှပါပေတယ်။ ဒါနဲ့ ကျားဆရာကို ဘယ်သူလို့ ပြောကြလဲ။။။။ 🙄

    • kai

      November 19, 2011 at 4:15 pm

      ဆရာ့ဆရာကြီးအစစ်က.. ကြွက်..တဲ့..။
      ကျားက..သစ်ပင်မတက်တတ်ဘူး။
      ကြောင်က..ကြိုးတန်းမလျှောက်တတ်ဘူး..။
      အဲဒါကြောင့်.. ပေါ့ဒစ်စနေက.. ကြွက်ကို.. ဆရာ့ဆရာကြီးအဖြစ် ရွေးထားတာတဲ့..။

  • blackchaw

    November 19, 2011 at 11:14 am

    thit min says:
    မဝေဝေ ဆိုတာ ဂေဇက်ကိုအသက်သွင်းတဲ့ ထင်ရှားသောဆရာမ တယောက်ဆိုတာ ကိုဘလက်က ခုမှသိတာလား။
    ဆူး says:
    လင့် ရှာရတာ မခက်ပါဘူး အခု ကိုဘလက်ချောရဲ့ ပိုစ်မှာဆိုရင်လည်း နာမည်အောက်မှာ View all posts by blackchaw → ဆိုတဲ့ စာတမ်းလေး ပါတယ် အဲဒီ စာတမ်းလေးကို နိပ်လို်က်တာနဲ့ စာရေးသူ တင်ခဲ့သမျှ ပိုစ်တွေထွက်လာတတ်ပါတယ်။

    ကျွန်တော့် မှာ ရေးစရာ ရှားနေလို့ ဒီပို့စ် ကိုတင်လိုက်တာ မဟုတ်ပါ။ လုပ်သင့်တယ်ထင်တာ ကို
    လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ ရွာသူား အသစ်တွေက ပို့စ်အဟောင်းတွေကို အပင်ပန်းခံ ရှာဖွေဖတ်ရှု
    တယ်လို့ ကျွန်တော် မယူဆပါ။ တစ်နေ့တစ်နေ့ တက်လာတဲ့ ပို့စ်အသစ်တွေကိုတောင် အလျင်မီအောင်
    မနည်း လိုက်ဖတ်နေရတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါကြောင့် ဂဇက်တံခါးစောင့်ပို့စ်မှာတောင် ထည့်မရေးလိုက်တော့ပဲ တမင် ပို့စ်တစ်ခုအနေနဲ့ တင်ဖြစ်လိုက်တာပါ။ ကျွန်တော့် ရည်ရွယ်ချက်က ဒီလိုပါ။
    ဟိုးတုန်းကရေးခဲ့ပြီး ဒီဘက်ပိုင်း ရွာသူားအသစ်တွေ လက်လှမ်းမမီတဲ့၊ မီရင်တောင် တကူးတက မရှာဖွေနိုင် ကြတဲ့ ပို့စ်လေးတွေကို ဖေါ်ထုတ်ပေးသွားချင်တာပါ။ ဥပမာ ကိုပေါက် တို့၊ လင့်ရှာရတာ မခက်ပါဘူး ပြောတဲ့ အန်တီဆူးတို့ (အခုပဲကြည့် သူကြီး ဖေါ်ထုတ်ပေးလို့ ခွေးသားပို့စ်လေး လူသိသွားပြီ)၊
    ရေးခဲ့တင်ခဲ့တဲ့ ပို့စ် အဟောင်းတွေထဲက အကောင်းလေးတွေ ပြန်ရှာပြီး ဖေါ်ထုတ်ပေးဘို့ပါ။
    အဲဒါကြောင့် ကျွန်တော့်ပို့စ်ထဲမှာတောင် ထည့်ရေးပြီး ခွင့်တောင်းထားပါသေးသည်။
    “အချိန်ရလို့ တတ်နိုင်လျှင် စီနီယာများ၏ ပို့စ်ကောင်းကောင်းလေးများအား ပြန်လည်ဖေါ်ထုတ်သွားချင်ပါကြောင်း ခွင့်တောင်းပါရစေခင်ဗျာ။”
    ပြန်ဖတ်ကြည့်ပါဗျာ။ အိုကေဗျာ။
    လိုရင်းရောက်အောင် မရေးနိုင်ခဲ့သော ကျွန်တော့် အပြစ်ပါ။

    • ဆူး

      November 19, 2011 at 11:26 am

      ရှာဖွေနည်း မသိမှာ စိုးလို့ အလွယ်ဆုံး နည်းကို ညွန်းပြတာပါ။
      တခြား ရည်ရွယ်ချက်နဲ့ ပြောတာ မဟုတ်ပါဘူး။
      အခုတလော အာရုံတွေ များလို့ စာသားတွေ ဖတ်ရတာ အဆင်မပြေဖြစ်ရင်တော့ တောင်းပန်ပါတယ်။
      တနေ့ကလည်း မမ ရဲ့ သူ့ကုသိုလ် ကိုယ့်ကုသိုလ် မှာလည်း ပြောချင်တာ က တမျိုး သဘောပေါက်သွားတာ တမျိုးဖြစ်သွားလို့ တခါ တောင်းပန်လိုက်ရသေးတယ်။
      ဒီတလော သိပ်မလွယ်ဘူး။ ဟူး…မောလတယ်.. မောလတယ်…

      • MaMa

        November 19, 2011 at 11:10 pm

        တောင်းပန်စရာမလိုပါဘူး ဆူးရေ။
        သူ့အလှူလား ကိုယ့်ကုသိုလ်လား မှာ ဆူးရေးတာကို တမျိုးမြင်လို့ မဟုတ်ပါဘူး။
        တယောက်တမျိုးအမြင်တွေကို ဖတ်ပြီး ခေါင်းကိုက်သွားတာကို ရေးတာပါ။
        ကိုယ်လည်း စာရေးမှားနေပြီလားမသိ။ 🙁

  • blackchaw

    November 19, 2011 at 11:16 am

    ကျားဆရာက အပေါ်မှာ ပုံ့ပုံ့ကြီး ထိုင်နေပါတယ်ဗျာ။

  • windtalker

    November 19, 2011 at 11:17 am

    “ မိဆွေ
    သင်ဖတ်ဖို ့စာ
    ကိုဘလက် စေတနာ
    ဂေဇက်သာယာ
    လာဖတ်ပါ ”

  • ကိုဘလက်ရေ
    အခုလိုအဟောင်းတွေပြန်ထုတ်ဖော်တာသဘောကျတယ်ဗျာ။
    လူသိပ်မသိခင်က ရေးခဲ့တဲ့စာကောင်းလေးတွေ ကို ကိုယ်တိုင်ပြန်ထုတ်လို့မကောင်းဘူးလေ။
    ဖတ်ပြီနှစ်သက်သူက ပြန်တာတော့ကောင်းတာပေါ့
    ဆက်လုပ်။

    • windtalker

      November 19, 2011 at 7:15 pm

      ဪ…စုံထောက်ကြီးဦးပေါက်ပေါက် ပါကလား
      ဟီဟိ

  • koyinmaung

    November 19, 2011 at 11:55 pm

    ကျနော်တို့မန်လေးဂဇက်ကိုစစွဲလမ်းခဲ့ရတာဆရာမဝေဝေရဲ့ကျေးဇူးတွေပါ ပါတယ်
    ဝေဝေနဲ့အန်တီဆူး တို့ရဲ့လက်ရာတွေအံမခန်းပါ….
    အတွဲညီတဲ့ညီအစ်မတွေပါဘဲ….

  • weiwei

    November 20, 2011 at 7:05 pm

    အခုမှမြင်မိတယ် ကိုဘလက်ရေ .. ဒါတောင်မှ ဒေါ်ဆူးက ဖုန်းဆက်ပြီးပြောလို့ ဖွင့်ကြည့်မိတာ ..
    ကျေးဇူးအများကြီးတင်ပါတယ် … အခုတလော အလုပ်တွေက များလာတော့ အရင်ကတော့ မရေးဖြစ်တော့ဘူး … ကျွန်မတင်နေကျ easy cook တွေတောင် မတင်ဖြစ်တာများနေပြီ …
    ကျွန်မက လိုင်းပေါင်းစုံရေးပါတယ် … ခရီးသွားနဲ့ easy cook ကို အဓိကထားပြီးတင်ဖြစ်တယ် ..
    အရင်တုန်းကတော့ ရွာထဲက သိပ်မစည်ကားတော့ ကျွန်မတို့က ပင်တိုင်ထားပြီး ရေးတင်ဖြစ်တယ် … ဘယ်သူမှတာဝန်မပေးပဲနဲ့ ကိုယ့်တာဝန်လို သဘောထားခဲ့ပါတယ် … အခုတော့ စည်ကားနေပြီဆိုတော့ စိတ်အေးလက်အေးနဲ့ ကိုယ့်အလုပ်ကို ပြန်အချိန်ပေးနေရတယ် …
    ဘယ်လိုပဲဖြစ်ဖြစ် ကိုဘလက်နဲ့တကွ အခုတလော ပို့စ်အရေးများတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ် …

Leave a Reply