Subic Bay မှ ကိုကိုးကျွန်းသို့ဘာကြေင့်ပြောင်းမလာခဲ့တာလဲ ?

သဂျီးမင်းထံပန်ကြားချက်၊

လေးစားအပ်သော၊ရုပ်ရည်ခန့်ချော၍ဥာဏ်ပညာဖြင့်ပြည်စုံနေသော သဂျီးမင်းခင်ဗျား(ဒီအတွက် point သတ်သတ်ပေးရန်မလို)[em:4:]

မာမာနဲ့မွှေးတဲ့ဆရာကြောင်ကြီး၏အဆိုအရ၊သဂျီးသည်စီအိုင်အေ(အပျော်တမ်း)ဖြစ်သည့်အတွက်[em:4:]၊ကျနော်မျိုး၏စိတ်ထည်း၌နှစ်ပေါင်း၂၀ကျော်ခန့်ကိန်းအောင်းနေတဲ့၊ဒီမေးခွန်းလေးရဲ့အဖြေကိုပေးနိုင်လိမ့်မည်ဟုယုံကြည်ပါသည်။

ဒီအကြောင်းအရင်းကအောက်ပါအတိုင်းဖြစ်ပါသည်၊

အများသိတဲ့အတိုင်း၊ဖိလစ်ပိုင်နိုင်ငံ၏ Subic Bay ဟာ ၁၉၉၁ခုနှစ်အထိ U.S.Naval Base ဖြစ်ခဲ့ဘူးသည်။

၈ လေးလုံးမတိုင်ခင်၁ နှစ်လား၂ နှစ်လားသိပ်မသေချာ၊ ကျနော်တို့အရပ်မှာပြန့်နေသည့်သတင်းလေးတခုကား၊ဖိလစ်ပိုင်သည်၁၉၉၁ ပြီးရင် U.S.ကိုဆက်လက်ပြီးမငှားရန်းပေးတော့ပါ၊သည့်အတွက် U.S.တွေကနေရာအသစ်လိုက်ရှာတဲ့အခါ၊ဗမာပြည်ကြီး၏ကိုကိုးကျွန်းကိုမျက်စိကျနေသည် (တချို့လည်းဗမာပြည်ကသွားရောက်ကမ်းလှမ်းခဲ့သည်ဟုဆို၏)၊ များမကြာမည်ထိုအချိန်တုံးကနိုင်ငံတော်ကောင်စီအတွင်းရေးမှူး(ဗမာ့သမိုင်းတွင်တဦးတည်းသော ၇ ရက်သမတ[em:29:])သည် U.S သို့သွားရောက်ခဲ့ပါသည်၊အဲဒီ Deal ကြီးဟာ၊အပေးအယူမတည့်လို့လား?

၈လေးလုံးကြောင့်ပျက်စီးသွားတာလာ? အစွန်းအစရှာရခက်သည်။

ကွန်မြူနစ်များ၏လေသံဖြစ်တဲ့ Yankee go home ! ဆိုသလိုပေါ့ ၊နောက်ဆုံးတော့၊ကုလားဖြူသည် Guam ကိုပြန်သွားရလေတော့သည်။

အဲဒီ Deal ကြီးသာတည့်သွားခဲ့ရင်၊ယခုကမ္ဘာ့အခြေအနေသည်မည်ကဲ့သို့ဖြစ်နေမည်နည်း?

အဲဒီ Deal ကြီးသာတည့်သွားခဲ့ရင်၊တရုတ်ပြည်ကြီးယခုကဲ့သို့ထောင်နိုင်ဦးမည်လော?

အဲဒီ Deal ကြီးသာတည့်သွားခဲ့ရင်၊တရုတ်ပြည်ကြီးသည်ဗမာပြည်ကိုချမ်းသာပေးပါ့မလား?

ဘာဘဲဖြစ်ဖြစ်တရုတ်ပြည်ကြီးသည်ကံကောင်းသွားသာတော့သေချာသွားသည်။

အထက်ပါအကြောင်းကို သဂျီးက ကျနော့်အားဥာဏ်ပွင့်သွားအောင်၊နဲနဲမိန့်ပေးပါလား။  [em:2:]

P.S. အဲဒီ ၇ ရက်သမတ ကြီးသည်တချိန်က၊ရှမ်းပြည်အရှေ့ပိုင်း၌ ကိုးကန့် များကိုကာကွယ်ရေးတပ်ဖွဲ့များဖွဲ့စည်းစေခဲ့ပြီး ဗကပ များကိုသံလွင်မြစ်၏အရှေ့ဘက်ကမ်းတွင်သာတန့်နေစေခဲ့သည်၊ကျနော့်အမြင်ကတော့ ဒီလူကြီးဟာအရည်အချင်းတော့ရှိပါသည်၊ ဆရာမကောင်းလို့လား?အချိန်အခါမကောင်းလို့လား?ကံမကောင်းလို့လား?ပြောရခက်သည်၊ တခါတလေစဉ်းစားမိရင်လည်သနားသည်။[em:29:]

ဘာဘဲပြောပြော ၈ လေးလုံးမှာသူတော့လွန်နေသည်။

 

 

နောက်ဆုံး အဆစ်အဖြစ်နဲ့လူကြီးများအတွက်ဟာသလေးတခုတင်ဆက်ပေးပါရစေ ။  [em:17:]

(လူကြီးများဆိုသည်မှာဗိုလ်များ၊အများပြည်သူကိုအနိုင်ကျင့်နေတဲ့အရာရှိကြီးများမဟုတ်ဘဲ၊ Adult ကိုဆိုလိုပါသည်)

ဆရာလည်းချွတ်မှတဲ့ [em:17:][em:17:] [em:17:]

ကျနော်တို့ထိုင်ဝမ်းနိုင်ငံမှာ OG (သားဖွားနှင့်မီးယပ်)ဆရာဝန်များသည်၊ များသောအားဖြင့်အမျိုးသားများဖြစ်ကြသည်။

တရက်တ၌တောရွာမှမိန်းမကြီးတယောက်သည်၊သားအိမ်ရောဂါကို ကုသရန်အတွက်၊ပိုမိုပြည့်စုံသောမြို့ကြီးမှာရှိတဲ့ဆေးခန်းကိုလာရောက်ပြသသည်။

ဆရာဝန်သည် Speculum နဲ့သားအိမ်ကိုကြည့်ရှုစမ်းသပ်ရမှာဖြစ်တဲ့အတွက်  ၊ဘေး၌ရှိသော assistant nurse မလေးက၊ထိုမိန်းမကြီးအားဘောင်းဘီချွတ်လိုက်ဖို့ပြောသည့်အခါ၊ ထိုမိန်းမကြီးသည်အတင်းငြင်းဆန်နေသည်။

assistant nurse လေးက “ အန်တီ~မကြောက်နဲ့ရှက်လည်းမရှက်နဲ့ကျမဘေးမှာရှိနေတဲ့ဥစ္စာ၊နော်~~ ” ဟုပြောဆိုသော်လည်းမရပါ၊

အတန်ကြာ၍ထိုမိန်းမကြီးပြောထွက်လာသောစကားတခွန်းသည်ကား

“ ဆရာလည်းဘောင်းဘီမချွတ်ဘဲနဲ့” တဲ့ဟေ့~~[em:16:][em:16:][em:16:]

ရယ်ချင်ရင်အဓိပ္ပါယ်အမျိုးမျိုးဖြင့်ဖွင့်ဆိုပြီးရယ်နိုင်ပါသည်၊

မရယ်ချင်ရင်လည်း၊မရယ်ဘဲနေလို့ရပါသည်။[em:3:][em:3:][em:3:]

 

အားလုံးကျန်းမာရွှင်လန်းကြပါစေ၊

ကျေးဇူးတင်ပါသည်။[em:2:] [em:2:] [em:2:]

 

About Don Juan Ronald

has written 23 post in this Website..

တတိယလူတန်းစား ( နိုင်ငံခြားသား )အဖြစ်ဖြင့်၊ ချမ်းသာကြွယ်ဝသော democratic ဗမာပြည် ကြီးမှာ၁၃နှစ်နှင့် မှောင်မှိုက်ညစ်ပတ်သောတပါတီအာဏာရှင်ဗမာပြည်ကြီးတွင်၂၉နှစ်၊နေထိုင်ခဲ့ဘူးသည် ။ ဗမာစာကိုခုနှစ်တန်းမှစတင်၍သင်ကြားခဲ့ပြီးသိပံ္ပဖြင့်အောင်ထားသည့်အတွက် ၊ ဗမာစာအရေးအသားမကောင်းပါ ၊ ပျော်ပျော်နေတတ်၍ “ Chinese ပေါ်ဦး ” ဟုဆရာမကတွင်စေခဲ့ဘူးသည် ၊ Date လွန်ဘိုးတော်တယေါက်ဖြစ်နေ၍ ၊၂၀ရာစုနှစ်အကြောင်းရေးလေ့ရှိပါသည်။

   Send article as PDF