ပါဖောမန် ့ကဗျာ

မောင် ပေNovember 18, 20111min9621

၁၅/၁၁/၂၀၁၁ မှာ ၊ “ ကျွန်တော်တို ့ချစ်သော မန်းတလေး ” စာပေဟောပြောပွဲ ကို ရောက်ဖြစ်ခဲ့ပါတယ် ။ မန်းတလေးမြို ့၈၄ လမ်း ၊ ၃၁ လမ်း ထောင့် က ဓမ္မသာလာ ခန်းမ မှာ ကျင်းပခဲ့တာပါ ။ အမှတ်ရစရာ တစ်ခုကတော့ ခန်းမ က ပြန်အထွက်မှာ ၊ လူသုံးကုန် (အမျိုးသားသုံး) ပစ္စည်းထည့်တဲ့ ကဒ်စက္ကူဘူးခွံလေး တစ်ခု ကောက်ရခဲ့တာပါပဲ ။ သူ ့နောက်ကြော အဖြူဘက်မှာ ဘောပင် မင်ပြာနဲ ့ရေးထားတဲ့ ကဗျာတစ်ပုဒ် ကို လည်း ဖတ်ရပါတယ် ။ ပါဖောမန် ့ကဗျာ လို ့ခေါ်လို ့ရမလားတော့ မသိဘူး ။
ကဗျာရေးတဲ့သူ နာမည်ကိုမတွေ ့ရလို ့အမည်မသိ အခုခေတ်စာဆို လို ့ဘဲ နာမည်တပ်ပါရစေ ။
ဂေဇက်ဝင်တွေနဲ ့ဂေဇက်လာတွေ အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

အဖြူဘက်မှာ ရေးထားတဲ့ကဗျာ
အဖြူဘက်မှာ ရေးထားတဲ့ကဗျာ

တစ်ဘက် မျက်နှာ
တစ်ဘက် မျက်နှာ

ရေးထားတဲ့ ကဗျာလေးကတော့
“ ဒါဟာ သိပ်ကြီးကျယ်မြင့်မြတ်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်လောက်ဘူး
ဒါဟာ လူတိုင်း အာရုံစိုက် တသသဖြစ်မယ့် ကိစ္စမျိုးလည်း မဟုတ်ဘူး
ဒါကို ကမ္ဘာကြီးကတော့ ကျေးဇူးတင်ချင်တင်မယ်
သူထပ်ထမ်းပိုးရမယ့် ခြေနှစ်ချောင်းကို ကာကွယ်ပေးခဲ့လို ့။
ဒါကို အိုဂျီဆရာဝန် နဲ ့ဆေးမလုံလောက်တဲ့ ဆေးရုံက ကျေးဇူးတင်မယ် ။
ဒါကို မိခင်နဲ ့ကလေး အဖွဲ ့က ကျေးဇူးတင်မယ်
ဒါကို အရွယ်မရောက်ခင် ကိုယ်ဝန်ရသွားမှာ စိုးရိမ်တတ်တဲ့ မိန်းမငယ်လေးတွေက
ကျေးဇူးတင်တယ် ။
ဒါကို ညဉ့်မှာ ကျင်လည်ကျက်စားတဲ့ ဖိနပ်စီးလေးတွေ က ကျေးဇူးတင်တယ်
ဒါကို လက်တွေ ့ကျကျ အသုံးချခဲ့တဲ့ ဒီကဗျာကိုရေးတဲ့ ငါလဲ ကျေးဇူးတင်ပါတယ် ”
ကဗျာရေးသူကိုတော့ အမည်မသိ အခုခေတ်စာဆို လို ့ဘဲ ရေးလိုက်ပါတယ် ။

21 comments

    • windtalker

      November 18, 2011 at 9:51 pm

      ဟုတ်ကဲ့ ၊ ပုံတွေ ပြင်လိုက်ပါပြီ ခင်ဗျ ၊ သဂျီးဆီက အာကေ ထပ်နှိုက်ပေးဦးနော်

  • ဒါပေမယ့် အပြင်ဆေးခန်းကရမ်းကုများကတော့ စိတ်ဆိုးမယ်။
    ဒင်းကြောင့် ဖောက်သည်တစ်ယောက်လျော့သွားလို့။

  • thit min

    November 19, 2011 at 6:45 am

    လောကမှာ ပိုက်ဆံ ကောက်ရတယ်။ ဟိုဟာဒီဟာကောက် ရတယ် ဆိုတာတွေကြားဘူးပေမဲ့
    “ကဗျာ” ကောက် ရ တယ်ဆိုတာတော့ ခုမှကြားဘူးတယ်။
    အမှတ်တမဲ့မနေတတ်တဲ့ စာကိုချစ်တတ်တဲ့ ကိုပေ ပဲကိုး။

  • aye.kk

    November 19, 2011 at 7:16 am

    ပညာတတ်တော့အတွေးနက်သည်..
    စာချစ်သူမို ့စာကိုမြင်တော့ကောက်မိသည်..
    “စာ“၏ တန်ဖိုးကား ဂူတစ်လုံးဘုရားတစ်ဆူပါပေတကား..။

  • blackchaw

    November 19, 2011 at 8:37 am

    ကိုသစ်မင်းပြောတဲ့
    ကဗျာကောက်ရသော ကိုပေ ကနေ
    ကဗျာ လေးတစ်ပုဒ် ဖတ်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • ပေါက်ဖော်

    November 19, 2011 at 9:48 am

    အမည်သိ..အလယ်ခေတ်စာဆို ဆိုလျင်တော့..နာ့ဂဗျာဘဲ..
    အခုခေတ်ဂဗျာ ဆိုတော့..ကပေ့ဂဗျာဘဲ ဖစ်ရမယ်..
    လူဂျိုး…. 😆

  • ကြောင်ကြီး

    November 19, 2011 at 11:58 am

    နယ်စပ်ကသွင်းလာတဲ့ တရုတ်ကွန်ဒုံးနဲ့ စီးပွားရှာဖို့ ကြော်ငြာ တဖက်လှည့် လာမထည့်နေနဲ့ မောင်ပေရေ။ အလုပ်ဖြစ်ချင်ရင် သဂျီးဆီ တိုက်ရိုက်ဆက်သွယ်၊ ပွိုင့်အစား ကွန်ဒုံးပေးဖို့ မားကက်တင်း ဆင်းကြည့်လိုက်။ လိုအပ်ရင် မစ္စတာဂီနဲ့ မစ္စာချောတို့ကို ဆက်သွယ်။ သဘောတူမှ သူတို့ကို နမူနာပေးနော်။ တော်ကြာနေ တခုမှ ရောင်းမထွက်ပဲ sample ပေးမလောက် ဖြစ်နေမယ်။ 😆

    • inz@ghi

      November 19, 2011 at 12:04 pm

      china sample လား …တုံးဝူး …
      တားတားတို့က ဝ.၀၂မမ ပဲ …
      (နောက်တာနော်…. ဝါဒနာရှင် ထင်နေဦးမယ် ခွိခွိ….)

      • ပေါက်ဖော်

        November 19, 2011 at 12:13 pm

        ပညာရှင် ဖြစ်နေဘီမလား
        တိနေဒယ်..တိနေဒယ်..
        😆

    • windtalker

      November 19, 2011 at 1:29 pm

      ဟေ့လူ(ကိုကိုကြောင်) ပုံကို new tab နဲ ့ဖွင့်ပြီး သေချာကြည့်ဦး
      ယူကေ ဗျ ယူကေ ၊ နာမည်ကိုက ရိုမန်တစ် တဲ့ ၊ ထရိတ်မတ် က လန်ဒန် တဲ့
      တရုတ်မ လိုချင်နေတာနဲ ့ဘဲ
      အားရှိ တွေ ့သမျှ made in china မှတ်မနေနဲ ့ဦး
      လောလောဆယ်တော့ အေးအေးလူလူ “စိတ်သာဒုံးဒုံးချနေဦးဗျို ့”
      ကျုပ် ကျောက်အောင်မှ ၊ ကိုကိုကြောင့်အတွက် ရှယ်စီစဉ်ပေးပါ့မယ်
      ဟီဟိ

  • windtalker

    November 19, 2011 at 1:34 pm

    တစ်ကယ့် သုံးစွဲသူ တွေ ကို တွေ ့မှ တွေ ့ရပါ့မလား လို ့စိတ်ပူနေခဲ့တာ
    ဟော..ပေါ်မယ့်ပေါ်တော့လဲ ၊ အခု သုံးယောက်တောင်မှ ဗျ
    တစ်ယောက်က တရုတ်ကွန်ဒုံး မလိုချင်ဘူးတဲ့
    တစ်ယောက်က ဝ.၀၂ မမ တဲ့
    တစ်ယောက်က ပညာရှင် တဲ့
    ဟီဟိ

    • inz@ghi

      November 19, 2011 at 2:02 pm

      ဂယ် က သည်လူရီး …သူသုံးပီး …
      အလဟသ မဖြစ်ရအောင် ကဗျာချရေးပီး
      မော်ဒန် ချိုးချလိုက်တာ မတိရင်ခက်မယ်
      ဟွန်း ….
      ဂီဂီ့ကိုများ ပညာရှင်လေး ဝ.၀၂ မမ လေးဘာလေးနဲ့

  • cobra

    November 19, 2011 at 1:41 pm

    အော်….
    အကိုရယ် လမ်းမှာအဲဒီဟာတွေ့တာကို
    အကိုကကောက်လိုက်တာပဲလား..
    ကဗျာကိုအရင်မြင်လို့ကောက်တာလား
    အခွံကိုမြင်လို့ကောက်လိုက်တာလား။

    • windtalker

      November 19, 2011 at 2:03 pm

      အမှန်က စမြင်ရတာ ပုံမှာ တင်ထားတဲ့အတိုင်း
      အဖြူဘက် မှာ စာတွေရေးထားတာတွေ ့လို ့၊ ကောက်ယူကြည့်ဖြစ်တာဗျ
      အစက ဘာညာ မှတ်နေတာ
      ဖတ်ကြည့်မှ ကဗျာ ဖြစ်နေလို ့
      တင်ဖြစ်သွားတာပါ ခင်ဗျာ

  • “ဘီလူးကြီး”ogre

    November 19, 2011 at 7:38 pm

    မောင်ပေ
    ဒါမျိုးတွေလဲမြင်တတ်ပါလားဗျ
    ကဗျာမကောက်ရခြင်နေပါဗျာ
    ငါးထောင်တန်တစ်ရွက်လောက်ကောက်ရရင်ကို ကျုပ်ကတော့ ..အိုလခေ ပဲ… 😛

  • aye.kk

    November 19, 2011 at 9:13 pm

    ကိုဝင်းတော့ကာသို ့..
    ဂေဇက်လေးကို
    ဝင်တဲ့အခါ
    ပျော်စရာဟာသလေးလဲပါ..
    ကွန်မင့်လေးတွေများများပေး
    ဦးနှောက်ရွှင်တဲ့ဆေး
    မလာတဲ့ခါ အားနာတာ(မအားရင်)
    နားလည်ပေးကြပါ
    ကဗျာလေးတွေ တင်ကာပေး
    ကျေးဇူးတင်တဲ့ဆေး…

  • Sonny

    November 19, 2011 at 11:45 pm

    ညီဝင်းတော့ကာ
    ကဗျာချစ်တတ်တာ
    စာချစ်တတ်တာ
    စာပေချစ်တတ်တာ
    မျက်စေ့ရှင်တတ်တာ
    သေချာတယ်။ မျက်စေ့တော့မလည်စေနဲ့နော်….
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ

  • unclegyi1974

    November 19, 2011 at 11:49 pm

    ကဗျာရေးသူကတော်ကာများကိုယ်တိုင်ဖြစ်နေမလားကွယ်

    • nozomi

      November 21, 2011 at 11:29 am

      ကျွန်တော်လဲ အဲဒီလို ထင်ကြောင်းပါ

      • windtalker

        November 21, 2011 at 12:17 pm

        ပြောဝူး / သိချင် / တော်ကာ ရန်ကုန် ကို လာတဲ့အခါ ဘီယာတိုက်မေး /
        ၄ ခွက်လောက် သောက်ပြီးရင် ဖြေတတ်တယ် ။
        ဟီဟိ

Leave a Reply