လမ်းကြောင်းသစ်နဲ့ NLD

Ko Ko AungNovember 18, 20111min1329

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ လမ်းကြောင်းသစ်ကို ချိုးကွေ့လိုက်ပါပြီ။

လူထုန္ဒေပြည်သွားလို့ လူတွေ ဝမ်းသာကြတယ်ပြောတယ်။ တကယ့်လူထုဆန္ဒက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော်ထဲ ရောက်ရေးမရောက်ရေးထက် လူထုရှေ့ ထင်ထင်ပေါ်ပေါ် စည်းရုံးဦးဆောင်စေလိုတာပါပဲ။

လွှတ်တော်က ကောင်းလွန်းလို့ လွှတ်တော်ကို ကြိုက်လွန်းလို့ မဟုတ်ပါဘူးနော်။ စစ်အစိုးရရဲ့ မသထာရေစာ ပြောဆိုနိုင်ခွင့်ကလေး ကန့်ကွက်နိုင်ခွင့်ကလေး အဆိုပြုနိုင်ခွင့်လေး နဲနဲရဘို့ လွှတ်တော်ထဲသွားရမှာမဟုတ်ပါဘူး။ အဆုံးတနေ့မှာ  ပြည်သူ့အာဏာကို ပြည်သူ့လက်ဝယ် အပြည့်အဝ ပြန်ရအောင်ယူဘို့ လွှတ်တော်ထဲသွားရမှာပါ။ အချိန်ယူရမှာသိပါတယ်။ ဒါပေမယ့် ပန်းတိုင်ဟာပန်းတိုင်ပါပဲ။  မျက်ခြေပြတ်ခံလို့တော့ မဖြစ်ပါဘူး။

ဒါကြောင့် ဇတ်ညွန်းသစ်က အခုမှ စ မှာပါ။

 

NLD တရားဝင် ရပ်တည်ပြီဆိုတာနဲ့ လုပ်စရာတွေက

ပြည်သူကို အသိပညာပေးရင်း စည်းရုံ့းဘို့

ပါတီကို ပိုမိုခိုင်မာ စံနစ်ကျအောင် အားကြီးအောင် ဖွဲ့စည်းတည်ဆောက်ဘို့

နောက်ရွေးကောက်ပွဲ နှစ်ဆက်အလွန်လောက်မှန်းပြီး လူငယ်ခေါင်းဆောင်တွေ မွေးဘို့

လွှတ်တော်ထဲက လုပ်ထုံးလုပ်နည်းတွေကို ရသလောက်ပြင်ဘို့ (ဥပမာ အပြန်အလှန်တိုက်ရိုက်ဆွေးနွေးမှု့ မရှိတာမျိုး)

ပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေး လူမှု့ရေး ပညာရေး စတဲ့အရေးအရာများ

ပြည်တွင်းငြိမ်းချမ်းရေး ၊ နိုင်ငံရေးအကျဉ်းသားများအရေး စတဲ့အရေးကြီးကိစ္စများ

လုပ်စရာတွေက အများကြီးပါ။ အဲဒီလုပ်စရာတွေအတွက် ကျွန်တော်တို့ပြည်သူများက ငွေအားလူအားနဲ့ အစွမ်းကုန် ဝိုင်းဝန်းပံ့ပိုးဘို့ အချိန်ရောက်ပါပြီ။ လူအားတွေလိုသလို ငွေအားလဲအလွန်လိုပါတယ်။ တနိုင်ငံလုံးဝင်ပြိုင်မယ့် ပါတီတရပ်အနေနဲ့ 2015 ရွေးကောက်ပွဲတခုတည်းစားရိတ်တင် သိန်းတစ်သောင်းခွဲမက လိုပါတယ်။ လက်ရှိလုပ်နေတဲ့ လူမှု့အထောက်အကူပြုလုပ်ငန်းတွေလဲ ဆထက်တမ်းပိုး တိုးချဲ့လုပ်ရပါဦးမယ်။ အခုပါတီလုပ်ငန်းဆောင်ရွက်သူတွေက ဗော်လံတီယာတွေပါ။ တသက်လုံးဗော်လံတီယာလို့မဖြစ်ပါဘူး။ တရားဝင်ပါတီတခုဟာ တရားဝင်ငွေစာရင်းနဲ့လည်ပတ်ရတာပါ။ ပြည်ပ အလှူရှင်တွေဆီကလဲ လက်ခံခွင့်မရှိပါဘူး။ ပြည်တွင်းသူဌေးကြီး တချို့က ပံ့ပိုးမယ်ဆိုလဲ မူသဘောအရ လက်ခံသင့် မသင့်ရှိပါသေးတယ်။ အကောင်းဆုံးက ပြည်သူများမှ ညီညီညွတ်ညွတ်ပံ့ပိုးဘို့သာ အသင့်ဆုံးပါ။ ဒီနေရာမှာလဲ သမိုင်းတာဝန်ကျေကြပါစို့လို့ ညီအကိုများကို တိုက်တွန်းလိုက်ပါတယ်။

ပြီးတော့ လွှတ်တော်ထဲသွားမယ့် အန်တီစုနဲ့ NLD ဘယ်လို အခက်အခဲ အကျပ်အတည်းတွေ ကြုံရဦးမယ်ဆိုတာ မှန်းလို့မရသေးပါဘူး။ သဲဖြူခင်းပြီး ရာဇမတ်ကာပေးလိမ့်မယ်လို့တော့ အယုံမလွန်ကြစေချင်ပါ။ စစ်+ကြံ့တွေ အကြောင်း အားလုံးသိပြီးသား ခံစားပြီးသားပါ။ သာမန်အခက်အခဲတွေအတွက်တော့ စကားလုပ်ပြောစရာမဟုတ်ပေမယ့် တချို့ အလွန်သိမ်မွေ့တဲ့ ကိစ္စများ (ဥပမာ တိုင်းရင်းသားများအရေး) တွေမှာ တရားခံရှာ ဓါးစာခံလုပ်ပြီး ချောက်ချနိုင်တာ ၊ သွေးခွဲနိုင်တာ တွေလဲ ရှိပါတယ်။ အရေးကြုံရင် သက်လုံကောင်းကောင်းနဲ့ အန်တီစုနဲ့ NLD ကိုဝန်းရံဘို့ စိတ်ထဲပြင်ဆင်ထားကြဘို့လဲ တိုက်တွန်းလိုပါတယ်။

ဒီကနေ့ကျွန်တော်တို့ ပြည်သူတွေ ကျေနပ်ဝန်းမြောက်ကြတယ်ဆိုရင်လဲ ကျွန်တော်တို့ရဲ့ ဝမ်းမြောက်မှု့ဟာ ပန်းတိုင်ရောက်လို့ တက်ထောင်ပြီး အောင်ပွဲခံတာမဟုတ်- တက်ပြင်ပြီး ပန်းတိုင်ဆီ ဦးတည်လှော်ခတ်ဘို့ အားသစ်လောင်းတာပဲ ဖြစ်ပါကြောင်း။

9 comments

  • koyinmaung

    November 19, 2011 at 3:54 am

    ဘာဘဲပြောပြောကျနော်တို့ကထောက်ခံပါတယ်
    စစ်အစိုးရကထောင်ချောက်တင်တယ်ဘဲပြောပြော
    ခုအချိန်မှာဒေါ်စုရဲ့နောက်မှာပြည်သူတွေအားလုံးရဲ့
    အင်အားရှိနေဘို့အရေးကြီးပါတယ်..
    စစ်အစိုးရတွေထဲမှာတင်တိုင်းပြည်ကောင်းစေချင်တဲ့
    သူတွေအများကြီးရှိတယ်ဆိုတာသိနေပါတယ်…….

  • timothy

    November 19, 2011 at 5:02 am

    ရွေးကောက်ပွဲဝင်ဘို့သိန်းသောင်းနဲ့ချည်ပြီးကုန်နိုင်ပါတယ်။
    မြန်မာပြည်သူလူထုသန်း၅ဝရှိရင်တယောက် ကျပ်တပ်ကျပ်ဘဲ ရံပုံငွေထဲလှူပါ။
    ၁ဝသန်၊သန်ိး၂ဝပြေးမလွတ်ပါဘူး။
    အမေစုကိုကျည်ငြိုလေးစားချစ်ခင်တဲ့လူထုရဲ့ရံပုံငွေနဲ့ရွေးကောက်ပွဲဝင်စေချင်ပါတယ်။
    သမ္မတအိုဘားမားရွေးကောက်ပွဲဝင်တုံးကလူထုလှူတဲ့ငွေအင်အားတောင့်လွန်းလို့ဘယ်သူမှသူ့ကိုမနိုင်နိုင်ဘူး။
    ငွေရေးကျေးရေးသိန်းသန်းချည်ပြီးကိုင်တွယ်ပြီးအလုပ်လုပ်တဲ့အခါမှာအဂတိလိုက်စား၊အလွဲသုံးစားလုပ်တာတို့
    သာမကြားရပါစေနဲ့။
    နှစ်၅ဝနီးပါးအကျင့်ပျက်စစ်အစိုးရလက်အောက်မှာပျက်ချင်းမကအကျင့်ပျက်နေတဲ့စိတ်ဓါတ်ဆိုးတွေကိုပျင်ကြပါ။
    အကျင့်ပျက်လာဘ်စားငါနဲ့ငါ့မိသားစုကောင်းစားရေးဘဲကြည့်နေရင်တော့အာဏာရျင်လက်အောက်က၁ဝသက်မလွတ်နိုင်ဘူးျမှတ်ပါ။

  • thit min

    November 19, 2011 at 6:22 am

    လူတဦးချင်း တယောက်ချင်းစီရဲ့ “တိုက်ခိုက်” စိတ်ဓာတ်တွေ “ဆင်ချင်တုံတရား” စိတ်ဓာတ်အဖြစ်
    ပြောင်းလိုက်ရတော့မဲ့အချိန်လို့ထင်ပါတယ်။

  • small cat

    November 19, 2011 at 6:51 am

    “”NLD တရားဝင် ရပ်တည်ပြီဆိုတာနဲ့ လုပ်စရာတွေက

    ပြည်သူကို အသိပညာပေးရင်း စည်းရုံ့းဘို့””

    အရေးအကြီးဆုံးထဲက အရေးအကြီးဆုံးပါ။

  • lwinmg

    November 19, 2011 at 9:10 am

    NLD လဲ လူတွေပါ ၊ timothy ပြောသလို အကျင့်ပျက် ချစား တွေနဲ့ ခေါက်ရိုးကျိုးနေတဲ့
    သူတွေ ရှိနေမှာ မလွဲပါ ၊ ပန်းတိုင် ရောက်ဖို့အတွက် လူကောင်းသူကောင်းများကို စံနစ်
    တကျ ခုကတည်းက ရွေးချယ် ထားသင့်ပါတယ် ၊ အခွင့်ရေးသမားတွေကလဲ နေရာအနှံ့
    ရှိနေတာပဲ မဟုတ်ပါလားဗျာ ။ timothy သတိပေးသလို မိသားစုအရေး ရှေ့တန်းတင်
    တတ်တဲ့ သူတွေလဲ ပါလာမှာ မြေကြီးလက်ခတ်မလွဲပါ ။ ခုကတည်းက သတိကြီးကြီး နဲ့
    ရွေးချယ် သင့်ပါကြောင်း ရှုထောင့်တနေရာမှ ဝင်ဖေါလိုက်ရပါတယ်ခင်ဗျား ။

  • ကြောင်ကြီး

    November 19, 2011 at 11:27 am

    ချစ်သူကို ရွှေနန်းထက်မှာ ထားချင်တယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့ဘဝဟာ ချို့တဲ့တာ မင်းအသိပါ၊ ချစ်သူကို လက်ဖျားနဲ့တောင် မထိရက်နိုင်ခင် အလှလေး ကျိုးပဲ့သွားရင် ကိုယ် ရင်ကျိုးရချည်ရဲ့။ ေဩာ်..တနေ့နေ့ ဝေးရမှာပဲ၊ နုံခြာတဲ့ နောက်ဆုတ်ဘဝနဲ့ ချစ်သူကို…… 😥
    ဖိုးချိုရဲ့ သီချင်းလေးကို သတိရလို့ ဆိုမိတာပါ။ လာ့ လာ လာ…..

  • Ko Ko Aung

    November 19, 2011 at 12:15 pm

    ဒီဆုံးဖြတ်ချက်ဟာ အန်တီစုနဲ့ NLD အတွက် လုံးဝမလွယ်ပါဘူး။ နာမည်ကို ချရင်းလိုက်ရတာပါ။ ပြန်လမ်းမရှိတဲ့လမ်းကို ရွေးခဲ့တာပါ။
    ဒါကြောင့် လုပ်စရာတွေကို ဆထက်ထမ်းပိုး တွန်းလုပ်လိမ့်မယ် လို့သာ မျှော်လင့်မိပါတယ်။

  • kai

    November 24, 2011 at 5:03 am

    Myanmar president won’t squash Suu Kyi’s political bid
    November 20, 2011

    By TAKESHI FUJITANI / Correspondent

    NUSA DUA, Indonesia–The president of Myanmar (Burma) has expressed expectations that pro-democracy leader Aung San Suu Kyi will be elected to parliament, suggesting that he won’t stand in her way if she wins.

    “She must be elected by the people. And if parliament elects her, then she becomes something. And that is according to the wishes of the people,” President Thein Sein told media organizations, including The Asahi Shimbun, on Nov. 19.

    Thein Sein, 66, who became president in March, gave his first interview a day after Suu Kyi’s National League for Democracy decided to take part in by-elections expected around March.

    The 66-year-old Nobel Peace Prize laureate is expected to run in the elections, in which about 50 seats will be contested.

    Thein Sein said when he met Suu Kyi for the first time in August in Naypyidaw, the capital of Myanmar, he asked her to “set aside (their) differences and work on common ground.”

    “For the welfare of the country, let’s work together,” Thein Sein told Suu Kyi. He said Suu Kyi accepted his request.

    Senior General Than Shwe, who led the military government until March, put Suu Kyi under house arrest for a total of 15 years and enacted legislation to block her participation in national politics.

    Thein Sein served as prime minister under Than Shwe.

    The U.S. administration of President Barack Obama has said Myanmar has made a progress toward democracy.

    Thein Sein welcomed the development and expressed willingness to improve relations with Washington through Secretary of State Hillary Clinton’s visit on Dec. 1-2.

    Clinton will become the first U.S. secretary of state to visit the Southeast Asian country in about 50 years.

    During a meeting with Thein Sein in Nusa Dua, Indonesia, on Nov. 18, Prime Minister Yoshihiko Noda said Japan plans to resume official development assistance to Myanmar.

    Thein Sein welcomed Japan’s decision and said he expects Japanese investments in Myanmar to grow in the future.

    (Takeshi Fujitani is chief of the Asian General Bureau.)
    By TAKESHI FUJITANI / Correspondent

    • ကြောင်ကြီး

      November 24, 2011 at 9:14 am

      သံမဒဂျီးက ဒေါ်စုကို စကွက်ရှ်လို့ မရတိုင်း သူများကို ဖိစကွက်ရှ်နေတာ ခံရသူတွေမှာ သေတော့မယ်။ 😡
      ဦးခွန်ထွန်းဦးအား မြစ်ကြီးနားထောင်၍ နှစ်ညနားပြီး မန္တလေးထောင်သို့ လေယာဉ်ဖြင့်ပို့။ အိုးဘိုထောင်တွင် တညထားပြီး တောင်ငူထောင်သို့ ယမန်နေ့ မနက်ပိုင်းရောက်ရှိ။ နားတဖက် လုံးဝမကြားရ၊ နားကြားကိရိယာ၊ ဆေးဝါးများဖြင့် မိသားစု ထောင်ဝင်စာ တွေ့ခွင့်ရ။ ရှမ်းသံတော်ဆင့် သတင်းဌာန။။။
      ——————————————————————–
      အရှင်ဂမ္ဘီရမှာ အကျဉ်းထောင်အတွင်း စိတ်ရောလူပါ ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် စိတ်ဒဏ်ရာရှိသွားခြင်း ဖြစ်သည်ဟုလည်း မိသားစုက ယုံကြည်နေသည်။ “ထောင်ထဲမှာ တလလုံး လက်ရောခြေရော ခတ်ထားပြီး ထိုင်ခုံမှာပဲ အပေါ့အလေးသွားခိုင်း၊ ခေါင်းကို အိတ်အမဲ စွတ်ပြီး တုတ်နဲ့ရိုက်၊ ဒီဒဏ်ရာတွေက နည်းမှ မနည်းတာ။ ဒဏ်ရာတွေ ပေါ်လာရင် သူတို့က အိပ်ဆေးထိုး ဖြေရှင်း တာ။ လွတ်လာတဲ့သူတွေ ပြောပြတာ ပေါ့နော်။ ဦးဇင်းကတော့ အမတို့ကို မပြောဘဲ ထိန်းချုပ်ထားပုံရတယ်။” ဟု မခင်သူဌေးက ဆိုသည်။ mizzima news

Leave a Reply