ဒေါ်အောင်ဆန်းစုကြည် နှင့် လူထုတရပ်လုံး တို့၏ လူသစ်၊ စိတ်သစ် နှင့် အနာဂါတ်မြန်မာပြည်သစ်ဆီသို့

maungmoenyoNovember 19, 20111min15718

အများရဲ့သဘောတူညီပြီးသားအချက်ကို လူနဲစုက အလေးဂရုပြုရတဲ့ကိစ္စက လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ အပြောတော့လွယ်ပါတယ်။ ဒီလိုသဘောတူထားတဲ့ကိစ္စ ကိုလိုက်နာပြီး အောင်မြင်အောင်ဆောင်ရွက်နိုင်ဘို့ ကပိုလို့တောင်ခက်ပါသေးတယ်။ နိုင်ငံရေးအာဃာတတွေ ဘေးချိတ်ရမဲ့အချိန်ဖြစ်ပါတယ်။ တရားသေဆုတ်ကိုင်တဲ့ ဝါဒကိုခဝါချရမဲ့အချိန်ရောက်ပါပြီ။ ငါ့ကိုဒုက္ခရောက်အောင်လုပ်ခဲ့တဲ့၊ ငါ့မိသားစုကို လမ်းဘေးရောက်အောင်လုပ်ခဲ့တယ်ဆိုတဲ့ ခံစားခဲ့ကြရတဲ့ ဝေဒနာတွေ ဟာ နာကျင်စရာကိစ္စ၊ နစ်နာတဲ့ကိစ္စ၊ ကိုယ့်အကျိုးနဲခဲ့ရတဲ့အဖြတွေမှန်ပေမဲ့၊ ခေတ်တွေပြောင်းခဲ့ပါပြီ။ ဒီလိုဘဲ ဘေးထိုင်၊ ဘိုင်ကျ၊ ဘုပြောတဲ့ ဘဝတွေနဲ့ဘဲ ဆက်ပြီးစခန်းသွားကြမလား။ ဒါကိုစဉ်းစားကြရမဲ့အချိန်ရောက်နေပါပြီ။ နောင်ပေါက်ဖွားလာကြမဲ့ သားစဉ်မြေးဆက်တွေအတွက်ကောင်းမွေ တွေပေးဘို့အချိန်ကျပါပြီ။ ခြံစည်းရိုး ခွထိုင်တဲ့အယူအဆ၊ ခြံခုန်တဲ့ အမြင်မျိုးတွေ လို့သတ်မှတ်လို့မရတော့ပါဘူး။ လက်ညှိုးထိုးတရားခံရှာရမဲ့ လက်တွေ့မကျတဲ့ တောင်းဆိုချက်တွေ ကိုဘေးချိတ်ရမဲ့အချိန်ကျပါပြီ။

 

ဒေါ်စု ဟာ လက်ရှိအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့တဲ့အတွက်၊ ဆွေးနွေးချက်တွေထဲမှာ လက်သင့်ခံလောက်တဲ့ လက်တွေ့ကျတဲ့ ကမ်းလှမ်းချက်တွေပါလာပုံရပါတယ်။ လက်ရှိအစိုးရဟာ ဒေါ်စုလက်တွဲပါဝင်လာရေးကိုလိုလိုလားလားရှိလာတဲ့ပုံ ထင်ရှားလာပါတယ်။  သူရဲ့မိန့်ခွန်းတွေမှာ ဒီမိုကရေစီကို ရေလဲနဲ့သုံးခဲ့ကြတဲ့ လူထု နဲ့ သူနောက်လိုက်တွေကိုပါ ဒီမိုကရေစီဆိုတာ အပြော လွယ်သလောက် လိုက်နာရဘို့ခက်တဲ့အကြောင်းသက်သေထူလိုက်တာပါဘဲ။

 

လူထုကလဲဒုက္ခပင်လယ်ဝေတာ ရာစုတဝက်ကျော်ပြီ။ တက်သမျှအစိုးရအဆက်ဆက်ကလဲ ကိုယ့်ဘို့ကိုယ်ကြည့်ကြတဲ့တံခါးပိတ်ဝါဒသမားတွေ ဖြစ်နေတာတွေ ကိုလူထုကခါးဆီးခံနေရပြီ။ လက်ရှိအစိုးရ ရဲ့ကမ်းလှမ်းချက်က တော့ သဘောရိုးပုံ ရှိတယ်လို့ခန့်မှန်းမိကြသလောက်ပါဘဲ။

 

ထားပါတော့ တကယ်ဘဲ ဒေါ်စု၊ NLD နဲ့ လူထုတရပ်လုံးကိုထောင်ချောက်ဆင်တယ်ဘဲထားပါတော့။ ဘာဖြစ်သလဲ ….. အတွင်းစည်းဝိုင်းထဲရောက်ပြီမို့…ပြင်နိုင်စရာတွေ မြင်နေရပါတယ်။ လာမဲ့ ASEAN chairmanship နဲ့ SEAP Games တွေကြောင့် အစိုးရအနေနဲ့ မဟုတ်တာတွေ သိပ်လုပ်နိုင်မယ်မထင်။ အမေရိကအစိုးရရဲ့အဆင့်မြင်ဆုံ ခေါင်းဆောင် secretary Clinton ရဲ့ခရီးစဉ်ဟာ အနောက်ရဲ့ ကြီးမားတဲ့ ခြေလှမ်းတခုဆိုတာမြင်သာနေပါပြီ။ သူနဲ့ပါဝင်လာတဲ့သူတွေဟာ အရင်လာကြတဲ့အရာရှိတွေလို မြန်မာနိုင်ငံအကြောင်း ဝ,တလုံးနားမလည်ကြသူတွေချည့်မဟုတ်တော့ပါဘူး။ မြန်မာပြည်ဖွား၊ မြန်မာ့အရေးကိုလေ့လာနေကြတဲ့ အမေရိကအစိုးရရဲ့အထက်တန်းအရာရှိတွေပါလာကြပါလိမ့်မယ်။ သူတို့တွေက ပြည်ပရောက်နေပေမဲ့၊ မြန်မာနိုင်ငံသားတယောက်လိုခံစားတ်မြင်တတ်တဲ့သူတွေပါလာကြမှာမို့၊ အရင်ကလိုဖြီးလို့မရတော့ပါဘူး။ နောက်တခု အင်အားကြီးတဲ့ ကျောထောက်နောက်ခံ တခုကို ဒေါ်စု နဲ့ လူထုကရနေပါပြီ – စတုတ္ထမဏ္ဍိုင် လို့ခေါ် တဲ့ Media ကရှိနေပြီလေ။

ခုချိန်မှာတော့ နောက်ပြည်လှည့်လို့မရတဲ့ ဦးတည်ချက်တခုကို မြန်မာပြည်ကြီးရျွေလျားနေပြီ ဆိုတာ…..။

18 comments

  • small cat

    November 19, 2011 at 9:34 am

    ကောင်းမွန်သော ခြေလှမ်းအစ ဟာ
    ကောင်းမွန်သော ခြေလှမ်းအဆုံးတိုင်ရောက်ပါစေကြောင်း
    ပြင်းပြသော ဆန္ဒများဖြင့် ဆုတောင်းပေးနေပါတယ်။
    လမ်းဘေးမှာထောင်ထားတဲ့ ဆောင်ပုဒ်(ဆိုင်းဘုတ်) အကြီး ကြီးထဲကလို
    အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးဆိုသို့
    မလွဲမသွေ ရောက်ရှိပါစေသော် ဝ်…………….

  • maungmoenyo

    November 19, 2011 at 11:21 am

    အားကစားကိစ္စ..မောင်ပိုင်သိမ်းချင်တာ…စွယ်တော် ပင့်တာကအစ…..”ဆို၊က၊ရေးတီး” တွေ မှာလဲပေါ့……ရှိသမျှကိစ္စ အစိုးရကဝင်လက်ဝါးကြီးအုပ်တာကအစ ပေါဗျာ….ပြင်စရာတွေ…ပြင်စရာတွေ….
    အနောက် ကပြောတဲ့ လမ်းဖွင့်ပေးရမယ်ဆိုတာ….ဒါတွေလက်ဝါးကြီးအုပ်တာတွေ…လက်ရှောင်စရာတွေ…..
    တခြားလုပ်စရာတွေ အများကြီးကြီးပါ…စီးပွားရေးကိစ္စ၊ လူထုဘဝလုံခြုံမှု ပြည့်ဝဘို့…ပညာရေး၊ ကျန်းမာရေး၊လုံခြုံရေး..စသဖြင့်ပေါ့…..

  • ကြောင်ကြီး

    November 19, 2011 at 11:41 am

    ဒေါ်စုကို နိုင်ငံရေးသမားထက် ရိုးသားလှတဲ့ အမျိုးသားခေါင်းဆောင်အဖြစ်နဲ့ သူ့ကို ပုဂ္ဂိုလ်ရေး၊ မူဝါဒရေး ပေါင်းစုံထိုးနှက်မှုများကို ကိုယ့်တာဝန်တခုသဖွယ် ထမ်းဆောင်ခဲ့တယ်။ နိုင်ငံရေးပရိယာယ် မကြွယ်ဝ၊ မပါးနပ်ဆိုတဲ့ ဝေဖန်ချက်များကို ရိုးသားမှု စေတနာအရင်းခံဆိုတဲ့ စိတ်ဓာတ်ကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချတွန်းလှန် ပစ်ခဲ့တယ်။ ကျနော့်လို အရေးမပါပေမဲ့ တတ်နိုင်သလောက် တဖက်တလမ်းမှ လုပ်ဆောင်ပေးနေသူ အညတရ (ယောင်ဝါးဝါးလို့ မြင်လည်းရတယ်၊ မနာတတ်ဘူး 😀 ) များစွာရှိပါလိမ့်မယ်။ ဒီနေ့ ဒေါ်စုဆုံးဖြတ်ချက်အရ နိုင်ငံရေးခေါင်းဆောင်တယောက် အနေအထားသို့ ကူးပြောင်းသွားပြီလို့ မှတ်ယူပါတယ်။ အခုအချိန်အထိတော့ ပြည်သူလူထုတရပ်လုံး၏ ခေါင်းဆောင်၊ ကျနော်တို့၏ ခေါင်းဆောင်ဖြစ်ဆဲပါ။ သို့သော် ယခင်ကလို ဘာဖြစ်ဖြစ် ကာကွယ်ရမယ်ဆိုတဲ့ အမြင်မျိုးကိုတော့ စွန့်လွှတ်လိုက်ပါပြီ။ နိုင်ငံရေးသမားများ ပြောသလို တူတာတွဲလုပ်၊ မတူတာခွဲလုပ်ဆိုတဲ့ စကားအတိုင်း သွားကြဖို့သာ ရှိပါသည်။ လွတ်သွားတဲ့ နေရာလပ် vacuum ကို ဝင်လာဖြည့်နိုင်မည့် ခေါင်းဆောင်၊ အဖွဲ့အစည်းတရပ်ကို အားတက်သရော စောင့်မျှော်လျက်ရှိပါသည်။

  • Ko Ko Aung

    November 19, 2011 at 12:04 pm

    -နိုင်ငံရေးလုပ်ရာမှာ ပါးနပ်ဖို့ ကောင်းကျိုးနဲ့ ဆိုးကျိုး သီးခြားစီ ခွဲခြားရှု့မြင်ဘို့လဲ အရေးကြီးလှပါတယ်။

    အန်တီစုရဲ့ ဒီဆုံးဖြတ်ချက်ဟာ ပါတီအကျိုးထက် တိုင်းပြည်အကျိုးကို ပိုဦးစားပေးလိုက်တဲ့ အစဉ်အလာကောင်း တခုလို့လဲ မြင်မိပါတယ်။

    ပြီးတော့ အဲဒါဟာ မြန်မာ့သမိုင်းမှာ မရှိဘူးသေးတဲ့ အစဉ်အလာလဲဖြစ်ပါတယ်။
    1948-1962 တုန်းက ပါလီမန်ခေတ်က အဖြစ်တွေကို သင်္ခန်းစာထုတ်ကြည့်နိုင်ပါတယ်။
    ကိုယ်မှသာ ကိုယ်ကြိုက်သလိုလုပ်မှသာ တိုင်းပြည်အကျိုးဆောင်ရွက်နိုင်မယ်လို့ ငါတကောကောရင်း တိုင်းပြည်ရေတိမ်နစ်ခဲ့ရတယ်။

    အန်တီစုကို အရင်က ယုံကြည်ရုံမျှပဲ။ အခုတော့ ပိုအားကိုးမိပါတယ်။

  • koyinmaung

    November 19, 2011 at 1:41 pm

    ဒေါ်အောင်ဆန်းစုကြည်နဲ့ပါတ်သက်ပြီးဟစ်တိုင်မှာမောင်မောင်ဝမ်ရဲ့ဆောင်းပါးတပုဒ်ဖတ်ရပါတယ်
    တောင်အာဖရိကနိုင်ငံရဲ့နယ်ဆင်မင်ဒရဲလားနဲ့သူးဇနီးအကြောင်းကို လက်ရှိကြုံတွေနေရတဲ့
    ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ရပ်ကိုနှိုင်းယှင်ပြသွားတာပါ…ဖတ်ကြည့်ကြစေချင်ပါတယ်
    ( http://www.hittai.net/?show=rm&fileid=123&t=home5&id=5 )

    • maungmoenyo

      November 20, 2011 at 12:02 pm

      ဟုတ်လိုက်လေ…။ ခက်တာက အချို့အချို့သော နိုင်ငံရေးအတိုက်အခံ (ပြည်ပရောက်များအပါအဝင်) အင်အားစုများဟာ မိမိကိုယ်တိုင်၊ (သို့) ကိုယ့်မိသားစုအလိုက် စစ်အစိုးရရဲ့ ဖိနှိပ်မှုအစုံကို ခါးဆီးခံကြရတဲ့ အတွေ့အကြုံတွေ ကြောင့် အစိမ်းရောင်မြင်ရင် မကြားချင်မမြင်ချင်အောင်ကို မုန်းတီးနေရပါတယ်။ သူတို့က တိုက်ရိုက်ခံစားခဲ့ကြရတဲ့ ကာယကံရှင်တွေမို့လား။ ဒါပေမဲ့ဒီအချိန်ဟာ အားလုံးဝိုင်းကြဝန်းကြရမယ့်အချိန်ဖြစ်ပါတယ်။ အခွင့်အရေးဆိုတာ(၂)ခါမလာပါဘူး။ ဒါဟာ လကိရှိအစိုးရအတွက်ရော၊ အတိုက်အခံအဖွဲ့အစည်းတွေအားလုံးအတွက်ပါ။
      အရေးကြီဒတာက အနာဂါတ်မြန်မာနိုင်ငံ မှာ ခေတ်ပညာတတ်လူငယ်တွေကို အုပ်ချုပ်ရေးကဏ္ဍမှနေရာပေးဘို့အထူးလိုပါတယ်။ လက်ရှိလူကြီးပိုင်းကသူတို့အတွက်လမ်းဖယ်ပေးဘို့လိုနေပါပြီ။
      အဖက်ဖက်ကရစရာမရှိအောင်နောက်ကျကျန်ခဲ့တဲ့အဆင့်တွေကို ပြန်နေရာရယူဘို့ ပညာတတ်တွေကိုနေရာပေးရပါမယ်။ ခေတ်ဟောင်းက အတွေးခေါ်ဟောင်းတွေ၊ အာဃာတတွေ၊ တယူသန်ဝါဒတွေခဝါချရမဲ့အချိန်ရောက်နေပါပြီ။

  • zaymdy

    November 19, 2011 at 2:13 pm

    ဒေါ်အောင်ဆန်းစုကြည်ကို မျှော်လင်.တယ် အားကိုးမိတယ် နိုင်ငံရေး ပညာရေး စီးပွားရေး နေရာတွေမှာ လုပ်ပိုင်ခွင်.ပေးစေချင်တယ်ဗျာ…

    • maungmoenyo

      November 20, 2011 at 12:06 pm

      သူဟာ နိုင်ငံရဲ့မျှော်လင့်ချက်ပါ။ သူ့ကိုလက်ရှိအစိုးရအကြီးအကဲတွေက အရေးပါတဲ့ကဏ္ဍတွေမှာ တန်းတူသဘောထားဆက်ဆံရင်၊ သူ့ရဲ့အယူအဆတွေ ကိုအကောင်အထည်ဖေါ်ရာကိစ္စတွေမှာ နေရာတွေရလာရင် ဒီလို ပညာရေး၊ ကျန်းမာရေး၊ ပညာရေးတွေ လှိမ့်ဝင်လာမှာမလွဲပါဘူး။
      လုပ်စရာတွေက အတော်များပါတယ်….

  • သော်ကြီး

    November 19, 2011 at 6:51 pm

    ပြည်သူလူထုကိုပါ ပညာတွေပေးဖို့၊အသိပညာအရည်အသွေးမြင့်မားဖို့ပြောပေးစေချင်တယ်ဗျာ။ – ခေါင်းဆောင်တွေဘယ်လောက်ကောင်းကောင်း နောက်လိုက်ကောင်းမရှိရင် ခေါင်းဆောင်ကောင်းတွေ- ရဲ့စီမံချက်တွေ မအောင်မြင်ဖြစ်တတ်ပါတယ်။ အနာဂတ်နိုင်ငံတော်ကြီးမှာ ပြည်သူတွေလည်း အသိဉာဏ် -ရင့်သန်ရပါမယ်။ ဗဟုသုတတွေ ရှိနေရပါမယ်။ ပြည်သူတွေကရွေးချယ်တဲ့ စနစ်ဖြစ်တဲ့အတွက် ရွေးချယ် တဲ့ပြည်သူတွေမှာ အသိဉာဏ်၊ဆင်ခြင်တုံတရား၊ဆုံးဖြတ်ချက်မှန်ကန်ပါမှ ခေါင်းဆောင်ကောင်းတွေကို – ရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်။ အောက်ခြေအဆင့်ပြည်သူတွေကို အသိပညာ၊ဗဟုသုတတွေကို လေ့လာ ကြဖို့ ပြောပြချင်ပါတယ်။

  • maungmoenyo

    November 20, 2011 at 12:18 pm

    internet ဝက်ဆိုက်တွေမှာ၊ ပြည်ပသာမက ပြည်တွင်းကလူငယ်တွေအတော်များများရဲ့ရေးသားချက်တွေဟာ အမှန်ပြောရရင်အတွေးအခေါ်ပိုင်းမှာ အဆင့်မြင့်လာတာကို အံ့ဩရမလောက်တွေ့ရပါတယ်။ သူတို့လေးတွေရဲ့ အတွေးအမြင်ဗဟုသုတတွေဟာ နိုင်ငံတကာအဆင့်မှီဖြစ်နေတာကိုခန့်မှန်းမိပါတယ်။ အရေးကြီးတာက ပြင်ပကမ္ဘာကိုဘယ်လောက်အထိတံခါးဖွင့်နိုင်မလဲဆိုတဲ့အချက်ပါဘဲ။ တပြိုင်ထဲမှာဘဲ မလိုလားအပ်တဲ့ ပရောဂတွေ ဒွန်တွဲပြီးဝင်လာမှာကို ကြိုတင်မြင်တတ်ကြဘို့လိုပါတယ်။ လက်ရှိပညာရေး နဲ့ယဉ်ကျေးမှုတွေကိုကျိန်းသေပေါက်ပြင်ဘို့လိုပါတယ်။ အသွားအပြန်ရှိတဲ့ နည်းပညာပေးစနစ်တွေထွန်းကားလာဘို့ကအစပေါ့။
    ဒေါ်စုနေရာရလာသသည်နှင့်အမျှ ဒီတိုးတက်ဖြစ်ပေါ်မှုတွေ နေရာယူလာလိမ့်မယ်ဆိုတာ….

  • kai

    November 20, 2011 at 2:34 pm

    နှုတ်တရာ စာတလုံးတဲ့..
    စာတထုပ်.. ရုပ်တရုပ်ပါပဲ..
    အောက်က အရုပ်ကလေး… ကြည့်ပါ..။ 🙂

    • maungmoenyo

      November 21, 2011 at 7:40 am

      အဲ့ဒါပြောတာပေါ့…နိုင်ငံရေးအာဃာတဆိုတာ…။ ကုရခက်တဲ့ ရောဂါပါ။ ဒါပေမဲ့လေ…နိုင်ငံရေးသမားဆိုတာလဲ လောကီသားဘဲ..။ ဘသားနဲ့ထုထားတာမို့လဲ…။ ကိုယ်တိုင်ထောင်ကျခံ၊ မိသားစုလိုက်ဘဝပျက်ခံခဲ့ရတဲ့ဒုက္ခက တသက်မေါနိုင်လောက်တဲ့ အဖြစ်တွေမဟုတ်လား။ ဒါပေမဲ့ ရေရျည်ကိုကြည့်ရမဲ့ အချိန်ရေကြ်လာပါပြီ။ အိုက်တင်ခံရမဲ့ကိစ္စမဟုတ်တော့ပါဘူး။ ငါ..ဆရာကြီးမလုပ်ရလို့ဆိုတဲ့…မစ္ဆရစိတ်တွေ ဖျောက်ရမဲ့အချိန်ရောက်နေပါပြီ။ ပြည်ပရေည၊ ပြည်တွင်းရော၊ နယ်စပ်တွေမှာရှိကြကုန်သော အတိုက်အခံတွေ ပြည်တွင်းကိုအစုလိုက်ဝင်ပြီး၊ လက်ရှိအစိုးရနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး စကားပြောသင့်ချိန်ရောက်ပါပြီ။ ရွေးကောက်ပွဲကိုဝင်ကြည့်ကြဘို့လိုပါပြီ။
      ဟုတ်ပါတယ် (၂၀ဝဂ)ဖွဲ့စည်းပုံဟာ ပြစ်ချက်တွေ ဗလပွနဲ့ပါ။ ဒါပေမဲ့ အဲ့ဒါကိုခနမေ့ထားကြရအောင်။
      ဒေါ်စုရဲ့ strategy ကိုလေ့လာကြည့်ပါတယ်။ all or none မူဝါဒနဲ့လမ်းကိုရွေးထားပါတယ်။ မဝင်ရင်လုံးဝမဝသ်ဘူး။ တင်မိမှတော့ ဝင်မယ်။ မဲဆန္ဒနယ်တိုင်းမှာဝင်မယ်။ တခုဘဲ မေးမယ်။ မဲကိစ္စ ရှင်းရှင်းလင်းလင်းရှိမလား။ ဒါမေးခွန်းတခုဘဲ။ အုံလိုက်ဝင်ကြရင် ကိုယ်မျှော်လင့်တဲ့အခြေအနေ မရောက်ခံနိုင်ရိုးလား။

    • htoosan

      November 21, 2011 at 9:44 am

      ဦးကြောင် က ဘယ်တစ်ယောက်လဲ ဟင်…

  • kai

    November 21, 2011 at 4:28 am

    အောက်ကစာကို ကိုမိုးသီးဇွန်ဘလော့ဂ်က ကူးယူဖေါ်ပြပါတယ်..။
    ဖတ်သင့်တယ်ထင်လို့ပါ..။
    အင်္ဂလိပ် အပြည့်အစုံဖတ်ချင်ရင်တော့ အောက်က ဝိကီမှာကြည့်ပါ..။
    http://en.wikipedia.org/wiki/Prisoner%27s_dilemma
    ====

    ဒေါ်အောင်ဆန်းစုကြည်၊ရှမ်း၊ကရင် နဲ ့ Prisoner Dilemma

    နအဖ က အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်၊ ဒီကေဘီအေ၊ ရှမ်း တို ့ကို တဖွဲ ့စီသီးခြားခွဲ ပြီး တွေ ့ဆုံဆွေးနွေးနေကြပါတယ်။ ဒီအဖွဲ ့ကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှုရှိစေချင်ပါတယ်။ ဒါကို နအဖ က ခွင့်ပြုသင့်ပါတယ်။ ဒီအဖွဲ ့တွေ ကိုခွဲ ပြီး တဖွဲ ့ချင်း ဆွေးနွေးနေပုံက Prisoner Dilemma အခြေနေ ဖြစ်နေပါတယ်။ တော်လှန်ရေးအဖွဲ ့တွေရဲ ့အကြပ်အတည်း ကနေ ထောင်သားတွေရဲ အကြပ်တည်း မဖြစ်စေဖို ့သတိပြုဖို ့လိုပါတယ်။ Prisoner Dilemma ဆိုတာက ကမ္ဘာကျော် ဥပမာတခုဖြစ်တယ်။ နိုဘယ်ဆုရခဲ့တဲ့ စီးပွားရေးပညာ (တကယ်ကသချာင်္ပညာရှင်) ရှင်ဂျွန်နပ် က သူရဲ ့ Game Theory သီအိုရီကိုရှင်းပြစဉ်က
    အသုံးပြုသွားတဲ့ဥပမာဖြစ်ပါတယ်။ နောက်ပိုင်းမှာ စီးပွားရေးတွင်မက ၊နိင်ငံရေးမှာပါဒီသီအိုရီကိုအသုံး
    ပြုလာတယ်။ ကျနော်တို ့ဗမာပြည်လို အခြေအနေမျိုးမှာ ဒီနည်းက အတော့်ကို အသုံးဝင်နေတာကို
    တွေ ့ရပါတယ်။ ထောင်သားအကြပ်အတည်းဆိုတာက ဒီလိုပါ။
    လူဆိုး နှစ်ယောက် ဓမြတိုက်တယ် ငွေတွေ အများကြီးရသွားတယ်။ ဒါပေမဲ့သူတို ့ကို ရဲကမိတယ်။ ရဲ ကသူတို ့ဓမြတိုက်သွားတယ် လို ့သံသယရှိပေမဲ့သူတို ့မှာအထောက်အထားတခုမှမရှိဘူး။ ခြောက်လုံးပြူး
    တလက်ကိုပဲတွေ ့တယ်။ ဒီတော့ ရဲ က သူတို ့နှစ်ယောက် လူချင်းခွဲ ၊အခန်းတခုစီမှာခွဲထည့်လိုက်တယ်။
    ခွဲစစ်တယ်။ ရဲ က လမ်းကြောင်း ၂ ခု ချပေးတယ်။

    ၁- ဝန် ခံ မယ်ဆိုရင် – ထောင် ၈ နှစ်ကျမယ်။ ( ရဲနဲ ့ပူးပေါင်း)
    ၂- မဝန်ခံ လို ့ ရဲက အထောက်ထားတွေရလာရင် ထောင် အနှစ် ၂ဝ အပြစ်ပေးမယ်။ ( ရဲနဲ ့မပူးပေါင်း)

    တကယ်က ရဲမှာ ဘာအထောက်ထားမှမရှိဘူး။ ခြောက်လုံးပြူးမိတာပဲရှိတယ်။ သူတို ့ က မဝံခံပဲ ငြင်းလိုက်မယ်ဆိုရင် ထောင် ဒဏ် ၁ နစ်ပဲ ကျခံရမယ်။ ဓမြတိုက်လာတဲ့ငွေတွေကိုရမယ်။

    ဒီတော့ သူတို ့က ရွေးခြယ်စရာ လမ်းနှစ်ခုရှိလာတယ်။ ဒါကတော့

    ၁- ထောင် ၁ နှစ် ပဲအကြခံမယ်။ ပြီးရင် ဓမြတိုက်လို ့ရာတဲ့ စိန်ရွှေရတာနာတွေကို ခွဲယူမယ်။
    ၂- ထောင် ၈ နှစ်အကြခံမယ်။ ဓမြတိုက်လို ့ရလာတဲ့ စိန်ရွေရတနာတွေကို ရဲ ကို ပြန်အပ်ရမယ်။

    ဒါက သေနင်္ဂဗျူဟာရွေးခြယ်မှု ဖြစ်လာပါတယ်။ ( ဒီနေရာမှာ စာရိတ္တ ( Moral ) ဆိုရာတွေကိုခနမေ့ပြီး လူသား တွေက အကြပ်အတည်းမှာ ဘယ်လို စဉ်းစားလေ့ရှိကြတယ်ဆိုတာကို သချာင်္ပညာရှင် ဂျွန်နပ်က
    ထွက်ထုတ်ပြသွားတဲ့ Rational Thinking ကို ပြောပြတာဖြစ်ပါတယ်။

    စာဖတ်သူသာ ထောင်သားနှစ်ဦး နေရာမှာ ဆိုရင်ဘယ်လိုစဉ်းစားမလဲ ။ ထောင် ၁ နစ်အကြခံမလား။
    ၈ နှစ်အကျအခံမလား။ အနှစ် ၂ဝ အကျခံမလား။ ဂျွန်နပ်က တွက်ပြတာကတော့ ထောင်သားနှစ်ဦးဟာ
    ရဲကို ဝံခန် လိမ့်မယ် ။ ဘာဖြစ်လိုု ့လဲဆိုတော့ လူသားရဲ ့ အတ္တက ဒီနေရာမှာ ဆုံးဖြတ်ချက်ကိုအဓိက
    ဖြစ်လာတယ်။ ထောင်းသား နှစ်ဦးက ဒီကောင် အရင်ဖေါ်လိုက်ရင် ငါတော့ ထောင်အနှစ် ၂ဝ ကျတော့မယ်လို ့တွေးမိလာတယ်။ နောက်ထောင်သားတယောက်ကလည်း ဒီကောင် ဖေါ်လိုက်ရင် ငါ
    ထောင် အနှစ် ၂ဝ ကျမယ်လို ့ဆိုရိမ်လာတယ်။ ဒီတော့ သူတို ့ဟာ ရဲနဲ ့ပူးပေါင်းလိုက်တယ်။ ဖေါ်လိုက်ကြတယ်။ဝန် ခံလိုက်ကျတယ်။
    အဖြေကတော့ ထောင်သားနှစ်ဦးဟာ ထောင် ၈ နှစ်ကျသွားပါတယ်။ ငွေတွေကို ပြန်အပ်လိုက်တယ်။

    ဒါကို စစ်ရေး၊ စီးပွားရေးနဲ ့ နိင်ငံရေးပညာရှင်တွေ Prisoner Dilemma က လူဆိုးနှစ်ယောက်ရဲ ဖြစ်ရပ်ကို သူတို ့လုပ်တဲ့ သေနင်္ဂဗျူဟာကို အဆိုးဆုံး ဗျူဟာ ( the worst Strategy) လို ့ ကောက်ချက်ချကြပါတယ်။

    ဒီနေ ့နိင်ငံရေးမှာ လည်း ဒီလိုဖြစ်နေတယ်။ သိန်းစိန် ( နအဖ တဖြစ်လဲ) က ရဲ ဖြစ်နေတယ်။
    ဒေါ်အောင်ဆန်းစုကြည်၊ ကရင် နှစ်ဖွဲ ့၊ ရှမ်း ၊ ဝ တို ့ဟာ လူဆိုးတွေ လိုဖြစ်နေတယ်။

    ရဲ က လူဆိုးနှစ်ယောက်ကို ခွဲ ထားပြီးစစ်သလို ပဲ နအဖ က တော်လှန်ရေးအဖွဲ ့ က လူဆိုးနှစ်ဦးဘဝ ဖြစ်နေရတယ်။

    ဒေါ်ဆောင်န်းစုကြည်- ဗျူဟာမှာလဲ ဦးခင်မောင်ဆွေ၊ ပြည်တွင်းက ပြုပြင်ပြောင်းလဲမှုလုပ်လိုတဲ့ အင်အားစုတွေ၊ တိုင်းရင်းသားအမတ်တွေနဲ ့ ဆွေးနွေးမှု ပူးပေါင်းမှုမရှိပါဘူး။ တဦးတည်း ကစားနေတာကို
    တွေ ့ရတယ်။ ဒါဟာအလွန်အန္တရယ်များလှပါတယ်။
    တိုင်းရင်းသားတွေရဲ ့ဗျူဟာမှာလဲ – တဖွဲ ့နဲ ့တဖွဲ ့ တွေ ့ဆုံဆွေးနွေးမှုတွေ မလုပ်ကြဘူး။

    သူ သိန်းစိန် ဆီက ဘာရခဲ့သလဲ။ ဘာတွေပြောခဲ့သလဲ။ သူနဲ ့သိန်းစိန်အဆင်ပြေသွားရင်ငါတို ့တော့ခံရ
    တော့မယ်ဆိုတဲ့သံသယတွေက ပိုမိုတိုးပွားလာနေတာကို တွေ ့ရပါတယ်။ မြန်မာ နိင်ငံရေးက
    Prisoner Dilemma မဖြစ်စေဖို ့ ဆုတောင်းလိုက်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ ့တိုင်းရင်းသားခေါင်းဆောင်များ ပူးပေါင်းဆောင်ရွက်နိင်ပါစေ-

    ကိုစိုင်း

    • ကြောင်ကြီး

      November 21, 2011 at 10:42 am

      ဒါလည်း ကိုမိုးသီး ဘလော့ဂ်ကပါပဲ။။ ဖတ်ကြည့်ပါအုံး။။။ 😆

      ပထမ အကြိမ် 90 ရလဒ်ကို အကောင်အထည်မဖော်နိုင်တဲ့အတွက် လူထူကို တရားဝင်တောင်းပန်ခဲ့ရပြီ
      အခု ဒုတိယအကြိမ် တတိယအကြိမ်တွေ တောင်းပန်ဖို့ ဆက်မဖြစ်ပါစေနဲ့လို ့ ဆုတောင်းပါတယ်

      လူပူလေး

  • maungmoenyo

    November 21, 2011 at 8:02 am

    Beautiful Mind ရုပ်ရှင်ဟာ မောင်မိုးညို ရဲ့အကြိုက်တကာ့အကြိုက်ဆုံးတွေထဲမှာ တခုအပါအဝင်ပါ။ John Nash ရဲ့ သီအိုရီဟာ နိုင်ငံရေးစစ်ရေး မှာအရေးပါတဲ့ပုဂ္ဂိုလ်တွေကိုစစ်မေးရာမှာ အတော်လက်တွေ့ကျထိရောက်တဲ့နည်းဗျူဟာဖြစ်နေဆဲပါ။ Schizophrenia ရောဂါသယ်တော်တော်များများဟာ အံ့ဩစရာကောင်းလောက်အောင် ထူးချွန်ထက်မြက်ကြတာကိုတွေ့ရပါတယ်။ မောင်မိုးညိုတု့ တက္ကသိုလ်တက်စဉ်က မြန်မာတနိုင်ငံလုံးမှာ အမှတ်အများဆုံးရခဲ့တဲ့အတန်းဖေါ်တစ်ဦး (စိန်ပေါလိကျောင်းထွက်) ဟာ ဆရာဝန်ဖြစ်ပြီး၊ နှစ်အနည်းငယ်အတွင်းမှာ အဲ့ဒီရောဂါနဲ့ Diabetesကိုအကုမခံဘဲ အသက်ဆုံးပါးခဲ့ရပါတယ်။ တဦးထဲသောသားမို့ မိခင်လုပ်သူဟာ ပဋာမြေလူးဖြစ်ခဲ့ရတာကို စိတ်မချမ်းသာဖွယ်မြင်ခဲ့ရပါတယ်။ အတန်းဖေါ် (အမှတ်အများဆုံး ထိပ်တန်းကျောင်းသား သုံးယောက်လောက်လဲ အဲ့ဒီရောဂါနဲ့ မကြာမတင်တွေမှာဆုံးပါးသွားခဲ့ပါတယ်။
    အမှန်တော့ John Nash ရဲ့ တွက်ချက်ပုံသေနည်းဟာ အဲ့ဒီထက်အများကြီးအဆင့်များရှုတ်ထွေးတယ်လို့ကြားဘူးပါတယ်။ အဲ့ဒီသီအိုရီကို သချင်္ာနည်းနဲ့ရှင်းပြသွားတာပါ။ သူရဲ့သားဟာလည်းအခုပါမောက္ခဖြစ်နေပြီး၊ သူ့လိုရောဂါအမွေကိုဆက်ခံနေရကြောင်းစိတ်မချမ်းမြေ့ဘွယ်ကြားရပါတယ်။
    ကိုစိုင်းရဲ့ ကွန်မင့်ကိုထောက်ခံပါတယ်။ ဟုတ်ပါတယ်။ ဒါဟာ ယခင်နဲ့ လက်ရှိအစိုးရရဲ့ အတိုက်အခံများကို ဆက်ဆံတွေ့ထိရာမှာသုံးစွဲတဲ့နည်းဗျူဟာပါဘဲ။
    (၁) လူထုကဒေါ်စုရဲ့နောက်မှာရပ်လိုက်တာကိုတေ့ ထင်ထင်ရှားရှားတွေ့ရပြီ။
    (၂) အတိုက်အခံတွေ NDF အပါအဝင်က ဒေါ်စုကလက်ခံမယ်ဆိုရင်၊ ဒေါ်စုပြောသမျှ ခေါင်းငြိမ့်မယ်ပြောနေကြပါပြီ။
    (၃) ပြည်ပရောက်အတိုက်အခံများအားလုံးပြည်တွင်းကိုဝင်ကြဘို့လိုပါပြီ။ ဝိုင်းဝန်းကြဘို့လိုပါတယ်။
    (၄) ရွေးကောက်ပွဲရှိရာနယ်တွေကိုပြန်ဆင်းကြဘို့လိုပါတယ်။
    (၅) အာဃာနတွေ အတိပ်ကဖြစ်ရပ်တွေ ကိုခနမေ့ထားကြရအောင်။
    (၆) ရစရာမရှိအောင်ညံ့ဖျင်းတဲ့ (၂၀၀၈) ဖွဲ့စည်းပုံကိုခေါက်ထားလိုက်ကြရအောင်။
    (၇) ဦးဟန်ညောင်ဝေတို့လို ပြည်တွင်းကိုလည်ပါတ်ရင်း၊ ဒေါ်စုနဲ့လဲတွေ့၊ အစိုးရပိုင်းမင်းတွေနဲ့လဲတွေ့ရအောင်။
    window opportunity နော်……..။

  • timothy

    December 4, 2011 at 11:01 pm

    ပြောရရင်တော့ We were all in it. ကျွန်တော်၊ကျွန်မတို့အားလုံးနဲ့ဆိုင်တဲ့ကိစ္စဘဲ။
    အားလုံးကိုယ်ကောင်းစားရေး၊ကိုယ့်မိသားစုအရေး၊ကိုယ့်ပါတီအနိုင်ရရေးအတွက်မဟုတ်မဟတ်နည်းလမ်း
    များနဲ့ရွေးကောက်ပွဲ၁၉၅၈၊၁၉၆ဝ နှစ်တွေမှာစည်းကမ်းပျက်ကြတယ်။၁၉၅၈မှာသခ္ခင်နုကနိုင်ငံရေးအာဏာ
    ကိုဗိုလ်နေဝင်းလက်ထဲသွားထည့်တယ်။နိုင်ငံတော်တရားသူကြီးချုပ်ကိုမယုံလို့ဆိုဘဲ။
    စည်းကမ်းပျက်၊အကျင့်ပျက်၊အဂတိလိုက်စား၊လိုင်စင်ကိုရောင်းစားနဲ့ပျက်ချင်တိုင်းပျက်လိုက်ကြတာ၊
    နောက်ဆုံးစစ်တပ်ကနိုင်ငံကိုကယ်တင်လိုက်ရပါတယ်လို့ဟစ်တိုင်တက်ပြီးနိုင်ငံအာဏာကိုသိမ်းတယ်။
    နောက်နှစ်၅ဝနီးပါးကျုပ်တို့တိုင်းပြည်ပျက်ချင်တိုင်းပျက်ပြီးRoad to ruin/ အတိုင်းတိုင်းအပြည်ပြည်ရဲ့
    တံတွေးခွက်မှာမြော၊ဗိုလ်ချုပ်အောင်ဆန်းမိန့်သွားတဲ့ဟိုဟာနိုင်ငံကြီးကိုဖြစ်ရော။
    ခင်ဗျားလာဘ်လာဘမပေးလို့ကတော့ဘာမှဘယ်နေရာမှခင်ဗျားအလုပ်မဖြစ်ဘူးလို့လဲမိတ်ဆွေအပေါင်းအသင်းများရဲ့warning အပေးခံရတယ်။
    အကျင့်ပျက်ချစားလာဘ်လာဘအချောင်သမားနည်းလမ်းများကလုလောကရဲ့CANCER/ နိုင်ငံလူနေမှု
    စနစ်ကိုလှိုက်စားနိုင်တဲံ၊သေစေနိုင်တဲံရောဂါဘဲ။
    အမေစုနောက်ဆုံးမစ္စစ်ကလင်တန်ကိုနှုတ်ဆက်တုံးကပြောသွားတဲ့စကားမှာ Rule of Law ဆိုတာကိုအလေးအနက်ပြောသွားပါတယ်။
    တရားဥပဒေမဲ့လုပ်လို့နိုင်ငံရေးအကျင်းသမားများရယ်လို့မတရားအဖမိးအဆီးနှိပ်စက်မှုများရှိရတာပြောသွားပါတယ်။
    ဒါ့ကြောင့်အရေးအကြီးဆုံးအနေနဲ့ တရားဥပဒေကိုပြန်လည်ထူထောင်ဘို့ကြိုးစားကြပါစို့လို့ပြောတယ်။
    ကျုပ်တို့တရားလက်လွတ်ဖြစ်နေကြတဲ့အကျင့်ပျက်လာဘ်စားဘုးရားသံဃာများပါမနေရဘူး၊
    ချဲထီ၊ဗေဒင်၊ယတြာချေ၊လာဘ်လာဘရာထူးတိုးအောင်လုပ်တဲ့မြတ်စွာဘုရားပညတ်ထားတဲ့အရာတွေ၊
    ပြည်သူ့ဝန်ထမ်းများအကျင့်ပျက်၊လာဘ်လာဘရမှထလုပ်ချင်တဲ့အကျင့်ပျက်တွေအားလုံး
    ဒီတရားဥပဒေကအပြီးတိုင်အမြစ်ပြတ်ဖြေရှင်းနိုင်မှဘဲ။ဒါကိုအမေစြုကရည်ရွယ်ပြောသွားတာဘဲ။
    ၂၀၁၄ မှာဗမာပြည်ကအေဆီယံထိပ်သီးညီလာခံကိုအလှည့်ကျဥက္ကဌအဖြစ်ကျင်းပမယ်။
    အမေရိကန်သမ္မတကထုံးတမ်းစည်လာအရ၊ ကျုပ်တို့တိုင်းပြည်ကိုလာမှာဘဲ။
    အနောက်ဒီမိုကရေစီကနိုင်ငံခေါင်းဆောင်များလဲချောင်စီးအောင်ရောက်လာကြမယ်။
    ကျုပ်တို့ဒီလိုအခွင့်အရေးမျိုးလက်လွတ်ခံလို့မဖြစ်ဘူး။
    အမေစုမိန့်ကြားသွားတဲ့အတိုင်းကျုပ်တို့အားလုံးဝိုင်းဝန်းပြီးကောင်ကောင်းမွန်မွန်လေးဖြစ်သွားအောင်လုပ်ကြပါစို့။
    ပြည်သူလူထုကြီူကဆုံးဖြတ်ကြပါ။
    ဘာဖြစ်ချင်လဲ။လွတ်လပ်ရေးရချင်လား?

  • aye.kk

    December 5, 2011 at 5:52 am

    နိုင်ငံတကာနဲ ့ပြောဆိုတဲ့အခါ
    အင်္ဂလိပ်လိုကော့ညွှတ်အောင်ပြောဆိုနိုင်တဲ့အမေဒေါ်အောင်ဆန်းစုကြည်ရဲ ့အရည်အချင်းကို
    မလေးစားဘဲမနေနိုင်ပါဘူး နိုင်ငံရေးအတွက်လည်း လွန်စွာပင်ချောမွေ ့အစဉ်ပြေစေပါတယ်
    အာဃာတတရားကိုခဝါချထားနိုင်ပြီး နိုင်ငံအတွက်အရွေ ့တစ်ခုဖြစ်လာအောင်
    အမေဒေါ်မောင်ဆန်းစုကြည်က စွမ်းဆောင်နိုင်ခဲ့တာပါ.အမေနဲ့ ပြည်သူလူထုအတူရှိနေတာမို ့
    စိတ်သစ်လူသစ်နဲ ့အနာဂတ်မြန်မာပြည်သစ်ဆီကို အားလုံဝိုင်းကူကြကာ ချီတက်ကြပါစို ့လို ့
    မိမိအမြင်လေးကိုထပ်လောင်းကာပြောပြလိုက်ပါရစေ..။

Leave a Reply