ငေးမိငေးရာ

etoneNovember 19, 20112min22218
နေပူကျဲတဲကြီးပေမယ့် ... မှန်ရောင်ကြောင့် မှိုင်းညှို့ညှို့ဖြစ်သွားရတဲ့ ... ရန်ကုန်မြိုလည့်ရဲ့ ရှုခင်းပါ ။

 

 

 

 

 

ဒါကတော့ နောက်ဘက်ခြမ်းက ဗိုလ်ချုပ်လမ်းပေါ်ကို လှမ်းရိုက်ထားတာပါ ... စကော့ဈေးကြီးလည်းပါတာပေါ့
ဒါကတော့ အရှေ့ဘက်ကနေ ရိုက်ထားတာ ... နေပြည်တော်ရုပ်ရှင်ရုံဘက်ကိုပါ ... ။ ဟိုးနောက်မှာ မြစ်ကြီးတွေ့ရတယ် . .. ဘာမဆိုင်ညာမဆိုင် ... ထိုင်းလိုများရေကြီးလျှင် မြို့လည်ခေါင်ကြီး အဒေါ် ဒုက္ခများမှာပဲလို့တွေးမိတယ် ... ။
ရင်ငြိမ်းပွင့်လို ခုန်တော့ မချရဲပါဘူး ... ငုံ့ကြည့်ရုံလေးပါ ... ။ ဟီး ။
ဒါကတော့ ဘူတာကြီးဘက်ကို လှည့်ရိုက်ထားတာပါ .. ဆာကူရာ တာဝါကြီး တခြမ်းပါနေတာ မဖျက်ပဲ ဒီတိုင်းတင်ပေးလိုက်တယ် ... ။
မိုးမျှော်တိုက်ကြီးတွေ ၊ အထပ်မြင့်အဆောက်ဦးတွေ များလာလျှင် မြစ်ကြီးကို မြင်ရတော့မှာ မဟုတ်ဘူး .. ။
ဒါကတော့ လပြည့်ဝန်းပလာဇာတို့ ၊ သမ္မရုပ်ရှင်ရုံတို့ဘက်လှည့်ရိုက်ထားတာပါ ... ။

 

ဘူတာကြီးပါ .. ။

 

သူများတွေကို အားကျလို့  ရောက်ဖြစ်တဲ့နေရာလေး ဓါတ်ပုံရိုက်လာတာ … တစ်ခါတစ်လေ စိတ်ထဲ မွမ်းကြပ်လွန်းလျှင် အဝေးကြီးကို မျှော်ကြည့်ပြီး ငေးနေရတာက စိတ်သက်သာတယ်လေ … ။ ပိတ်ရက်မှာ အမောတွေပြေဖို့ .. ငေးနိုင်အောင် တင်ပေးထားတာပါ .. ပြီးခဲ့ တပတ်လောက်က ထရိတ်ဒါးရောက်တုန်း … ဧည့်သည် အခန်းကနေ ရိုက်တင်ပေးထားတာ … အခန်းကလည်း ဒေါင့်ခန်းဖြစ်ပြီး အကျယ်ကြီးဆိုတော့ … လှည့်ပတ်ပြီး ရိုက်ထားတာ … ။

ရွာထဲက ဒါ့ပုြှံဆာတွေလိုတော့ … ကျွန်မကောင်းကောင်းနားမလည်ပါဘူး … ။ ဖုန်းနဲ့ ရိုက်ထားတာပါ ….. ဖုန်းခလုပ်နှိပ်လျှင် ရိုက်လို ့ရတာလောက်ပဲ သိတယ် ဟီး … ။

 

 

 

 

18 comments

  • ကြောင်လတ်

    November 19, 2011 at 12:31 pm

    ဒေါ်အိတုန်ရေ စိတ်ထိမ်း မလုပ်နဲ့ ခုန်မချလိုက်နဲ့ အောက်လူတွေထိပ်ပေါ်ကျရင် လူတွေသေသွားနိုင်တယ်
    ကားပေါ်ကျရင် ကားတွေပျက်စီးလိမ့်မယ်၊ဆောက်အဦပေါ်ကျရင် အမိုးတွေ ပျက်စီးလိမ့်မယ်
    ခုန်ကျိုးသွားတာက ဘာမှမဖြစ်ဘူး၊ပြန်လျော်ပေးလိုက်ရင် ရတယ်…………

  • windtalker

    November 19, 2011 at 12:33 pm

    ဖုန်း နဲ ့ရိုက်တယ်ဆိုတာကိုတောင် သိပ်မယုံချင်ဘူး အတုန်ရေ
    ပုံတွေကိုကြည့်ရတာ အားလုံးအမြင်တစ်မျိုးဖြစ်ရတယ် ။ ဓါတ်ပုံတွေ က ပရော်ဖက်ရှင်နယ် နီးပါးဘဲ ။
    နောက်ကို စိတ်မောလို ့အဲ့နေရာတွေ တက်ကြည့်မယ်ဆိုရင်
    စက္ကူစွန် နဲ ့ရစ်ဘီးလေး ယူသွားပြီး ၊ ကစားပေါ့ ။
    ဟို ကိုကိုကတော့ ၊ အမြင့်တွေ တက်ဆော့လို ့မျက်ခုံးဘယ်လောက် လှုပ်လိုက်မလဲ မသိဘူးနော

    • etone

      November 21, 2011 at 8:40 am

      ကိုပေရေ … ကိုယ့်ချင်းကိုယ့်ချင်းတွေ မြှောက်မနေပါနဲ့ … ရန်ကုန်လာလျှင် မုန့်ကျွေးမှာပါ ဟီး ။
      စက္ကူစွန်လွှတ်ချင်တာတောင် လွှတ်မရပါဘူး … အကုန်လုံးကာရံထားလို့ပါ … ။ ဓါတ်ပုံရိုက်တာတောင် မှန်နောက်ကပဲ ရိုက်ရတာ … ။

  • ပေါက်ဖော်

    November 19, 2011 at 12:40 pm

    ဂလိုက်ဒါနဲ ့. ဝီးထလိုက်ရင်တော့…ဟွင်း..

    အမျိုးပြုတ်မယ်ထင်တယ်နော် 😕

  • blackchaw

    November 19, 2011 at 12:54 pm

    ဒါ့ပုံဆြာ ဒေ လက်မြှောက်ရမယ့် လက်ရာတွေပါဗျာ။

  • အီးတီ

    November 19, 2011 at 2:01 pm

    လပြည့်ဝန်းပလာဇာဘက်ကို ဘယ်လိုရိုက်လိုက်တာလဲ။ အပြင်ကရိုက်တာလား။ ရင်ငြိမ်းပွင့်လိုတော့ မခုန်ချပါနဲ ့။ မအိတုန်မရှိရင် မန်းဂေဇက်ကြီး ခြောက်ကပ်သွားဦးမယ် 😛

    • etone

      November 21, 2011 at 9:07 am

      ကိုအီးတီရေ … ကျွန်မတို့ ဧည့်သည် အခန်းက ထောင့်ခန်းပါ … ။ ယခင်ယူနေကြအခန်းက ပြင်ဆင်နေလို့ … (ဘိုကင်လုပ်ပြီးမှ) သူတို့ဘက်က ပျက်ကွက်တာကြောင့် ဒီတခါ အခန်းကျယ်ကြီး(နှစ်ဆပိုကျယ်တဲ့) တခန်းရလို့ပါ … ။ ထောင့်ခန်းဖြစ်တဲ့အပြင် သုံးဘက်မြင်ကလည်းဆန်းတာကြောင့် ….ရိုက်ဖြစ်သွားတာ .. ။ အခန်းမှာ ဟင်းချက်စားလို့လည်းရတော့ …ချက်ပြုတ်စားသောက်ရင်း ဓါတ်ပုံရိုက်လာတာ … ။
      (တခြားအခန်းတွေ မီးဖိုချောင် မပါဘူးလေ … )

  • koaung

    November 19, 2011 at 2:52 pm

    ဗစ်ဘိစနက်စဉ်းစားနေပုံရတယ်အိတုံက(အိမ်ခေါင်မိုးဆေးသုပ်လုဎ်ငန်း) မဟာရန်ဂုံကြီးကိုအလှပန်းတွေဆင်တော့မယ်ထင်တယ် 😉

  • manawphyulay

    November 19, 2011 at 5:28 pm

    အောက်နဲ့ ပေ ဘယ်လောက် မြင့်လဲဟင်… ရိုက်ပဲ ရိုက်နော်။ ခုန်တော့မချနဲ့ ကြည့်တာတောင် တော်တော်အသည်းယားစရာကောင်းတယ်။ ကြည့်နေတာတောင် အရိုးအသား တခြားဆီဖြစ်မယ့်ပုံနော်။ သတိထားဦး။

    • etone

      November 21, 2011 at 8:20 am

      အောက်နဲ့ ဘယ်နှစ်ပေမြင့်သလဲဆိုတာတော့ …. ထရိတ်ဒါးဆောက်တဲ့ အင်ဂျင်နီယာနဲ့တွေ့မှ မေးပေးမယ် 😆
      ခုန်ချချင်တာတောင် ခုန်ချလို့ မရဘူး အစ်မရေ … မှန်တွေပတ်လည်ကာထားတာ … ခေါင်းနဲ့ တိုက်ခွဲတောင် ကွဲမယ့်မှန်တွေမဟုတ်ဘူး 😀

      • inz@ghi

        November 21, 2011 at 8:38 am

        ခေါင်းနဲ့တော့ တိုက်ခွဲပါနဲ့ အန်တီအိတုန်ရယ်…
        တခြား လွတ်ရာကျွတ်ရာက ခုန်ချလည်း ရပါတယ်…
        အဟီး…

        ခုန်ချင်တဲ့အချိန်ခုန်ပါ ….တားဝူး..
        ဘတ်ထ် ..တားတားနာမည်တော့ တက်တူးထိုးမတွားနဲ့နော်….

        ခင်တဲ့
        ကိုအင်ဂျီး..

  • naywoonni

    November 19, 2011 at 8:22 pm

    ရွာထဲမှာ ဒါ့ပုံဆြာတွေ များလာတယ်နော့…။ တော်ကြာ ဒါ့ပုံရွာလို့ အခေါ်ခံနေရဦးမယ်…။ 😛

    • etone

      November 21, 2011 at 9:11 am

      ဒါ့ပုံဆြာတွေ ပေါ်ပြူလာဖြစ်နေလို့ … ဒါ့ပုံမှ မတင်လျှင် ခေတ်မမှီမှာစိုးလို့ … အမှီရိုက်လိုက်ရတာ .. ဟီး :mrgreen:
      …အဲ့ဒီထရိတ်ဒါးရယ် … ရုံးရယ် … အိမ်ရယ်ပဲ ပတ်လည်ပြေးနေရတာဆိုတော့ … ပြောမယ့်သာပြောတာ … ရိုက်ရမယ့်နေရာကလည်း … သိပ်များများစားစားမဟုတ်ဘူး 😛

  • aye.kk

    November 19, 2011 at 10:02 pm

    ကြည့်ရတာ ရင်တောင်အေးကနဲဖြစ်သွားတယ်..
    အရမ်းမြင့်လွန်းလှတဲ့နေရာလေးကနေ ရိုက်ထားသလိုဘဲ..
    ပြောပြနိုင်မလားဟင်..ခံစားမှုလေးပေးတတ်တဲ့ အိတုန်ရေ..။

    • etone

      November 21, 2011 at 9:20 am

      aye.kk ရေ … အဲ့ဒီနေရာကတော့ … ဆူးလေ ဘုရားလမ်းပေါ်က ထရိတ်ဒါး ဟိုတယ်မှာပါ … ။
      နှစ်ဆယ့်တစ်လွှာရဲ့ ထောင့်စွန်းခန်းတစ်ခုကနေ လှမ်းရိုက်ထားတာပါ ။

  • တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့မှာမှ ကျနော်ကလဲအမြင့်ကရိုက်ထားတဲ့ပုံတင်မိတယ်။
    ကျနော်ရိုက်ထားတာ အောက်တိုဘာလထဲက အခုမှတင်ဖြစ်သွားတာ။
    အမြင့်ကကြည့်ရတဲ့ ရသကိုတော့ ရင်ကိုလှပ်လှပ် လှပ်လှပ်ဖြစ်စေတာအမှန်ပါဘဲ။
    ကျနော်ရိုက်တဲ့ပုံတုံးက အရေးပေါ်မီးသတ်လှေခါးကနေရိုက်ထားတာတွေပါတယ်။
    ပြန်တွေးကြည့်မှ ကြက်သီးထမိတယ်။
    တကယ်ပါ။

  • nanmyat

    November 21, 2011 at 9:30 am

    ကိုပေါက်နေကောင်းလား………….မတွေ့တာတောင်ကြာပြီနော်…………

    • etone

      November 21, 2011 at 9:44 am

      ညန်းညက်လေး ပျောက်နေတော့ ရွာက ကာလသားတွေတောင် မစားနိုင် မအိပ်နိုင် တမှိုင်မှိုင်ဖြစ်နေကြသေးတယ် .. 😆

Leave a Reply