ပုဒ်မ၅၀၀

mg wineNovember 19, 20111min824

တလောကပုဒ်မ၅၀ဝနဲ့တရားစွဲဖို့ပြောနေကြတာကြားမိပါတယ်။ပုသိမ်မှာဘာသာရေးအဖွဲ့တစ်ခုကိုစော်ကားပြောဆိုလို့
ပုဒ်မ၅၀ဝနဲ့တရားစွဲတာကြားဖူးပါတယ်။နောက်ဆုံးတရားခံကတောင်းပန်တာနဲ့ကြေအေးကြတယ်လို့ကြားရတယ်။
နယ်မြို့လေးတခုမှာဘာသာရေးရှေ့ဆောင်ဆရာတယောက်ကိုကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီးစော်ကားပြောဆိုတဲ့အတွက်
ပုဒ်မ၅၀ဝနဲ့တရားစွဲတဲ့အခါ တရားရုံးကဒဏ်ငွေရိုက်ပါတယ်။ဒါဏ်ငွေ၁၅၀ဝကျပ်ပါ။တရားခံကနောက်မပြောတော့ပါဘူးဆိုပြီးတောင်းပန်တာနဲ့
အမူပြီးသွားပါတယ်။
တချို့ကပုဒ်မ၅၀ဝကွာဒဏ်ငွေပဲ..ဆောင်လိုက်ရင်ပြီးရောလို့လွယ်လွယ်ပြောတတ်ကြပါတယ်။သီကြသူ များပေမယ့်သိသ
လောက်တင်ပြချင်ပါတယ်။
အသရေဖျက်မူပုဒ်မ၅၀၀
(၁)တရားခံသည်စွပ်စွဲချက်တခုခုကိုပြုခြင်း(သို့မဟုတ်) ကြေငြာခြင်း
(၂)ထိုသို့စွပ်စွဲချက်သည်လူတယောက်နှင့်စပ်လျဉ်းခြင်း
(၃)ယင်းစွပ်စွဲချက်ကို
နုတ်ဖြင့်ဖြစ်စေ၊စာဖြင့်ဖြစ်စေ၊အမှတ်အသားဖြင့်ဖြစ်စေထင်းရှားသောပုံသဏ္ဌာန်ဖြင့်ပြုခြင်း
(၄)တရားခံသည်ထိုသူ၏အသရေကိုနစ်နာစေရန်အကြံဖြင့်သော်လည်းကောင်း၊နစ်နာစေမည်ဟုသိလျှက်နှင့်သော်လည်းကောင်း
ပြုသည်ဖြစ်ခြင်း။
အခု..မြို့နယ်အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းသုံးရပ်ကိုဘာသာဝင်တယောက်ကစာရေးပြီးတိုင်ပါတယ်။ ဒီဘာသာရေးအဖွဲ့၃ဖွဲ့ဟာ
မတရားတဲ့အဖွဲ့တွေဖြစ်ကြောင်း၊ဗလီပစ္စည်းများခိုးယူသူကိုမိသားစုထောက်ပံ့ကြေးပေးပြီးခိုးယူခိုင်းခြင်းဖြစ်ကြောင်း၊လူမဆန်သောအဖွဲ့များ
ဖြစ်ကြောင်းသက်ဆိုင်ရာဘာသာရေးအဖွဲ့ဋ္ဌာနချုပ်တွေကိုတိုင်ကြားပါတယ်။တကယ်တော့ဘာသာရေးအဖွဲ့တွေကဒီကိစ္စမှာလုံးဝစေခိုင်းခြင်း
မဟုတ်တဲ့အတွက်တရားစွဲဖို့လုပ်နေကြပါတယ်။၎င်းတို့ဋ္ဌာနကလည်းအများပြည်သူထင်ယောင်ထင်မှားဖြစ်မှာစိုးသည့်အတွက်စွဲခိုင်းနေပါတယ်။
စွပ်စွဲသူကတော့ တရားစွဲလည်းဂရုမစိုက်ဘူး ဒဏ်ငွေပဲလို့ပြောနေပါတယ်။ တကယ်တော့ဒဏ်ငွေတင်မကပါဘူးပုဒ်မ၅၀ဝမှာ
နောက်ဆက်တွဲတရားမနစ်နာကြေးလျှောက်လို့ရကြောင်း၊မြို့နယ်တရားရုံးကတရားမ နစ်နာကြေးသိန်း၁၀ဝတောင်းခွင့်ရှိကြောင်းကိုထိုပညာရှိလေး
သိရင်…။ဘယ်ရွေ့ဘယ်မျှနစ်နာကြေးပေးရမယ်ဆိုတာတရားသူကြီးကသာဆုံးဖြတ်ပေးမည်ဖြစ်ပါကြောင်းပုဒ်မ၅၀ဝနှင့်ပတ်သက်သောသတင်း
လတ်တလောဖြစ်ရပ်လေးကိုတင်ပြလိုက်ရပါသည်။
္ဌ ( ဥပဒေစာအုပ်ထဲမှာ ပုဒ်မ၅၀ဝနဲ့ပတ်သက်လို့၂နှစ်ထိအလုပ်မဲ့ထောင် သို့မဟုတ် ငွေဒဏ် သို့မဟုတ်ဒဏ်နှစ်ရပ်လုံးလို့ဖေါ်ပြထားပါတယ်။)

4 comments

  • windtalker

    November 19, 2011 at 2:16 pm

    နောက်ဆက်တွဲ နစ်နာကြေး သိန်းတစ်ရာ ကို ရအောင် တောင်းပေးပါ လို ့တရားသူကြီးကို ကပ်ရမယ် ။
    ရှုပ်ပါတယ် ၊ တရားသူကြီးနဲ ့၅၀=၅ဝ ယူမယ်ဗျာ ။ ဒါမှ မဆင်မခြင် ၊ ၁၅၀ဝ ကျပ် ဒဏ်အရိုက်ခံပြီး ရိုင်းချင်သလို ရိုင်းနေတဲ့ကောင်တွေ ပပျောက်ကုန်မှာ ။

  • koyinmaung

    November 19, 2011 at 3:14 pm

    ဟုတ်ပ ကိုပေရေ
    ဒါပေမဲ့သိန်းတရာတော့ရမှာမဟုတ်ဘူး
    ထောင်ဘဲကျဘို့များပါတယ်
    ခုလိုရေးပြတော့ ကောင်းပါတယ်
    နောက်မလုပ်ရဲတော့ဘူးပေါ့….

  • J.me

    November 20, 2011 at 12:36 am

    လူလူခြင်း သပုပ်လေလွင့် ပြောတဲ့သူတွေကို ပညာပေးဖို့ အကောင်းဆုံးပဲ၊
    အာမထိ လျှာမထိ မစားရဝခမန်းပြောတဲ့လူတွေအတွက် ကံဆိုးခြင်းပေါ့ ။

  • aye.kk

    November 20, 2011 at 1:52 am

    စောင့်စည်းရမဲ့ နှုတ်ကမဆင်ချင်ရင်
    ဝဇီကံမြောက်ပြီးသား ဖြစ်လို ့ဥပဒေနဲ ့
    အရေးယူအပြစ်ပေးခြင်းဟာအကောင်းဆုံးပါဘဲ
    ဥပဒေပါပြဌါန်းချက်လေးဖော်ပြပေးတာ ကျေးဇူးပါ..။

Leave a Reply