အထည်ချုပ်ကရုံးဝန်ထမ်းသူ
ရုံးနဲ့ အချိန်
ရုံးဝင်ပြီးကတည်းက မကြည့်နိုင်တဲ့ အိုဘယ့်နာရီ…
အချိန်တခါကြည့်ပါပေါ့ အော်ဟဲ့ထမင်းစားချိန်တဲ့…
နောက်တခါကြည့်ပြန်တော့ အိမ်ပြန်ချိန်လေ အတည်ကွဲ့ …..
အချိန်မှန်မဖြစ်ပါတဲ့ နေ့တိုင်း ၈နာရီ
ဒီအတိုင်း မပြောင်းလဲပါပြီ …..
စနေဆိုတစ်မသွေ စိတ်ကူးယဉ်ပါမကွဲ့ ညနေ ၄နာရီ
အခါသင့်ပြန်တော့ မှာသင့်တဲ့ကားကမလာတော့
စောင့်အုံးဟဲ့ ၅ နာရီ
အခြောက်ပုံးများအထူးပါတဲ့ နောက်ပိုးများမြူးပါတဲ့
ငါတို့ ရဲ့ ကားက လာပါပြီ
အပေါက်ထိုးခွဲ တိုးပါတဲ့ မှောက်ထိုးမလဲစိုးပါရဲ့ 
သောက်ကျိုးနဲ ကြပ်ပါတဲ့ အိုဘယ့်ဖယ်ရီ
ရုံးအပေါ်ဆိုပြီး ပြုံးကာသာဖြီး မဆုံးသာနေရာရအပြီး
ချပါပြီသက်ပြင်း အဟင်း…..
ပြန်ပြီဟေ့ ပြန်ပြီ ဒီနေ့ တော့ဒီလောက်ဘဲ တာ့တာ
အံမယ် ဒီကနေ့ တော့နောက်ကလိုက်ခေါ်တဲ့သူမရှိလို့ အချိန်ပိုမဆင်းရတော့ဘူး ဟီဟိ…….
ရုံးသူ နဲ့ အုပ်ချုပ်သူ
ခိုင်းစရာရှိပါတော့ သေအောင်ခိုင်းတဲ့ ပိုင်ဆိုင်သူ…
ပြောစရာရှိပြန်တော့ တန်အောင်ပြော အုပ်ချုပ်သူ….
အော်ပြီဆိုတော့လဲ မျက်နှာကြည့်ရန်မလိုတဲ့ ဆရာဖြစ်သူ…..
ပေးစရာရှိပြန်တော့ ရှာခံရတဲ့အားနည်းချက်
ကြိုးစားလိုက်ရပါပေါ့ အမှီဘယ်တော့မှမဖြစ်နိုင်တဲ့ မြန်မာသူ
လုပ်လိုက်ရတဲ့ အလုပ် အဟုတ် ကြိမ်ဆိုကြိမ်ရဲပါရဲ့ ..
တကုတ်ကုတ်နဲ့ အမြဲရှုပ်နေရသူမို့  အရှုပ်ရှုပ်တွေနဲ့  တက်မလာကြပါနဲ့ 
အဟုတ်အဟုတ်ကို တောင်းပန်ပါရစေကွဲ့  ချစ်တဲ့အထည်ချုပ်သူတွေရေ
အလုပ်အလုပ်ကို မပြုတ်မပြုတ်အောင် ထိန်းသိမ်းနေရတာကွဲ့ 
အုပ်ချုပ်သူဆိုပြီး အထင်မကြီးကြပါနဲ့  အိုဘယ့် ရုံးသူကွဲ့ ။

ဆက်အုံးမယ်နော်……
မိပူးကေ

About mipukay

Kay Thwe Oo has written 13 post in this Website..

Merchandizing Manager of Production Factory

   Send article as PDF