အလုပ်သမဒိုင်ယာရီ-၂

mipukayNovember 19, 20111min954

အထည်ချုပ်ကရုံးဝန်ထမ်းသူ
ရုံးနဲ ့အချိန်
ရုံးဝင်ပြီးကတည်းက မကြည့်နိုင်တဲ့ အိုဘယ့်နာရီ…
အချိန်တခါကြည့်ပါပေါ့ အော်ဟဲ့ထမင်းစားချိန်တဲ့…
နောက်တခါကြည့်ပြန်တော့ အိမ်ပြန်ချိန်လေ အတည်ကွဲ ့…..
အချိန်မှန်မဖြစ်ပါတဲ့ နေ့တိုင်း ၈နာရီ
ဒီအတိုင်း မပြောင်းလဲပါပြီ …..
စနေဆိုတစ်မသွေ စိတ်ကူးယဉ်ပါမကွဲ ့ညနေ ၄နာရီ
အခါသင့်ပြန်တော့ မှာသင့်တဲ့ကားကမလာတော့
စောင့်အုံးဟဲ့ ၅ နာရီ
အခြောက်ပုံးများအထူးပါတဲ့ နောက်ပိုးများမြူးပါတဲ့
ငါတို ့ရဲ ့ကားက လာပါပြီ
အပေါက်ထိုးခွဲ တိုးပါတဲ့ မှောက်ထိုးမလဲစိုးပါရဲ ့
သောက်ကျိုးနဲ ကြပ်ပါတဲ့ အိုဘယ့်ဖယ်ရီ
ရုံးအပေါ်ဆိုပြီး ပြုံးကာသာဖြီး မဆုံးသာနေရာရအပြီး
ချပါပြီသက်ပြင်း အဟင်း…..
ပြန်ပြီဟေ့ ပြန်ပြီ ဒီနေ ့တော့ဒီလောက်ဘဲ တာ့တာ
အံမယ် ဒီကနေ ့တော့နောက်ကလိုက်ခေါ်တဲ့သူမရှိလို ့အချိန်ပိုမဆင်းရတော့ဘူး ဟီဟိ…….
ရုံးသူ နဲ ့အုပ်ချုပ်သူ
ခိုင်းစရာရှိပါတော့ သေအောင်ခိုင်းတဲ့ ပိုင်ဆိုင်သူ…
ပြောစရာရှိပြန်တော့ တန်အောင်ပြော အုပ်ချုပ်သူ….
အော်ပြီဆိုတော့လဲ မျက်နှာကြည့်ရန်မလိုတဲ့ ဆရာဖြစ်သူ…..
ပေးစရာရှိပြန်တော့ ရှာခံရတဲ့အားနည်းချက်
ကြိုးစားလိုက်ရပါပေါ့ အမှီဘယ်တော့မှမဖြစ်နိုင်တဲ့ မြန်မာသူ
လုပ်လိုက်ရတဲ့ အလုပ် အဟုတ် ကြိမ်ဆိုကြိမ်ရဲပါရဲ ့..
တကုတ်ကုတ်နဲ့ အမြဲရှုပ်နေရသူမို ့ အရှုပ်ရှုပ်တွေနဲ ့ တက်မလာကြပါနဲ ့
အဟုတ်အဟုတ်ကို တောင်းပန်ပါရစေကွဲ ့ ချစ်တဲ့အထည်ချုပ်သူတွေရေ
အလုပ်အလုပ်ကို မပြုတ်မပြုတ်အောင် ထိန်းသိမ်းနေရတာကွဲ ့
အုပ်ချုပ်သူဆိုပြီး အထင်မကြီးကြပါနဲ ့ အိုဘယ့် ရုံးသူကွဲ ့။

ဆက်အုံးမယ်နော်……
မိပူးကေ

4 comments

  • windtalker

    November 19, 2011 at 7:08 pm

    ခံစားချက်အစစ် သရုပ်မှန် ရပ်စာသားတွေ ကျနေတာဘဲ
    ဒေါက်တာဒရီးကို ဘိဖွင့်ခိုင်းပြီး ၊ ကခုန် ရွတ်ဆို လိုက်ချင်စမ်းပါဘိ

  • blackchaw

    November 19, 2011 at 9:01 pm

    ဆက်ဦးမယ်နော် ဆိုတော့ စောင့်ဖတ်ဦးမယ်ဗျာ။
    ရိုးရိုးလေးနဲ့ မိုက်တယ်။

  • nigimi77

    November 19, 2011 at 9:12 pm

    ဟား ဟား ။

    ဘူများလဲလို ့ ။

    အေဝမ်းက ကျောင်းထိုင်ကြီးပဲ ။

  • ပေါက်ဖော်

    November 19, 2011 at 9:36 pm

    ဟိုက်..
    အပိုင်းတစ်နဲ ့..အပိုင်းနှစ်က
    ဝမ်းရီးယား လောက် ကြာသဟ

    ရွာများ ပစ်သွားပြီလားလို ့..အဟိ..

    ဆက်ပါဦး
    မိပူးကေရ…

Leave a Reply