ကျွန်တော်ဟာ မြန်မာလူမျိုး တစ်ယောက်ပီပီ မြန်မာဘောလုံးကို ငယ်စဉ်ကတည်းက မလွက်တမ်း အမြဲတမ်း အားပေးလာခဲ့တဲ့ မြန်မာဘောလုံး ပရိသတ်စစ်စစ် တစ်ယောက်ပါ ….. ဘောလုံး အားကစားနည်းကို ကျွန်တော်တို့နိုင်ငံမှာ မထားသင့်တော့ကြောင်း ကျွန်တော်ပြောချင်ပါတယ် …. ဒီနေ့မြန်မာ နှင့် မလေးရှား ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း တစ်ဂိုး သုည ဖြင့် ရှုံးသွားပြန်ပါပြီ …. ကျွန်တော်တို့ မြန်မာပရိသတ်တွေဟာ အရင်ကအရှုံးတွေကို မေ့ထားပြီး ဒီနေ့မြန်မာအသင်းကို မျှော်လင့်ခြင်းများစွာဖြင့် အားကိုးတကြီး အားပေးခဲ့ပါတယ် … မြန်မာဘောလုံးအသင်းဟာ အစွမ်းအစမရှိသလို စိတ်ဓာက်လည်း မရှိလို့ ခြေရည်တူတဲ့ မလေးရှားကို ရှုံးရခြင်းဖြစ်ပါတယ် …. အရင်ကဘယ်လောက်ပဲ ရှုံးရှုံး အပြုံးမပျက်ပဲ အားပေးခဲ့ပေမယ့် ယခုအခါမှာတော့ တော်တော်ကြီးကို စိတ်နာမိပါတယ် …. မြန်မာဘောလုံးသမားတွေဟာ ကျွန်တော်တို့ မြန်မာဘောလုံးချစ်ပရိသတ်တွေကို ဒုက္ခပေးတာတွေ ရပ်တန့်သင့်ပါပြီ … ကျွန်တော်တို့ဟာ အချိန်ကုန် ငွေကုန် လူပင်ပန်းတဲ့ အပြင် ငရဲလည်း ကြီးပါတယ် ရောဂါလည်းတိုးပါတယ် …ကျွန်တော်တို့ကို အမြင့်ဆုံးခေါ်သွားပြီးကန်ချသလိုပါပဲ …အများကြီးမျှော်လင့်ထားတာပါဗျာ … ပွဲရှိရင်မလွက်တမ်းအားပေးတယ် .. ဒေါသတွေမောဟတွေနဲ့ပဲပြန်လာရတယ် …. အမှားတွေ မပြင်နိုင်ရင်တော့ နိုင်ငံတကာပွဲတွေမကန်ပါနဲ့ ရှက်လို့ပါ .. ဘယ်တော့မှ နိုင်မှာလဲ မြန်မာပရိသတ်တွေအားလုံး အောင်မြင်မှုတွေ ဆာလောင်နေကြပြီ ….. မြန်မာနိုင်ငံမှ ဘောလုံးအားကစားနည်းကို ပယ်ဖျက်သင့်ပါတယ် ..  ဒါမှ ကျွန်တော်တို့ ဘောလုံးချစ်ပရိသတ်တွေ အားလုံးအတွက် အဆင်ပြေမှာပါ …. ကျွန်တော်မှာ သေနတ်ရှိရင် မြန်မာဘောလုံး သမားတွေကို တန်းစီပြီး သေနတ်နဲ့ ပစ်သတ်ချင်ပါတယ် … အမြဲတမ်း အမှတ်သည်းခြေ မရှိတဲ့ ကျွန်တော်ကိုကျွန်တော်လည်း ပစ်သတ်ချင်မိပါတယ် …..

တစ်နိုင်ငံလုံးကအားပေးတယ် မြေတောင်မြှောက်ပေးခဲ့ပေမယ့် နောက်ဆုံးတော့ အရှုံးတွေပဲ ရရှိခဲ့ပါတယ် … ဦးဇော်ဇော် ချီးမြှင့်ထားတဲ့ ဆုကြေးတွေကို တစ်နေရာရာမှာ ပြန်သုံးစွဲသင့်ပါတယ် .. သဲထဲရေသွန်ဖြစ်နေပါတယ် … အကျိုးရှိတဲ့ တစ်နေရာရာမှာ လှူလိုက်တာက ကုသိုလ်ရပါတယ် ……. မြန်မာဘောလုံးပွဲတွေကို နောက်ဘယ်တော့မှ မကြည့်တော့ဘူး အားမပေးတော့ဘူးလို့ကို ဆုံးဖြတ်ချက်ချလိုက်ချင်မိပါတယ် …

About thihayarzar

thiha yarzar has written 76 post in this Website..

   Send article as PDF