မြန်မာဘောလုံးပရိသတ် တစ်ယောက် ပေါက်ကွဲခြင်း

thihayarzarNovember 19, 20111min17323

ကျွန်တော်ဟာ မြန်မာလူမျိုး တစ်ယောက်ပီပီ မြန်မာဘောလုံးကို ငယ်စဉ်ကတည်းက မလွက်တမ်း အမြဲတမ်း အားပေးလာခဲ့တဲ့ မြန်မာဘောလုံး ပရိသတ်စစ်စစ် တစ်ယောက်ပါ ….. ဘောလုံး အားကစားနည်းကို ကျွန်တော်တို့နိုင်ငံမှာ မထားသင့်တော့ကြောင်း ကျွန်တော်ပြောချင်ပါတယ် …. ဒီနေ့မြန်မာ နှင့် မလေးရှား ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း တစ်ဂိုး သုည ဖြင့် ရှုံးသွားပြန်ပါပြီ …. ကျွန်တော်တို့ မြန်မာပရိသတ်တွေဟာ အရင်ကအရှုံးတွေကို မေ့ထားပြီး ဒီနေ့မြန်မာအသင်းကို မျှော်လင့်ခြင်းများစွာဖြင့် အားကိုးတကြီး အားပေးခဲ့ပါတယ် … မြန်မာဘောလုံးအသင်းဟာ အစွမ်းအစမရှိသလို စိတ်ဓာက်လည်း မရှိလို့ ခြေရည်တူတဲ့ မလေးရှားကို ရှုံးရခြင်းဖြစ်ပါတယ် …. အရင်ကဘယ်လောက်ပဲ ရှုံးရှုံး အပြုံးမပျက်ပဲ အားပေးခဲ့ပေမယ့် ယခုအခါမှာတော့ တော်တော်ကြီးကို စိတ်နာမိပါတယ် …. မြန်မာဘောလုံးသမားတွေဟာ ကျွန်တော်တို့ မြန်မာဘောလုံးချစ်ပရိသတ်တွေကို ဒုက္ခပေးတာတွေ ရပ်တန့်သင့်ပါပြီ … ကျွန်တော်တို့ဟာ အချိန်ကုန် ငွေကုန် လူပင်ပန်းတဲ့ အပြင် ငရဲလည်း ကြီးပါတယ် ရောဂါလည်းတိုးပါတယ် …ကျွန်တော်တို့ကို အမြင့်ဆုံးခေါ်သွားပြီးကန်ချသလိုပါပဲ …အများကြီးမျှော်လင့်ထားတာပါဗျာ … ပွဲရှိရင်မလွက်တမ်းအားပေးတယ် .. ဒေါသတွေမောဟတွေနဲ့ပဲပြန်လာရတယ် …. အမှားတွေ မပြင်နိုင်ရင်တော့ နိုင်ငံတကာပွဲတွေမကန်ပါနဲ့ ရှက်လို့ပါ .. ဘယ်တော့မှ နိုင်မှာလဲ မြန်မာပရိသတ်တွေအားလုံး အောင်မြင်မှုတွေ ဆာလောင်နေကြပြီ ….. မြန်မာနိုင်ငံမှ ဘောလုံးအားကစားနည်းကို ပယ်ဖျက်သင့်ပါတယ် ..  ဒါမှ ကျွန်တော်တို့ ဘောလုံးချစ်ပရိသတ်တွေ အားလုံးအတွက် အဆင်ပြေမှာပါ …. ကျွန်တော်မှာ သေနတ်ရှိရင် မြန်မာဘောလုံး သမားတွေကို တန်းစီပြီး သေနတ်နဲ့ ပစ်သတ်ချင်ပါတယ် … အမြဲတမ်း အမှတ်သည်းခြေ မရှိတဲ့ ကျွန်တော်ကိုကျွန်တော်လည်း ပစ်သတ်ချင်မိပါတယ် …..

တစ်နိုင်ငံလုံးကအားပေးတယ် မြေတောင်မြှောက်ပေးခဲ့ပေမယ့် နောက်ဆုံးတော့ အရှုံးတွေပဲ ရရှိခဲ့ပါတယ် … ဦးဇော်ဇော် ချီးမြှင့်ထားတဲ့ ဆုကြေးတွေကို တစ်နေရာရာမှာ ပြန်သုံးစွဲသင့်ပါတယ် .. သဲထဲရေသွန်ဖြစ်နေပါတယ် … အကျိုးရှိတဲ့ တစ်နေရာရာမှာ လှူလိုက်တာက ကုသိုလ်ရပါတယ် ……. မြန်မာဘောလုံးပွဲတွေကို နောက်ဘယ်တော့မှ မကြည့်တော့ဘူး အားမပေးတော့ဘူးလို့ကို ဆုံးဖြတ်ချက်ချလိုက်ချင်မိပါတယ် …

23 comments

  • blackchaw

    November 19, 2011 at 6:11 pm

    အော် ကိုယ့်ဒုက္ခ ကိုယ်ရှာလို့ သီဟရာဇာရယ်။
    ဒေါသမထွက်ချင်ရင် မြန်မာအသင်းကန်တဲ့ပွဲမကြည့်နဲ့လို့တောင်
    ဆိုရိုးစကားထားရမလိုဖြစ်နေပါပြီ။
    မောင်ရင်ကကြည့်တာကိုး…။ ဒေါသထွက်မှာပေါ့။
    ကျုပ်က ဆဲပါဆဲနေလို့ မိန်းမနဲ့ ရန်ဖြစ်ပြီး အင်တာနက်ဆိုင်ထွက်လာတာဗျို့။

  • windtalker

    November 19, 2011 at 6:18 pm

    အဲဒီလိုကြီး လွယ်လွယ် မဆုံးဖြတ်လိုက်ပါနဲ ့ကိုသီဟ
    မြန်မာအသင်း ပွဲတွေမှာ ဆဲမယ့်သူ တစ်ယောက် လျော့သွားမှာ စိုးလို ့ပါ ဟီဟိ
    အထူးသဖြင့်… LIVE ပြတဲ့အခါ ၊ နောက်ကနေ ပွဲကြည့်သူတွေ စိတ်မပျက်ပျက်အောင် အော်နေတဲ့ အနောင်စာ ကို ပိုဆဲချင်တယ် ဗျို ့

    • presenterkaungkin

      November 19, 2011 at 7:17 pm

      အမှန်တကယ်ပဲ။ ပရီးမီးယားလိဂ် ကျနေတာပဲ

  • naywoonni

    November 19, 2011 at 7:12 pm

    အချိန်တန်တော့လည်း စိတ်နာခဲ့ တာမေ့ပြီး မြန်မာပွဲဆို သွားကြည့်မိပြန်ရော……… သွေးပူနေတုန်းမို့ပါ…..။ မငိုနဲ့တိတ်တိတ်……။ 😛 😛 😛

  • water-melon

    November 19, 2011 at 7:34 pm

    ပြောပါနဲ့ဗျာ။ ခုထိရင်ထဲမှာ တစ်မျိုးကြီးဗျ။ ထမင်းတောင်မစားနိုင်ဘူး။ ဆိုင်ကယ်တောင် ကောင်းကောင်းမမောင်းနိုင်တော့ဘူးဗျ။လမ်းမှာ တွေ့သမျှ လူကိုု စိတ်ပေါက်ပေါက်နဲ့ အော်ခဲ့တယ်။ လူကို ညင်းညင်းပြီး သတ်နေတာလားမသိဘူး။
    မြန်မာဘောလုံး တိုးတက်နိုုင်ပါကြောင်း ဆန္ဒပြုရင်း ။
    ၏ည ၁၂းဝဝ မန်ယူပွဲကြည့်ရအုုန်းမယ် :lool

  • သိချင်းတောင်ရှိသေးတယ် လင်းလင်းဆိုတာထင်ပါရဲ့

    ဘာထူးလဲ အခုခါ
    ဘာထူးလဲ အခုခါ
    ဘာထူးလဲ အခုခါ
    ဘာထူးလဲ အခုခါ

  • ပေါက်ဖော်

    November 19, 2011 at 8:08 pm

    အောင်ဖျာလိပ်ကြပြန်ဘီလား
    ဂိုးသွင်းလေ့ကျင့်ကြပါ..လေ့ကျင့်ပါဆို..ဘယ်ဂိုးတွေလျှောက်သွင်းနေကြလဲ..ကွယ်..
    ခုတော့..ခုတော့..

  • ကိုရင်စည်သူ

    November 19, 2011 at 8:49 pm

    သီဟရာဇာရေ…
    ခံစားချက်တွေ ရေလည်တူနေတယ်..
    မြန်မာအသင်းက တကယ်ညံ့ပါတယ်..
    ခက်တာက အရှေ့တောင်အာရှမှာ
    ဖိန့်ဖိန့်တုန်း ကြောက်ရမဲ့ အသင်းကြီးခြေမရှိပါဘူး
    ခြေချော်ပြီး Final တက်ရင်တောင် ရှူံးမှာပါပဲ…
    ဒီနေ့ပွဲ ကန်တဲ့ခြေကို တော်တော်အားမရပါဘူး…
    တော်တော်ရှက်ဖို့ကောင်းပါတယ်…
    တောက်မြင်အကပ်ဆုံးက ဆရာကြီးဆိုဒ်ဖမ်းနေကြတဲ့
    မလေးရှားနည်းပြတွေကိုပါ။ ။
    ပြီးတော့ မြန်မာဘက်မှာ ကီလ်း ပလေယာ (Key Player)
    မရှိပါဘူး.. အကုန်လုံးက သူမသာ ကိုယ်အသုဘခြေနဲ့ဆိုတော့
    ရှူံးသင့်ရှူံးထိုက်တယ်လို့မြင်တယ်ဗျာ…
    မြန်မာအသင်းကို အနည်းဆုံးတော့ ကိုရီးယားခြေရှိတဲ့
    အသင်းတစ်သင်းဖြစ်စေချင်တယ်.. ဒါပဲဗျာ…

  • xman

    November 19, 2011 at 11:25 pm

    ကျွန်တော်တို့က အမှတ်မရှိ မျှော်လင့်ချက်ထားမိတာကိုး…
    ဦးဆောင်ဂိုးပေးလိုက်ရတဲ့ ၈၃ မိနစ်ဆိုတာကလဲ ကိုယ့်ဘက်ဝင်ဖိရင် ဘေးကန်ပစ်ရမယ့်အချိန်ကြီးကို…
    အခုတော့သိပါပြီ ။ မြန်မာဘောလုံးအသင်းဆို တတ်နိုင်သမျှခေါင်းထဲက ထုတ်ထားပါတော့မယ်။
    ကိုရင်စည်သူရေ – ဆန္ဒပြည့်ချင်ရင်တော့ ခြေထောက်ချင်းသာ ဖြတ်လဲလိုက်ပါတော့ဗျာ။

  • unclegyi1974

    November 19, 2011 at 11:28 pm

    မောင်သီဟကမှန်းချက်ကြီးတာကိုး
    မြန်မာအသင်းကအခုမှအစပြုတာ
    လိုပါသေးတယ်
    သို့သော်အရင်အသင်းတွေထက်တော့ကစားအားရလာပါပြီ
    အချိန်တခုတော့ပေးရအုန်းမယ်လေ
    ချက်ချင်းကြီးဘယ်ဖြစ်မလဲ
    လူမှန်နေရာမှန်တွေဖြစ်လာရင်မကြာပါဖူး
    နောက်၃နှစ်၄နှစ်ပါ
    စောင့်ကြည့်

  • မှော်ဆရာ

    November 19, 2011 at 11:51 pm

    ဟေ့လူတွေ မြန်မာအသင်းကို မကောင်းပြောတာ ရပ်ကြတော့ ….

  • မှော်ဆရာ

    November 19, 2011 at 11:52 pm

    ခင်ဗျားတို့မရပ်ရင် ကျွန်တော်ပါ ခင်ဗျားတို့နဲ့ တူတူ ဆဲမိတော့မယ် ….

  • sealion

    November 20, 2011 at 11:34 am

    ကိုသီဟ ပြောသလို ပဲ တဖြည်းဖြည်းနဲ ့ပြင်ရမှာပေါ့ တာဝန်ရှိသူတွေလဲ အကိုတွေသလို တွေကြပါစေ လို ့ဆုတောင်းရမှာဘဲ ကျွန်တော်တို ့ လည်းထုံးစံအတိုင်းပဲပေါ့ ဆဲလည်းဆဲ အားလဲပေးပေါ့ သူတို ့ကိုမှ သံယောစဉ် မဖြတ်နို်င်တာ 😛

  • sealion

    November 20, 2011 at 11:41 am

    ဆောတီးဗျာ comment တင်တဲ ့ပို ့ကနေရာမှားသွားလို ့အကိုရေ အဆင်ပြေရင် ဖျက်ပေးပါဗျာ

  • linnyones

    November 20, 2011 at 10:01 pm

    ဘောလုံးပွဲ ပြီးတော့လဲ အပြစ်တွေပြောလို့ပါလား ကျွန်တော်တို့
    ဘယ်လောက်ပဲ ဆဲဆဲ ဆူဆူ အချိန်တန်တော့လဲ သွေးက စကားပြောပေတယ်မို့လား
    း)

  • Moe Z

    November 21, 2011 at 10:00 am

    နောက်ဆို ဘယ်တော့မှမကြည့်တော့ဘူး စိတ်နာတယ်
    ငိုရတာပဲအဖတ်တင်တယ် 🙁

  • inz@ghi

    November 21, 2011 at 10:08 am

    ဟိတ်လူဒွေ
    သည်လောက်လဲ ပြောကြပါနဲ့ဗျ..
    ခမျာများ ကြိုးစားရှာပါတယ်…
    ခြေမတွေ့တာလည်း ပါတာပေါ့…..
    တဖက်က ထိန်းချုပ်သွားနိုင်တာလည်း ပါတာပေါ့
    အတွေ့အကြုံနုတာလည်း ပါတာပေါ့….
    သိမ်ငယ်စိတ် အငုံ့စိတ်လေးတွေ လည်း ပါတာပေါ့
    …ပါတာပေါ့…
    …ပါတာပေါ့….

    ခညားတို့ ကျုပ်တို့ မှ အားမပေးရင် ဘူ အားပေးမဲ …
    ပိုက်ပိုက်ချိရင် ဆြာဝန် အင်ဂျင်နယာ မာကတ်တာ တက်ခနစ်ရှင်
    အားလုံး အင်ပို့ထ် လုပ်ယူလို့ရယ်…

    စာပေဂီတ အနုပညာ အားကစား
    ဒါတွေမှာတော့ ကိုယ့်လူမျိုး မှ ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုမှာပဲ
    မွေးစားသားတွေ သုံးပီး အုပ်စုမတက်တဲ့ ၆ချက်မချိလဲ့ အသင်းတွေ
    ထက်စာရင် ကျုပ်တို့ ညီလေးတွေက ဂုဏ်ယူစရာကောင်းပါတယ်ဗျ..
    ကျုပ်ကတော့ တတိယနေရာလုပွဲ အားပေးဦးမှာဘဲ…

    ဒါဗျဲ….

    အမှတ်မရှိတဲ့ မျိုးချစ်ပုဂ္ဂိုလ်
    ဂီဂီ

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 21, 2011 at 10:10 am

    သူများကန်တာကို မကြိုက်ရင် ကိုယ်တိုင်သွားကန်ကြပါလားကွ
    ကိုယ်ကတော့ စောက်အဖြစ်မရှိဘူး သူများကို လိုက်ပြောနေတယ်
    လီးဘဲပေါ့
    ခင်ဗျားတို့က ဒီလူတွေကို ဘယ်လောက်ထောက်ပန့်ထားလို့လဲ
    ထောက်ပန့်တိုင်း နိုင်ရမယ်လို့ ပြောလို့ရမလား
    အားကစားကို အာဏာရှင်ဆန်ဆန်ပြောလို့ရမလားကွ
    စောက်ဖြစ်ရှိရင်ဝင်ကန်ကြပါလား သူတို့လဲကန်တာဘဲ
    သူတို့က ကိုယ့်ထက်တောင်နိုင်ခြင်သေးတယ်
    ဘယ်သူဘာပြောပြောကျုပ်အားပေးတယ် ဒီတစ်ပွဲမနိုင်ရင် နောက်တစ်ပွဲ
    နောက်တစ်ပွဲမနိုင်ရင် နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်တစ်ပွဲ
    နောက်ဘဝ
    အဘမသေခင် တစ်ပွဲလောက်တော့ နိုင်အောင်ကန်ကြပါလူကလေးတို့ရယ် 😀
    ပြောသာပြောတာ မင်းတို့ကလည်း တစ်ခါမှ မတစ်ခါဘူး
    လီးလိုဘဲ
    မနိုင်ရင်လည်း နိုင်တဲ့ကောင်တွေရဲ့ ခြေထောက်ကို ဓားနဲ့ခုတ်ဖြတ်ပြစ်ကွာ 😀

    • မိုက်ကယ်ဂျော်နီအောင်ပု

      November 21, 2011 at 10:11 am

      လက်တို့ပြီးပြောခြင်တာကတော့
      ဒီဘဝတော့ တစ်ပွဲလောက်ဖြစ်အောင်လုပ်ကြနော

      • Moe Z

        November 21, 2011 at 12:45 pm

        ဘပုကအားပေးဦးမယ်ပေါ့ 🙂
        စကားမစပ် avatar ပုံလေးပြောင်းဖို့စိတ်ကူးမရှိဘူးလား 😀

  • inz@ghi

    November 21, 2011 at 5:26 pm

    တွေ့လား တွေ့လား ….
    ကြေးတံဆိပ်တော့ ရဘီကွ
    ငါတို့အသင်းကို ၁ဂိုးပဲသွင်းပါမယ် ဘာညာလုပ်တဲ့အသင်းကို ဂိုးပြတ်သိပ်ပလိုက်ဘီ
    ၄-၁ ကွ
    တေတွားမယ်…..
    ဆဲကြဦးလေ. … နောက်မကြည့်လော့ဝူး ပြောကြဦးလေ
    နိုင်ပဟ..
    အားရထှာ ….

    စကားမစပ်
    ဟိုကောင်ရီး ခင်ချွေ. …. နင် အူးဂေါ်ဂေါ်ကို အတုယူ ကြားလား …အေရိုးရီး ….

  • ကျွန်တော်တော့ မြန်မာအသင်းထက် ကိုယ်နဲ ့ပိုနီးစပ်တဲ့ ကိုယ့်မြို ့နယ်ကဘော်လုံးပွဲလေးတွေကို ပိုစိတ်ဝင်စားမိပါတယ်။
    အမှန်ပြောရ ရင်တော့ အောက်ခြေကနေ လက်ရွေးစင်ထိချီတက်ရမယ့်နေရာ မှာ အောက်ခြေကရွာပွဲ၊မြို ့နယ်ပွဲ၊ခရိုင်ပွဲတွေမှာ
    ဖြစ်ပျက်နေကြတာကတော့ စိတ်မကောင်းစရာပါဘဲဗျာ။အဲဒီအကြောင်းကို ပို ့စ်လေးတစ်ခုနဲ ့ရှင်းပြပေးပါမယ်။မြန်မာဘောလုံးအသင်း
    ရဲ ့ရှေ ့အလားအလာ မကောင်းတာတော့ အမှန်ပါဘဲဗျား။

Leave a Reply