ko noNovember 19, 20111min1155

ဖေ့စ်ဘွတ်အကောင့် အားဖွင့် လိုက်မိချိန်တွင် နာမည်ကျော် ဒီဇိုင် နာ ဆရာမြင့်မောင်ကျော် share ပေးပို့ထားသော ဗီဒီယိုဖိုင်ကိုချက် ချင်းပင်ဖွင့်ကြည့်လိုက်မိသည်။
အကြောင်းအရာ ခေါင်းစဉ်ကပင် မဖွင့်ကြည့်ဘဲ မနေနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
“ကောင်းကင်ပေါ်တွင်ဈာန်ကြွ နေသောရဟန္တာ” ဟူသည့်ခေါင်း စဉ်ဖြစ်ပါသည်။အဆိုပါ ဗီဒီယိုဖိုင် အားချက်ချင်း ပင်ဝင်ရောက်ကြည့်ရူ လိုက် ချိန်တွင် ယင်းနေရာ ဒေသရှိ ဖူးမြော်သူတို့၏ အသံများနှင့် အတူ မြစ်ပြင် အထက် အတော်ခပ်လှမ်းလှမ်း ရှိရဟန္တာ ကိုယ်တော်မြတ် ဈာန်ဖြင့် ကြွနေသည် ကိုလွန်စွာ ဝေးကွာနေခြင်း ကြောင့် မသဲမကွဲ အနေအထားဖြင့် ဖူးတွေ့ လိုက်ရပါသည်။ ဗီဒီယိုရိုက် ကူးနေသူအား မြင်ရပါ့ မလားဟု မေးမြန်းသော အသံနှင့်မြင်ရတယ် ဒီမှာလေ ဟူသော အသံကိုစတင် ကြားလိုက်ရသည်။
ယင်းနောက် ကိုယ်တိုင် ကိုယ် ကျမျက်မြင်ဖူးတွေ့ရန် ကံအကြောင်း တရားပါသူ၊ ကုသိုလ်ထူး၍ ဖူးတွေ့ ခွင့်ရသူတို့၏ အသံများကိုကြားရ သည်။
“ ဟုတ်တယ်ဟေ့၊ ဟုတ်တယ် ဟေ့…ဟိုမှာ တွေ့ရပြီ အနီးကပ်” “ဟုတ်တယ်နော်..ရှင်းနေတာပဲ” “တစ်ခါမှ..မကြွဖူးဘူးနော်” စသော တအံ့တဩဖြင့် ကိုယ်တိုင် ကိုယ်ကျ ဖူးမြော်ခွင့်ရသူတို့၏ ပြောစ ကားသံများနှင့် အတူ ဗီဒီယိုဖိုင် တွင် ရဟန္တာအရှင်မြတ် ၏ ပုံသဏ္ဌာန်ကို များစွာ ထင်ထင်ရှားရှား ဖူးတွေ့ခွင့်ရ လိုက်ပါသည်။
အဆိုပါဗီဒီယိုဖိုင် အား စတင် share လုပ် ပေးပို့သော ဆရာမြင့် မောင်ကျော်၏ ဖေ့စ်ဘွတ် စာမျက် နှာပေါ်သို့ အောက်တိုဘာ ၁၅ ရက် နံနက် ၄ နာရီခွဲ အချိန်တွင် နောက် ဆုံးထား ဝင်ရောက်ကြည့်ရှု ခဲ့ပါ သည်။ ဗီဒီယို ဖိုင်စတင်ထား သည့် အချိန်မှ ယင်းအချိန်ထိ ၁၉ နာရီစာ သာကြာမြင့် ပါသေးသည်။ ကွန့်မင့် ပေးသူများစွာ ရှိလာပြီး ၂၆ ဦးမှာ ယင်းဗီဒီယိုဖိုင်အား share လုပ် သွားကြသည်။
ယင်းနောက် share လုပ် သွားကြသောသူတို့၏ ဖေ့စ်ဘွတ်စာ မျက်နှာများ ပေါ်တွင်လည်း ဝိုင်းဝန်း ၍ comment (သဘောထားမှတ် ချက်) ပေးသူများစွာ ရှိလာပြီး လူပေါင်းများစွာ ကချက်ချင်းပင် share များ ထပ်မံရယူကာ ဖြန့် ဝေကြသည်ကိုတွေ့ရပါသည်။
အဆိုပါဗီဒီယိုဖိုင် အား စတင် share ပေးပို့သော ဆရာမြင့်မောင် ကျော်ထံဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရာတွင် “မူရင်း တင်ထားတဲ့သူက တော့ အာသာ မင်းပါ။ ဆရာလည်း သူ့ကို ဆက်သွယ်ဖို့ လုပ်နေတာ မရ သေးဘူး။ ဘယ်နေရာမှာ၊ ဘယ် အချိန်လဲ ဆိုတာ ဆရာလဲ မေးမလို့ ဆက်သွယ် ထားတုန်းပဲ။ ဒါပေမယ့် ဆရာလည်း ဒီလိုမျိုးကောင်းကင်မှာ ဈာန်နဲ့ကြွသွားတဲ့ ရဟန္တာတွေကို မကြာခဏ ဖူးတွေ့ရဖူးတယ်။ ပြော ရရင် တော့ကွာ ဒီဗီဒီယိုဖိုင် ကို ဆရာ ကိုယ်တိုင် လည်း ယုံကြည် လို့တင် ထားတာ။ share လုပ်ပေးတာပေါ့ ကွာ”ဟု မြန်မာပို့စ်သတင်းဂျာနယ် ၏ ဆက်သွယ်မေးမြန်းချက် ကို ပြန် လည်ဖြေကြားခဲ့ပါသည်။
ဗုဒ္ဓဘာသာ အားယုံကြည်သက် ဝင်သူလူငယ် တစ်ဦးကလည်း “ကျွန် တော် ရဟန္တာ တွေနဲ့ပတ်သက်လို့ ကိုယ်တိုင် ကိုယ်ကျ ဖူးမြော်ခွင့် မရပေ မယ့်လည်း ရှိတယ် ဆိုတာကို တကယ် ယုံကြည်ပါတယ်။ တောင်တန်းသာ သနာပြု ဆရာတော်ဘုရားကြီး ဟော ကြားသွားတဲ့ တရားတစ်ပုဒ်မှာ ဆိုရင်လည်း မြန်မာပြည် မှာ ရဟန္တာ တွေ၊ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တွေ အများကြီး ရှိတယ်။ ဒုတိယကမ္ဘာ စစ်တုန်းက မြန်မာနိုင်ငံ ကိုလာတဲ့ လေယာဉ်မှူး တွေဆိုရင် ကောင်း ကင်မှာ ဈာန်နဲ့ကြွနေတဲ့ ရဟန္တာတွေ လေယာဉ် ဘေးမှာ၊ တချို့က လေယာဉ်ပျံရဲ့ ရှေ့မှာ အုပ်စု လိုက် ရော၊ တစ်ပါးချင်း ရော ဈာန်နဲ့ကြွနေ ကြတာ ကိုမြင်တွေ့ခဲ့ရလို့ အရမ်းကို အထူး အဆန်းဖြစ်ရလို့ မေးမြန်း လျှောက် ထားကြတဲ့ အကြောင်းကို တောင် ထည့်သွင်း မိန့်ကြား သွားတာ ကိုတရားနာခဲ့ ရဖူးပါတယ်။ အခုဗီဒီ ယိုဖိုင်မှာ ဖူးတွေ့ခွင့်ရတဲ့အတွက်ရ အောင်ရိုက် ကူးပေးခဲ့တဲ့ သူကို အထူး ကျေးဇူးတင် ပါတယ်။ ဒီဗီဒီယိုဖိုင် မှာ ဖူးတွေ့ရတာလဲ အရမ်း အံ့ဩသလို၊ အရမ်းလည်း ယုံကြည်မိပါတယ်” ဟု မြန်မာပို့စ် သတင်းဂျာနယ်၏သဘော ထားအမြင် တောင်းခံမှုအပေါ် ပြန် လည်ဖြေကြားပေးခဲ့သည်။
အဆိုပါဗီဒီယိုဖိုင် အားစတင်၍ ဖေ့စ်ဘွတ် စာမျက်နှာပေါ် တင်ထား ပေးခဲ့သူဟု ဆိုနိုင်သော ကိုအာသာ မင်းမှာ ယခုလ ၈ ရက်နေ့မှ စတင် ၍ယင်းဖိုင်အား တင်ပေးထားခဲ့ခြင်းဖြစ် ပါသည်။
အဆိုပါ ထူးခြားသောရဟန္တာ ပုဂ္ဂိုလ်သည်မြန်မာနိုင်ငံ၏ မည်သည့် အရပ်ဒေသ တွင်ကြွလာသည်၊ မည် သူကယင်း ဗီဒီယိုအား မှတ်တမ်းတင် ခဲ့သည် နှင့် ဖိုင်အား မျှဝေပေးသော ကိုအာသာမင်း အပါအဝင် ကိုယ်တိုင် ကိုယ်ကျ ဖူးတွေ့ခွင့် ရသူတို့နှင့်ဆက် သွယ်တွေ့ဆုံ နိုင်ရန်မြန်မာပို့စ်အနေ ဖြင့် ဆက်လက်စုံစမ်း နေပါကြောင်း စာဖတ် ပရိသတ်အားအသိပေးလိုပါ သည်။
လက်ရှိတွင် အဆိုပါဗီဒီယိုဖိုင် အားကြည့်ရှုဖူး မြော်လိုသူများအနေ ဖြင့် www.facebook.com တွင် အကောင့်ရှိသူများအနေဖြင့် http://www.facebook.com/kogyi ဝင် ရောက်၍ ရှာဖွေကြည့်ရှု နိုင်သလို၊ အောက်တွင်လည်း တပါးတည်း ထည့်သွင်းပေးထားပါသည်။
သက်ထွန်းဦး၊ ဘသန်း
breaking-vol3-no40
ရဟန္တာ ပေါ်ပေါက်နေပြီဟူသော သတင်းအား မြန်မာနိုင်ငံတွင် ရှေးယခင်မှစ၍ ယနေ့အထိမကြာခဏ ဆိုသလိုကြားနေရပါသည်။ မည်သည့် အရပ်တွင်ရဟန္တာ ပေါ်နေပြီ၊ မည်သည့်ဒေသ တွင်ရဟန္တာတစ်ပါး ကြွရောက် သီတင်းသုံးနေသည် စသဖြင့်မကြာခဏ ဆိုသလိုကြားနေရခြင်းများကြောင့် လက်ရှိသာသနာ တော်တွင် ရဟန္တာဟူသည်မှာ အမှန်တကယ် ရှိမရှိ၊ ယုံကြည် သော်လည်း ရှင်းလင်းစွာသိလိုမှု အပေါ်အခြေခံ၍ မေးခွန်းများ ထုတ်လာ ကြပါသည်။ ယင်းကဲ့သို့မေးမြန်း လျှောက်ထားမှုများအနက် အရှင်ကောဝိဒ(ယော) ဆရာတော်ဘုရားကြီး၏ “ရဟန္တာစစ်တမ်း”မှာ အဆိုပါ သိချင်မေးခွန်းများအတွက် ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ မုက္ခပါဌ် တော်(နှုတ်တော်)မှ မြွက်ကြားချက် ကို အခြေခံကာ၊ ရဟန္တာ၏ သဘောသဘာဝ၊ အမှန်တကယ် ရဟန္တာ ဟုတ်မဟုတ် စစ်ဆေးနည်း၊ အကျိုးအပြစ် စသည်တို့ကို ဘုရားဟောနှင့်အညီ အရှင်း လင်းဆုံး ဖြစ်စေရန် ဟောကြားထားသည် ဖြစ်ရာ မြန်မာပို့စ် စာဖတ် ပရိသတ် အတွက် အရှင်ကောဝိဒ(ယော) ဆရာတော်ဘုရားကြီး၏ “ရဟန္တာစစ်တမ်း” အား ပြန်လည် ဖော်ပြ ပေးအပ်ပါသည်။
တာဝန်ခံအယ်ဒီတာ
မေး။ ။ ယခုခေတ် တွင်ရဟန္တာဖြစ်နိုင်ပါ သေးသလား၊ ကျမ်းအကိုးအကားဖြင့်ဖြေကြားပေးပါ ရန်နှင့် ရဟန္တာဟုတ်- မဟုတ်၊ ဘယ်လို စမ်းသပ်ရ ပါ မည်နည်း၊ ပညာရှင်များ ဖြေကြားပေးတော်မူပါဘုရား။
ဖြေ။ ။ ယခုခေတ်တွင် ရဟန္တာ ဖြစ်နိုင်သေး သလားဟူမူ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူ ခါနီး သုဘဒ္ဒပရိဗိုဇ် မေးမြန်းသဖြင့် ဖြေကြားတော် မူအပ်သော-ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာဝိဟရေ ယျုံ၊ အသုညောလောကော အရဟန္တေဟိ အဿ။ (ဒီ-၂-၁၂၅) သုဘဒ္ဒပရိဗိုဇ် ဤရဟန်းအပေါင်း တို့ သည်ကား ကောင်းစွာ နေထိုင်ကုန်ငြားအံ့။ ဤသို့နေ ထိုင်ကြမူ လောကသည် ရဟန္တာတို့မှ မဆိတ်သုဉ်း သည်ဖြစ်ရာ၏- ဟူသောပဋိပတ်စွမ်းအင်ပြ နိပ္ပရိယာ ယမုချစကားတော်အရ ယခုခေတ်တွင်လည်း ရဟန္တာ များဖြစ်နိုင် ပေသေးသည်။
(ရဟန္တာ ဟုတ်-မဟုတ် စမ်းသပ်နည်း)
ယခုခေတ်တွင် ရဟန္တာများဖြစ်နိုင်သေးသည် ဆိုသော်လည်း ရဟန္တာစစ်-မစစ် စမ်းသပ်ဖို့ စုံစမ်း ဖို့အရေးမှာ အလွန်မှ သိမ်မွေ့နက်နဲလှပါသည်။ အဘယ့် ကြောင့်ဆိုသော် ရဟန္တာအစစ်သည် စိန်ရွှေပတ္တမြား အပြည့် ထည့်ထားသော ရတနာ အိုးကိုရရှိထားသော ယောက်ျား ကဲ့သို့သူတစ်ပါးအား ဝါကြွားပလွှားရာကျ မည်စိုး၍ မိမိ ရရှိထားသော အရဟတ္တဖိုလ် ဓမ္မရတနာ ကို မပြလို၊ မပြော လိုသောကြောင့်လည်းကောင်း၊ လူသာမဏေတို့ အား ဈာန်မဂ်ဖိုလ်တရားတို့ကို မပြောကြား ရဟု သိက္ခာပုဒ်ပညတ်ထားသောကြောင့် လည်းကောင်း ဤမျှ သိမ်မွေ့နက်နဲခြင်းဖြစ်ပါသည်။ ( ဒီ-ဋ္ဌ ၂-၂၇၀၊ ဝိ-၂-၃၇)။
ဤတွင် သိနိုင်ခဲပုံ ဝတ္ထုတစ်ပုဒ် ထုတ်ပြပါမည်။ တခါကစိတ္တလ တောင်တွင် သီတင်းသုံးနေတော်မူ သောရဟန္တာ မထေရ်ကြီးတစ်ပါးသည် အလုပ်အကျွေး တောထွက် ရဟန်းကြီးတစ်ပါးနှင့်အတူ ဆွမ်းခံ ထွက် ခိုက်မထေရ်ကြီး၏ သပိတ် သင်္ကန်းကိုယူလျက် နောက် ကလိုက်နေသော တောထွက် ရဟန်းကြီးက-အရိယာ ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ-ဟု မထေရ်ကြီးကို မေးလေ၏။
မထေရ်ကြီးက တချို့ပုဂ္ဂိုလ်များသည် အရိယာ နှင့်အတူနေ အရိယာတို့၏ သပိတ်သင်္ကန်းကိုယူ လျက် အရိယာ တို့ကို ဝတ်ကြီးဝတ်ငယ်ပြုနေရသော် လည်း အရိယာမှန်းမသိနိုင် လောက်အောင် အရိယာ ဆိုသည်မှာ အသိခက်လှပေ၏-ဟု မိန့်တော်မူ၏။ သို့ သော် တောထွက် ကိုယ်တော်ကြီးကားမသိရှာ၊ နီးကပ် စွာနေရသော် လည်းဉာဏ်ပညာရှိသူမှ သာသိနိုင် ပေမည်။( ဒီ-ဋ္ဌ ၂-၃၆၄၊ မ-ဋ္ဌ ၁-၂၃၊ သံ-ဋ္ဌ ၂-၂၃၂၊ စူဠနိ-ဋ္ဌ ၇၁)
ရဟန္တာစစ်-မစစ်သိဖို့က အရေးကြီးသလား မေးငြားအံ့၊ အရေးကြီးလှပေသည်။ နိန္ဒိယပသံသာယ ဟိပသံသိယ နိန္ဒာယစသမ ကောဝ ဝိပါကော။ (သံ-ဋ္ဌ၁-၁၉၇) ဟူသည်နှင့်အညီ ကဲ့ရဲ့ထိုက်သူကို ချီးမွမ်း မိခြင်းနှင့် ချီးမွမ်း ထိုက်သူကိုကဲ့ရဲ့မိခြင်းကား အပြစ် အတူတူပင်ဖြစ်ရကား အလဇ္ဇီရှင်ရဟန်းကို ရဟန္တာ မှတ်ပြီး ပူဇော် လှူဒါန်းနေလျှင် သာသနာတော်ကို ကူ၍ ဖျက်ရာရောက်ပေမည်။ ရဟန္တာကို ကဲ့ရဲ့စွပ်စွဲမိ လျှင်လည်း အရိယူပဝါဒကံကြီး ထိုက်ပေ တော့မည်၊ သို့အတွက် ဗုဒ္ဓဘာသာဝင်များ ဉာဏ်နှင့်ယှဉ်၍ စဉ်းစား ချဉ်းကပ်ကြမှတော်ပေမည်။
ရဟန္တာစစ်-မစစ် စမ်းသပ်စစ်ဆေးပုံကိုဆိုပါ တော့မည်။ မိမိကိုယ်ကို ရဟန္တာဟု ဝန်ခံလာ သူကို စမ်းသပ် စစ်ဆေးနည်းကို မြတ်ဗုဒ္ဓ အတိအကျ ညွှန် ကြားထားချက်ရှိပါသည်။
တရားထူးရသည်ဟု ဝန်ခံလာသူအား
(၁) ကိံ တေ အဓိကတံ – အဘယ် တရားထူး ကိုရသနည်း၊ ဈာန်ကိုရသလား၊ မဂ်ကို ရသလား၊ ဤသို့ရအပ်သော တရားထူးကို၎င်း။
(၂) ကိန္တိတေ အဓိဂတံ-အနိစ္စ စသော လက္ခဏာသုံးပါးတွင် ဘယ်လက္ခဏာကို ပဓာနပြု၍ ရသနည်း၊
တစ်နည်း။ သမထ ဝိပဿနာနှစ်မျိုးတွင် အဘယ်ကိုနှလုံးသွင်း၍ ရသနည်း။
ဤသို့ရခြင်း၏ အကြောင်းကိုလည်းကောင်း။
(၃) က ဒါ တေအဓိကတံ-ဘယ်အချိန်မှာ ရသနည်း၊ နံနက်မှာလား၊ နေ့ခင်းအချိန်မှာလား၊
ဤသို့ စသည်ဖြင့် အချိန်ကိုလည်းကောင်း။
(၄) ကတ္ထ တေ အဓိကတံ- ဘယ်အရပ် မှရသနည်း။ သစ်ပင်ရင်းမှာလား၊ မဏ္ဍပ်အတွင်း မှာလား၊
ဤသို့ စသည်ဖြင့် အရပ်ကိုလည်းကောင်း။
(၅) ကတမေ တေ ကိလေ သာ ပဟီနာ-ဘယ်ကိလေသာတု့ိကို ပယ်ပြီးဖြစ်သနည်း။
ဤသို့ ပယ်အပ်ပြီးသော ကိလေသာတို့ကို၎င်း။
(၆) ကတမေသံ တွံ ဓမ္မာနံ လာဘီ- ပထမမဂ် စသည်တို့တွင် အဘယ်ကို ရသနည်း။ ဤသို့ရအပ် သော တရားထူး ကိုလည်းကောင်း၊ ခွဲခြား၍ မေးရမည်ဟု ဆိုပါသည်။( ဝိ-၁-၁၁၇၊ ဝိ-ဋ္ဌ ၂-၈၁-၈၂ )
ဤနေရာ၌ အဋ္ဌကထာဆရာ ဋီကာဆရာတို့ ဆက်လက်ညွှန်ကြားထားးချက်ကို ဆိုပါဦးမည်။ အဋ္ဌကထာဋီကာဆရာ တို့က အထက်ပါ အတိုင်းစစ်စစ် ပေါက်ပေါက် မေးမြန်းရာအဆင်ပြေပြေ ဖြေနိုင်ရုံမျှ ဖြင့် မယုံကြည် ထိုက်သေးကြောင်း။ ဗဟုသုတ ရှိသော ပါဠိအဋ္ဌကထာကျွမ်းကျင်သော ရဟန်းများအနေဖြင့် ကောင်းစွာ ဖြေဆိုနိုင်ကြောင်း၊ ထို့ကြောင့် ထိုရဟန်း အား မဂ်မရမီရှေ့အဖို့၌ သီလစင်ကြယ်မှု၊ ကမ္မဋ္ဌာန်း အားထုတ်မှု အကျင့်များ ရှိ-မရှိ၊ ရှိလျှင်လည်း ရိုးရိုး သားသား လာဘ ကိုမမျှော်ဘဲ စင်စင်ကြယ်ကြယ် ကျင့်ခြင်း ဟုတ်-မဟုတ် စဉ်းစား ရမည်ဟု မိန့်ဆိုကြ ပါသည်။
ဤသို့စဉ်းစား နှိုင်းချိန်၍ သူ၏ဖြေဆိုပုံနှင့် သူ၏ကျင့်ပုံ ညီညွတ်ရုံမျှဖြင့်လည်း ရဟန္တာ ဟု ပူဇော် သက္ကာရ အမှု မပြုထိုက်သေးပါ။ အဘယ်ကြောင့် ဆိုသော် အချို့သော ပုထုဇဉ်ရဟန်းတို့သည် ရဟန္တာ နီးပါး အကျင့် ကောင်းကြသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ရဟန္တာဟု ဧကန်မသတ်မှတ်သေးဘဲ ဥပါယ်တံမျဉ်ဖြင့် စမ်းသပ် သင့်သေးသည်ဟု မိန့်ဆိုကြ ပါသည်။
ဥပါယ်တံမျဉ်ဖြင့်စမ်းသပ်ပုံကို ဝတ္ထုသာဓက များထုတ်ပြ၍ ဆိုပါမည်။
တစ်ခါက ဒီဃဘာဏက အဘယ်ဆိုသော မထေရ်ကြီးတစ်ပါးသည် ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတစ်ပါးကို ပုထုဇဉ်လော၊ ရဟန္တာလောဟု မခွဲခြားမဆုံး ဖြတ်နိုင်သည်ဖြစ်၍ သူငယ်တစ် ယောက်အား အမှတ်သညာပေးထား၏။ ထိုသူငယ် သည် ကလျာဏီမြစ်ဆိပ်၌ ငုပ်၍ ရေချိုးနေသော ထိုရဟန်း၏ ခြေထောက်ကိုဆွဲလေ၏။ ပိဏ္ဍပါတ် ဓုတင်ဆောင်ရဟန်းသည် မိကျောင်းမှတ်ပြီး ကျယ် လောင်စွာ အော်ဟစ်လေရာ ပုထုဇဉ်မှန်းသိရလေ၏။ မှန်ပါသည်။ ရဟန္တာမည်သည် ဦးထိပ်၌ မိုးကြိုးကျ သော်လည်း ကြောက်ရွံ့တုန်လှုပ်ခြင်းမဖြစ်တော့ပါ။ အသက်ခန္ဓာ၌ တပ်မက်ခြင်း နိကန္တိကိုပယ်ထားပြီး ဖြစ်ပါသည်။
( မ-ဋ္ဌ ၄-၆၆။ သာရတ္ထ-ဋီ ၂-၂၈၅ )
သို့သော် အချို့ကြောက်ရွံ့ခြင်း ကင်းရဲတင်း သောပုထုဇဉ်များလည်း ရှိတတ်သေးရာ နှစ်သက်ဖွယ် အာရုံများနှင့်လည်း စမ်းသပ်သင့်ပါသေးသည်။
တစ်ခါက ဝသဘမင်းသည် မထေရ်တစ်ပါးကို စုံစမ်းလိုသဖြင့် နန်းတော်သို့ပင့်ဆောင်ပြီး မထေရ် ၏ရှေ့တွင် ဆီးသီးမှုန့်ဖြင့် ဖျော်ထားသောမုန့်ကို နယ်ပြလေ၏။ ထိုအခိုက်မထေရ်၏သွားရည်များ ယိုကျလာသဖြင့် ရသတဏှာမပယ်နိုင်သေးပုံ၊ ရဟန္တာ မဖြစ်သေးပုံကို သိရလေ၏။ မှန်ပါသည်။ ရဟန္တာ မည်သည် နတ်ဩဇာကိုသော်မှ တပ်မက်ခြင်းမရှိ တော့ပါ။ ( မ-ဋ္ဌ ၄-၆၇။ သာရတ္ထ-ဋီ ၂-၂၈၅ )။
အချုပ်အားဖြင့်ဆိုရလျှင် ရဟန္တာဟူသည်မှာ ကိလေသာ ၁၀-ပါးလုံးကင်းကာ လောကဓံတရား တို့ကြောင့် တုန်လှုပ်ခြင်းမရှိ၊ တွေဝေခြင်း မေ့လျော့ ခြင်းမရှိ၊ အိပ်မက်မက်ခြင်းမရှိ၊ သုက်လွှတ်ခြင်းမရှိ၊ မာယာ-သာဌေယျမရှိ၊ စသည်ဖြင့် ပုထုဇဉ်တို့၏ စရိုက် အကြိုက်တို့နှင့်များစွာ ကွာခြားရကား ရဟန္တာအရှင် တို့၏ ဂုဏ်ကို ပုထုဇဉ်တို့ကုန်စင်အောင် မသိနိုင် ကြောင်း၊ ရဟန္တာအချင်းချင်းသာ သိနိုင်ကြောင်း။ ( သံ-၁-၁၅၀။ ) ဟောတော်မူထားပါသည်။
ဤ၌ အနည်းငယ်ဖြည့်စွက်၍ ပြောချင်သည် မှာ ဘုရား ရဟန္တာအရိယာပုဂ္ဂိုလ်တို့အား မျက်မြင်ဖူး တွေ့၍ ကိုယ်တွေ့ကြည်ညိုဘုန်းရိပ်ခိုလှုံလိုကြသည် မှာ ပုထုဇဉ်သူတော်ကောင်းတို့၏ ကောင်းမြတ်သော သဘာဝပင်ဖြစ်ပါသည်။
သို့သော် အရိယာတို့ကိုဖူးတွေ့ရခြင်းဟူသည် ပကတိမျက်စိဖြင့် ဖူးတွေ့ရခြင်း၊ ဉာဏ်မျက်စိဖြင့် ဖူးတွေ့ရခြင်းဟု နှစ်မျိုးရှိပါသည်။ ထိုတွင် ပကတိ မျက်စိဖြင့်ဖူးတွေ့ရခြင်းကို တိရစ္ဆာန်များပင် (သိသိ-မသိသိ) ဖူးတွေ့နိုင်၍ ဘုရားရှင်မချီးမွမ်းလှပေ။ ထို့ကြောင့်ပင် ဘုရားရှင်အားဖူး၍မဝကြည်ညိုလှ သော ဝက္ကလိမထေရ်အား-ဝက္ကလိ ဤကိုယ်ကောင် ပုပ်ကို ဖူးမြင်ရခြင်းဖြင့်သင်အား အဘယ်အကျိုး ရှိအံ့နည်း၊ ဝက္ကလိတရားကို မြင်သောသူသည် ငါဘုရားကို မြင်၏-ဟု မိန့်တော်မူခဲ့သည် မဟုတ်ပါ လော။ ( သံ-၂-၉၈ ) ဓမ္မ-ဋ္ဌ ၂-၃၈ဝ )
ထို့ကြောင့် ဘုရားရှင်အလိုတော်အားဖြင့် အရိယာပုဂ္ဂိုလ်ကို ပကတိမျက်စိဖြင့် ဖူးတွေ့ရသော် လည်း ဉာဏ်ဖြင့် အရိယာတို့မြင်အပ်သော လက္ခဏာ ရေးသုံးပါးကို မမြင်သော၊ အရိယာတို့သိအပ်သော တရားတို့ကို မသိသောသူသည် အရိယာအဖြစ်ကို ပြုတတ်သောတရားကလည်းကောင်း၊ အရိယာ၏ အဖြစ်ကို၎င်း၊ မမြင်အပ်သည်၏ အဖြစ်ကြောင့် အရိယာနံ အဒဿာဝီ-အရိယာ ပုဂ္ဂိုလ်တို့ကို မဖူး မြင်ရသူပင်ဖြစ်၏-ဟုအဋ္ဌကထာဆရာတို့ မိန့်ဆိုကြပါ သည်။( အဘိ-ဋ္ဌ-၁-၃၈၅ )။
ကိုယ်တိုင်ကိုယ်ကျတရားရ၍ အရိယာအစစ် ကိုဖူးတွေ့နိုင်ကြပါစေ။
အရှင်ကောဝိဒ (ယော) ဖေါ်ဝါ့မေးလ် မှဖြစ်ပါသည်။ကိုယ်ပိုင်ဉာဏ်ဖြင့်သုံးသပ်ကါ အမှန်တရားကိုရှာဖွေနိုင်ကြပါစေ။

breaking-vol3-no40 from CS Web Studio on Vimeo.

5 comments

  • windtalker

    November 19, 2011 at 7:59 pm

    ဖေ့ဘုတ် က ကိုတိုး ရဲ ့ wall မှာ သွားကြည့်ခဲ့ပါတယ်
    တော်တော်လေး ထင်ရှားပါတယ်
    ကျေးဇူးတင်ပါတယ် ဗျို ့။

  • ပေါက်ဖော်

    November 19, 2011 at 8:57 pm

    ဝှီး…
    ဟုတ်ရဲ့သားနဲ့..မဟုတ်ဘူးထင်ရင်လဲ ငရဲကြီးဦးမယ်.
    မဟုတ်ပဲနဲ ့..အဟုတ်ထင်ရင်လဲ..အပစ်ဖြစ်ဦးမယ်.
    ဗွီဒီယိုယအရတော့…..ဖြစ်နိုင်ချေတော့..အများသားဗျာ….

  • kai

    November 20, 2011 at 4:37 am

    တွေ့တာတော်တော်ကြာပါပြီ..။
    ၂ဝရာစုထဲက ..လူတွေ…
    နည်းနည်းလေး… ခေါင်း(ဦးခေါင်း) သုံးကြဖို့ပဲ ပြောချင်ပါတော့တယ်..။

    စိတ်ပျက်စရာ..။ 🙁

  • ပေါက်ဖော်

    November 20, 2011 at 9:48 am

    ဟိုက်..
    တဂျီးက ရဲလေး လေသံနဲ ့ပါလား
    😯

Leave a Reply