မြန်မာ့ ဘော်လုံး

MAUNGNovember 19, 20111min17614

ဟင်း…. လို့ဘဲ သက်ပြင်းချရတော့ မယ် ။ မလေး ဝမ်း ဇီး တဲ့ း(

ရှစ်ပေ စလောင်းကမရှိ ။ ရှိတဲ့စလောင်းက မပြ ။  Soccer myanmar မှာညီအစ်ကို တစ်ယောက်ရေးတဲ့ comment လေးကျေးဇူးနဲ့ VTV2 ကနေ live stream လေးကြည့်ခွင့်ရတော့တော်တော် ပျော်သွား တာ။ ပွဲ စစချင်း ကစားပုံ ၊ အရှိန် ၊ အထိန်းအသိမ်း လေးတွေကြည့် ရင်း နဲ့မမြင်ရတာ အခိုက်အတံ့ တစ်ခုထိကြာပြီဖြစ်တဲ့ မြန်မာ့ခြေ ကို အတိုင်းအတာတစ်ခုအထိ ကျေနပ်၊ မျှော်လင့်မိပါတယ် ။ အဲ ။ပွဲစဉ်တစ်လျှောက် လုံးပြင်နိုး ၊ပြင်နိုး နဲ့ ပွဲသာပြီးသွားတယ် ၊မပြင်ခဲ့တဲ့ အားနဲချက်ကလေးတွေ ကို ကျွန်တော် စဉ်းစားမိသလောက်၊ အပြုသဘောနဲ့ ဒီစာကိုရေးပါတယ် ။

၁ ။ နောက်တန်း သမားတွေ ဘောလုံး ရတဲ့ အကြိမ်ရေတော်တော် များများလူမကြည့် ဘဲစွတ် ကန်တင်တော့တာဘဲ ။ Sweeper ဟာလိုအပ်ရင် ရှင်းထုတ်ရမယ် ဆိုတာအားလုံးအသိပါ ။ ဒါပေမဲ့ ဘောလုံးရတိုင်းစွတ် ကန်တင်တော့ မလေးနောက်ချန်လူ တစ်ယောက်မဟုတ် တစ်ယောက်စီ ရောက်တော့ တာဘဲ။

၂ ။ နိုင်ငံ ကိုယ်စားပြု ကစားတာ ဟာဘယ်လောက် တာဝန်ကြီးတယ် ။ စိတ်ဖိစီးမှူ့ ရှိတယ်ဆို တာလဲ နားလည်ပါတယ်။ ခုထက်ပိုပြီးအားလုံး စိတ်နဲနဲ အေးအေး ထားစေချင်ပါတယ် ။ စိတ်ဖိစီးမှူ့ခုထက်နဲနဲ လျှော့ နိုင်ရင် ခုထက်ပို ကောင်းအောင် ကစားနိုင်မယ် လို့ အကြွင်းမဲ့ယုံ ကြည်ပါတယ် ။

၃ ။အုပ်စုလိုက် ကစားပုံဟာ မလေးနဲ့ ယှဉ်နိုင် ပေမဲ့၊ တစ်ယောက်ချင်းယှဉ် လိုက်ရင် ကျွန်တော်တို့ကစားသမားတွေ တော်တော်များများဟာ၊ ခြေတစ် လှမ်း အမြဲနှေး နေပါ တယ် ။ ( Stress ကြောင့် အများကြီးပါမယ်လို့ထင်မိပါတယ် ။)

၄ ။ ဒိုင်လူ ကြီးရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ မမှန်ပါဘူး ။ အသင်းခေါင်းဆောင်ဟာ လိုအပ်ရင် ပါးနပ်စွာ စောဒက တက်ခွင့် ရှိပါတယ် ။ အဲလို လုပ်နိုင်အောင်လဲ English စကားပြော လေးလဲ အားလပ်ရင် လေ့လာနိုင် အောင် အသင်းကြီးကြပ် သူတွေ စီစဉ်ပေးသင့်ပါတယ် ။ မှားမှား၊ မှန်မှန် ဒိုင်ဝီစီ မှုတ်တိုင်း လက်အုပ်ချီ တောင်းပန်တာ မျိုးမလိုအပ် တဲ့ အချိန် တွေမှာရှောင် သင့်တယ်လို့ ထင်ပါတယ် ။

ကျွန်တော် တော့ ရွာသူ၊ရွာသားများ ရဲ့ ကိုယ်ပိုင်အမြင်လေးတွေလဲ ပြောပြကြ ပါဦး ။

14 comments

  • blackchaw

    November 19, 2011 at 7:23 pm

    ကိုယ်ပိုင်အမြင်ကတော့ ဆဲလွန်းလို့ မိန်းမနဲ့ ရန်ဖြစ်လာခဲ့တယ်ဗျာ။
    ဒါဗျဲ။ ဗျန်းဗျန်းဗျန်း။ ဒန်တန့်တန်
    မြန်မာပွဲကြည့်ပြီး ရူးသွားပြီဗျို့။

  • water-melon

    November 19, 2011 at 7:38 pm

    ကိုယ်မှာ ယဉ်ယဉ်လေးရုး။

  • ကိုရင်စည်သူ

    November 19, 2011 at 9:18 pm

    ကတောက်… မြန်မာအသင်းခြေကို အားရပြီး
    ဆဲလွန်းတာ မိုးမွှန်သွားလို့ … မယ်တော်နဲ့ ဖခမည်းတော်က…
    ဗြောတင်လိုက်လို့… အင်တာနက်ဆိုင် ရောက်ခဲ့ကြောင်းပါ။
    မြန်မာအသင်းရေ… ဗျန်း… ဗျန်း… ဗျန်း… 👿 👿

  • thihayarzar

    November 19, 2011 at 9:56 pm

    ကျွန်တော်လည်း အားမရလို့ထပ်ပြောဦးမယ် … အမှားကတစ်သိန်း ကောင်းတာကတစ်ကွက် … အမှားမပြင် စိတ်ဓာက်ကမရှိ လူတွေကလည်း ပိန်ညောင့်နေတာပဲ မောနေပြီ မပြေးနိုင်တော့ဘူး ရှုံးနေတာတောင် စိတ်ပါလက်ပါ မကန်ဘူး … အိမ်ကတီဗီ ရိုက်ခွဲမိမှာစိုးလို့ ဒါး ကိုင်ပြီး ထင်းခွဲလိုက်တယ် .. ကောင်းရော … ထင်းတုန်းတွေကို ဘောလုံးသမားတွေလို သဘောထားလိုက်တယ် … အေးရော …

  • သော်ကြီး

    November 19, 2011 at 11:13 pm

    သားတို့ဆီမှာ မီးကလဲမလာ၊ မီးစက်ကလဲ မရှိတော့ မကြည့်လိုက်ရဘူးဗျို့။ မီးတွေ ဘယ်ကိုများ ရောင်းစား ကုန်ကြပြီလဲမသိ။

  • unclegyi1974

    November 19, 2011 at 11:14 pm

    ဟုတ်ပါတယ်နောက်တန်းဖျက်တာတောင်ကန်မြောက်ကန်နဲ့
    ဒိုင်ကမှားမှားမှန်မှန်ကိုယ့်ဘက်ကကောင်းနေဖို့သာလိုရင်း
    အခုကလိုကိုလိုပါတယ်မောက်ရင်ရယ်
    ကစားအားလေးတွေတော့တက်လာပြီ
    ဆက်လုပ်လိုက်ရင်အသင်းကြီးထက်သာသွားနိုင်ပါတယ်

  • koyinmaung

    November 19, 2011 at 11:41 pm

    ရွာသားအပေါင်းတို့မြန်မာအသင်းရှုံးလို့ရူးတဲ့သူကရူးသွားပြီ(ကိုချေား)
    မယ်တော်နဲ့ခမည်းတော်ကဗုံတီးလွတ်ခံရတဲ့(ကိုရင်စည်)
    ဒေါသကိုရှေ့ထားတီဗီအစားထင်းခွဲလိုက်တဲ့(ကိုရာဇာ)
    ဘေားမနိုင်တာအကြောင်းပြပြီးဟိုလဒကြီးကိုAရိုးရီးလိုကော်တုတ်လိုက်တဲ့(ဂီဂိ)(နီနီ)
    အမယ်ဒီလိုပွဲသာရှူံးတာပါနော် ဟိုလွန်ခဲ့တဲ့လေးငါးနှစ်တုန်းကဂူအမ်ကျွန်း(ရပ်ကွက်အသင်းလောက်ရှိတဲ့)အသင်း
    ကိုချစ်ကြည်ရေးပွဲမှာ ဂိုးနှစ်ဒါဇင်လောက်တောင်သွင်းလိုက်တာဂုဏ်ယူလိုက်စမ်းပါ
    ခုပွဲစဉ်မှာလဲအမြင်မှာသာရှုံးတာပါကြိုတင်ဂိုး၁၀ဝထဲ့မပေါင်းယင်နိုင်ပြီးသား…ဟင်းဟင်း

  • မှော်ဆရာ

    November 19, 2011 at 11:41 pm

    ဟေ့ မနိုင်လို့ဆဲတာ မဟုတ်ဘူးဟေ့
    နိုင်နှိုင်ခြေရှိရဲ့သားနဲ့ ရှံးလို့ဆဲတာ တတိယနေရာတွေ ဘာတွေလာမပြောနဲ့ ပထမမှမရရင် ဘာမှမလိုချင်ဘူး …
    ရှံးလဲ ပြတ်ပြတ် နိုင်လဲပြတ်ပြတ်ပဲ
    မနိုင်မဲ့တူတူ အုပ်စုမှာထဲက ထွက်ပါတော့လား ….
    အခုတော့ နေမရ ထိုင်မရ ဒေါသပဲ ထွက်နေတယ် …

  • Yin Nyine Nway

    November 20, 2011 at 8:49 am

    ပြောမနေနဲ့တော့
    မနေ့က ကြည့်ပြီး ထိုင်ဆဲနေရတယ်
    နိုင်ခြေရှိရက်နဲ့ နိုင်အောင်မကန်နိုင်ဘူး
    86 မိနစ်မှာမှ မလေးက တစ်ဂိုးသွင်းသွားတာ တော်တေ်ာ စိတ်နာဖို့ကောင်းတယ်

  • sealion

    November 20, 2011 at 11:39 am

    အကို ပြောတဲ ့ အားနည်း ချက်တွေ ကို တဖြည်းဖြည်းနဲ ့ပြင်ရမှာပေါ့ တာဝန်ရှိသူတွေလဲ အကိုတွေသလို တွေကြပါစေ လို ့ဆုတောင်းရမှာဘဲ ကျွန်တော်တို ့ လည်းထုံးစံအတိုင်းပဲပေါ့ ဆဲလည်းဆဲ အားလဲပေးပေါ့ သူတို ့ကိုမှ သံယောစဉ် မဖြတ်နို်င်တာ 😛

  • Thanlwinoo

    November 20, 2011 at 11:40 am

    မြန်မာဘောလုံးသမားတွေ အကောင်းဆုံး ကစားသွားပေမယ့် လိုအပ်ချက်တွေ ရှိနေပါသေးတယ်..။
    ချန်ပီယံခြေအဆင့်တော့ မရောက်သေးပါဘူး..။
    တစ်ဦးချင်း Skill လိုပါသေးတယ်..။ အထူးသဖြင့် Team Work လိုတယ်လို့ ထင်ပါတယ်..။
    မြန်မာတစ်ယောက်ဘောလုံးရရင် မလေး ၃ ယောက်လောက် ဝိုင်းဖျက်လို ပျက်တာများပါတယ်..။
    မလေးက လူကပ်ကစားပုံ ကောင်းပြီး မြန်မာနောက်တန်း လူကပ်ပုံ အနည်းငယ်လိုတယ်လို့ ထင်ပါတယ်..။
    တတိယလုပွဲမှာ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ပါစေ..။
    မြန်မာ့ဘောလုံး တိုးတက်ဖို့ MNL တစ်ခုတည်းနဲ့တော့ မလုံလောက်ဘူးဆိုတာ သက်ဆိုင်ရာလူကြီးမင်းတွေ သိမယ်လို့ထင်ပါတယ်..။ တစ်ပွဲတိုးမလုပ်ဘဲ ကျောင်းပွဲတွေ၊ ရပ်ကွက်ပွဲ၊ မြို့နယ်ပွဲ၊ တိုင်းနဲ့ပြည်နယ်ပွဲတွေ၊ ဖိတ်ခေါ်ပွဲတွေ များများလုပ်ပြီး တစ်နိုင်ငံလုံးက လူငယ်တွေ ကို စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးတဲ့ စီမံကိန်းတွေ ပေါ်ထွက်လာခြင်းဖြင့် မြန်မာ့ဘောလုံး တိုးတက်အောင်မြင်ဖို့ မျှော်လင့်ပါတယ်..။

  • utawgyaw

    November 20, 2011 at 4:13 pm

    အဓိက က ဘောလုံးskill အားနည်းတာ၊ အသင်းလိုက်စုဖွဲ.မှုမှာလည်း မလေးကိုမယှဉ်နိုင်ပြန်ဘူး၊ ၁၈ ဂိုက်စည်းထဲဘောလုံး၇ရင် ရတဲ့တစ်ယောက်ကပဲ ရုန်းနေပြီး ကျန်တဲ့သူတွေက ရပ်ကြည့်နေတယ်။ အနည်းဆုံးက လှုပ်နေရမဲ့ဟာကို၊ အဲ့ဒီတော့ မလေးနောက်တန်းက လှုပ်နေတဲ့ကောင်ကို ချုပ်လိုက်တာနဲ့ မြန်မာတိုက်စစ်လစ်သွားရော။ အခြေခံ ကျကျအများကြီးလုပ်ယူရဦးမယ်။ အချိန်တော်တော်ယူရဦးမယ်။ အဓိကက တာဝန်ရှိသူတွေရဲ့ အခန်းကဏ္ဍပဲ၊ အဲ့ဒီတာဝန်ရှိသူဆိုတဲ့ ငတိတွေကို တော်တော်သင်တန်းပေးရမယ်၊ ပျက်စီးနေတဲ့စိတ်ဓါတ်တွေကို အစကနေပြင်မှ ရတော့မယ်။ မြန်မာပြည်ကြီး တိုးတက်ပါစေ။

  • inz@ghi

    November 20, 2011 at 4:36 pm

    ဘောထိန်းရင် တကိုက်လောက် ထွက်ထွက်သွားတာ …
    လူပေးပုံရိုးရှင်းလွန်းတာ…..
    ပါရမီရှင် ကစားသမားမပါတာ..
    လျှပ်တပြတ် အငိုက်မိမယ့် စွမ်းဆောင်ရည်မျိုးမရှိတာ
    တဖက် အသင်း ကစားပုံကို သမားရိုးကျ ပေါ့ပေါ့တွက်ထားတာ..
    စိတ်ဓါတ်ပြင်းပြမှု အကောင်းဆုံးအနေအထားမရှိတာ …..
    တာ…
    တာ …
    ဆက်ပြောရင် မောရချည့်ရဲ့

    မောင်ရင်တို့ကို ၂ခုပြောချင်ရဲ့
    ၂၀၀၄မှာ ဂရိဗိုလ်စွဲတုန်းက … အင်မတန်ကျစ်လစ်သိပ်သည်းပီး …
    စိတ်ဓါတ်ပြင်းထန်လွန်းခဲ့လို့

    ၂၀၀၆မှာ အီတလီဗိုလ်စွဲတုန်းက
    နေရာအလိုက် ထိုးဖောက် တိုက်စစ်ဆင်ကစားပီး..
    ပြိုင်ဘက်တွေကို အနိုင်ယူနိုင်ခဲ့လို့ …
    မယုံရင်ပြန်ကြည့်ကြည့် ……အဲ့ပြိုင်ပွဲတလျောက် ဂိုးသွင်းခဲ့တာ
    အီတာလျံ တိုက်စစ်မှူးတွေတင်မကဘူး …ကွင်းလည်နဲ့
    တောင်ပံကစားသမားတွေပါ ပါတယ်..(စုစုပေါင်း ဂိုးသွင်းနိုင်ခြေရှိသူ ၁၁ယောက်တောင်
    ရှိတယ် ဆြာတို့ …ဘယ်နောက်တန်း ဘယ်လိုကပ်မလဲ .)
    နောက်တန်းကလည်း လုံသလားမမေးနဲ့
    G.Buffonကို ပြိုင်ပွဲတလျောက် အုန်းဂိုး ၁ဂိုး… ဖိုင်နယ်မှာ ဇီဒန်းသွင်းတဲ့
    ပယ်နယ်တီ တစ်ဂိုး ကလွဲရင် ဘာမှ ခွင့်မပြုခဲ့ရဘူး…

    ပါရမီရှင် ကစားသမားမပါဘူးနော်. …teamworkအရ …strategyအရ
    နောက် တပွဲချင်း စီမံပုံအရ ကျော် လွှားခဲ့တာချည်းပဲ …

    အကောင်းဆုံးအသင်း ဖလားရတာမဟုတ်ပါ
    အလိမ္မာအပါးနပ်ဆုံးအသင်းပဲ ဖလားရတာပါ..
    ရွှေပဲဗျာ ..ရွှေပဲလိုချင်တာပေါ့ …

    ရွှေမက်တဲ့
    guy inz@ghi

  • naywoonni

    November 20, 2011 at 6:04 pm

    မျှှော်လင့်မထားပါဘူး…။ ကိုယ့်အသင်းက အများကြီးလိုအကပ်နေသေးတာ…။ ဒီအဆင့်ရောက်သွားတာပဲ ကျေနပ် စရာကောင်းနေပါပြီ…။ တတိယတောင် မျှော်လို့မရနိုင်ပါဘူး…။ ဒီနေ့ မြန်မာ့အလင်းမှာတောင် ဘောလုံးပွဲ သတင်းမပါတော့ဘူး…..။ မနက်ဖြန် ကန်တဲ့ ပွဲတောင် လွှင့် ချင်မှ လွှင့်မယ်လို့ပြောနေကြတယ်…..။ ဒီလိုတော့ မလုပ်သင့် ပါဘူး…။ အဆင့်နိမ့်လို့ရှုံးတာကို နိမ့်သေးတယ်လို့ လက်ခံနိုင်မှပေါ့….။ ဒီထက်ကောင်းအောင်ပဲ ဆက်လုပ်သင့်တာပေါ့…….

Leave a Reply