ကိုပေါက်ရေ။ ကျွန်တော် ဒီတစ်ခေါက် ခရီးသွားတုန်း ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေ တင်ပေးဖြစ်ပါတယ်။ သည်းခံပြီးကြည့်ပေးပါဗျာ။ ဘုရားပုံတွေလည်းပါတယ်။ ငါးပုံတွေလည်းပါတယ်။ ရှုခင်းပုံတွေလည်းပါတယ်။ ပန်းပုံတွေလည်းပါတယ်။ ခေါင်းစဉ်တောင်ဘယ်လိုပေးရမယ် စဉ်းစားလို့ မရတော့တာနဲ့ အမည်ပေးမထားလို့တတ်လိုက်တာပါ။

ဘုရားကြီး ပါ။

ဘုရားကြီး ရဲ့ အနောက်က ရိုက်ချက်။ မိန်းကလေးတွေတော့ မြင်ဘူးမယ်မထင်။

ဘုရားကြီး ဘယ်ဘက်က ရိုက်ချက်။

ဘုရားကြီး မျက်နှာတော်။

မန္တလေးတောင် အဆင်းလမ်းမှာ ညောင်မြစ်ကြီးတစ်ခုလုံးကို ထုနေတဲ့ ရုပ်ပွားတော်။

မန္တလေးတောင်ပေါ်က ဖူးတွေ့ရတဲ့ ဘုရားတစ်ဆူ။

အစိမ်းရောင် အမျိုးမျိုး ။

တောင်ပေါ်မှာ အဲဒီလို သတိပေးထားပါတယ်။

ဘလက် က ဘုရားသွားဖူးတာနော် ကိုပေါက်ရေ။ အဲဒါမျိုးကြီးတွေမြင်တော့ ဘုရား ဖူးချင်တဲ့ စိတ်တောင် လျော့သွားတယ်။ အပုတ်ကောင် အပုတ်ကောင်။

မန်းတောင် ပေါ်က ရှုခင်းတစ်ခု။

မန်း ဆီဒိုးနား ဟော်တယ်ရှေ့က ထန်းပင်။

နေပြည်တော် အမြန်လမ်းပေါ်က ဘလက်ရဲ့ ရိုက်ချက်။

နေပြည်တော် သပြေကုန်းဈေး ၀ိုင်ကေကေအိုရှေ့ မှာ တွေ့ခဲ့ရတဲ့ နံပတ်တူ ဆိုင်ကယ်နှစ်စီး။ ဒါမျိုးကြီးလည်း ဖြစ်တတ်တယ်နော။

ငါးပြတိုက်ထဲက ငါး တစ်ကောင်။ အပေါ်ကအရိပ်နဲ့ နှစ်ကောင်ဖြစ်နေတာ။

နေပြည်တော် နေထွက်ချိန်။

နေပြည်တော် လမ်းဘေးနားကပန်းတွေ။

ကျောက်ဆည် မဟာရွှေသိမ်တော်ကြီး က ရုပ်ပွားတော်။ အဓိဌာန် အရမ်းအောင်တယ်ဆိုပြီး ပွဲတွေပေးကြတာ လူတွေ နည်းတာမဟုတ်ဘူးဗျို့။

ကြက်ဆူသီး မမြင်ဘူးကြသူများအတွက် မှည့်နေတာ လေးတွေ စားချင်စရာဗျာ။

ဘုန်းကြီးကျောင်းထဲက စိန်ခြယ်ပန်းတွေ။

black chaw

About black chaw

black chaw has written 332 post in this Website..

   Send article as PDF