အချိန်ရှိခိုက် “ဖျက်“ကြစို ့..

aye.kkNovember 20, 20111min1076

အိမ်အိုအိမ်ဟောင်း..မြင်မကောင်း

နေလို ့“မကောင်း“လို ့ပြင်..

“ပြင်“ပြင်ပါသကွဲ ့“အရင်“လိုဘဲ..

ဘယ်လိုလုပ်မှ“ရ“မှာလဲ..

“မရ“ရင်တော့..ပြိုမှာ“ကြောက်“..

“ကြောက်မယ့်“အတူတူ..အနူနူ..

“သံတူရွှင်း“တွေယူ..

ယူပြီးတော့ကွယ်..ဘာလုပ်မလဲ..

“ဖျက်“မှရမှာဘဲ..

“မဖျက်“ခင်က..အချိန်ရှိတုံး..“စဉ်းစားကြပါအုန်း“..

စဉ်းစားတုံးကွယ်“ပြို“ကြရင်..

ပြိုကြရင်တော့“သေ“မှာဘဲ..

အားလုံးကတော့“မိသားစု“တွေဘဲ..

“အားလုံးကိုတော့“အသေမခံနိုင်…

“မခံနိုင်သူ“ဦးဆောင်ဖျက်..

တစ်ယောက်တစ်လက်.. “ဝိုင်းကူဖျက်“..

ဖျက်..ဖျက်“အချိန်ရှိခိုက် “ဖျက်“ကြစို ့..

သစ်..သစ်..“အသစ်“..ကတော့..

“ထပ်ဆောက်“ရမှာဘဲ..

အားလုံး“ဝိုင်းကူ“..ပြန်လည်ကြိုးစား..ဆောက်ကြရမှာဘဲ..။

 

 

6 comments

  • ပေါက်ဖော်

    November 20, 2011 at 9:26 am

    ဖျက်ချင်လဲ ဖျက်ပါကွဲ ့
    ကပ် နေ ဖို ့ တော့ မရှက်ပါနဲ ့..

  • Thanlwinoo

    November 20, 2011 at 11:14 am

    Foundation မကောင်းရင် စောစာစီးစီးဖျက်တာဘဲ ကောင်းပါတယ်..။
    ကြာရင် အားလုံးဒုက္ခရောက်ကုန်လိမ့်မယ်..။
    တစ်ယောက်တစ်လက် မြန်မြန် ဝိုင်းဖျက်ပြီး ကောင်းမွန်ခိုင်ခန့်စွာ အသစ်ပြန်ဆောက်ကြမယ်..။

  • seahorse

    November 20, 2011 at 12:07 pm

    ဖျက်သင့်တာကို ဖျက်မယ်ဆိုတာထက်၊ထုတ်သင့်၊ရွှေ ့သင့်တဲ့ အယုတ်အညံ့တွေကို အရင်ထုတ်သင့်ပါရယ်. ဝေးးးး

  • windtalker

    November 20, 2011 at 12:08 pm

    ရန်ကုန်မှာ အိမ်အဟောင်းဖျက်တဲ့ လုပ်ငန်းရှင်များ ဝမ်းသာဝမ်းမြောက်ဖြင့်
    ဖျက်ထိုက်သော တိုက်အိမ်အဟောင်းများကို မြန်မြန်ဖျက်နိုင်ကြပါစေ

  • naywoonni

    November 20, 2011 at 9:29 pm

    အဆောက်အဦးတွေတင်မဟုတ် သောက်သုံးမကျတဲ့ အကျင့်ဆိုးတွေနဲ့ စိတ်ဓါတ်တွေကို အရင်ဖြိုဖျက်ပြီး လူသားပီသတဲ့ လူကျင့်ဝတ်လိုက်နာတဲ့ လူလူချင်းစာ နာထောက်ထားတဲ့ လူမှု ဘဝ အဆောက်အဦးသစ်ကြီး တည်ဆောက်ကြပါလော့….။ ဘယ်အချိန် ဘယ်အခါမှ မျှော်လင့် ရမှာပါပ….။ တို့များမျှော်တစ်လင့်လင့် ရှိနေပါတယ်…။

  • aye.kk

    December 10, 2011 at 6:39 am

    ကောင်းတဲ့အနာဂတ်အသစ်ကို..
    လူတိုင်းမြင်လိုခံစားလိုကြပါတယ်..
    အားလုံးကအသစ်ပြန်စဖို့..ပါဘဲ..
    ဟောင်းပြီးမကောင်းတာ..နေလို ့မရတာ..(အာဏာရှင်စနစ်ဆိုတဲ့အိမ်အိုအိမ်ဟောင်းကြီး)
    မိသားစုဆိုတဲ့..ပြည်ထောင်စုမြန်မာပြည်ကြီးမှီတင်းနေထိုင်တဲ့ တိုင်းရင်သားမျိုးချစ်စိတ် ရှိတဲ့ညီအစ်ကို
    မောင်နှမအားလုံးတို ့အသိစိတ်နဲ့(လှပတဲ့ဒီမိုကရေစီအနာဂတ်ဆိုတဲ့အိမ်သစ်ကြီး)ကို
    ့အသစ်ပြန်လည်ကာ တည်ဆောက်ဖို ့လိုပါကြောင်းခံစားရေးဖွဲ ့လိုက်ရတာပါ..။

Leave a Reply