မင်္ဂလာပါ ။
မနေ့ ည က အားလုံး အောင်မြင်ကြမယ်လို့ ထင်မိပါတယ် ။
ဒီကနေ့ ည 20/11/2011 စူပါဆန်းဒေးအတွက် နဲနဲပြောချင်ပါတယ် ။
ပွဲစဉ်များနဲ့ အချိန်များကတော့
၁၀:၃၀ ချဲဆီး – လီဗာပူး
၂:၃၀ စပါး – အက်စတွန်ဗီလာ
၆:၀၀ ဘိုလော့နာ – စီဆီနာ
၈:၃၀ ကာတားနီးယား – ချီယေဗို
။ ဂျီနိုအာ – နိုဗာရာ
။ ဂျူဗင်တပ် – ပါလာမို
။ ပါးမား – အူဒီးနီး
။ ဆီနာ – အက်တလန်တာ
၂:၁၅ ရိုးမား – လက်ချီ
၅:၃၀ ဆိုစီဒက် – အက်စ်ပန်ညို
၉:၃၀ ဂီဂျွန် – ဂီတာဖေး
။ အိုဆာစူနာ – ဗယ်လက်ကာနို
၁၁:၃၀ ဆီဗီလာ – ဘီဘာအို
၁:၃၀ အသလက်တီကို – လီဗန်တေး
၃:၃၀ ဂရာနာဒါ – မာယော့ကာ
*******************************
ချဲဆီး(၄) – လီဗာပူး(၇)
ခြေစွမ်းမငြိမ်တဲ့ အသင်းနှစ်သင်း တွေ့ ဆုံမှု ပါ ။
မနှစ်က ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲလုံး လီဗာပူး က အနိုင်ရခဲ့ပါတယ် ။
ချဲဆီးအသင်းဟာ ၁၁ ပွဲ အပြီးမှာ ၇ ပွဲနိုင် ၊ ၁ ပွဲသရေ ၊ ၃ ပွဲရှုံး ၊ ရဂိုး ၂၄ ၊ ပေးဂိုး ၁၅ ၊ ရမှတ် ၂၂ ပါ ။
ချဲဆီးအသင်း အိမ်ကွင်း ၅ ပွဲကစားခဲ့ရာမှာ ၄ ပွဲနိုင် ၊ ၁ ပွဲရှုံး ၊ ရဂိုး ၁၅ ၊ ပေးဂိုး ၉
ချဲဆီးအသင်း နောက်ဆုံးကစားခဲ့တဲ့ငါးပွဲ ဟာ W,D,L,W,L
လီဗာပူး အသင်းဟာ ၁၁ပွဲ အပြီးမှာ ၅ ပွဲနိုင် ၊ ၄ ပွဲသရေ ၊ ၂ ပွဲရှုံး ၊ ရဂိုး ၁၄ ၊ ပေးဂိုး ၁၀ ၊ ရမှတ် ၁၉ ပါ ။
လီဗာပူး အသင်း အဝေးကွင်း ၅ ပွဲကစားခဲ့ရာမှာ ၃ ပွဲနိုင် ၊ ၂ ပွဲရှုံး ၊ ရဂိုး ၆ ၊ ပေးဂိုး ၅
လီဗာပူးအသင်း နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲ ဟာ D,W,W,D,D
ဈေးအနေအထား အရ ချဲဆီးအသင်းဟာ တစ်ဂိုးသွင်းရင် ၅၀% မှ ၈၀% အထိ အကျိုးအမြတ် ရရှိမယ့် အနေအထားပါ ။
ဒီပေါက်ကြေးအရ ဆိုရင် လီဗာပူး ခေါ်ထားမှန်း သိသာပါတယ် ။
နောက်ပြီး ရလဒ်ဆိုးနေတာတွေကို အဆုံးသတ်ဖို့ ပြင်ဆင်လာမယ့် ချဲဆီး အနေအထားကို လည်း ယုံကြည်မိတာကြောင့် ၊ ဒီပွဲမှာ အနည်းဆုံး ချဲဆီး ၁ ဂိုးအသာ နဲ့ နိုင်မှာပါ ။
*******************************
ဘိုလော့နာ(၁၇) – စီဆီနာ(၂၀)
ဇယားအောက်ခြေက နှစ်သင်းတွေ့ ဆုံမှု ဟာလည်း စိတ်ဝင်စားဖွယ်ပါဘဲ ။
စီဆီနာအသင်းဟာ စီးရီးအေပွဲစဉ်၁၀ ပြီးတဲ့အထိ တစ်ပွဲမှ အနိုင်မရသေးတဲ့ တစ်သင်းသော အသင်းပါ ။
စီဆီနာ အသင်းဟာ နည်းပြအသစ်ပြောင်းထားပေမယ့် ပြီးခဲ့တဲ့ အပတ် ပွဲမှာ လက်ချီ အသင်းနဲ့ အိမ်ကွင်းမှာ ကစားခဲ့တာတောင် ၁-၀ နဲ့ ရှုံးခဲ့ပါတယ် ။ ဒါတောင် လက်ချီအသင်း ဘက်က တစ်ယောက် အနီကတ် ပြခံရလို့ ၁၁ယောက် ၁၀ယောက် ကစားခဲ့ရတာပါ ။
အခု ပွဲ ဟာ အောက်အသင်းနှစ်သင်း အနိုင်အတွက် ရုန်းကြမယ့် အခြေအနေမှာ ၊ အိမ်ရှင် ဘိုလော့နာ ကို ယုံကြည်လိုက်ရအောင် ။
*******************************
ဂရာနာဒါ(၁၉) – မာယော့ကာ(၁၅)
တန်းတက်ဂရာနာဒါ နဲ့ လာလီဂါ ရဲ့ အလယ်လတ်အသင်း မာယော့ကာ တို့ တွေ့ ဆုံမှု ပါ ။
ဒီနေ့ အတွက် အကြိုက်ဆုံး အသင်းကတော့ မာယော့ကာပါ ။
ဈေးအနေအထားအရ လည်း မာယော့ကာ ကို အားပေးရင် ၊ သရေကျရုံနဲ့  အပြည့်အဝ နီးပါး ပျော်ရွှင်ခွင့်ရမှာပါ ။
မာယာကော့ လုံးဝ မရှုံးနိုင်ဘူး ၊ အနိမ့်ဆုံး အောက်ထစ် သရေ ကစားမယ့် ပွဲ ပါ ။
*******************************
——- ဘောလုံးချစ်သူတိုင်း အောင်မြင်မှုများ သိမ်းပိုက်နိုင်ပါစေ ——-

About မောင် ပေ

မောင် ပေ has written 396 post in this Website..

   Send article as PDF