ရေစိုမှာ စိုးလို့လား… မပူပါနဲ့

Pool side က ပါတီပွဲမှာ ဓာတ်ပုံ ရိုက်ချင်ပေမဲ့…. ကမ်းခြေကို ကင်မရာ ယူသွားချင်ပေမဲ့…. ရေစိုမှာ စိုးရိမ်တယ် ဆိုတဲ့ သူတွေ အတွက် Samsung က ရေစိုခံ ကင်မရာ တစ်လုံး ထုတ်လုပ် လိုက်ပါပြီ။  မော်ဒယ် နံပါတ်က WP10(AQ100) ပါ။  water proof casing မပါပဲ ရေထဲမှာ ၃ မီတာ အနက်အထိ အသုံးပြု နိုင်ပါတယ်။  ဒါကြောင့် ရေကူးကန်ပဲ ဖြစ်ဖြစ် ကမ်းခြေ ကိုပဲဖြစ်ဖြစ် ယူသွား နိုင်တယ်လို့ ပြောခဲ့တာပါ။

ရေစို ခံရုံတင် မကပါဘူး။ ဒီကင်မရာ ရဲ့ လုပ်ဆောင်ချက် တော်တော်များများ ကလည်း စွဲမက်စရာပါ။  အဝေးကို ဆွဲယူ ရိုက်ကူးဖို့ 5x optical zoom ပါဝင် ပါတယ်။  ဒါ့အပြင် Smart Auto လုပ်ဆောင်ချက်ကို ရွေးခြယ် ထားမယ် ဆိုရင် ကင်မရာမှာ ရှိတဲ့ mode ၁၇ မျိုး ထဲကနေ အသင့်တော်ဆုံး mode ကို ရွေးခြယ်ပြီး အလိုအလျောက် ရိုက်ကူး ပေးမှာ ဖြစ်တာကြောင့် ဘာ mode နဲ့ ရိုက်ရင် ကောင်းမလဲ ဆိုတာကို ဦးနှောက်ခေါက်ခံ နေစရာ မလို တော့ပါဘူး။

ဒီ ကင်မရာ က ဓာတ်ပုံကောင်းတွေကို ရိုက်ကူး နိုင်ယုံ မက ဗီဒီယို ကိုလည်း H.264 format ကို 30fps နဲ့ ရိုက်ကူး နိုင်ပါ သေးတယ်။  ကင်မရာ ရဲ့ အနောက်ဖက်မှာ တော့ LCD screen ပါဝင်ပြီး ၂ ဒသမ ၇ လက်မ ရှိပါတယ်။  ခုလုတ် တွေ အထား အသိုကလည်း ရင်းနှီးပြီးသား ပုံစံဖြစ်တာကြောင့် အသုံးပြုရတာ အဆင်ပြေပြေ ရှိမှာပါ။  ကင်မရာ ရဲ့ portrait mode က အသားအရေ ရဲ့ အရောင် ကို ချိန်ညှိပေးတဲ့ အတွက် Photoshop တို့လို editor တွေ မလိုပဲ လှပတဲ့ portrait ပုံ တွေ ရိုက်ကူး နိုင်ဦးမှာပါ။ ကင်မရာ မှာ ပါတဲ့ filter တွေကို သုံးပြီး ရိုက်ပြီးသား ပုံတွေကို fish eye lens နဲ့ ရိုက်ထားတဲ့ ပုံဖြစ်အောင် စသဖြင့် ပြုပြင် နိုင်ပါသေးတယ်။

အရင်က ရေစိုခံ Nikon D10 ထွက်ခဲ့ပေမဲ့ အခု Samsung ရဲ့ ကင်မရာက ပို ကျစ်လစ်ပြီး ဒီဇိုင်းဆန်းတဲ့ အပြင် လုပ်ဆောင် နိုင်တာတွေလည်း ပိုပါတယ်။  ရေကစားယင်း၊ ရေကူးယင်း အမှတ်တရ ဓာတ်ပုံတွေ ရိုက်ချင်တဲ့ သူတွေ သဘောကျမဲ့ ကင်မရာမျိုးပါ။

တူေ

About တူလေး

Tu Lay has written 1 post in this Website..

Interested in Tech news.