အားကိုးစရာ တိုင်းရင်းဆေးပညာ(အရိုးကျီးပေါင်း)

mg wineNovember 20, 20111min21617

အာ ကျွန်တော်အဒေါ်တယောက်ကအရိုးကျီးပေါင်းရောဂါဖြစ်နေပါတယ်။အထူးကုကိုပြကြည့်တော့ဇက်ရိုးကျီးပေါင်း
ရောဂါလို့ပြောပါတယ်။ဇက်ကြောတက်၊ခေါင်းကျဉ်၊နံနက်စောစောဇက်တောင့်တယ်။ဓါတ်မှန်ရိုက်တာလည်ဆစ်ရိုး၃၄၅၆မှာ
ကျီးပေါင်းတက်နေတယ်လို့သိရပါတယ်။စားဆေးတွေပေးတယ်၊အဒေါ်ကလည်းသောက်ပါတယ်။လည်ပင်းကိုလည်းသူတို့ပေး
တဲ့လည်ပတ်ကြီးပတ်ထားရတာပေါ့။
၂နှစ်ကြာတဲ့အထိအထူးကုနဲ့ပြနေမရတာပဲ၊သက်သာတယ်မပျောက်ဘူး။လက်ပြင်ငုတ်သလိုဖြစ်တယ်လို့ညည်းသံကြား
တယ်တခါတလေအုံးလွဲတယ်လို့ပြောတယ်၊လက်မြောက်လို့မရတာလည်းဖြစ်တယ်။နောက်တော့အာရုံကြာကြာစိုက်လို့မရဘူးမူးတာမှခြာခြာ
လည်အောင်မူးတာပဲ၊တခါအထူးကုတခုကိုပြောင်းကုတော့ လည်ပင်းမှာအတက်တွေထွက်နေတယ်လို့ပြောပြန်တယ်။စားဆေးတထုပ်ကြီးပေး
လိုက်ပြန်ရောအဒေါ်ကဆေးစားနေရင်းပဲဇက်ခိုင်သွားတယ်၊လှည့်မရပြုမရဖြစ်တော့တာပဲ။
ဆီးသွားရင်လည်းအနည်ကျလွန်းတယ်ပြောသံကြားတယ်။ပါးစပ်ဟလို့ဖွင့်လို့သိပ်မကောင်းဘူး၊လည်ပင်းမှာလည်းအိုးပိုထွက်
တယ်ပြောတာပဲ။ကျွန်တော်အဒေါ်လည်းကုန်တာများနေပြီ။စိတ်ဓါတ်လည်းကျနေပြီ။ဆေးဆိုင်ကရောင်းတဲ့လိမ်းဆေးလည်းစုံပြီ၊အိမ်မှာဆိုဆေးဗူး
ခွံတွေများနေပြီ။ မသက်သာဘူး၊တချို့ကလည်းတိုင်းရင်းဆေးနဲ့ကုကြည့်ပါလားပြောကြပါတယ်။အဒေါ်ကလည်းတိုင်းရင်းဆေးကိုအထင်မကြီးဘူး
ဟုတ်လည်းဟုတ်တယ်လေ ဆေးကတခါသောက်လက်ဖက်စားဇွန်းတဇွန်းရေနွေးနဲ့သောက်၊ဂျင်းပြုတ်ရည်နဲ့သောက်မခက်ဘူးလား၊အဆင်မပြေ
ဘူးပေါ့။
ဒီလိုနဲ့ ဇက်ခိုင်တဲ့အပြင်အရိုးပါရဂူက”ဇက်ရိုးမှာရှိတဲ့ကျီးပေါင်းဟာအတက်ဖြစ်နေလို့အာရုံကြောကိုဖြတ်သန်းလိမ့်မယ်၊ရက်ပေါင်း
၈ဝလောက်ဆိုရင်မလွယ်ဘူးလို့ပြောပါတယ်။ဒီမှာတင်ပုသိမ်ပန်းဆက်ကအဒေါ်သူငယ်ချင်းဒေါ်ပန်းအိဖြူကသူတာဝန်ယူတယ်လုံးဝပျောက်ရမယ်
ဆိုပြီးအိမ်မဲကဆရာတယောက်ကိုသွားခေါ်ပါတယ်။
ဆရာရောက်လာတော့အဒေ့ါ်ကိုစစ်ဆေးပါတယ်၊လက်ကိုသွေးစမ်းပါတယ်၊ခင်ဗျားဆီးအနည်ကျနေတယ်လို့ပြောတယ်၊အဒေါ်ကလည်း
ဟုတ်တယ်ပေါ့၊ပြဿနာကအဒေါ်ဇက်ကိုစစ်ဆေးနေတုန်းအဒေါ်က“ကျွန်မ ပါရဂူကြီးတွေနဲ့ကုခဲ့ပြီးပြီ မပျောက်ခဲ့ဘူး ဆရာလိုကချိကချောက်
ဆရာတယောက်ကကုနိုင်ပါ့မလား”လို့ပြောလိုက်တာ ကျွန်တော်တောင်အားနားသွားတယ်။ဆရာကဘာမှမဖြစ်သလိုပဲသူ့အလုပ်သူဆက်လုပ်ပါတယ်။
အဒေါ်ဇက်တနှစ်နီးပါးလှည့်မရပဲခိုင်နေတာကိုဆေးစည်းပြီးနာရီဝက်ကြာရင်လှည့်လို့ရမယ်လို့ပြောပါတယ်၊အဒေါ်ကမဲ့ပြီး..လုပ်ကြည့်ပေါ့
လို့မယုံသလိုပြောပါတယ်။ဆရာလေးကဆေးစည်းဖို့ပလာစတာတွေကိုခွာနေပါတယ်။ဆရာကအသက်၄ဝလောက်ပဲရှိပါတယ်။ဟန်တွေပန်တွေလည်းမရှိ
ပါဘူးဆရာဆေးစည်းပြီးတော့အဒေါ် ကနာရီကြည့်ပါတယ်။နာရီဝက်ပြည့်တော့..ဆရာကိုဇက်လှည့်လို့ရပြီလားလို့မေးတော့ဆရာကခေါင်းညိတ်ပြပါတယ်။
အံဩစရာပဲအဒေါ်ဇက်လှည့်လို့ရပါတယ်။အဒေါ်ကသူ့အမျိုးသားကို.“အကိုကျွန်မလူဖြစ်ပြီ”လို့အားရဝမ်းသာအော်ပြောပါတယ်။အရင်ကစကားတောင်ကျယ်
ကျယ်မပြောနိုင်သူပါ။အားလုံးဝမ်းသာကြပါတယ်။အံဩဝမ်းသာလို့ဆိုရမှာပဲ။
ဆရာကတိုင်းရင်းဆေးခန်းသုံးဆေးအမှတ်တွေတိုက်ပါတယ်။လူနာကိုဆေးကြပ်ထုပ်ထိုးခိုင်းတယ်၊ဆေးလိမ်းခိုင်းတယ်။ဆရာကုသပုံကတော့
မထူးဆန်းပါဘူး၊ထူးဆန်းတာကအဒေါ်ရောဂါက၂၁ရက်ကြာမှာလုံးဝသက်သာသွားတယ်။ပျောက်ကင်းလုနီးနီးပဲ။ဆရာကဆေးစည်းဖို့မလိုအပ်တော့
ဘူးလို့ပြောတော့မှပုသိမ်ထောင်ကုန်းကဓါတ်မှန်မှာရိုက်ကြည့်တော့ကျီးပေါင်းလုံးဝမရှိတာကိုသိရပါတယ်။
ကျွန်တော်တို့ကိုဆေးကြပ်ထုပ်ထိုးခိုင်းလို့ဆေးအမယ်တွေရှာတဲ့အခါစပ်စုတတ်တဲ့ညဉ်ကရှိတော့မှတ်ထားတာလေးတွေပြောပြချင်ပါတယ်
ဆေးကြပ်ထုပ်မှာ မိတ်ဿလင်၊ချင်းတက်၊နနွင်း၊ဆား၊ကြောင်ပန်းရွက်၊ရှောက်ရွက်၊ကင်ပွန်းချဉ်ရွက်၊သက်ရင်းကြီးရွက်တို့ပါဝင်ပါတယ်။လိမ်းဆေး
ကတော့ယူကလစ်ဆီ၊ပရုပ်နံ့ရတယ်၊
ဆေးအမှတ်တွေက တိုင်းရင်းဆေးခန်းသုံး အမှတ်၂၇၊အမှတ် ၂၃၊ အမှတ်၁၇၊ ညမှာအမှတ်၁၂တိုက်ရမယ်လို့ဆရာပြောစကားများအရ
သိရပါတယ်။ဆရာကငယ်ပေးမယ့်တိုင်းရင်းဆေးပညာကိုဝါသနာကြီးပါတယ်၊ခံယူချက်ကြီးသူလို့မြင်ပါတယ်။မိရိုးဖလာအမွေပညာလို့ပြောပါတယ်။
မည်သို့ပင်ဖြစ်စေ အဒေါ်ရောဂါကပျောက်သွားလို့ကျေးဇူးတင်ဝမ်းမြောက်ရသလို၊ကိုယ့်တိုင်းရင်းဆေးပညာကိုလေးစားမ်ပါတယ်၊ဆရာနာမည်ကို
ကျွန်တော်ပြောဖို့မေ့နေပါတယ်။ဆရာထက်လို့ခေါ်ပါတယ်။လူပုဂ္ဂိုလ်ကြော်ငြာတာမဟုတ်တဲ့အတွက်ဒီလောက်ပဲဖေါ်ပြပါရစေ။
မြန်မာ့တိုင်းရင်းဆေး အောင်မြင်ပါစေသတည်း

17 comments

  • ပေါက်ဖော်

    November 20, 2011 at 3:49 pm

    စွမ်းလှချည်လား..တိုင်းရင်းဆေးပညာရေ့
    တိုင်းရင်းဆေးပညာ…အမှန်အကန် တိုးတက်ပါစေဗျာ

    အကြံအဖန်တိုင်းရင်းဆေးတွေ…အမြန်ပြုတ်ပါစေ

  • kai

    November 20, 2011 at 3:59 pm

    အဲဒီဆေးကို ..နိုင်ဂျံဂါးကနေ မှာလို့ရမလားဟင်…
    ကျုပ်လည်း ခဏခဏ ဇက်ခိုင် အုံးလွဲတတ်လို့ပါ..။ 🙂

    • inz@ghi

      November 20, 2011 at 4:09 pm

      အဲ့သည့်ဆေး မရနိုင်လို့ ဆိုပီ း…
      ခနခန မာဆတ်ကို ကြွချီနေတာလည်း ထည့်ပြောပါဦးသဂျီး..

  • htoosan

    November 20, 2011 at 4:58 pm

    လိပ်စာနဲ့ ဘယ်လိုဆက်သွယ်လို့ရမလဲ သေသေချာချာလေးရေးပေးပါလား။ တကယ်ကောင်းရင် တကယ်ပြချင်တဲ့သူတွေ အများကြီးမို့လို့ပါ။

  • manawphyulay

    November 20, 2011 at 5:48 pm

    ကိုယ့်ဘာသာ အဲဒါတွေ စပ်ပြီးလုပ်လို့ကောရလား။ ကွန်ပျူတာအကြည့်များရင် အဖြစ်များနေလို့ ဘယ်မှာလဲ လိပ်စာလေးဘာလေး သေချာပေးပါဦး။

    • ကြောင်လတ်

      November 21, 2011 at 10:01 am

      မနောရေ ကိုယ့်ဟာကို မလုပ်သင့်ပါ၊တိုင်းရင်းဆေးဆိုတာ သူ့ဟာနဲ့သူ့အထာ တကယ်တတ်ကျွမ်း
      နားလည်မှလုပ်လို့ကောင်းပါတယ်၊
      တိုင်းရင်းဆေးမကောင်းဘူးဆိုတာ လက်ဆင့်ကမ်းစကားတွေနဲ့ တတ်ယောင်ကားလုပ်နေကြလို့ပါ။
      တကယ်တော်တဲ့တိုင်းရင်းဆေးဆရာတွေရှိပါတယ်။
      ဒီပညာတွေကိုဆရာစားချန်ထားရင်းနဲ့ တဖြည်းဖြည်းတိမ်မြုပ်ပျောက်ကွယ်နေတာလို့ထင်ပါတယ်။
      တကယ့်ပညာတွေကိုများများလက်ဆင့်ကမ်းသင့်ပါကြောင်း….
      တိုင်းရင်းဆေးဆရာကောင်းတယောက်ကိုဖော်ထုတ်တင်ပြပေးတဲ့ ကိုမောင်ဝိုင်းကိုလည်းကျေးဇူးအထူးတင်ပါကြောင်း……

  • water-melon

    November 20, 2011 at 5:50 pm

    လိပ်စာသေချာပြောပြပါဗျို့။ ဆေးနည်းကလည်း ဘယ်လို အချိုးအဆထည့်ရတာလဲ။ ပြောပြပါအုန်း။

  • windtalker

    November 20, 2011 at 7:04 pm

    ကိုမောင်ဝိုင်းရေ
    ခင်မင်စွာနဲ ့ကွန်မင့် ပေးပါရစေ
    အကို ့စာကို ဖတ်လာတာ တစ်ဝက်လောက် / ဇက်စောင်းလို ့ရတာလဲ မြင်ရော ၊ ဝမ်းသာ မိသွားတယ်
    ကျုပ် အမျိုးတွေ အသိတွေ ထဲမှာလဲ ဒီလို ဝေဒနာရှင်တွေ ရှိတာကိုး
    ဒါနဲ ့အဆုံးထိလဲ ဖတ်လိုက်ရော
    ဆေးဆရာ နာမည် နဲ ့သူ ့လိပ်စာလေး လိုက်ရှာမိတယ် ။ မပါ ပါ
    ဒါမှ မဟုတ် အကို ့အဒေါ်လိမ်းခဲ့တဲ့ ဆေးနည်းများ အကုန်ပါသလားလို ့ပြန်ဖတ်မိတယ် ။ မပါ ပါ
    အကို ့စာ ဖတ်ရတာ ငယ်ငယ်တုန်းက ပုံပြင်နားထောင်ရသလို ဖြစ်နေတယ် ဗျာ
    အကို ့အနေနဲ ့ဆေးဆရာ နာမည် နဲ ့လိပ်စာ (သို ့မဟုတ်) ဆေးနည်းကို ပြည့်စုံစွာ ရေးသားဖော်ပြပေးရင်
    အတိုင်းအထက်အလွန် အကျိုးများကြမှာဘဲ လို ့ခင်မင်စွာနဲ ့ကွန်မင့်ခဲ့ပါတယ်နော်
    ကျုပ် လဲ အစွမ်းထက်ဆေးနည်း တစ်ပို ့စ် တင်ခဲ့ဖူးပါတယ်
    http://myanmargazette.net/49342/health-fitness

  • mg wine

    November 20, 2011 at 7:06 pm

    တကယ်သိချင်ရင်ပြောပြနိုင်ပါတယ်။လတ်တလောအဲ့ဒီဆရာလေး
    ပုသိမ်မှာဒူးခေါင်းကျီးပေါင်းရောဂါရှင်တယောက်ကိုကုသနေတဲ့အတွက်
    ကျွန်တော်သွားမေးတဲ့အခါသူလိပ်စာက၇၄၊အထက်ပိုင်းရပ်ကွက် အိမ်မဲမြို့
    လို့သိရပါတယ်။သူကုနေတဲ့ဒူးကျီးပေါင်းဝေဒနာရှင်ကိုစပ်စုကြည့်ရာ၎င်းရောဂါ
    ဖြစ်ပွားသည်မှာ၄နှစ်ရှိပါကြောင်း၊ဒူးထဲဆေးထိုးထည့်ရာသက်သာပြီးနောက်ပိုင်း
    တအားဆိုးဝါးလာကြောင်း၊အတက်အဆင်းခက်ခဲကြောင်း၊ဆောင့်ကြောင့်မထိုင်နိုင်
    ကြောင်းပြောပြပါသည်။ှဆေးရကြိမ်စည်းပြီးသည့်အခါကောင်းစွာလျှောက်နိုင်ပါကြောင်း
    လူနာမှကိုယ်တိုင်ပြောပြပါသည်။လူနာမှာတောင်ကုန်းပုသိမ်တွင်နေပါသည်။
    ဆရာလေးကိုဆက်သွယ်မေးမြန်းချင်ပါကတဆင့်ဖုန်း ဝ၄၂-၈၅၂၈၂ကိုဆရာထက်
    ခေါ်ပေးပါဆိုလျှင်ရကြောင်းသိရပါသည်ခင်ဗျား။

    • windtalker

      November 20, 2011 at 7:53 pm

      ကျေးဇူးအရမ်းတင်တယ်လို ့ပြောပါရစေ နော
      ဒီဖုံးနံပါတ် ကို ကျုပ် အမျိုးတွေ ၊ အသိတွေ ထဲက ကျီးပေါင်းဝေဒနာရှင်တွေ ကို ပြောပြလိုက်မယ် ဗျို ့

  • htoosan

    November 20, 2011 at 7:42 pm

    ကျေးဇူးပါ ကိုမောင်ဝိုင်းရေ ။ အိမ်မဲ မရောက်ဘူးလို့ ၊ လမ်းနံမည် မပါဘဲ ရပ်ကွက်နဲ့တင်မေးသွားလို့ရပါသလား။ ဖုံးနံပါတ်တော့ မှတ်ထားလိုက်ပါပြီ။

    • MaMa

      November 20, 2011 at 10:03 pm

      နယ်မြို့တွေမို့ ရှာရလွယ်မှာပါ။ နယ်မြို့တွေမှာ လူနာမည် အလုပ်အကိုင်လောက် သိတာနဲ့တင် လိုက်ရှာတောင် ရတတ်ပါတယ်။

  • nanmyat

    November 21, 2011 at 9:25 am

    နန်းမြတ်လက်ကိုက်နေလို့………………အဲဒါမြန်မာတိုင်းရင်းဆေးလေးညွှန်းပေးပါအုံးနော်………
    ကျေးဇူးပြုပြီး

    • etone

      November 23, 2011 at 1:01 pm

      ကြံရည်စက်ထဲ ပေါ့ပေါ့ပါးပါးလေးထည့်ကြည့်ပါ …. ကိုက်ခဲသမျှ ယူပစ်သလိုပျောက်သွားပါလိမ့်မယ် … ။ 😀

  • ကြောင်ကြီး

    November 21, 2011 at 10:18 am

    နန်းမြတ်လေး
    လက်အကိုက်မခံချင်ရင် ခြေထိုးပေးလိုက်လေ။ ကြောင်ကြီးကတော့ ဘာထိုးပေးပေး ကိုက်တတ်ဖူး…။ မယုံရင် စမ်းကြည့်…. 😳

    သဂျီးအုံးလွဲတာ မြန်မာနည်း ဆေးစည်းလို့ မနိုင်ဘူး။ ဖြတ်ပြီးကုမှရမယ်၊ အာဖဂန်နစ္စတန်က အဗ္ဗဒူလာဇက်ပြတ်ဆိုတဲ့ တာလီဘန်ဆေးဆရာကြီးဆီသွား အကုခံလိုက်။ ကြောက်နေမှာစိုးလို့ မကုခင် မျက်လုံးလေးတောင် အဝတ်စည်းပေးသေးတယ်၊ မကြာခင် ပျောက်ရောပဲ။ 😆

  • နီလေး

    November 21, 2011 at 11:46 am

    ကျေးဇူးပါပဲနော် ကွန်ပျူတာအကြည့်များတော့ ဇက်စောင်းပြီး နေ့တိုင်းခေါင်းကိုက်ဝေဒနာခံစားနေရတော့ ဒီပို့စ်လေးကိုဖတ်ရတော့ ဝမ်းသာသွားတာအမှန်ပါ လိပ်စာနဲ့ဖုန်းနံပါတ်ပါသိရတော့ ကျေးဇူးကမ္ဘာပါနော်

  • ဖီးကျူ

    November 23, 2011 at 2:00 am

    အခုလို တင်ပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်
    ကျွန်တော်လည်း ကွန်ပျူတာ သုံးတာများလို ့
    ဗယ်ဘက် ဇက်နာနေတယ်
    ထိုင်တဲ့ ပုံစံ မကျလို ့ပါ
    ဆေးနည်းကို စမ်းကြည့်ဦးမယ်

Leave a Reply