နရီ

koyinNovember 20, 20113min1298

နရီ

 

တစ်ချက်မွန်းပြီး နှာခေါင်းပေါ်ခဲ့တာတောင်

မြောင်းထဲမှာ ပျော်နေတုန်း

ရေစီးထဲမှာ မျောနေတာတောင်

တက် ကို မြင်ယောင်နေမလား…

အတွေးက ချုံးပွဲချ

ခန္ဓာက ဟားတိုက်လှောင်ပြောင်

အလင်းရောင်ကို မမြင်ရသေး

ဘယ်တော့မှလည်း မမေးတတ်တဲ့ အသိ

ရင်ဘတ်ကို လှစ်ဟလိုက်တော့

ရင့်ကျက်မှုက သုည

ဘဝင်စိတ်တွေ ခုန်ချသွားတဲ့

အတ္တ ချောက်ကမ်းပါးထဲ

ဆင်ခြင်တုံတရားတွေ အရည်ပျော်ဆင်း

တစ်ခုခု လစ်ဟင်းနေသလား…

အတိတ်ကို စီးနင်းခဲ့တာတောင်

အနာဂါတ်ကို ယုန်ထင်ကြောင်ထင်

ပစ္စုပ္ပန်ကို မငြိုငြင်ဖို့

အိပ်မက်တွေကို မြှုပ်နှံဖို့ လိုပြီ….

တစ်စက္ကန့်ဆိုပေမယ့်လည်း

ပဉ္စလက်လို…

ခြေဖဝါးတွေ သွေးခြေဥခဲ့ပေမယ့်

အတွေးတွေက မနုခဲ့ဘူး

မျှောလင့်ချက်ကို ခေါ်ဆောင်လို့

အနားမှာ ကယောင်ကတမ်း

အာရုံတွေနဲ့ မှန်းဆနေရတာနဲ့တင်

ဇရာဆိုတာက နီးသထက်နီးလာ

ဤခရီးမှာလေ….

ဘယ်သူတွေပဲ ဟန်ဆောင် ဟန်ဆောင်

ကိုယ်တိုင်က အဓိက ဇာတ်ကောင်ပါပဲ…။ ။

 

လေးစားလျှက်

တောက ကိုရင်

၁၇.၁၁.၂၀၁၁

8 comments

  • ပေါက်ဖော်

    November 20, 2011 at 7:39 pm

    တောကကိုရင့် လက်စွမ်းက လန်ထွက်ပြီးသားပဲ
    အားပေးလျက်ပါနော့

    • koyin

      November 21, 2011 at 5:25 pm

      အမ်
      အရာကြီးရေ…
      ဘီလိုတွေ လန်ထွက်တာတုန်းဗျ…
      ကိုရင် လုံလုံခြုံခြုံရှိပါတယ်…ဟီး
      ပျော်ရွှင်ပါစေ…

  • mandalarthu

    November 20, 2011 at 10:44 pm

    ဟုတ်ပါတယ် ကိုရင်ရေ
    ဤခရီးမှာလေ
    အဓိက ဇာတ်ကောင်က ကိုယ် တိုင်ပါဘဲ။

    • koyin

      November 21, 2011 at 5:26 pm

      မင်္ဂလာပါ မန္တာလာသူလေးရေ….
      ပျော်ရွှင်ပါစေ….

  • inz@ghi

    November 21, 2011 at 5:29 pm

    တို့ကိုရင်တော့ ဟုတ်ဝူး
    ဘတ်ထ် ဒီကိုရင်လည်း လက်စွမ်းထက်တယ်ဟ…
    အားပေးပါသည် ကိုရင်ရေ့

    • koyin

      November 22, 2011 at 10:46 pm

      အ…
      တို့ကိုရင် ဟုတ်ဝူးဆိုတော့
      ပျို့ကိုရင် ရှိသေးဟန် တူရဲ့…
      မိတ်ဆက်ပါအုံး..
      ဒီကိုရင် လက်စွမ်းထက် ဆိုတော့
      ဟိုကိုရင် ခြေစွမ်းထက်လားလို့… အဟီး
      အားပေးတဲ့အတွက် ကျေးဇူးပါ….
      ပျော်ရွှင်ပါစေ….

  • ထာဝရ

    November 21, 2011 at 9:09 pm

    ကိုရင် ကဗျာမှော်ဝင်နေပြီ…
    ကောင်းတယ်ဗျာ

    • koyin

      November 22, 2011 at 10:54 pm

      ဟ ဟ
      လုပ်ကြပါအုန်း…
      ဘယ်မှော်တွေများ ဝင်ပူးနေသတုန်းဗျ…
      ပတ်တနာပဲ….
      နေ့တိုင်း ပုတီးစိပ်နေတာကို…

Leave a Reply