မင်းပြား မြို့မဈေးတခုလုံး မီးလောင်ပြာကျ၊ သိန်းပေါင်း သောင်းချီ၍ ဆုံးရှုံး

လောင်သွားခဲ့ပြန်ပီ နောက်ထပ်ဈေးကြီးတစ်ခု။မော်လမြိုင်ဈေးကြီး၊မင်္ဂလာဈေးတို ့၊ရတနာပုံဈေးတို ့လဲ လောင်သွားခဲ့ပြီးပြီ။တန်ဖိုးပေါင်းမြောက်မြားစွာလဲ ဆုံးရှုံးသွားခဲ့ပါပီ။ဒါဟာ မတော်မဆပေါ့ဆမီးတွေဆိုရင် တော်ပါသေးရဲ ့၊အကယ်၍ ဈေးတွေကိုသာ ရွေးပြီးရှို ့နေတယ်ဆိုရင် တော့တော်တော်ကိုမကောင်းတော့ပါဘူး။ခုလဲ လောင်သွားပြန်ပီ ရခိုင်ပြည်နယ် ကဈေးတစ်ခု။………
————
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် (နိုဝင်ဘာလ ၁၂ရက်နေ့) ညနေ ရနာရီ အချိန်ခန့်တွင် မီးလောင်မှုတခုဖြစ်ပွါးခဲ့ရာ မင်းပြားမြို့မဈေးကြီးတခုလုံးမှာ မီးလောင်ပြာကျသွားကြောင်း သိရသည်။

မီးလောင်ကျွမ်းပုံနှင့် ပတ်သက်ပြီး ဈေးအနီးအနားတွင် နေထိုင်သူ ဒေသခံအမျိုးသမီးတဦးက ယခုကဲ့သို့ ပြောသည်။

“ဈေးမီးလောင်တယ်လို့ စသိရတာက ညနေ ရနာရီလောက် ရှိမယ်ထင်ပါတယ်။ မီးအားကပြင်းတော့ ဘယ်လိုမှ ငြိမ်းမရပါဘူး။ အခု(ည ၁ဝနာရီ ဒေသစံတော်ချိန်)ထိ မီးက လောင်းကျွမ်းနေတုန်းပါပဲ။ ဈေးကြီးတခုလုံးလည်း ပြာကျသွားပါပီ။”

မည်ကဲ့သို့ စတင်လောင်ကျွမ်းသည်ကိုမူ သူမအနေဖြင့် အတိအကျမသိရှိကြောင်းလည်း ပြောသည်။

“ဘယ်လို စတင်လောင်ကျွမ်းတယ်ဆိုတာကတော့ ကျမလည်း အတိအကျမပြောတတ်ပါဘူး။ လူတွေကတော့ အမျိုးမျိုးပြောနေကြတာပါပဲ။ ကျမတို့လည်း ဈေးနဲ့ နီးတယ်ဆိုတော့ အိမ်မှာရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး လူတွေ ဘေးလွတ်ရာကို ပြေးလွားနေရင်း မသိလိုက်ပါဘူး။ မီးသတ်ကား ရောက်လာခဲ့လား မရောက်လာခဲ့ဘူးလား ဆိုတာတောင် ကျမတို့ မသိလိုက်ပါဘူး။ အခုတော့ ဈေးကြီးတခုလုံး ပြာကျသွားပါပြီ။” ဟု ဆက်ပြောသည်။

မည်ကဲ့သို့ မီးစတင်လောင်ကျွမ်းသည်ကို အတိအကျပြေဆိုရန် ခက်ခဲ့သော်လည်း လျှပ်စစ်ပစ္စည်း ရောင်းဝယ်သည့် ဆိုင်တဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု တခြား ဒေသခံတဦးက ဆိုသည်။

“လျှပ်စစ်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တဆိုင်က စလောင်တာပါ။ ဘယ်လို လောင်ကျွမ်းတာလဲ့တော့ မသိပါဘူးခင်ဗျား။ ဈေးက တခုလုံးနီးပါး လောင်ကျွမ်းသွားပါတယ်။ အကောင်းစားရော အညံ့စားရော အဝတ်အထည်ရောင်းတဲ့ ဆိုင်တန်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တန်းတွေ၊ ငါးခြောက်တန်းတွေ၊ စက်အင်ဂျင်တွေနဲ့ စက်ပစ္စည်းအပိုပစ္စည်းရောင်းတဲ့ ဆိုင်တန်းတွေ အကုန်းလုံး လောင်ကျွမ်းသွားပါတယ်။ အိုးဆိုးခွက်ဆိုးတွေ ရောင်းဝယ်တဲ့ ဆိုင်ခန်းတွေပဲ ကျန်ခဲ့ပါတယ်။ ဈေးထဲမှာက ဓာတ်ဆီ၊ ဒီဇယ် အရောင်းဆိုင်တို့ ရှိတယ်ဆိုတော့ မီးလောင်ကျွမ်းအားကောင်းသွားတာပေါ့။”

အဆိုပါ ဈေးကြီးမှာ မင်းပြားမြို့၏ အဓိက မြို့မဈေးကြီးဖြစ်ပြီး ဈေးတခုလုံး လောင်ကျွမ်းသွားသောကြောင့် ကာလပေါက်ဈေးတန်ဖိုးအားဖြင့် အနည်းဆုံး သိန်းပေါင်း တသောင်းခန့် ရှိနိုင်ကြောင်း မြို့ခံများအပြောအရ သိရှိရသည်။

မင်းပြားမြို့ မီးသတ်ဌာနသို့ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

3 comments

  • htoosan

    November 20, 2011 at 8:15 pm

    စားအုန်းဆီ အပူပေးရာကနေ လောင်တယ်လို့ သတင်းဂျာနယ်တွေထဲပါတာ ရက်နဲနဲတောင် ကြာသွားပြီ မဟုတ်လား ။ မင်းပြားမီးသတ်စခန်းက ကားပျက်နေလို့ မြောက်ဦးက မီးသတ် ကားနှစ်စီး လာသတ်ရကြောင်းရေးထားတာ ဖတ်လိုက်ရပါတယ်။

  • maetu

    November 20, 2011 at 8:38 pm

    ဟုတ်တယ်အကိုရာ. စာရေးသူက ပြင်ပစာပေလောကက စာစောင်တွေမဖတ်ဖြစ်ဘူးနဲ ့တူပါရဲ ့ဗျာ။
    ဗဟုသုတအားနည်းတယ်လို ့ပြောရင်လဲ စိတ်မဆိုးကြေးပါ။
    ဒီအဖြစ်ကတော့ ၁၂:၁၁:၂၀၁၁နေ ့ကပြီးသွားခဲ့ပြီး မဟုတ်လား။

  • နည်းနည်း နောက်ကျပေမယ့် ခွင့်လွှတ်ပေးကြပါခင်များ။ကျွန်တောက ယူဆတာက ဈေးတွေအားလုံးကို
    အမြင်ကတ်လို ့လိုက်ပြီးမှမီးရှို ့နေလေရော့သလား တွေးမိနေလို ့ပါဗျာ။

Leave a Reply