တစ်ကိုယ်တည်း တိုးတိတ်စွာ ညီးခြင်း

manawphyulayNovember 20, 20111min17918

တိုးတက်မှုမရှိဘဲ ချောင်ပိတ်မိနေတဲ့
အခြေအနေမျိုးကို ငါချည်းပဲ
ကြုံတွေ့နေရတာ မဟုတ်ကြောင်း သိထားစမ်းပါ….
စွန်တစ်ကောင်ဟာ လေဆန်ကို ပြန်ပြီး
အဆိုးဆုံး အခက်အခဲတွေ့ရင်
လေဆန်တောင် ပြန်သွားသေးတာဘဲ
ငါလည်းဘဲ သူလို နေနိုင်အောင် ကျင့်ရမယ်လေ….

လူဆိုတာ
ဒုက္ခကို ခံနိုင်တဲ့ သတ္တဝါတစ်မျိုးပါ
သူများတွေ ခံစားရတဲ့ ဒုက္ခတွေနဲ့ယှဉ်ပြီး
ငါ့ဒုက္ခတွေဟာ သာမညလို့ မပြောနိုင်ဘူး
ဒါပေမဲ့….
သူများက ဘဝကို တွယ်တာပြီး
ဒုက္ခအပေါင်းကို ကျော်လွှားသွားခဲ့ကြတယ်
ငါလည်း ကျော်လွှားနိုင်ရမယ်……………..

တစ်ခါတလေ စိတ်ထဲဖြစ်ပေါ်လာတာတွေကို ချရေးမိတာပါပဲ။

18 comments

  • inz@ghi

    November 20, 2011 at 6:39 pm

    ဂီဂီ ဦးဦးဖျားဖျားအားပေးသွားပါသည်ခည…

    • ကိုရင်စည်သူ

      November 21, 2011 at 11:58 am

      ကဇာဇာ..
      အနီဖြစ်နေလို့ … အစိမ်းပြန်ပြလိုက်တာ
      အနီပြန်ပျောက်သွားပီ…
      ကဇာ့ကို ရွာထဲမှာ ကြည့်မရဖြစ်နေတဲ့
      အပုန်လေးတွေများရှိနေတယ်ထင်တယ်.. ခွိခွိ 😛 😛 😛

  • ပေါက်ဖော်

    November 20, 2011 at 7:03 pm

    င့ါဒုက္ခတွေလဲ သာမညလောက်မဟုတ်ဘူး..ကျိုက်ထီးရိုးတောင်လောင်ရှိတယ်..
    ငါလဲ ခုန်ပျံကျော်စားနိုင်ရမယ်..
    ပုံ.
    မျောက်လွှဲကျော် ငဖော်ရီး

  • ထာဝရ

    November 20, 2011 at 7:27 pm

    တယောက်ယောက်ကို ရင်ဖွင်.လိုက် စိတ်ထဲပေါ.သွားလိမ်.မယ်
    အဲဒီဒုက္ခ ကိုကျော်သွားတဲ.အချိန် ပြန်ကြည်.လိုက် ရင် ဘာမှမဟုတ်တာတွေ.ရမယ်

  • blackchaw

    November 20, 2011 at 8:48 pm

    ရိုးရိုးလေးက တစ်ခါတစ်လေ လှတတ်ပါတယ် မနောဖြူလေးရေ။

  • naywoonni

    November 20, 2011 at 10:35 pm

    စိတ်မပျက်ပါနဲ့လေ….။ လူ အတော်များများ ဟာဒီလိုပါပဲ…။ ကိုယ့်ကိုကိုယ် ဘာဖြစ်နေမှန်းမသိသူတွေနဲ့စာရင် အများကြီးခံသာပါသေးတယ်….။

  • နီလေး

    November 21, 2011 at 10:25 am

    ကိုယ့်လမ်းကိုဖောက်ပြီးလျှောက်နေရတာဆိုတော့ အခက်အခဲတွေကတော့ ပြောမဆုံးပေါင်ပါပဲ မမမနောရေ လူသားပေမို့လို့ တစ်ခါတစ်လေ အားငယ်မိတာတော့အမှန်ပါ

  • Moe Z

    November 21, 2011 at 10:57 am

    ရေးပြီးရင်မေ့လိုက်တော့နော် မမ မနော
    စိတ်ပင်ပန်းတယ် မမပဲမိုးစက်ကိုတစ်ခါပြောဘူးတယ်လေ
    လောကကြီးကနေတတ်ရင်ကျေနပ်စရာပဲကို
    နေတတ်သလိုလေးပဲနေလိုက် 🙂

    • ကိုရင်စည်သူ

      November 21, 2011 at 11:18 am

      ဟုတ်တယ်.. မနောလေး..
      ပြီးတော့လည်း ပြီးသွားမှာပဲ…
      ညစ်မနေနဲ့… ချောင်ပိတ်နေရင်..
      ကိုရင့် လာခေါ်လိုက်…
      ကိုရင် ချောင်ဖွင့်စေတဲ့
      နည်းကောင်းတွေ သင်ပေးမယ်..
      ဒီအကွက်တွေကို မိုးဇိလေးတောင်
      ပြောပြထားတာမဟုတ်ဘူး.. 😉 😉

      • inz@ghi

        November 21, 2011 at 11:23 am

        ထိပ်ဆုံးက ဂီ့ကို ဘူ အနီကဒ်ပြဒလာလဲကွ….
        ဒီကိုရင် ပဲနေမှာ….
        ဟိုဘက်မှာ နုတုန်းကနုပီး
        သည်ဘက်မှာ ဘာမိုးဇိလေးကို ဆွဲထည့်ရတာတုန်း…
        အဲ့လာကြောင့် ဆြာသစ် က မန့်တွားတာ…
        ဟွန်း..

        • ပေါက်ဖော်

          November 21, 2011 at 11:35 am

          ဇိကိုထိရင် မီးပွင့်သွားမယ်..
          ဇိကိုထိရင် မီးပွင့်တွားမယ်

          ပုံ၊
          ဇိရဲ့၁ရဲဂေါင်း ငဖော်ရီး
          😕

        • ကိုရင်စည်သူ

          November 21, 2011 at 11:39 am

          အမငီး.. ကိုဂီ့.. တားတားကို
          ချွတ်ချွဲလှချေလား.. တားတား က အနီသမားမဟုတ်ဘူး..
          အစိမ်းသမား.. အမြဲဒမ်း မီးစိမ်းပြထားတာ….. 😀 😀 😀
          ဟုတ်မှလွဲရော.. ကဇာဇာကို မိုးဇိလေး ချိတ်ချိုးလို့
          ထိကို အနီနဲ့ ထိုးသွားတားများလား…. 🙄 🙄
          စိုးတယ်… စိုးမိတယ်… စိုးရိမ်မိဒယ်… 😳 😳

        • Moe Z

          November 21, 2011 at 11:58 am

          ၁ရဲဂေါင်းတော့မလိုချင်ဘူး ဘဘပေါက်ဖော်
          တစ္ဆေခေါင်းဆိုရင်တော့ဖြတ်ပြီးပို့လိုက် သဂျီးရုံသွင်းပြစားလို့ရအောင်
          မီလျှံနာဘစ်ဇစ်နစ် 😀

        • inz@ghi

          November 21, 2011 at 12:05 pm

          ပသျှူးခေါင်းဖြတ်
          ရွာထဲလာသောင်းကျန်းနေတာကိုး…
          အိုင် ဆေး အိုင်ပီကိုရင်ရေ..
          မြိုင်မဟာ မမိုးဇိ ကို အလွတ်ပေးလို့ မဖြစ်ချေဘူးခဗျ

          ပုံ
          ဆြားပုလင်း ဂိုင်းဂီ

      • အီးတီ

        November 21, 2011 at 1:14 pm

        ဒီနေ ့က အန်နဗာစရီလည်းပြောသေးတယ်။ ဇိလေးကို အလွတ်မပေးဘူး။ ဟုတ်တယ် ကိုအင်ကို အနီကတ်ပြသွားတာ ကိုရင်ပဲ နေမှာ။

  • ဆူး

    January 22, 2012 at 5:38 pm

    လူကြီးတွေက ပြောတယ် ထုလေမာလေ ငါးဖယ်တဲ့..
    ချောင်ပိတ်မိလေ.. ထွက်ပေါက် မြင်တတ်လေပဲပေါ့..
    ပေးဆပ်မှုတိုင်းမှာ တန်ပြန်တဲ့ သက်ရောက်မှု ရှိပါတယ်။
    အားငယ်မှုတွေ စိုးရွှံ့မှုတွေက နောက်တချိန်အတွက် အားဆေး ဖြစ်ပါလိမ့်မယ်။

  • လူဆိုတာ
    ဒုက္ခကို ခံနိုင်တဲ့ သတ္တဝါတစ်မျိုးပါ
    သူများတွေ ခံစားရတဲ့ ဒုက္ခတွေနဲ့ယှဉ်ပြီး
    ငါ့ဒုက္ခတွေဟာ သာမညလို့ မပြောနိုင်ဘူး
    ဒါပေမဲ့….
    သူများက ဘဝကို တွယ်တာပြီး
    ဒုက္ခအပေါင်းကို ကျော်လွှားသွားခဲ့ကြတယ်
    ငါလည်း ကျော်လွှားနိုင်ရမယ်……………..
    ————–____________________________
    အော် လူသားရယ်လို ့ဖြစ်လာရင် မတွေ ့ကြုံချင်လဲတွေ ့ကြုံရမယ့် အခက်အခဲတွေပြေးသာတွေ ့ရမှာလား၊ရှောင်နေလို ့ကောရမှာလား။

  • snow white

    March 13, 2012 at 2:14 pm

    ချောင်ပိမိနေတာ ကိုယ်တယောက်ထဲမဟုတ်ဘူးဆိုတာကိုသိထားတယ်အမ အခက်ခဲရှိရင်အဲအခက်ခဲကိုကျော်လွှားနိုင်ရန် ကြိုးစားရမယ်ဆိုတာတော့အမှန်ဘဲ အခက်ခဲကလူတိုင်းကြုံနေရတာဘဲလေနော်

Leave a Reply