အလိုအပ်ဆုံးသော..ဆုတစ်ခု

badbabylay09@gmail.comMay 28, 20101min380

မခွဲမခွာနေလိုသော်လည်း
မလွန်ဆန်ရာ လေညွှန်ရာသို ့
တစ်နှစ်တစ်ခေါက်ဝေးရပြန်ပြီ….

မိုးရေဆဲဆဲ ဆောင်းလေကူးမှာ
ချစ်သူ ့မျက်နှာပြန်မြင်ယောင်ကာ
တမ်းတအလွမ်း ရောထွေးချမ်းတုံ
သည်နှစ်တစ်ဖန်ရောက်ခဲ့ပြန်ပြီ

နင်သိပါစေ တောင်းဆုချွေထား
ဖန်ဆင်းရှင်အမိန် ့မလွန်ဆန်နိုင်မို ့
သည်နှစ်မှာတော့ စောင့်မျှော်သက်ထား
ငါ့ဝိညာဉ်သာ …
နင့်ဆီအရောက်မြန်းခဲ့မယ်။
ငါဝမ်းနည်းနေတဲ့အချိန်
နှစ်သိမ့်အားပေဖို ့
ချစ်သူရဲ ့ရင်ခွင်တစ်စုံရှိတယ်။
ငါစိတ်ဓာတ်ကျနေချိန်မှာ
စိတ်ဓာတ်မြှင့်တင်ပေးဖို ့
ချစ်သူရဲ ့နှုတ်ဖျားမှာ
စကားလုံးလှလှလေးတွေရှိတယ်။
ငါ့မျက်ရည်ကျနေချိန်မှာ
ငါ့မျက်ဝန်းကမျက်ရည်တွေသုတ်ပေး

ဖို ့
ချစ်သူရဲ ့နွေးထွေးတဲ့လက်တစ်စုံရှိတယ်။
ကောင်းကင်မှာနေမင်း
က်ို ့ရင်ခွင်ထဲမှာတော့မင်း
ဘယ်သူတွေဘာပဲပြောနေပြောနေ
ငါ့ဘေးနားမှာမင်း
ထာဝရရပ်တည်ပေးပါနော်။