သူငယ်ချင်းရေ …
ဖားအောက်ရိပ်သာထဲမှာ ပန်းပင်လေးတွေ သပ်သပ်ရပ်ရပ်စိုက်ပျိုးထားတာ အရမ်းလှကြတယ် … မြင်နေကျပန်းတွေတောင်မှ အဲဒီမှာ လှနေတယ် … အမြဲတမ်း ပြုစုပေးနေတဲ့ သီလရှင်နဲ့ ဥယျာဉ်မှူးတွေရှိနေကြတယ်။ သန့်ရှင်းရေးလဲ တော်တော်လုပ်နိုင်ကြတယ်။ ညနေဘက် ခဏလမ်းလျှောက်ရင်း ပန်းကလေးတွေမြင်တော့ ဓါတ်ပုံမရိုက်ပဲမနေနိုင်ဖြစ်လာတာနဲ့ တစ်ညနေမှာ ဓါတ်ပုံရိုက်ခဲ့လိုက်တယ်။ အမှတ်တရကြည့်ရအောင် ပြလိုက်တယ်နော် …

ဂေါတမက စေတီတော်

လှတယ်မဟုတ်လား?

ဒီအရောင်လဲ လှတာပဲ

သူကလဲ အလှတစ်မျိုး

အဖြူရောင်လေးကလဲ သန့်နေတာပဲ

ခရမ်းရောင်လဲရှိတယ်

အ၀ါပန်းက ဓါတ်ပုံစားတယ်နော်

လှလို့ကို မဆုံးနိုင်တော့ဘူး

အရောင်စပ် ပန်းကလေးများ

တစ်ပင်လုံး ပြုတ်သိပ်နေအောင်ပွင့်နေတာ

အဝေးမှ လှမ်းဖူးရတဲ့ ကျိုက်ခေါက်စေတီတော်

ထမလုံကစေတီအထိမြင်ရတဲ့ ရှုခင်း

ကောဏာဂမနစေတီရဲ့ ညဘက်မီးရောင်များ

လမ်းလျှောက်လို့ကောင်းတဲ့ တောလမ်းလေး

ကိုပေါက်ရိုက်ပြဖူးတဲ့ ရှေးဟောင်းဂူ

ချစ်စရာ မကောင်းဘူးလား :P

ခြံဝင်းထဲမှာ နားနေချိန် ဓါတ်ပုံရိုက်ဖြစ်ခဲ့ပေမယ့် ဓမ္မာရုံထဲကိုတော့ မရိုက်ရဲလို့ မရိုက်ခဲ့ဘူး … စီတန်းပြီး တရားထိုင်နေတဲ့ပုံတွေ၊ သပ္ပါယ်လွန်းတဲ့ ဘုရားခန်းပုံတွေကိုလဲ ပြချင်ပါသေးတယ်။
အဲဒီမှာနေတုန်းက ငါ့စိတ်ထဲမှာ တော်တော်အေးချမ်းပြီး တရားသဘောကို တော်တော်ဆင်ခြင်မိခဲ့ဖူးတယ်။ လမ်းလျှောက်ရင်း ခေါင်းငုံ့ပြီးမှတ်တော့ ငါ့ခြေထောက်က ခြေချောင်းတွေကို မြင်ရတယ်မဟုတ်လား။ ငါ့စိတ်ထဲမှာ ငါ့ခြေသည်းလေးတွေက လှလိုက်တာလို့ စိတ်ထဲမှာ ခဏခဏဖြစ်လာတယ်။ ဖြစ်လာတိုင်း အဲဒီစိတ်ကို ပြန်ပျောက်အောင်လုပ်ပေမယ့် ပေါ်လိုက်ပျောက်လိုက်နဲ့ ဒီခြေချောင်းတွေကို တွယ်တာနေပါလားလို့ သေချာသိသွားတာနဲ့ အကုန်လုံးညှပ်ပစ်လိုက်တယ်။ ငါအနှစ်နှစ်အလလ သေချာထိန်းသိန်းထားတဲ့ ခြေသည်းတွေကို ညှပ်ပစ်လိုက်တာ။ အခုနောင်တရနေသလိုလို :( ဘာပဲဖြစ်ဖြစ် ထူးထူးခြားခြားဖြစ်ခဲ့တာလေးမို့ ပြန်ပြောပြတာပါ။
နောက်တစ်ခုက ငါဖားအောက်မှာရှိနေတုန်း ရေကြောင်းတက္ကသိုလ်က သူငယ်ချင်းတွေကို တရားစခန်းလာဝင်ဖို့ ဆွယ်နိုင်ခဲ့လို့ သူတို့တွေ ၄ ယောက်တစ်ဖွဲ့ ၉ ရက် လာဝင်သွားကြသေးတယ်။ ငါနဲ့တော့ ၃ ရက်ပဲ ဆုံလိုက်ရတယ်။ ငါ့ကြောင့် သူတို့တရားစခန်းဝင်ဖြစ်တာမို့ ဓမ္မဒါနအနေနဲ့ ကုသိုလ်တွေ တိုးပွားသွားသေးတယ်။
မှတ်မိသလောက်တော့ ဒီလောက်ပဲမို့ ဖားအောက်ဇာတ်လမ်း ခဏရပ်ထားလိုက်အုန်းမယ်နော် …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....

   Send article as PDF