ကပေ့ရဲ့ အာဂလူစွမ်း ..စူပါမန်း …၁၁ယောက် (၁၃)

ムラカミNovember 21, 20113min17714
-------------------------------------------------------------------------
ဒါ့ကြောင့် လူစုရခြင်းဖြစ်သည် .. ကုန်ချင်ကုန် ခမ်းချင်ခမ်း သဂျီးရေသုံးကြမ်းနေသည် ။ သူကတော့ ကိုကြောင်လိုမရက်စက်
အပြုတ်ဆော်ဖို့ မဟုတ်ပဲ မှတ်လောက်သားလောက်အောင်သာ လုပ်မည်ဖြစ်သည်။
နောက်ပိုင်းတွင် တဦးချင်းစီ၏ အသေးစိတ် လုပ်ငန်းများ ကို ဖော်ပြမည် ဖြစ်သည်။
သည်နေရာတွင် ကပေ့ အကြောင်း နည်းနည်းဖော်ပြစရာ ရှိသည် သူသာမဟုတ် ကပေါက်ဖော်ပါ အတူတူပင်
ဟုတ်သည် ကောင်မလေးတွေကို သူတို့က ပင် ရှောင်ဖယ် ရှောင်ဖယ် လုပ်နေတတ်သည်။
မှော်ဆြာ အစ်အောက်ပီး မေးကြည့်တော့ ဩ ခင်ဗျားကတော့ ပြောအား ရှိမှာပေါ့ တဲ့....
ခင်ဗျား Moe Zလေးက ဘာမှ မလုပ်ရတာတဲ့ ....သူရို့ သဂျီး - ဆေးထည့်တဲ့လက်ကြီးနဲ့
ကျုပ်တို့ကို လာကြင်နာနေရင် ဘို လုပ်မဲ .... အသည်းယားထှာ.....
အော် ....သူတို့ပဲ နုတုန်းရွတုန်း ကနုရွပီး ..ခုကျ သူတို့ကပင်
အဆင်ပြေသွားမှာ ကြောက် ဆိုပဲ (တပြန်ကြီး ....)

Moe Z ကလည်း ဖမ်းမမိ သင်္ဘောသီးတွေကလည်း အဘရှေ့ ကိုယ်ရှိန်သပ်နေရ
ဘာကွိုင်မှ မတက်သောကြောင့် ကျိတ် ကျေနပ်နေသူမှာ အင်ဇာဂီ ...
စိတ်ချရသော အနေအထားကြောင့် မိုင်ယာမီဘက်ကို မီဂန်ဖောက်စ် နှင့် မီးရထားကြီးစီးပီး မိုင်ကုန်လွင့်တော့သည်


မှော်ဆြာကလည်း ဂွင်ဆိုပီး တနေ့တနေ့ ထိုင်ရာမထ ပိုက်ဆံရှာသည် ..သူက ဖဲဝိဇ္ဇာကိုး...
အထိုင်များပြီး သဂျီးလိုဖစ်မှာ ကြောက်ဝူးလား ဆိုပီး ဝိုင်းတားနေရသည်။
သည်လိုနှင့် မကြာခင် ကိုကိုကြောင်၏ ဘလားဂျီးယို့စ် ဟော်တယ်တွင် မှော်ဆြာ
အလုပ်ဝင်လုပ်လေသည်။ တကယ်တော့ သူ့ကို အတွင်းအလူအနေနှင့်ထည့်ထားတာဖြစ်သည်။
သူက ဘလက်ဂျက် ဝိုင်းတွင် အလုပ်လုပ်ရင်း အနေအထားကို အကဲခတ်ပေးရသည်။

အရေးကြီးတာက ကာစီနိုများ၏ security ကိစ္စ ...ဒါကိုကျော်လွှားနိုင်လျင် အိုခေပီဖြစ်သည်။
ဘယ်လို တပ်ဆင်ထားတယ်ဆိုတာ သိရဖို့ လိုသည် ဒါမှ ဖောက်ထွက်နိုင်မယ် မဟုတ်လား

သည်တွင် တခြား လူစွမ်းကောင်းများအကြောင်းကိုလည်း တင်ပြအံ့။
စိုက်ပျိုးရေးဝါသနာမသေးသော ကိုမှောင်ချောသည် မန့်သ်လေးဘေး ပါတ်လည်တွင်
ကြက်ဆူပင်များ စိုက်နေသည်။ ဘယ်သူမေးမေး ရယ်ကျဲကျဲဖြင့် ပြန်မဖြေတတ်(သူ့အကြံနှင့်သူ ရှိပေလိမ့်မည်)

အတုဝိဇ္ဇာ ကပေကတော့ ကားဂိုထောင်ဟောင်း ၁လုံးထဲက ထွက်သည်မရှိ။ သူဒါမျိုးလုပ်ရင်
ကြောက်ရသည် ။သူလည်း ကြိတ်ကြံနေတာ တခုခု ရှိပေလိမ့်မည်။
အမေရိကားမှာများ ကြက်ဥအတု ဖြန့်မလို့လားမသိ။
အဘဖောနှင့် သင်္ဘောသီး၂လုံးမှာ ဖွတ်ကုန်ပနီ ထုတ် ပါမုန့်ကား ၂စင်းဝယ်ပီး
ဘောကွင်းထဲသွားကာ အားနေ ကားပါတ်မောင်းနေကြသည်။ထူးဆန်းစွ...


လည်လို့ အားရသွား၍ထင့် ယခု မိုးဇက်သည် မန့်သ်လေး ဘေးတွင် ကောင်းကောင်း အကတိုက်နေသည်။
ဗမာ အကဖြစ်သည်။ ဆြာမခေါ်ပီးကို အပီအပြင် ဒန့်ခြင်းဖြစ်သည် ..ဆြာမကိုလည်းကြည့်လိုက်ဦး
ယနေ့ဗမာပြည် နာမည်ကျော် ပီပါဟိမ်း တဲ့။

အင်ဇာဂီကတော့ ကိုကိုကြောင်၏ ကာစီနိုများတွင် လှည့်လည် ကစားရင်း သတင်းပလင်း စနည်းနာလိုက်
ကပေါက်ဖော်နှင့် သိုင်းကစား လိုက် လုပ်နေသည် ...ဘယ့်နှယ့် အမေရိကားလာ သိုင်းကနေရတယ်လို့
ကျန်လူများမှာ သဂျီး ဆေးရုံတက်ပီး ခွဲစိတ်ဖြတ်တောက်သည်ကို အလှည့်ကျ လူနာစောင့်ပေးနေ၏

မြန်မာ့ယဉ်ကျေးမှု အနုပညာ အငြိမ့်ပွဲ ...

အားလုံး ။ ဟာ ..အလို ...
ဆေးရုံကဆင်းလာသော သဂျီး က ပြောခြင်းဖြစ်သည်။ အဘ ပြုံးနေ၏
အားလုံးက အံ့ဩ မင်သက်နေသည်။ ကမည့်လူကလည်း မိုးဇက်တဲ့....။
အောင်မယ် ...ရန်ကုန်က အငြိမ့်က စားနေသော ဓါတ်ရှင်မင်းသား ၄ယောက်ပါ
ခေါ်ထားလိုက်သေးသည်။ သဂျီးတို့ လက်သွက်ချက်။






သည်လိုနှင့် မန့်သ်လေးဘေးတွင် အငြိမ့်ပွဲတော်ကြီး ခန်းခန်းနားနား ကျင်းပပီးစီးခဲ့သည်
ကိုကိုကြောင်တို့ တသိုက်ကိုလည်း အထူးတန်းမှပင် ဖိတ်ကြားပြသခဲ့သေးသည်။
ကိုကိုကြောင်ကလည်း မင်းသမီးနှင့် အဖွဲ့ကို သူ့ ဟော်တယ်လ် ပင် ထမင်းစားဖိတ်လိုက်သေးသည်။
ဒါ သဂျီး၏ အကွက် ဖြစ်သည်။ သူပြန်လည်ကျန်းမာလာတာကို မိတ္တူပေးတာကတကြောင်း
နောက်တကြောင်းကတော့ ....







ကပေါက်ဖော် လှုပ်ရှား လိုက်တာ မည်သူမျှ မသိလိုက်။ မိုးဇက် အပြတ် ဒန့်နေတာကို လွှတ်ငန်းနေသော
ကြောင်လေး ၏ ဝန်ထမ်းကတ် က အလိုလိုသူ့လက်ထဲရောက်သွားသည်။
ဟုတ်သည် ကြောင်လေးသည် ကိုကိုကြောင်၏ ဟိုတယ်တွင် security serverများကို
တာဝန်ယူရသူဖြစ်လေသည်။ သည်တော့ .....








ကိုကိုကြောင်၏ ဘလားဂျီးယို့စ် ကာစီနို တွင်ဖြစ်သည်။
ဆံပင်အရှည်ကို ကြက်ဆံမြီးကျစ်ထားပြီးခေါင်းတွင် ပတ်ထားသော
လူတစ်ဦး ခြေ၂ချောင်းကို ခွဲရပ်လျက် သိုင်းကွက်ခင်းထားလေသည်။
ကောက်ရိုးဖိနပ် အကျင်္ ီပွပွနှင့် ဝတ်ပုံစားပုံမှာ ပီဘိ သိုင်းသမား တစ်ဦးနှယ်
နောက်တဦးမှာ ကရာတေးဒို ဝတ်စုံနှင့် လက်သီးတတွဲ (၂လုံး ဆိုတော့ တတွဲပေါ့)
..ကိုပြင်ထားသည်။






တကယ်တော့ ပိတ်သတ်ကြီး ရိပ်မိသည့်အတိုင်း ရုပ်ဖျက်ထားသည့် ကပေါက်ဖော်နှင့်
အင်ဇာဂီ တို့ ၂ယောက် ဖိုက်တင်ပလေးဖို့ လုပ်ပြနေကြခြင်းဖြစ်သည်။

လူတို့ဆင်တဲ့ အဆင်က ကာစီနိုမှာ ဖဲကစားရင်း တယောက်နှင့်တယောက် ရိရင်းငေါ့ရင်း
ရန်ထ ဖြစ်သည့်အထာ။ ဖဲဝေပေးသူက မှော်ဆြာ ဆိုတော့ တဖက်နဲ့တဖက် ရိစရာငေါ့စရာ
လေးတွေဖြစ်အောင် အဆင်လေးတွေ ဆင်ဆင်ပေးနေသည်...
သည်၂ယောက် လာတုန်းကတော့ ဘုတွေဆု တွေနှင့် ...ထချတော့မှ
အဲ့ရာ တွေဆွဲချွတ်ပီး သည်ဝတ်စုံတွေ ထွက်လာကြခြင်းဖြစ်သည်။
ကျားနှင့်ဆင် လယ်ပြင်မှာတွေ့ကြပြီ။ အလယ်တိုင်းနှင့် အရှေ့တိုင်း သိုင်းဆြာ၂ဦး..



ကာစီနို ၁ခုလုံးပင် ကြည့်ချင်ပွဲလို ဖြစ်ပြီး ချက်ခြင်း လူအုံသွားသည်။
အံမယ် တဖက် နဲ့ တဖက်များတောင် လောင်းလိုက်ကြသေး ...အလယ်တိုင်းကွ
အရှေ့ပိုင်းဟ နော် ဆိုပီး..


လုံခြုံရေး ထိန်းချုပ်ခန်းထဲမှ ကြောင်တသိုက်သည်ပင် အချင်းချင်း ကော်ဖီမစ် ၁ထုပ်ကြေး
ဆရာခေါ်ကြေး အပျော်တမ်းလောင်းနေကြသေးသည်။တရုတ်သွေးပါသော ကိုကိုကြောင်က
သူ့ အလယ်တိုင်း သိုင်းဆြာ နိုင်လျင် တပည့်တွေကို ဟာဝိုင်အီ လိုက်ပို့ပေးမည်ဟု
ဆိုလိုက်သေးသည်။
သည်လိုနှင့် တိုက်ပွဲစ ပြီ ...မည်သူမှ တားမည့်ဆီးမည့်လူ မရှိသလို security များက
စည်းဝိုင်းပင် ဝိုင်းပေးလိုက်သေးသည်။ အတော်ဟုတ်တဲ့လူတွေ ...

သို့သော် အမျိုးသမီး securityတယောက်ကတော့ သူနှင့် မဆိုင်သလို သူလုပ်စရာ
ရှိသည့် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နေလေသည် ။ ထိုသူကား ....

ဟုတ်ပါသည် ပန်ပန်တည်း ...။ ကြောင်လေး ဆီက ကပေါက်ဖော် နှိုက်ထားသော ကဒ်ကိုသုံးပီး
ဘယ်သူမှ သတိမထားမိလိုက်ချိန်တွင် ဆာဗာခန်းသို့ အရောက်ဝင်နိုင်ခဲ့လေသည်။
ဆာဗာခန်းမှ လုံခြုံရေးဗီဒီယို ကင်မလာ များ၏ ဒေတာများကို ဟိုက်ဂျက်လုပ်နိုင်ရန်
ကိရိယာများ တခုပီးတခု တပ်ဆင်တော့လေသည်။


နေရာကား သဂျိုင်ခီး၏ ကားဂိုထောင်ဖြစ်သည်။
ကပေနှင့် ကိုနက်ချော တီဗီကြည့်နေ၏ ၁လုံးတည်းမဟုတ် အလုံး၂ဝကျော်..သို့သော် တလုံးမှ ဘာမှမလာ
အံ့ဩသွားပါသလား ..မအံ့ဩပါနှင့် ဟော လာပီ ၁လုံး...နောက်၁လုံး ၃-၄-၅...
၁ဝမိနစ်အတွင်း တီဗီအားလုံး ပွင့်ပီ ဖြစ်သည်။ ဟုတ်ပါသည် ...ဆာဗာခန်းမှ
ပန်ပန် ဟိုက်ဂျက်လုပ်ထားသော ဘလားဂျီးယို့စ် ဟိုတယ်၏ security cameraများမှ
ရိုက်ချက်များ ထုတ်လွှင့်နေခြင်း ဖြစ်သည်။
ထိုထဲမှ သူတို့ စိတ်အဝင်စားဆုံး ကြည့်ရှုနေသည်မှာ ဘလားဂျီးယို့စ် မြေအောက်ထပ်
လောင်းကြေးငွေ သိုလှောင်သည့် အခန်း Vault ဖြစ်သည်။









ဘလားဂျီယို့စ် ဘက်ကို ပြန်သွားမည် ဖြစ်သည် ... လုပ်စရာရှိတာ လုပ်ပြီး ပြန်ထွက်လာသော
ပန်ပန်သည် အပြင်ပြန်ထွက်ရန် ပြင်စဉ် ...အပေါက်ဝတွင် ဧရာမ ဘီလူးကြီး ၁ကောင်နှင့်
ထိတ်တိုက် တိုးတော့လေ သတည်း ။
ဘီ။ ဟိတ်ကောင်မလေး ... လာစမ်း။
 ကြောက်ကြောက်လန့်လန့်နှင့်ပင် ...
ပန်။..ဟုတ်ကဲ့ ဟုတ်ကဲ့
ဟုတ်တယ်လေ မကြောက်လို့လည်းမရ ...သူ့ဗလနှင့်ဆို ၁ချက်တည်း အသက်ဘယ်နား
ထွက်ရမှန်းမသိ ဖြစ်တော့မှာကိုး ...





ဘီလူးကြီးသည် ဆာဗာခန်းဘေးမှ အခန်း၁ခုသို့ ခေါ်ဆောင်သွားသည်...
ထိုအထိသာ ကပေတို့ မြင်လိုက်ရသည်။ ထိုအခန်းတွင် ကင်မလာ မတပ်ထားသောကြောင့်
ဘာဆက်ဖြစ်မည် မမြင်ရ သူတို့ ပန်ပန့်ကို အတော် စိတ်ပူသွားကြသည်။



အင်ဇာဂီတို့ဆီ အကြောင်းကြားဖို့ ပြင်လိုက်သည်။ သို့ရာတွင် အစီအစဉ်များ
လွဲချော် ကုန်မှာ စိုးသဖြင့် မလုပ်ဖြစ်လိုက်။ အချိန်က တရွေ့ရွေ့နှင့် .........

အချိန် နာရီဝက်ခန့်ကြာသွားသည်။ ပန်ပန်ပြန်ထွက်လာသည်။
ခြေကုန်လက်ပမ်းကျနေသည့် အသွင်ဖြင့် ... ကပေတို့ တစုံတရာဆိုမှ အနှီတစုံတရာကို
စိတ်ပူနေကြသည်။ ဟော်တယ်အပြင် စိတ်ချရသောနေရာသို့ ရောက်မှ
ပန်ပန်ဖုန်းထုတ်ဆက်သည်။ ထိုကျမှ ကပေတို့  အကြောင်းစုံသိရလေသတည်း။
တကယ်က သည်လို။ ဘီလူးကြီးသည် လည်ပင်းကျီးပေါင်းတက်သောရောဂါ ရှိသည်။
ဟော်တယ်မှ ဝန်ထမ်းများအား ဗလအားကိုးဖြင့် ဇက်ကြောဆွဲခိုင်း နှိပ်ပေးခိုင်းနေကျ
ဖြစ်သည်။ လူကောင်သေးသော ပန်ပန်မှာ လက်မပေါက်လှသဖြင့် သူကျ နင်းပါနင်းပေး
ခဲ့ရသေးသည် ဟူ၏။



ပေ။ ဒါ့ကြောင့် ညည်း ခြေကုန် လက်ပမ်း ကျတဲ့ရုပ်ပေါက်နေတာကိုး ...
ဟားဟားဟား....
ပန်။ ကိုပေ တမီးကို လှောင်တယ်ပေါ့ ။တွေ့မယ် ဟွန်း....

ဆက်ရန်
--------------------------------------------------------------

14 comments

  • windtalker

    November 21, 2011 at 12:03 pm

    တော်တော် ဆိုးတဲ့လူ
    ဘီလူးကြီး က ပန်ပန်လေး ကို အခန်းထဲ ဆွဲခေါ်သွားတော့
    ဘာများလုပ်မလို ့ပါလိမ့်လို ့
    အသဲတုန် ရင်တုန် ဖြစ်လိုက်ရတာကိုး
    ဖဲဝိဇ္ဇာတွေ ကို ပြောလိုက်စမ်းဘာ
    ဖဲကောင်းကောင်းပြင် ထားလို ့

    • inz@ghi

      November 21, 2011 at 12:09 pm

      သည်လူရီးက နစ်ခ်ချိန်းတွားဘီ…
      စုန်းထီးဖြစ်တွားပြန်ဘီ…
      နစ် တခုတည်း ပုံသေမသုံးဝူး
      တူများက တူ့ကို အကောင်းနဲ့လည်း ထည့်ရေးပေးရတေးတယ်…
      ပီဒီအက်ဖ် ထုတ်ပီး သိမ်းမယ်လေး ဘာလေးနဲ့
      ခုတော့ တားတားမှာ ရေးရင်း မတ်တတ် ……

      ဖောက်ပြန်ရေးတမားရီး ….
      တူ့လည်း တော်လှန်ပစ်ရမယ် …
      ခွီး…

      • windtalker

        November 21, 2011 at 1:04 pm

        ဟုတ်တယ်လေ
        နင့်စာတွေ အားလုံးစုပြီး
        ဖိုင်တစ်ခုထဲမှာ အစဆုံး သေချာစီ
        ပြီးရင် ဘုတ်အုပ် ထုတ်
        အာကေ ရရင်
        ဟဲဟဲ
        လိုက်မရှာနဲ ့မောင်
        ပြေးဘီ ဆရာဘဲ

        • inz@ghi

          November 21, 2011 at 1:15 pm

          တိန် …
          သည်အင်တာနက်ဆိုင်ရှင်ကလည်း မလွယ်ပါလား …
          ခေါ်ပှီရွိုက်နော် ဟိတ်လူ….

          ထုတ်ချင်လည်း ထုတ်လေ ..တားပါဝူး…
          ဆင်ဆာ ကျမှာမှ မဟုတ်တာ ..ဟီး…
          ပီး တားတားစာ ကို စာလုံးပေါင်းပြန်ပြင်ရတာက..
          ပြောင်ရီးအစိုးရ လက်ထက်တွင်းတောင် ပီးပါ့မလားကွယ်….

          ရွာ့အော်ကျောလန်
          ဂီဂီ

  • Diamond Key

    November 21, 2011 at 12:05 pm

    အောင်မလေး ပန်လေး မသေကောင်းမပျောက်ကောင်း 😡 ………….(အဲဟုတ်သေးဘူး………..ကင်မရာ ဂွင်ထဲက မပျောက်ကောင်း)၊ ဘီလူးကြီး ဇက် (သေးသေးလေးကို) တက်နင်းနေရတာကိုး။ (ဘီလူးကြီး ဆိုပေမယ့် အကောင်ကြီးပြီး လည်ပင်းသေးတယ် :mrgreen: ) ဘီလူးကြီး ခုန်ဆွခုန်ဆွ နဲ့ ထွက်လာမှာ မြင်ယောင်သေးတော့ 😉 (ဘီလူးက ဘယ်နားနာနာ ခုန်တယ် :mrgreen: :mrgreen:)

  • blackchaw

    November 21, 2011 at 12:23 pm

    ဟေ့လူ ဂိုင်း။ ဘလက်က နှစ်ကိုယ်ခွဲများလားကွယ်။
    နှစ်ကိုယ်ခွဲဆို အကယ်ဒမီပေးတတ်လွန်းလို့ ချိတ်လုံချည်ကြိုမှာထားရအောင်။
    မှောင်ချောနဲ့ နက်ချော က နှစ်ယောက်ဖြစ်နေတယ်ဟ။
    ကိုယ်က စရိုက်နှစ်မျိုးဆို ဘယ်လောက်ပေးပေး လက်မခံဘူးလေ။
    မု(ဒ်)ထည့်ရတာ သိတ်ပင်ပန်းတယ်ကွယ်။ နော။
    ကြည်စားထှာ။

  • Moe Z

    November 21, 2011 at 12:26 pm

    အဲဒီ ပီပါဟိန်းဆိုတာ ဘယ်သူမှန်းမသိလို့မေးလိုက်ရတာ သူငယ်ချင်းတွေကုန်သွားတယ်
    ရုံးကကောင်မလေးတစ်ယောက်ပြောမှသိတော့တယ် ဗီဗာဟိန်းတဲ့
    ကိုအင်ကြီးက လိုင်းစုံတယ်နော် 😛

    • inz@ghi

      November 21, 2011 at 12:39 pm

      မိုးဇိလေးက တို့ပိုစ့်ကို စောင့်ဖတ် အားပေးနေတယ်ပေါ့နော်
      (ဒဂယ်က သည်လူရီး ဘာတွေ မဟုတ်ပေါက်ကရရေးမလဲ တထင့်ထင့်ဖစ်နေရတာ)

      ကိုအင်ဂျီးက မထသ မဟုတ်ရပါဝူးကွယ်…
      (တကယ်က မထားသင့်လို့ ရန်ကုန်ရုံးကလူတွေ နားအေးပါးအေးဖစ်ပါစေတော့
      ဆိုပီး အရှေ့ကျွန်းကို အလုပ်ကြမ်းနဲ့ ပြည်နှင်ဒဏ် ပေးလိုက်တာ.)

      ခုလို မိုးဇိလေးလို အမာခံ ပိတ်သတ်ကြီးအတွက် ကအင်ဂျီး ကြိုးစားတင်ဆက်ဦးမှာပါကွယ်.
      (ဒဂယ်က မရေးရ မနေနိုင် သူများ မကလိရမနေနိုင်တာ..)

      နောက်ဆုံးပြောချင်ဒါက ကိုယ့်ကို လူတွေ အားပေးနေတယ်ဆိုပီး
      အားမပေးတဲ့လူဒွေကို ဟိုမရောက်သည်မရောက် တွေ လို့ (ဟိုအဆိုဂျော် မလေးလို)
      ပြောတဲ့ စိတ်ဒလတ် မချိရိုး အမှန်ပါကွယ်….

      ဂိုင်းအင်ဇာဂီ
      ခေတ္တ
      ပါလာမို
      စစ္စလီကျွန်း

  • ပေါက်ဖော်

    November 21, 2011 at 3:33 pm

    တော်တော်ဆိုးတဲ့ဘလူး..
    ဗလ အားကိုးနဲ ့..ပလန်ပလန်လေးဂို ခြေကုန်လက်ပန်းကျအောင် နှိပ်ခိုင်းရက်ဒယ်..
    😆

  • အီးတီ

    November 21, 2011 at 10:27 pm

    လူစွမ်းကောင်း ၁၁ယောက်ကို အလွတ်မပေးရဲဘူး။ ကိုယ့်ကို ဘယ်အချိန်ဆော်မလဲဘဲ ကြည့်နေရတယ်။

    • inz@ghi

      November 21, 2011 at 10:33 pm

      ကျနော်ကဆော်ရပါဝူးဗျာ ..
      ဆြာတို့က ကျနော့်ချည်း ဝိုင်းဆော်နေကြတာပါ
      တကယ်က ခုနောက်ပိုင်း ပိုစ့်ရှည်တယ်ဆိုတာ
      ဆြာတို့ကို များများ တထိုင်တည်း ဖတ်စေချင်လို့ပါ
      သည်တော့ …ခနလေးအတွင်းမှာတင် .
      ကျနော့်မှာတော့ နာမည်၅ခုလောက် အဖတ်တင်နေပီ …
      ဟင့် ….

      ဇိရေ … ဂိ အဖြစ်ကို တနားလော့ဝူးလား ဟင်င်င်…
      (-င် ကို အခါခါသုံးခြင်းမှာ သဂျီးထံမှ ကူးစက်ပါသည်
      တနေ့နေ့ ခေါ်ဖီရွိုက်ထ် လုပ်တဲ့အခါကျရင် သဂျီးကို
      ခရက်ဒစ် ပေးစေလိုပါသည်..
      သို့တည်းမဟုတ် …ဗမာစာပေကို ဖျက်ဆီးသူများ အနေဖြင့်
      ပုဒ်ထီးပုဒ်မ တပ်လျင်လည်း အနှီ သဂျီးကိုသာ တရားစွဲစေလိုပါသည်..)

      ပုံ ဂီဂီ။။

  • small cat

    November 22, 2011 at 6:51 am

    ငါ့ဝန်ထမ်းကဒ်ပျောက်တာ သူခိုးမိပြီ၊
    ကပေါက်ဖော် နင်တို့အော်ပရေးရှင်းကြီးပြီးရင် ငါ့ဝန်ထမ်းကဒ်ပြန်ပေး
    အသစ်လုပ်ရတာခက်လို့၊ပိုက်ပိုက်လည်းကုန်သေးတယ်။
    ကိုဇာဂီ စစ္စလီကျွန်းမှာ ငါးစစ္စလီပေါရင် များများလေးဝယ်ခဲ့ဗျာ
    အရက်နဲ့မြည်းရင်ကောင်းတယ်။

    • ပေါက်ဖော်

      November 22, 2011 at 11:27 am

      လောလောဆယ်.အတုဝိဇ္ဇာ ကမောင်ပေကိုသာ လုပ်ခိုင်းထားလိုက်ပါဗျာ..
      သူက အတုဆို နေဥ၊လေဥ၊ကြက်ဥ က အစ ကျောက်စိမ်း၊ပင်စိမ်း၊နံနံပင် ထိ..ချွတ်စွတ်တူအောင်
      ဖန်တီးနိုင်တယ်ပြောတယ်

  • Shwe Ei

    November 22, 2011 at 12:18 pm

    အရှေ့သိုင်းနဲ့အလယ်သိုင်း ဘယ်အကွက်တွေသုံးထားလဲ သိချင်တယ်ဗျာ။ အထက်တန်းကျောင်းနဲ့တကွ သိုင်းဝတ္ထုအားလုံးပါ ဂုဏ်ထူးနဲ့အတွဲလိုက်အောင်ထားတာ။ လိမ်လို့တော့မရဘူး ကအင်ဂျီးရေ။

Leave a Reply