ခေတ်မှီလာသောဒုစရိုက်များ

ထာ၀ရNovember 21, 20111min28521

အခုတလော မှာ ဖြစ်ပွားခဲ.တဲ. ဒုစရိုက်မှုတွေထဲမှာ ထူးခြားတဲ.ပုံစံ တွေ.လာရပါတယ်

မြန်မာပြည်မှာကြေးစားလူသတ်ဂိုဏ်း တွေ စတင်ပေါ်ပေါက်လာတော.မလား  ရှိနေပြီလား….

ပြည်တွင်းက ဂျာနယ်တွေထဲကပါတာကိုကူး တင်လိုက်ပါတယ်

 

ပေါ်ပြူလာဂျာနယ်ထဲပါလာတာပါ

မြောက်ဥက္ကလာပမြို့၊ နွယ်သာကီ ၆လမ်းသို့ ညအချိန် ကားများဖြင့် ဝင်ရောက်လာပြီး လိုက်ပါလာသည့် လူ ၂ဝဝန်းကျင်ခန့်က

ရပ်ကွက်နေ လူလတ်ပိုင်းတစ်ဦးအား ဓားရှည်များဖြင့် ဝင်ရောက်ခုတ်ခဲ့သည့် ရာဇဝတ်မှုတစ်ခု ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာ ၁ရရက်

ည ၈နာရီ ၃ဝဝန်းကျင်ခန့်က နိုင်ငံခြား ရုပ်ရှင်ဆန်ဆန် ဖြစ်ပွားခဲ့သည်။  အဆိုပါ ဖြစ်ရပ်စတင်ခဲ့ချိန်မှာ ကာယကံရှင်ဖြစ်သူ

ကိုကျော်မင်း (အသက် ၃ဝ)၊ မြောက်ဥက္ကလာ ဆေးရုံကြီးသို့ ရောက်ရှိသေဆုံးသွား ချိန်အထိ တာဝန်ယူမှုမရှိခဲ့သော

ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ကျ ရဲတပ်ဖွဲ့အား မကျေနပ်၍ နွယ်သာကီ ၁ လမ်းမှ ၈ လမ်းအပေါ်နှင့် အောက်နေ ရပ်ကွက်သူရပ်ကွက်သား များမှာ

လမ်းမပေါ် ထွက်၍ စုပေါင်း အရေးဆိုခဲ့ကြသည်။ ”

စဖြစ်တဲ့အချိန်ကတည်းက ရပ်ကွက်ရုံးက တံခါးပိတ်ထားတယ်။ အခုတ်ခံရတဲ့ လူကိုလည်း ရပ်ကွက် က ဆေးရုံပို့ရတာ။

ဟိုကျမှ ဆုံးတာပါ။ နောက်တော့ တစ်ရပ်ကွက်လုံး မကျေနပ်လို့ ရပ်ကွက်ရုံးကို ဝိုင်းပြီး ခဲတွေနဲ့ထုမှ အုပ်ချုပ်ရေးမှူး နဲ့အဖွဲ့တွေ ကားနဲ့ ထွက်သွားကြ တာလေ။

ဥပဒေအရ အရေးယူပေးပါမယ် ပြောတာပဲ” ဟု နွယ်သာကီ လမ်းမကြီးပေါ် စုဝေးရောက်ရှိနေ သူများထဲမှ အသက် ၂၅ ဝန်းကျင် အမျိုးသမီးတစ်ဦးက

ယင်းည ၁၂ နာရီခန့်က Popular  News သို့ ပြောသည်။ ဖြစ်ပွားပုံမှာ ယင်းနေ့ည ၈ း၃ဝ ခန့်အချိန်တွင် မြောက်ဥက္ကလာ၊ နွယ်သာကီ လမ်းမကြီးအတိုင်း လိုက်ထရပ်ကားတစ်စီး၊ ဂျစ်ကား တစ်စီး နှင့် တက္ကစီတစ်စီး အပြင်းဝင်ရောက် လာပြီး နွယ်သာကီ ၆ လမ်းထိပ် တွင် ရပ်ခဲ့သည်။

အဆိုပါ လိုက်ထရပ်ကားပေါ်တွင် လူ ၂ဝ ခန့်ပါလာသည်ဟု ကိုယ်တွေ့မြင် ခဲ့ရသူများက ဆိုပြီး ၎င်းတို့မှာ ကားပေါ်မှ ဓားရှည်များဖြင့် ဆင်းကာ

အရက်ဆိုင် အတွင်း ထိုင်သောက်နေသော ကိုကျော်မင်းအား ဦးတည်ထိုးခုတ် ခဲ့ကြကြောင်း၊ ရုတ်တ ရက်ဖြစ်ပွားခဲ့ ခြင်းကြောင့် ဆိုင်အတွင်းရှိ

ကိုကျော်မင်း၏ သူငယ်ချင်းအချို့နှင့် စားသုံးသူများမှာ တစ်စုံတစ်ရာ တားမြစ်နိုင်ခြင်း မရှိခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ကိုကျော်မင်းမှာ

ဆိုင်အတွင်းမှ ထွက်ပြေးသွားခဲ့ပြီး ၆ လမ်းအပေါ်ရှိ ဆိုင်တစ်ဆိုင်သို့ ဝင်ရောက်ပုန်းရှောင်နေခဲ့ကြောင်း ကိုယ်တွေ့မြင်ခဲ့ရသူများက ဆိုသည်။

”ကားတွေ က နံပါတ်တွေ အုပ်ထားတယ်။ ရုတ်တရက်ဆို တော့ ဘာမှန်းမသိဘူး။ သူတို့က ကားပေါ်ကဆင်းပြီး ဆိုင်ထဲဝင်သွား ကြတာ။

အပြင်မှာ ကျန်တဲ့သူတွေ က ဓားတွေ ယမ်းပြီး မဆိုင်တဲ့သူ မကပ်နဲ့လို့အော်တယ်။ ကိုကျော်မင်း ပြေးထွက်လာပြီး လမ်းထဲက ဆံပင်ညှပ်ဆိုင်မှာ

ရေတောင်းသောက်ပါ သေးတယ်။ သူသေတော့မှာကို လည်း ပြောသွားပါတယ်” ဟု ၎င်းအား ဆေးရုံပို့ဆောင်ပေးခဲ့သူလူငယ် တစ်ဦးက ယင်းညတွင် ပြောသည်။ ကိုကျော်မင်းမှာ ယင်းဆိုင်တွင်ဝင်၍ ရေသောက်ပြီးနောက် အပြင် ပြန်ထွက်ခဲ့ရာ လမ်းမပေါ်သို့ လဲ ကျသွားခဲ့ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဖြစ်စဉ်မတိုင်မီ တန်ဆောင်တိုင် လပြည့်ညတွင် ကိုကျော်မင်းနှင့် ဝေဘာဂီမြို့သစ်နေ ကိုသက်ဦးဆိုသူတို့ ပြဿနာဖြစ်ပွားခဲ့ဖူးပြီး

ကိုသက်ဦးမှ ယင်းညတွင် ကိုကျော်မင်းအား ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ကိုကျော်မင်းမှာ ရှောင်တိမ်း၍ ပြန်လည်ခုခံရာ ကိုသက်ဦး ပါးစပ်၌ ဒဏ်ရာရရှိခဲ့ကြောင်း

၊ ၎င်းမှ ပြန်လည် ထွက်ပြေးစဉ် ကိုကျော်မင်းအား ဓားဖြင့်ပစ်ပေါက်သွားခဲ့ရာ ယင်းဓားအား ရပ်ကွက်လူငယ်များက သိမ်းယူထားခဲ့သည်။ အဆိုပါ ဖြစ်ရပ်အပြီး ကိုကျော်မင်းအား အရေးယူရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့များ ၎င်းနေအိမ်သို့ လာရောက်စဉ် ရပ်ကွက်ပြည်သူ ၃ဝဝ ခန့်က ဝိုင်းဝန်း

ကန့်ကွက်အရေးဆိုခဲ့၍ ဖမ်းဆီးခြင်း မပြုခဲ့ကြောင်း ကိုကျော်မင်း၏ မိခင်ဖြစ်သူက ပြောသည်။

”အဲဒီတုန်းက ဓားနဲ့လာခုတ် တဲ့သူကိုတော့ မဖမ်းဘူး။ ပြန်ခုခံတဲ့သူကို လာ ဖမ်းရသလားဆိုပြီး လူ တွေဝိုင်းဝန်း ကန့်ကွက်အော်ဟစ်ကြတော

့ သူတို့ မဖမ်းတော့ဘူး။ သားကို သတ်ဖို့ သက်ဦးက လူမိုက်တွေ ကို ၂၅ သိန်းပေးပြီး ငှားထားတယ် ဆိုတာ အရင်ကတည်းက တစ်ရပ်ကွက်လုံး

ကြားနေကြတာပါ။ အခုကတော့ တကယ့်ကို မထင်မိပါဘူး။ ကျွန်မတို့က ဒီအမှု ကို အမှန်တရား အတိုင်းဖြစ်စေချင်ပါ တယ်” ဟု  ၎င်းက

ယင်းနေ့ည ၁၂း၃ဝ ခန့်တွင် PNသို့ ပြောသည်။ ယင်းဖြစ်ရပ်မှာ ကိုကျော်မင်း နှင့် ရန်ငြိုးရှိခဲ့ဖူးသော ဝေဘာဂီမြို့သစ်နေ ကိုသက်ဦး ဆိုသူနှင့်

ပတ်သက်မှုရှိ မရှိ PN မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းဒင်အားမေးရာ ”ဆက်စပ်မှုရှိနိုင်ပါတယ်” ဟု ဆိုသည်။  ယင်းည ကိုယ်တွေ့မြင်ရသူ အချို့က

ဓားဖြင့်ခုတ်သွားသူများ၏ အကျႌ   နောက်ကျောတွင် စံပြငါးဈေး စာတမ်းများကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

 

နောက်သတင်းတပုဒ် ကတော. သစ်ထူးလွင်ဆိုက်ကနေကူးထားတာပါ

 

 

မြန်မာ အစိုးရ ရုံး ရုံးစိုက်ရာ နေပြည်တော် မြို ရှိ  ဥတ္တရ သီရီ မြို ့နယ် ရှိ

ပုဗ္ဗသီရီ မြို ့ ပတ်လမ်းပေါ်ရှိ ဟိုတယ် ဇုန် များ အနီး တွင် ယနေ ့တနင်္ဂနွေ နေ ့ မနက်  ၁ နာရီ

အချိန် ခန် ့က မော်တော်ကား နှစ် စီး အပြိုင် မောင်း နှင်မှု ဖြစ်ပွား ပြီး နောက် ကားပေါ် တွင်

ပါလာသူများ က ပစ္စတို ဟု ယူဆရသည့် သေနတ် များ ဖြင့် ငါးချက် ခန်  ့ အပြန် အလှ န်

ပစ်ခတ် မှု ဖြစ်ပွားပြီးနောက် ဘူတာကြီး ဘက်သို ့ ရှေးရှု ၍ မောင်းနှင် သွား သည် ဟု

မျက်မြင် တွေ ့ရသူ များက FNG သို ့ ပြောပြသည်။

 

မျက်မြင် တွေ ့ရသူ များ မှာ သာမန် အရပ်သား များ ဖြစ်၍ ညအချိန် အရှန်ဖြင့် မောင်းနှင့် လာ

သော ကားလည်း ဖြစ်ကာ မော်တော်ကား အမျိုးအစား မခွဲခြားတတ်သော ကြောင့် မည်သည့်

ကား ကုမ္ပဏီ မှ ထုတ်လုပ်သည် မသိရ သော်လည်း နှစ်စီး စလုံး မှာ တန်ဖိုးကြီး ဇိမ်ခံ ကားများ

ဖြစ်ကာ အဖြူရောင် များ ဖြစ် သည် ဟု ဆိုသည်။

” နောက်ကား က လူများ တယ်။ ပထမ ကား ကို လိုက်ဖဲ ့တာ ၊ အများဆုံး ပစ်တာ နောက်ကား

ကပဲ ရှေ ့ကား က တစ်ချက် ပဲ ပြန် ပစ် တယ် ထင်တယ်။ ဘာဆက်ဖြစ်လဲ တော့ မသိဘူး “ဟု

ပြောသည်။

ယခု နေ ပြည်တော် မြို ့တွင် ဖြစ်ပွား ခဲ့ သည့် ဟောလိဝုဒ် ရုပ်ရှင် ကား ထဲ က လိုပင် မြန်မာနိုင်

ငံ မြို ့တော် ဟောင်း ရန်ကုန် မြို ့ ဉ် လည်း အဆိုပါ ဖြစ်ရပ် မျိုး မကြာခဏ ဖြစ်ပွား သည် ဟု

သိရသည်။

ကလပ် ပြီးချိန် တွေ ဆို သတိထား ရတယ် ၊ သူတို ့ အချင်း ကလပ် မှာ ငြိလာတာ တွေ လမ်းကျ

တော့ ကား နဲ ့ လိုက်တိုက်တာ တို ့ ၊ လေးခွ နဲ ့ လှမ်းပစ်တာ တို ့ ရှိတယ်။ ပြီးခဲ့ တဲ့ လက ကလပ်

အပြီး ကျွန်တော့်ကား ကို ငှား တဲ့ ပါစင်ဂျာ ကို နောက်ကား က လိုက်ရန် ရှာ လို ့ ဒဂုံ ရဲစခန်း

ထဲ မောင်း ပြေး ရတယ်။ ပိုက်ဆံ ပို ရလို ့ Night ဆွဲ တာ၊ အန္တရယ် များ တယ် ဟု ရန်ကုန် မြို ့

မှ တက္ကစီ မောင်းသမား တစ်ဦးက ပြောသည်။

လွန်ခဲ့ သည့် ၈ လခန် ့က အာဏာရရှိ လာသည့် ကြံ့ဖွံ ့ပါတီ ထိပ်တန်း ခေါင်းဆောင် များ ၏ သား

သမီးများ သည် ယခု ကဲ့ သို ့ ဥပဒေ မဲ့ အပြု အမူ မျိုး ကျူး လွန် တတ်သည် ဟု ရန်ကုန်မြို ့မှ ဒီဂျေ

တစ်ဦး က ပြောသည်။

နေပြည်တော် မြို ့နယ် ရှိ ယမန်နေ ့က ပစ်ခတ် မှု နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းများ ဉ်

တစ်စုံ တစ်ရာ အမှု ဖွင့် အရေးယူထားခြင်းမရှိ ဟု သိရသည်။

တရုတ် နိုင်ငံ မှ စွယ်တော်ရောက်ရှိ ခိုက် နေပြည်တော်တွင် လုံခြုံရေး အထူး တင်းကျပ်ထား

ချိန် တွင် ယခု ကဲ့ သို ့ ဖြစ်ပွား ခဲ့ ခြင်း ဖြစ်သည်။

 

နောက်တပုဒ်ကတော voice ဂျာနယ်ထဲမှဖြစ်ပါသည်

 

 

MTV ခေတ်ဦးကာလကတည်းပင် ရုပ်ရှင်ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သော အသက် ၄ဝ ခန့်အရွယ် အနုပညာရှင်တစ်ဦးကို ရန်ကုန်မြို့လယ်

ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် အက်ရှင်ကားမှ ဇာတ်ဝင်ခန်းဆန်ဆန်ကားဖြင့် တရွတ်တိုက်ဆွဲခေါ်ကာ ရက်စက်စွာ သတ်ခဲ့သော

လူသတ်မှုတစ်ခု နိုဝင်ဘာလ ၂ ရက်နေ့ ည ၁ဝ နာရီခွဲခန့်၌ ဖြစ်ပွားခဲ့ကြောင်း အသတ်ခံခဲ့ရသော ဒါရိုက်တာ၏ မိသားစုများနှင့် မျက်မြင်တွေ့ကြုံခဲ့သူများက

ပြောကြားသည်။

ယင်းသို့ဖြစ်ခြင်းသည် ယခုလ ၂ ရက်နေ့တွင် သိမ်ကြီးဈေးရှိ စားသောက်ဆိုင်တစ်ခုတွင် အချင်းများရာမှ နောက်ဆက်တွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင် ဦးဇင်ဝေလတ်က ပြောကြားသည်။

ရန်ကုန်မြို့ သိမ်ကြီးဈေးရှိ 369 စားသောက်ဆိုင်တွင် သေဆုံးသူဦးသန့်ဇင်လတ် (ခ) ဦးဇင်မင်းသည် သူငယ်ချင်းတစ်စုနှင့် အတူ ညစာစားသောက်နေစဉ်

ည ၁ဝ နာရီဝန်းကျင်၌ အနီးဝိုင်းရှိ အိန္ဒိယနွယ်ဖွား အမျိုးသားနှစ်ဦးနှင့် ဦးသန့်ဇင်လတ်တို့ဝိုင်းမှ သူငယ်ချင်းတို့ စကားများရန်ဖြစ်ခဲ့ကြောင်း၊

၎င်း၏ သူငယ်ချင်းဖြစ်သူ ဦးသန်းထိုက်ကို ထိုးကြိတ်ကန်ကြောက်ခဲ့ပြီး အိန္ဒိယနွယ်ဖွား အမျိုးသားနှစ်ဦးမှာ ထွက်ပြေးခဲ့ကြောင်း၊

ဦးသန်းထိုက်မှာ ယင်းဆိုင်၌ပင် ဒဏ်ရာများနှင့် ကျန်ရှိခဲ့ပြီး ဦးသန့်ဇင်လတ် (ခ) ဦးဇင်မင်းသည် ၎င်းတို့နောက်သို့ လိုက်ရန်အတွက်

သူငယ်ချင်းဦးနိုင်မိုးစီးလာသော အငှားယာဉ်ဖြင့် နောက်မှ လိုက်ပါခဲ့ရာ ဗိုလ်ချုပ်လမ်းနှင့် ၄၅ လမ်းထောင့်၌ ထွက်ပြေးသူနှစ်ဦး

စီးသွားသော Super Custom ၈ဈ/၄၄၃၅ ကို မီလာသဖြင့် ဦးသန့်ဇင်လတ် (ခ) ဦးဇင်မင်းက အငှားယာဉ်ပေါ်မှ ဆင်းကာ

ယာဉ်မောင်းဘက်ခြမ်းသို့ သွားရောက်ပြောဆိုမေးမြန်းစဉ် ၎င်းကို ယာဉ်မောင်းနှင်သူက လည်ပင်းမှချုပ်သိုင်းကာ ကားဖြင့်

ဗိုလ်ချုပ်လမ်းနှင့် ၄၅ လမ်းထောင့်မှ ဗိုလ်ချုပ်လမ်းအတိုင်း ၄၅ လမ်း၊ ၄၆ လမ်းကို ကျော်လွန်ကာ ၄၈ လမ်းထိပ်အထိ

တရွက်တိုက်ဆွဲခေါ်သွားရာ လမ်းမ၌ ရပ်နားထားသော ယာဉ်နှစ်စီးနှင့် တိုက်မိကာ ဖြုတ်ချခဲ့ပြီးထွက်ပြေးသွားကြောင်း

အသတ်ခံရသူ ဦးသန့်ဇင်လတ်၏ ညီဖြစ်သူ ဦးဇင်ဝေလတ်က ပုဇွန်တောင်ရဲတပ်ဖွဲ့စခန်း၌ အမှုဖွင့်တိုင်ကြားစာပါ

အချက်အလက်များကို ပြောကြားသည်။

‘သူဆုံးတာ ၁ဝ နာရီ ၄၅ မိနစ်၊ ဆေးရုံရောက်မှသိတာ။ ရင်ခွဲစစ်ဆေးချက်အရတော့ နံရိုးတွေကျိုးပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကလီစာတွေကိုစိုက်ပြီး ဆုံးတယ်လို့ပြောတယ်။ နံရိုးအကောင်းတစ်ချောင်းပဲကျန်တယ်’ ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပုဇွန်တောင်ရဲတပ်ဖွဲ့ စခန်းက (ပ)၂၃၃/ ၂၀၁၁၊ ပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း၊

ယခုလ ၃ ရက်နေ့တွင် အမှုဖွင့်ထားပြီး အငှားယာဉ်ပေါ်လိုက်ပါလာသော သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ ဦးနိုင်မိုး၏ ပြောဆိုချက်ကို

ကိုးကားပြီး ဦးဇင်ဝေလတ်က ပြောကြားသည်။

“သူတို့ဘက်က ငွေအား၊ လူအားနဲ့ လာမယ်လို့သိရတယ်။ နောက်လူစားထိုးမယ်လို့လည်း ကြားတယ်။ ကျွန်တော်တို့ အနေနဲ့ တကယ့်တရားခံကို

တရားဥပဒေအရ အရေးယူစေချင်တယ်” ဟု သေဆုံးသူ ဦးသန့်ဇင်လတ် (ခ) ဦးဇင်မောင်၏ ညီ ဦးဇင်ဝေလတ်နှင့် မိသားစုကဲ့သို့

ရင်းနှီးသူ တေးသံရှင်ဦးလင်းလင်းက ကဆိုသည်။

ယင်းနေ့က ထွက်ပြေးခဲ့သော ယာဉ်ကို ပြန်လည်တွေ့ရှိသိမ်းဆည်းရမိပြီး ယင်းကားနှင့် အတူလိုက်ပါသူတစ်ဦးကိုလည်း

ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ပုဇွန်တောင်ရဲတပ်ဖွဲ့စခန်း၏ အသိပေးချက်ကို ကိုးကားပြီး ဦးဇင်ဝေလတ်နှင့် တေးသံရှင် ဦးလင်းလင်းက

The Voice Weekly သို့ ယခုလ ၈ ရက်နေ့တွင် ပြောကြားသည်။

 

 

 

21 comments

  • etone

    November 21, 2011 at 10:09 am

    လူတွေ လူတွေ .. ဘယ်လိုတွေများဖြစ်နေရသလဲနော် … ။
    ဘာစိတ်တွေပေါက်ပြီး လက်ရဲ ဇက်ရဲတွေဖြစ်နေရတာလဲ … ။ ကြားရတာ စိတ်မကောင်းပါဘူး … ဒေါသဆိုတာ လူတိုင်းမှာရှိတာပဲလေ … ဒေါသထွက်တဲ့အချိန် သတ်ချင်ဖြတ်ချင်ကြတာ သဘာဝပေမယ့် သတ်လွယ်ဖြတ်လွယ်ဖို့ဆိုတာကတော့ …. ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်မှုနဲ့ … ထိထိရောက်ရောက်အရေးယူဖြေရှင်းမှုတွေပေါ် မူတည်နေပါတယ် … ။ ဒါမှလည်း … ဒေါသထွက်တာတောင် လက်မလွယ်ပဲ ကြောက်ကြမှာလေ … ။ 🙁

  • blackchaw

    November 21, 2011 at 10:12 am

    အင်း ထာဝရ ရေ။ (ကိုငြိမ်းလူကြီးလားမသိဘူးနော်)
    သူကြီး ကျွန်တော့် ပို့စ်တစ်ခုမှာ ကွန်းမန့် ရေးဘူးတယ်ဗျ။
    “ဒီလိုခေတ်အပြောင်းမှာ.. မာဖီးယားလို.. လူဆိုးဂိုဏ်းတွေ လိုအပ်တယ်ဆိုတာ.. ပိုသေချာလာတယ်..
    အင်း..
    အလိုလိုထိမ်းညှိယင်းပေါ်လာမယ်ထင်မိတာပါပဲ..” တဲ့။ ဆိုတော့ ကျွန်တော်က ကွန်းမန့်က ပြန်မေးပါတယ်။
    “သူကြီးပြောသလိုဆို
    မာဖီးယား လိုလူဆိုးဂိုဏ်းတွေက လူ့အဖွဲ့အစည်းအတွက်
    လိုအပ်နေတာပေါ့။
    မာဖီးယားတွေမှာလည်း ဥပဒေရှိတယ် ထင်တယ်နော်။
    နည်းနည်းရှင်းပြပါဗျာ။” ဆိုတော့ သူကြီးက ပြန်မန့်ပါတယ်။

    တချို့ကိစ္စတွေက.. ဥပဒေကြောင်းနဲ့..အင်မတန်ရှင်းရခက်တာမို့.. ဥပဒေအတွင်းက အဖွဲ့အစည်းတွေ..စံနစ်ကျ..အင်အားမကောင်းခင်.. လူ့အသိုင်းအဝိုင်းကိုထိန်းကြောင်းဖို့.. ဆိုင်ရာနယ်ပိုင်ဂိုဏ်းတွေက. (သဘာဝတောင်းဆိုချက်အတိုင်း). ပေါ်လာရတယ်လို့.. ဖတ်ဖူးတယ်..။

    ဆိုတော့ ဆိုင်မဆိုင်တော့ မသိပါ။ ဘလက်က အတင်းကို ဆွဲစိလိုက်တာဗျို့။ မဆိုင်တော့လည်း အရင်းပေါ့ဗျာ။

  • inz@ghi

    November 21, 2011 at 10:19 am

    မာဖီးယားကို ဆွဲမထည့်နဲ့နော် .ဆြာသမားတို့ …
    တကယ်တော့ သူ့ စတင်မှုဟာ ..
    လူတယောက်မှာရှိတဲ့ ဒုက္ခဟာ ကြီးလေးလွန်းလို့
    အဖေတယောက်တည်း ရှိရုံနဲ့မလုံလောက်လို့
    ခေါင်းကိုင်ဖခင် God Fatherလိုအပ်တယ်ဆိုတဲ့
    အယူအဆကနေ မာဖီးယားဆိုတာ ပေါ်ပေါက်လာတာပါ
    နောက်ပိုင်း ဂိုဏ်းဂဏ ဆန်ဆန် လှုပ်ရှားကြတာတော့
    ဂီလည်း ပြောလိုဝူး

    ခုဟာက ပိုက်ပိုက် ရှိတဲ့ကောင်တွေ ထင်တိုင်းကျဲတာ…
    လူသတ်တာ …လူမိုက်ငှားပီး ရမ်းကားတာ …

    ပစ္စည်းမဲ့မာနတွေ စိုးရိမ်ရေမှတ်ရောက်တဲ့အခါ…
    ဟိုလူဂျီးသားကို ရပ်ကွက်က ဝိုင်း သတ်ပလိုက်တယ်တို့
    သည်ခေတ်ပျက်သူဌေးကြီးကားကို အရပ်က မီးတင်ရှို့တယ်တို့
    ကြားရတော့မှာပဲ ………

    စစ္စလီကျွန်း ကာတာနီးယား
    မြို့သား
    ဂီဂီ

  • ပေါက်ဖော်

    November 21, 2011 at 10:28 am

    ငါလိုးမ ရဲတွေ….သူတောင်းစားလောက်တောင် စောက်သုံးမကျဘူး
    ဆန်ကုန်မြေလေးတွေ

  • blackchaw

    November 21, 2011 at 10:32 am

    ပေါက်ဖေါ်ကြမ်းနေပြီဗျို့။ ရှောင်ကြရှောင်ကြ။ ကြောက်လိုက်ထှာ။ ဟားဟား။

    • ပေါက်ဖော်

      November 21, 2011 at 11:05 am

      ဝုတ်ဒယ်
      အသောက်ကြမ်းတယ်၊
      အစားကြမ်းတယ်၊
      ဇရိုက်ကြမ်းတယ်၊
      မျက်ခွက်ကြမ်းတယ်၊
      လက်ကြမ်းတယ်၊
      ၂လုံးသားကြမ်းတယ်၊
      လာမစမ်းနဲ ့..အကုန်ကြမ်းတယ်..

      တားကို သိမ်မွေ ့နူးညံ့လာအောင် ပြုပြင်ပေးနိုင်မဲ့သူလေး တစ်ယောက်ပဲ ရှိတယ်
      အဲဒါ..
      ဝတ်မှုံးလေပဲ..

      😕

      • inz@ghi

        November 21, 2011 at 11:07 am

        တော်တေးလာပေါ့ နာ စိတ်ပူလဲ့ ဟိုညလေး မဟုတ်လို့

  • thit min

    November 21, 2011 at 11:13 am

    တရုတ် မာဖီးယား တွေ ရဲ့ စည်းကမ်းချက်တွေ ရေးထားတဲ့ ပို့စ်တွေ ဒီဂေဇက်မှာ ရှိပြီးသားဗျ။
    ~~~~~~~~
    လူကို စက်လှေနဲ့ ပင်လယ်ထဲ ခေါ်သွား သစ်သားစည်ပိုင်းထဲ ထဲ့ အရှင်လတ်လတ် အတိုင်း
    ကွန်ကရစ်ဖျော်ပြီးသား လောင်းထဲ့ ပြီးတော့ ရေထဲပြစ်ချ ဆိုတဲ့ ဒီကကောင်တွေ လူသတ်နည်း
    တွေရေး ရ မ ကောင်း ရှိတော့မယ်။ စိတ်ညစ်မှရေးမယ်နော်။ (^^)

    • ပေစုတ်စုတ်

      November 21, 2011 at 4:49 pm

      ဘယ်လိုရှာရမလဲ ပို့စ်နာမည်လေး တဆိပ်လောက်ညွှန်းနိုင်မလားခင်ဗျာ.. စိတ်ဝင်စားလို ့ဖတ်ချင်လို့ပါ…

  • Sonny

    November 21, 2011 at 11:35 am

    ထာဝရ ခင်ဗျာ…
    ဒါကြောင့် အမေစု ကပြောတာပေါ့ ” တရား ဥပဒေ စိုးမိုး ရေး အဓိ က ကျပါတယ်” တဲ့။
    တရား ဥပဒေ ရဲ့ အထက်မှာ ဘယ်သူမှ မရှိ ရဘူး၊ ဒါမှ မင်းမဲ့ စရိုက်တွေ ကျဲပါးသွားမှာ။
    ဘယ်သူ့ ဘယ်သူမှ မသေစေချင်ပါဘူး ဗျာ…
    ချစ်ခြင်းအားဖြင့်… ကိုဆန်နီ..

  • ကြောင်ကြီး

    November 21, 2011 at 11:39 am

    အုပ်စုဖွဲ့လူမိုက်ဂိုဏ်းတွေ ပြန်ပေါ်လာရင် အထိခိုက်အလွယ်ဆုံး အုပ်စုတွေက တနယ်တကျေးကနေ လာအလုပ်လုပ်နေတဲ့ မိန်းခလေးတွေ၊ ခလေးသူငယ်တွေပဲ။ ထိုင်းနိုင်ငံကလို ဇာတ်လမ်းမျိုးတွေ မကြားရပါစေနဲ့ ဆုတောင်းတယ်။ ရဲလည်း သွားအားမကိုးနဲ့၊ သူတို့မနိုင်တော့လို့ ကြားခံထိန်းပေးမဲ့ အုပ်စုပေါ်လာတာ မသိကျိုးကျွံပြုနေတယ်မှတ်။ ရဲမနိုင်လို့ စစ်တပ်အားကိုးမယ်ဆိုရင် ငါးပါးမှောက်မယ်။ သူတို့က မင်းမဲ့စရိုက်ဖြစ်နေပါပြီပြောဖို့ အကွက်ချောင်းနေတာ။ တတ်နိုင်သူများက အဲဒီဂိုဏ်းတွေကို ဆက်ကြေးပေး လိုက်လျောရမယ်။ မလိုက်လျောနိုင်ရင်၊ ကိုယ့်မှာလည်း ပိုင်ရာဆိုင်ရာရှိရင် ရဲ၊ အာဏာပိုင်တွေနဲ့ပေါင်း၊ သူတို့လိုတာ ဆက်သ။ မတတ်နိုင်သူတွေက ဒင်းတို့လိုပဲ လူမိုက်ဂိုဏ်း စင်ပြိုင်ထောင်ပြီး ကိုယ့်နယ်မြေကိုယ်ကာကွယ်၊ ဒါနဲ့ပဲ နောက်တဂိုဏ်းထပ်ပေါ်…… ကြားထဲက မရှိဆင်းရဲသား၊ လက်လုပ်လက်စား၊ အာဏာမဲ့တွေက ခံကြ……ကဲပြောနေကြာတယ် လွှတ်တော်ထဲသွားအော်ကြရအောင်…ကယ်တော်မူကြပါဗျို့….။ 😥

    • we R one

      November 21, 2011 at 5:55 pm

      B-15 ရုပ်ရှင် ကားထဲကလို ဖြစ်လာမှာပေါ့ နော်.. ကြောက်စရာကြီးပါလား.. 🙁

  • windtalker

    November 21, 2011 at 12:22 pm

    ဟုတ်တယ် ၊ ကိုကြောင်တို ့ကိုသစ် တို ့ပြောသလို ဘဲ
    အဲ့ဂိုဏ်းတွေ ၊ ဗြောင်ကျ လာရင် ၊ အချိန်မှီ မထိန်းသိမ်း အရေးမယူရင်
    အင်အားစုလာမယ် ၊ စီးပွားသောင်းကျန်းတော့မယ်
    တောက တက်လာတဲ့ မိန်းခလေး တွေ ဖာဖြစ်ကုန်မယ် ။ လူကုန်ကူးမယ်
    ဆေးခြောက် ၊ ဘိန်းဖြူ ၊ ရာမ ကို သူတို ့တွေ က တရားဝင် ရောင်းမယ်
    သေနတ် တို ့ဗုံး တို ့ ပါ ရောင်းလာနိုင်တယ်
    လူတစ်ယောက် က တစ်ခြားလူတစ်ယောက်ကို မကျေနပ်ရင် ၊ သူတို ့ဂိုဏ်းက ငွေယူပြီး လူမိုက်လုပ်မယ်
    အိုဘယ့်…
    မြန်မာနိုင်ငံ
    တိုးတက်လှလာပါကော

  • thit min

    November 21, 2011 at 1:13 pm

    နေပြည်တော် မြို ့ထဲ မှာ ဟောလိဝုဒ် ဇာတ်ကား ထဲ က လို ပြစ်ခတ် မှု ဖြစ်ပွား

    နေပြည်တော် မြို ့ထဲ မှာ ဟောလိဝုဒ် ဇာတ်ကား ထဲ က လို ပြစ်ခတ် မှု ဖြစ်ပွား
    by FNG on November 20, 2011

    နေမျိုးဦး ၊ ၊မြန်မာ အစိုးရ ရုံး ရုံးစိုက်ရာ နေပြည်တော် မြို ရှိ ဥတ္တရ သီရီ မြို ့နယ် ရှိ
    ပုဗ္ဗသီရီ မြို ့ ပတ်လမ်းပေါ်ရှိ ဟိုတယ် ဇုန် များ အနီး တွင် ယနေ ့တနင်္ဂနွေ နေ ့ မနက် ၁ နာရီ
    အချိန် ခန် ့က မော်တော်ကား နှစ် စီး အပြိုင် မောင်း နှင်မှု ဖြစ်ပွား ပြီး နောက် ကားပေါ် တွင်
    ပါလာသူများ က ပစ္စတို ဟု ယူဆရသည့် သေနတ် များ ဖြင့် ငါးချက် ခန် ့ အပြန် အလှ န်
    ပစ်ခတ် မှု ဖြစ်ပွားပြီးနောက် ဘူတာကြီး ဘက်သို ့ ရှေးရှု ၍ မောင်းနှင် သွား သည် ဟု
    မျက်မြင် တွေ ့ရသူ များက FNG သို ့ ပြောပြသည်။
    ( Credit to Yeyint Nge)http://www.yeyintnge.com/2011/11/blog-post_2492.html

  • ကြောင်လတ်

    November 21, 2011 at 1:38 pm

    တောက တက်လာတဲ့ မိန်းခလေး တွေ ဖာဖြစ်ကုန်မယ် ။ လူကုန်ကူးမယ်

    ကိုပေ အဲဒါမျိုးတွေအခုတည်းက ဖြစ်နေပြီဗျ၊
    ကျနော် ဇာတ်လမ်းလေးတစ်ပုဒ်ရေးနေတယ်၊ပြီးကာနီးပြီ

  • ထာဝရ

    November 21, 2011 at 2:17 pm

    ကပေါက်ဖေါ် ဆဲမယ်ဆိုဆဲစရာဘဲ..
    မြို.နယ်တိုင်းမှာရှိတဲ.ရဲစခမ်း တွေဟာ
    ညစ်ပတ်ပေရေစုတ်ပြတ်သတ်နေတာဘဲ
    လူထုကိုကူညီရမယ်.နေရာဟာ ကျက်သရေမရှိသလိုဖြစ်နေတယ်
    စခမ်းထဲဝင်လာတဲ.လူ ကို ကြည်.တဲ.အကြည်.ကိုက အချဉ်တယောက်လာပြီ
    ဆိုတဲ.ပုံစံမျျိး
    အားလုံးသောရဲတွေ တော.မဟုတ်ပါဘူး အထူးသဖြင်. စခမ်းရဲတွေဟာ
    ရပ်ကွက်ထဲက မကောင်းတာလုပ်တဲ.လူမှန်သမျှ မသိတာမရှိဘူး
    ဖမ်းလားဆိုတော.လဲမဖမ်း လိုင်းကြေးဘဲမျှော်စားနေတော.ကာ….
    လူကောင်းတွေဟာ စခမ်းကိုဝေးဝေး ရှောင်နေကြရတယ်
    ၂လုံး ၃လုံး သမား အရက်ပုန်းသမား မာဆပ်ခန်းပိုင်ရှင်တွေ နေ.ညပန်တိုးချေးစားတဲ.သူတွေ
    ( သူတို.ကအကြွေးတောင်းမရရင် ရဲကို အိမ်ကခိုင်းတဲ.လူလိုဘဲ ခေါ်လာပြီးဟိန်းဟောက်ခြောက်ခိုင်းတာ)
    တရားမဝင်အလုပ်နဲ.လုပ်စားတဲ.လူမှန်သမျှှ နဲ. မိတ်ဆွေဖြစ်နေတာ ကူညီနေတာ ရဲဖြစ်နေတယ်ဗျာ

  • mzm

    November 21, 2011 at 3:01 pm

    စခန်းမှူးနှင့် တရားသူကြီးတော့ ပွပြီ။။။။။။။။။။။။

  • cobra

    November 21, 2011 at 4:05 pm

    မြန်မာနိုင်ငံက ဒီမိုကရေစီရရင်
    ကောင်းဖို့ထက်
    အလွဲသုံးစားလုပ်မယ့် လူငယ်တွေအများကြီးရှိတယ်ဆိုတာသိသင့်တယ်

    • bahtoo

      November 22, 2011 at 2:59 am

      လူကြီးသားသမီးတွေ ဖြစ်ဖို့များတယ်
      တစ်ခြားမရှိနိုင် 😕

  • အီးတီ

    November 21, 2011 at 10:30 pm

    ထောင်ထဲက မဟုတ်တဲ့သူတွေ လွတ်လာလို ့ဖြစ်မယ်။ အပြင်တောင် သိပ်မထွက်ရဲတော့ဘူး။

  • pasi

    November 23, 2011 at 9:45 pm

    အိန္ဒိယနွယ်ဖွါးဆိုတော့ ဘာလဲ မွတ်စလင်တွေလား ?

Leave a Reply