မြန်မာပြည်ကသတင်းစာကို ကိုင်ပြီးရင် လက်ဆေးကြပါ

လင်းဝေNovember 21, 20111min18828

ဒီခေါင်းစဉ်တွေ့လို့ မြန်မာပြည်က သတင်းစာတွေ ပေါက်ကရ လျှောက်ရေးပြီး မဟုတ်တမ်းရားတွေ ဖော်ပြနေလို့ ကိုင်ပြီးရင် မသတီချင်စရာကြီးမို့ လက်ဆေးခိုင်းတယ် ဆိုပြီး အဆိုးမမြင်ကြပါနဲ့။
အဲသလို ပြောလိုရင်း လုံးလုံးမဟုတ်ရပါ။ သတင်းစာထဲပါတာတွေက အမှန်တွေလား အမှားတွေလား သုံးသပ်ပြဖို့ ဒီစာကို ရေးတာမဟုတ်ရပါကြောင်း လေ့လာစောင့်ကြည့်နေသူများကို ဦးစွာပထမ ရှင်းပြပါရစေ။

သတင်းစာ ဆိုတာ စာရွက်ပေါ်မှာ မှင်နဲ့ ရိုက်ထားတာပါ။ ( မောင်ရင်ပြောမှလား လို့ အထွန့်တက်ရင် တက်ခွင့်ပြုပါတယ်။ )
မြန်မာပြည်က သတင်းစာများ ( အစိုးရထုတ်သော သတင်းစာများ ) သည်လည်း နယူးစ်ပရင့်လို့ ခေါ်တဲ့ စာရွက်အမျိုးအစားပေါ်မှာ ကာဗွန်ဘလက်ပါဝင်တဲ့ မှင်အမျိုးအစားများနဲ့ ရိုက်နှိပ်ထားတာပါပဲ။
ပုံမှန်မှာတော့ မြန်မာ သတင်းစာက အဖြူအမဲပါ။( အခု မြဝတီ သတင်းစာကတော့ ရောင်စုံ )။ မြန်မာ့အလင်း ( တစ်ချို့အဆိုးမြင်ဝါဒီများကတော့ မြန်မာ့အမှောင် လို့ ရွတ်သလိုလို နဲ့ ခေါ်ကြပါတယ်။) ကြေးမုံ ( လူဆိုးတွေက ချေးပုံသတင်းစာတဲ့ဗျာ… တော်တော်ဆိုးတဲ့ လူလွန်မသားတွေ )။ New Light of Myanmar (ဒါကိုတော့ ဘယ်လိုနာမည်ပြောင်ပေးထားကြတယ်မသိပါဘူး) အဲဒီ သုံးစောင်လုံးက အဖြူအမဲနဲ့ ရိုက်ပါတယ်။ စောစောက ပြောတဲ့ နယူးစ်ပရင့် စာရွက်ပေါ်မှာ ဘယ်လို မှင်အမျိုးအစားနဲ့ ရိုက်သလဲ ဆိုတာတော့ မသိပါဘူး။ သတင်းစာကိုင်မိတာနဲ့ သတင်းစာ ဖတ်ထားကြောင်း ဆားပုလင်းနှင်းမောင် ကိုခေါ်စရာမလိုပဲ သိသာစေတာကတော့ လက်မှာ မှင်အမည်းတွေ စွန်းပေးနေတော့တာပါပဲ။ ကာဗွန်အမှုန့်လေးတွေလား မီးသွေးခဲအမှုန်တွေလား ဆိုတာတော့ ဓါတ်ခွဲ စမ်းသပ်ကြည့်ရင် ပိုသေချာမယ်ထင်ပါတယ်။(ကာဗွန်အမှုန်နဲ့ မီးသွေးအမှုန် မတူလို့လားဆိုရင်၊ ခေါတော နဲ့ ဘင်္ဂါလီ ဘာကွာသလဲ လို့ မေးတော့ ရိုဟင်ဂျာ အကြောင်းရောက်သွားနိုင်တဲ့ ကျော်ဆန်း သူ့အဖေရိုက်… အဲလေ ဂျာအေး သူ့အမေရိုက် ကိစ္စလားတော့ မသိဘူး။) သတင်းစာဖတ်ရင်း လက်ကနေများ လက်ဖက်ကို သွားနှိုက်စားတာတို့ ရှေ့မှာရှိတဲ့ မုန့်တို့ စားစရာတို့ လက်နဲ့ နှိုက်စားမိတာတို့ လုပ်မိရင်တော့ ကာဗွန်အမှုန်လေးများ ပါသုံးဆောင်မိမှာ အသေအချာပါပဲ။ ယုတ်စွအဆုံး သွားကြားညပ်လို့ ပါးစပ်ယားလို့ စတဲ့ အကြောင်းကြောင်းတွေကြောင့်လည်း ပါးစပ်ထဲကို အဲဒီ အမည်းမှုန်တွေ ဝင်သွားစေနိုင်ပါတယ်။ ကျန်းမာရေး အတွက်များ စိုးရိမ်တတ်တယ်ဆိုရင်တော့ ထပ်ပြောပါရစေ…. သတင်းစာကို ကိုင်ပြီးရင် လက်ဆေးကြပါ။ ဖတ်ပြီးရင်တော့ ဘာဆေးရမလဲ ပြန်မမေးပါနဲ့… ကိုင်မိရင် လက်ဆေးပါလို့ ပြောချင်ယုံလေး ပြောချင်တာပါ။

ဘာဖြစ်လို့ လက်မှာ ပေတာလဲ။ နိုင်ငံခြားက အဖြူအမည်း သတင်းစာတွေကို ကိုင်ရင်ကော လက်မှာ ပေသလား လို့ မေးရင် မပေပါကြောင်း။ လုံးဝ မပေပါကြောင်း။ တိုးတက်တဲ့၊ ဥပဒေ တွေ တကယ်အသက်ဝင်နေတဲ့ တိုင်းနိုင်ငံများမှာ အဲသလို လက်ပေတဲ့ သတင်းစာ ကို ရက်ရှည်နှစ်များ ထုတ်ဝေနေရင် ရှေ့နေတွေ အကြိုက် ပြိုင်ဘက်တွေ အကြိုက်ဖြစ်သွားမှာပေါ့။ အမဲဖျက်လိုက်ကြမယ့်အမျိုး။ အဲဒီသတင်းစာကို လစဉ်မှာဖတ်တဲ့ ဘယ်သူတွေက ဘယ်မှာ ကင်ဆာဖြစ်လို့ လျော်ကြေး ဝိုင်းတောင်းလိုက်ကြမှာပဲ။

မြန်မာပြည်မှာတော့ အေးဆေးပါပဲ။ အဲဒါကြောင့်ပြောတာပေါ့။ ရွှေနိုင်ငံကြီးမှာ အေးအေးချမ်းချမ်းရှိပါတယ်ဆိုနေ။

ဒီလို ဖြစ်ရတာ လက်ကို မှင်စွန်းစေတာကတော့ ပုံနှိပ်ရာမှာ သုံးတဲ့ မှင် ကြောင့်ဖြစ်မယ်လို့ အကြမ်းဖျဉ်းကောက်ချက်ချမိပါတယ်။
အရည်အသွေးမကောင်းတဲ့ မှင်တွေကို သုံးနေလို့ပါပဲ။
ဘာဖြစ်လို့ အရည်အသွေးမကောင်းတာကို သုံးနေတာတုန်း။ မစစ်ဆေးဘူးလားမေးရင် သေချာစစ်ပါတယ်။ သေသေချာချာကို တင်ဒါ ခေါ်တဲ့အချိန်မှာ ပစ္စည်းသွင်းတဲ့ အချိန်မှာ စစ်ပါတယ်။
သေသေချာချာကြီးကို ပိုက်ဆံယူပြီး စစ်ဆေးပြီးမှ အတည်ပြုပေးထာတာပါ။
အင်းပေါ့လေ… မြန်မာပြည်မှာ တင်ဒါကို ကြပ်ကြပ်မတ်မတ် ခေါ်လို့ ပစ္စည်းဈေးနှုန်းဆိုတာ ထုတ်လုပ်တဲ့ တိုင်းပြည်မှာတောင် မရောင်းတဲ့ဈေးနဲ့ ရောင်းပေး သွင်းပေးနေကြတာ။
အရည်အသွေးကတော့ စစ်ဆေးပြီးလက်ခံတာပဲ။
ကဲပါလေ။ ဒါတွေပြောနေရင် အရှည်ကြီးမို့ နောက်မှ ဆက်ပါဦးမယ်။

သတင်းစာကိုင်ပြီးရင်သာ လက်ဆေးကြဖို့မမေ့နဲ့နော်။ ဆပ်ပြာနဲ့ဆေးကြနော..။

28 comments

  • “ဘီလူးကြီး”ogre

    November 21, 2011 at 7:56 pm

    ကိုလင်းဝေကျော်ရေ ကျွန်တော်ကတော့
    လက်ဆေးစရာမလိုဘူးဗျို့
    သတင်စာမဖတ်လို့…ပြီရောပဲ.. 😛

  • ပေါက်ဖော်

    November 21, 2011 at 8:12 pm

    အနော်လဲ တတင်းစာ မဖတ်ဘူး..
    အဲတော့
    လက်ဆေးစရာ မလိုတော့ဘူးပေါ့နော်
    😀

  • ကြောင်လတ်

    November 21, 2011 at 9:19 pm

    သတင်းစာဆိုတာဘာကိုပြောတာလဲဟင် …..
    ကျွန်တော်လုံးဝကိုမသိလို့ပါ

    • Sky ko ko

      November 22, 2011 at 3:02 pm

      ကိုကြောင်လတ် ကတော့လုပ်ရောမယ်ဗျာ…
      မြန်မာမဟုတ်သလိုပဲ…. သိသင့်တယ်နော်…..

  • Shanma TUmdy

    November 21, 2011 at 9:32 pm

    အော်.. စိတ်ချမ်းသာ ဖို့ အတွက် (နောက်ဆက်တွဲ) လက်လေးဆေးရမှာလောက်တော့.. ရပါတယ်လေ..ရပါတယ်..ရပါတယ်..

  • အီးတီ

    November 21, 2011 at 9:51 pm

    ကျွန်တော်လည်း သတင်းစာမဖတ်ပါ။ သတင်းများကြည့်ချင်လျှင် အင်တာနက်ဆိုင်သွားပါသည်။ ကွန်နက်ရှင်မကောင်း၍ အခက်တွေ ့နေပါသည်။ ခုလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါသည်။

  • gyinkalay

    November 21, 2011 at 10:14 pm

    အင်း…ဒါပေမယ့် သတင်းစာ အသုံးဝင်တဲ ့နေရာတွေ ရှိပါသေးတယ်….မှန်တွေ ဘာတွေတိုက်ရင်လဲ ပြောင်တယ်လေ….ကားသမားတော်တော်များများတော့ မိုးရွာလို ့ကားရှေ ့မှန် ရေငွေ ့ရိုက်ရင် အလွယ်တကူရတဲ ့သတင်းစာနဲ ့သုတ်ကြတာပဲ…သတင်းစာထက်ဗံဒါရွက် ကပိုကောင်းတယ်တဲ့….ပြီးတော့ သတင်းစာမှာ ပါတဲ့ ဆေးက ပိုးကောင်တွေကြောက်တယ်ဆိုပဲ တချို ့ဆို အဝတ် ဗီဒိုမှာ အောက်ခံ ပြီးမှ အဝတ်တွေ ထည့်ကြတယ်လေ…

  • naywoonni

    November 21, 2011 at 10:41 pm

    သတင်းစာမဖတ် တော့လည်း ဆပ်ပြာဘိုးအကုန်သက်သာတာပေါ့ ကိုလင်းရယ်….။ နို့မို့ဆို ရေအိမ်သွားပြီးရင်လည်း ဆပ်ပြာနဲ့လက်ဆေးရ….. သတင်းစာကိုင်ပြီးရင်လည်း ဆပ်ပြာနဲ့ လက်ဆေးရဆိုရင် မွဲရချည့်ရဲ့…..။ အသစ်ဝယ်တော့ တစ်လနှစ်ထောင် တစ်ရက်နှစ်ရက်လောက်က ပျောက်တတ်သေး….။ ပြန်ရောင်းတော့ တစ်ပိဿာ လေးရာတောင်အနိုင်နိုင်….။ ကျွန်တော်တို့ဆီက ဆေးလိပ် ဖင်စီခံလုံးတဲ့သူတွေ ငါးခြောက်ရောင်းတဲ့သူတွေ ပဲ သုံးတယ်…။

    • small cat

      November 22, 2011 at 6:36 am

      အို….. ကိုနေလုံးနီရေ
      အဲ ဒီဆေးလိပ်ခုံကို သတိပေးလိုက်ပါအုံး
      လက်နဲ့ ကိုင်ရင်တောင်အန္တရာင်ရှိနေတာ
      ပါးစပ်နဲ့ တေ့ပြီးစုတ်ရတဲ့ ဆေးလိပ်ဖင်စီခံမှာ မသုံးသင့်ပါဘူးဗျာ။

  • mozillamedia

    November 21, 2011 at 10:52 pm

    ကျွန်တော်လည်း သီတင်းစာ မဖတ်ကြောင်းပါ…..

  • chityimhtoo

    November 21, 2011 at 11:35 pm

    အောင်မငှီး လက်ဆေးပြီး ရေစိုနဲ့သွားမကိုင်နဲ့ သတင်းစာက မက်ဂါဝက်တွေထွက်နေတာ
    မာလကီးရားသွားမယ်…..

  • kai

    November 22, 2011 at 1:14 am

    မြန်မာပြည်မှာ.. အရင်က ဂူတင်းဘတ်စက်ကြီးနဲ့ ဂျုံးဂျိုင်းရိုက်တော့ခဲစာလုံးစီဘလော့ဂ်တွေလုပ်.. ခဲပါတဲ့မှင်နဲ့ရိုက်တာမို့.. ခဲဆိပ်သင့်မှာသေချာပါတယ်..။ အရင်ကပေါ့နော..။ အခုတော့.. ဘာတွေနဲ့လုပ်နေတယ်မသိ..။ စက်ကတော့.. ခေတ်မှီပုှံနှိပ်စက်တွေဖြစ်ကုန်တာသေချာပါတယ်.. မှင်ကို..ဘယ်ကဝယ်လို့.. ဘာတွေရောတယ်ဆိုတာ.. စစ်ကြည့်သင့်ပါတယ်..။

    အောက်က စာကဗဟုသုတအတွက်ပါနော..။

    Toxins in newspaper mulch?
    Thursday, October 02, 2008, 1:56 PM Updated: Thursday, October 02, 2008, 2:04 PM

    Q: You recommended using newspaper as mulch in a recent column. I thought that in the past, gardening experts recommended that newspaper not be used because of the heavy metals in the ink. Have the newspaper publishers changed the ink? Is it safe to use all sections of the newspaper (colored, glossy, etc.)?

    A: Newspapers today (including the Patriot-News) widely use soy-based instead of petroleum-based ink, which addressed concerns about lead, cadmium and chromium. I personally have no worry about using newsprint in my garden beds. If I suspected heavy metals were a threat, I’d be more worried about holding the paper in my hands than stuffing it underneath bark mulch around my shrubs.

    If any group had a problem with toxins or health threats, I’d expect that Rodale’s Organic Gardening folks near Reading would be in the forefront. According to the OG web site (www.organicgardening.com), OG recommends black-and-white newsprint as mulch in any bed, including vegetables. Based on research at West Virginia University (which found less widespread use of soy ink in the production of magazines and slick glossies), OG recommends against using colored slicks in the vegetable garden but OKs it elsewhere.

    The U.S. Department of Agriculture also says both black-and-white and colored newsprint (the regular paper that’s best for mulching) poses no threat. One online posting by USDA’s Rufus Chaney says the metal-containing inks were replaced mainly for production-worker safety, but soy inks also have turned out to give better quality printing.

    That doesn’t mean there still aren’t people recommending against newsprint for various reasons (i.e. “What about the waxes, pigments and other additives that might be in soy ink?” “Aren’t a majority of soybeans genetically modified, so doesn’t that taint soy ink as a natural product?” And “How do we know for sure that someone didn’t slip something toxic into a batch of ink or that the newspaper temporarily switched to questionable ink because it found a bargain somewhere?”)

    I guess you could argue that newsprint ink might not be “safe” for those kinds of reasons, but then you could argue that just about anything in gardening poses a threat (what’s in the water you’re using, your fertilizer, fungicide-treated seeds, genetically modified corn varieties, pathogens in the compost, even the air you’re breathing while putting down your newspaper mulch).

    If it helps any, I’m very much a “natural” gardener who seldom uses any kind of chemicals or sprays, including oils and soaps. I try to let nature take care of business as much as possible. I’ve tested for radon, have a UV filter on my household water system and wear my seat belts all the time, but I have no fear of newsprint as mulch.
    =
    http://www2.gi.alaska.edu/ScienceForum/ASF8/823.html

  • bahtoo

    November 22, 2011 at 2:05 am

    သတင်းစာ စိတ်မပါ
    ဖတ်၍ မကြည့်ပါ
    မတော်တာတွေ အလေးထား
    အချိန်ကုန် လူပမ်း ဖြစ်မည်တကား ————
    ————–
    လင်းဝေကျော်
    အတွေးတော်
    ကျေးဇူးတော်———-

  • etone

    November 22, 2011 at 12:54 pm

    သတင်းစာကို အကြော်တွေ ၊ ခေါက်မုန့်တွေ ထည့်ထုတ်တုန်းနော် … ။ ရောင်းတဲ့ လူက ထည့်ပေးတော့လည်း ဝယ်တဲ့လူက ယူလာမှာပေါ့လေ … ။ နောက်ပိုင်း သတိထားဆင်ခြင်ရမယ် …. ။

    ဒါနဲ့ …. ကျွန်မလည်း ကိုဘီလူးပြောသလိုပါပဲ သတင်းစာ လုံးဝ … လုံးဝ မဖတ်ပါ 😀

  • blackchaw

    November 22, 2011 at 1:10 pm

    သတိပေးသင့်ပါတယ် ကိုလင်းဝေကျော်ရေ။
    ဆင်ခြင်ရတာပေါ့ဗျာ။ မဖတ်တဲ့ သူတွေ အတွက်တော့ ထားလိုက်ပါ။
    ဂျာနယ်မှာ ရိုက်တဲ့ မှင်ကရော ဘယ်လိုနေလဲဗျ။ နည်းနည်း ပြောပြပေးပါဦး။

  • Sky ko ko

    November 22, 2011 at 2:15 pm

    ဪသနားပါတယ်ဗျာ…သတင်းစာဆိုတာဘာမှန်းကို မသိဘူးလုပ်နေကြတယ်…. ကျုပ်တို့ကတော့ ဖတ်တယ်ဗျို့…အမြဲတမ်း မဖတ်ဖြစ်တောင် တွေ့တိုင်းဖတ်ဖြစ်တယ်….
    ကျုပ်တို့ဆီမှာတော့ အဲသလောက်မဆိုးပါဘူး….
    နောက်ဆိုရင်တော့ မပြောတတ်ဘူး. .. ဗျို့…

    • etone

      November 22, 2011 at 2:32 pm

      ဟိတ်လူ … သတင်းစာဆိုတာ ဘာမှန်း မသိလို ့မဖတ်တာမဟုတ်ဘူး ဗျို့ … ။
      ဘာမှန်း သေသေချာချာ သိလို့ မဖတ်တာ … ရှင်းပလား 😆

      • Sky ko ko

        November 22, 2011 at 3:14 pm

        ဒါကတော့ မမ etone တစ်ယူသန် သဘောနဲ့ ပြောနေတာကိုး အဲဒီအထဲမှာလည်း မမ etone အတွက် သေသေချာချာမသိတာတွေ အများကြီးပါတယ်လေ…. နားလည်လား…

        • etone

          November 22, 2011 at 3:58 pm

          မဝေးချင်ပါနဲ့ကွယ် …. ။ ပေါ့ပေါ့ပါးပါးတွေးကြည့် …. ။
          ဘလက်အင်ဝှိုက်နဲ့ ပုံတွေ ထည့်ထားလို့သာပဲ … ကာလာနဲ့ဆိုလျှင် သတင်းစာ တခုလုံး ရေညှိရောင်ချည်းပေါက်နေမှာ … ဟွန်း ။

  • MaMa

    November 23, 2011 at 10:04 am

    စေတနာနဲ့ သတိပေးတဲ့ လင်းဝေကျော်ကို ကျေးဇူးတင်ပါတယ်။ သတင်းစာဆိုရင် ကိုင်တောင်မကြည့်ဖြစ်တာ ကြာပေ့ါ။ နာရေးတောင် မသိလို့ ဝတ္တရားတွေတောင် ပျက်ရတယ်။ 🙁
    ဒါထက် ဂျာနယ်တွေကိုင်ရင်ရော ဖြစ်တတ်သလား သိချင်ပါတယ်။

    • ပေါက်ဖော်

      November 23, 2011 at 10:25 am

      ကာတွန်းစာအုပ်လောက် ဘယ်ဟာမှ မဆိုးပါဘူး…..ခင်ဗျ

      ကိုင်မိလို ့..တစ်ကယ်ဆိုးဆိုးဝါးဝါး..ဒုက္ခဖြစ်ကြေးဆို….
      ပုံနှိပ်စက်ကလူတို ့..စာအုပ်ချုပ်လုပ်ငန်းကလူတို ့..သေတာဖြင့်ကြာပေါ့ဗျာ..
      ပေနေပါတယ်ဆိုတဲ့ စာရွက်က မင်တွေက သူတို ့တွေ..အခေါက်ခေါက် အခါခါ ကိုင်ပြီးမှ..
      ကျနော်တို ့.ကိုင်ရတာလေ….

      🙄

  • windtalker

    November 23, 2011 at 1:36 pm

    အစိုးရထုတ် သတင်းစာတွေ မှာ
    ကိုလင်းဝေကျော် ရေးသလို ဖြစ်ရတာကတော့
    မင်ဝယ်တဲ့ကောင် စားနေလို ့ဖြစ်မှာဘဲ
    အခုလောက်ဆို အဲ့ကောင်လဲ
    ဝဖီးနေလောက်ရောပေါ့

  • ကိုရင်စည်သူ

    November 23, 2011 at 1:42 pm

    ဟုတ်တယ်.. မင်မကောင်းဘူး.. ကိုင်ပြီးရင်
    လက်ကို မဲသွားတာပဲ.. အဲ့လက်နဲ့
    ရေမဆေးပဲ ထမင်းစား၊ မုန့်စားမိလို့ကတော့
    ခဲဆိပ်သင့်ပြီး မြန်မြန်ကြွမှာပဲ…
    ပြောမယ့်သာ ပြောတယ်..
    တို့ဂေဇက်သတင်းစားလောက် သိပ်စိတ်ချရတာမဟုတ်ဘူး…။
    “ခေတ်မှီလိုသူတိုင်း ဂေဇက်သတင်းစာကို ဖတ်ကြပါ”
    နှစ်ကူးပါတီပွဲလေး လုပ်ပေးမယ်သတင်းသဲ့သဲ့ကြားထားလို့
    သဂျီးအစား ကြော်ငြာဝင်ပေးထားတာ.. အဟီးး 😀 😀 😀

  • kai

    November 23, 2011 at 4:37 pm

    မြန်မာပြည်က… ဂျာနယ်တွေ..သတင်းစာတွေ..အိမ်မှာထားရင်.. ရေနံဆီနံ့လိုလိုနံတယ်..။
    ဆိုတော့..အပေါ်ကဆောင်းပါးနဲ့ ဆက်စပ်တွေးရင်..petroleum-based ink ဟာတွေ ခိုးသုံးနေသလားပဲ..။

    ယူအက်စ်သတင်းစာတွေလည်း လက်နဲ့ပွတ်ရင် မဲတတ်ပါတယ်..။
    ဒါပေမဲ့.. သူတို့က..soy-based ink သုံးတယ်တဲ့..။
    စားစရာဖြစ်တာမို့.. ထင်သလောက် ကျမ်းမာရေးအတွက်… မဆိုးဘူးပေါ့လေ…။

    စကားမစပ်..
    နှစ်ကူးပါတီအတွက်.. ပစ္စည်းပိစိပေါက်စတွေ..စဝယ်နေတယ်..။
    USB Flash Drive တွေ.. တီရှပ်တွေ..ဝယ်မလို့…။
    ဒီရက်ပိုင်းက.. ယူအက်စ်မှာBlack Friday ရှိတာမို့.. ဈေးသက်သာတယ်လေ..။ 😆

    • ကိုရင်စည်သူ

      November 23, 2011 at 4:51 pm

      အမငီး.. ရွာသူားတို့ရေ.. အကြံကြီးတဲ့ သဂျီးက.. နှစ်ကူးပါတီအတွက်..
      အမေလိကားက ဈေးလျော့ချရောင်းတဲ့ သောကြာဈေးမှာ ရှာကြံနေပြီဗျ…
      ဒီမှာ ပါတီပွဲကျရင် အဲ့ပိစိပေါက်စတွေရဖို့…
      ဝိုင်းနှိုက်ရဦးမယ်.. အနှိုက်မတော်လို့ ရွာသားတစ်စု ပါးရိုက်ခံရမှာတော့
      မြင်ယောင်သေး.. အဟိ… 😛 😛 ဟိုမှာ ပြောနေတယ်.. အကြီးဆုံးပိစိက
      USB F D နဲ့ တီရှပ်တဲ့.. အသေးဆုံးဆိုရင်တော့ စဉ်းသာစဉ်းစားတော့.. ဟီး.. 😀 😀

      စကပ်မစား (စကားမစပ်)
      ရွာထဲမှာ အလေလိုက်တာများပြီး အထိုင်များလာလို့ ဒူလာဖြစ်တော့မယ့် ကိုရင်တို့လို့ ရွာသားတွေအတွက်..
      ဂျော်နီလမ်းလျှောက်ပေးဖို့ အစီအစဉ်ရှိမရှိ.. ရှိပါက ဖြေကြားပေးပါရန်တင်ပြပါတယ်။
      (လွှတ်တော်ကိုယ်စားလှယ်မှ မေးဟန်ဖြင့်) 😆 😆

      • windtalker

        November 23, 2011 at 6:55 pm

        အဲဒါလေးနဲ ့ဘဲ ကျေနပ်လိုက်ဘာ ကိုရင်ရယ်
        သူ ့ခဗျာ လဲ / ယူအက်စ် ကို သက်မွန်မြင့်လေးရောက်နေရှာတာနဲ ့….
        သိတယ်မို ့လား

  • weiwei

    November 23, 2011 at 8:11 pm

    ကျွန်မကတော့ သတင်းစာဖတ်ဖြစ်တယ် … နေ့လည် ၁၂ နာရီဆို ကျွန်မအလုပ်စားပွဲပေါ်ကို တစ်စောင်လာပို့ပေးတယ် .. ပိုက်ဆံလဲ မပေးရဘူးဆိုတော့ ဟိုလှန် ဒီလှန် ဖတ်ဖြစ်တယ် … ဖတ်ပြီးတိုင်း လက်ဆေးရမယ်ဆိုရင်တော့ ပျင်းတယ် …

  • သော်ကြီး

    November 23, 2011 at 10:39 pm

    ကျွန်တော်တို့ရွာမှာတော့ လက်မဆေးကြဘူး။ မီးရှို့လိုက်ကြတယ်။ တစ်မျိုးတော့မထင်လိုက်နဲ့နော်။- ကျွန်တော်တို့ ရွာစွန်ရွာဖျားက လူတွေက ပွတ်ချွန်း ( ဆေးလိပ် ) လိပ်သောက်ကြလို့ပါ။ သတင်းစာကို လေ။

Leave a Reply