ညောင်လေးပင်မြို့နယ်က လိုင်းကြေးပေးပြီး တောအရက်ချက်တဲ့ရွာများ …

myohtatNovember 21, 20111min1286

ပဲခူးခရိုင်ဒေသကြီး ညောင်လေးပင်မြို့နယ် စံဖဲကျေးရွာ၊ဝါးရင်ကုန်းကျေးရွာ၊နှင့် ဝင်္ဂဘော်ကျေးရွာ တို့မှာ .. မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊နှင့် တာဝန်ရှိ ရဲတပ်ဖွဲ့များအား

လိုင်းကြေးပေးပြီး တောအရက်များ ချက်လုပ်နေကြပါတယ်။ တာဝန်ရှိသူတို့အားတိုင်ကြား

သော်လည်း ချက်ခြင်းသတင်းပေးပြီး ဖယ်ရှားပစ်လို့ … ဘယ်ကိုတိုင်ရမှန်းမသိဖြစ်နေပါတယ် … ဒါ့ကြောင့် .. လိုင်စင်ရ အရက်ချက်လုပ်ငန်းသဖွယ်

အရက်ချက်သူများနှင့် လိုင်းကြေးယူပြီး လျှစ်လျှုရှု့ထားကြသော တာဝန်ရှိသူများကိုပါ

အရေးယူပေးပါရန် … သက်ဆိုင်ရာသို့ လေးစားစွာတင်ပြအပ်ပါတယ်။

 

 

 

6 comments

  • naywoonni

    November 21, 2011 at 7:44 pm

    တော အရက်က သန့်သန့်လေးချက်ရင် လိုင်စင်ရ စက်ရုံထုတ်အရက်ထက် ပိုပြီး ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး….။ ဒါကြောင့် သန့်ရှင်းစွာ ချက်လုပ်တဲ့ တောအရက်ကို အားပေးကြပါလို့ ပြောချင်ပါတယ်….။ လိုင်စင်ဆောင်ရတဲ့သူတွေ နစ်နာတာက တော့ အဘတို့နဲ့ မဆိုင်ဘူးလေ….။ သောက်သုံးသူအစစ်အမှန်ဘက်က လိုက်ပြောတာ………….။

    • ပေါက်ဖော်

      November 21, 2011 at 8:00 pm

      ဘိုနေ.စိတ်ထိန်းပါ
      ကျနော်လဲ ဘီအီးကြိုက်ဒယ်..ဒါပေမဲ့..
      ဆွဲသောက်ရင်..ဖောယောင်ကိုင်းလာတယ်ဗျ….
      နိုင်ဂံဂျား အရက်ကျတော့လဲ ဈေးကြီးလို ့.မသောက်နိုင်
      ဘီအီးကျတော့လဲ ဖောလို ့..မသောက်နိုင်..
      ဘီယာကျတော့လဲ ဈေးကြီး…..
      ပြည်တွင်းဖြစ် ဝီတကီကျတော့လဲ.အရမ်းများသွားရင် လွတ်တယ်ဗျာ..
      ဝှ ူး…………

  • inz@ghi

    November 21, 2011 at 8:12 pm

    အရက်သမားတွေ စုတဲ့ပိုစ့်မို့ထင်တယ်
    ဖတ်ရတာ မူးထှာ…
    ဂေ့…

  • naywoonni

    November 21, 2011 at 10:26 pm

    အေးပေါ့…… ကိုပေါက်ဖော်ရ….။ လိုင်စင်နဲ့ချက်တဲ့ ဘီအီးက ဖောလို့ ထန်းညက်နဲ့ ထနောင်းခေါက် စိမ်ရည်တည် ချက်တဲ့ တောက ထွေးညိုလေးကို လွမ်းတာပေါ့….။ လိုင်စင်မပါပေမဲ့ စေတနာပါပါလေးချက်ရင် သောက်သုံးသူကို အန္တရာယ် မဖြစ်တဲ့ အပြင် ကျန်းမာရေး နဲ့တောင်ညီညွတ်သေး…။ အသက် 89 နှစ်အထိ တောအရက် တစ်နေ့ တစ်လုံးသောက်သွားတဲ့ လူ ငါတွေ့ဘူးတယ်….။ သူသောက်နေကျ တောအရက် ကလွဲရင် ဘယ်လောက်ကောင်းတဲ့ အရက် တိုက်တိုက်သောက်မသွားရှာဘူး……။

    • windtalker

      November 22, 2011 at 9:44 pm

      ပြီးခဲ့တဲ့ နှစ်နှစ် ဟက်ပီးနယူးရီးယား
      ပုဂံကို မီးရထား စီးသွားတုန်းက
      လမ်းမှာ ရထားလမ်းချော် သွားတာနဲ ့
      နွားထိုးကြီးနား မှာ ရွာတစ်ရွာမှာ သောင်တင်နေတုန်း
      မောနင်းပက် ဆွဲတဲ့ ခရီးသွားဖော် တစ်ဦးကောင်းမှု နဲ ့
      ဖိုပေါ်က ချကာစ
      ထနောင်းနဲ ့ချက်ထားတဲ့
      ထွေးညို ပူပူနွေးနွေး ချိုတိုတိုလေး ကို
      ချက်ချင်း သတိရမိသွားတယ်ဗျာ
      ဘာမှထပ်ရောစရာ မလိုတဲ့ ချိုတိုတို ပူနွေးနွေး ထွေးညိုလေး ပါဗျာ
      တစ်ခွက်ထဲ နဲ ့တင် ကို
      ပုဂံရောက်မှ ထနိုင်တော့တယ် ဗျို ့

  • kyawtheinmyint 23

    November 22, 2011 at 9:19 pm

    အေ့ တောအရက်စစ်စစ်လေးကို ကြက်သားကာလာသားချက်လေးနဲ့များ သောက်လိုက်ရရင်ဖြင့်ကွာ အေ့

Leave a Reply