ဒီတခါတော့ အနောက်နိုင်ငံများနဲ့ဥရောပနိုင်ငံများမှာရီဆိုင်ကယ် အဖြစ်အသုံးများတဲ့သိုးမွှေး အကြောင်းကိုကျနော်သိတာလေးဝေမျှချင်ပါတယ်

ကျနော် ခရီးသွားလို့အနောက်နိုင်ငံတွေနဲ့ဥရောပရောက်တိုင်း သူတို့ဆီကအသုံးပြုတဲ့ ခြုံစောင်တွေဟာ အမ်မတန်မှပေါ့ပါးပြီး အနွေးဓတ်လဲတော်တော်လေး ကာကွယ်ပေးပါတယ် ဒါနဲ့နယူဇီလန်ကိုရောက်တုံး သိုမွှေးစောင်စက်ရုံကိုရောက်ခဲ့ပါတယ် အဲဒီမှာ သိုးမွှေးစောင်ချုဎ်လုဎ်ပုံနဲ့ သိုးမွှေးအသုံးပြုပုံနဲ့ အခြားအသုံးပြုပုံများကိုပါ လေ့လာသိရှိခဲ့ရပါတယ် သူတို့နိုင်ငံတွေမှာသိုးတွေပေါသလို သိုးတကောင်ကို နှစ်လနဲ့သုံးလတခါ အမွှေးများရိတ်ပေးရပါတယ် ရပြီလာတဲ့သိုးမွှေးများကိုစင်ကြယ်သန့်စင်ပြီး အသန့်စင်ဆုံးနဲ့ အကောင်းဆုံးအမျိုးအစားတွေကိုတော့ စောင်အဖြစ်အသုံးပြုပြီး ကျန်တဲ့အပိုင်းအစတွေကိုတော့  ဆောက်လုဎ်ရေးမှာ အသုံးပြုကြောင်း  သိရှိရပါတယ် ဆောက်လုဎ်ရေးမှာအသုံးပြုပုံကတော့ အိမ်တွေရဲ့အမိုးအကာများမှာထည့်သွင်းအသုံးပြုချင်းပါဘဲ အဓိက ရည်ရွယ်ချက် ကတော့ အအေးဒဏ်ခံနိုင်အောင်ဘဲဖြစ်ပါတယ် နောက်တခုသိုးမွှေးရဲ့ထူးခြားချက်ကတော့ သိုးမွှေးဟာအလွယ်တကူ မီမလောင်ခြင်းပါ
စောင်စက်ရုံကိုရောက်တော့ စောင်စက်ရုံကအလုဎ်သမားများဟာ အာရှနွယ်ဖွားများဖြစ်ကြောင်းလဲတွေ့  ခဲ့ရပါတယ်   စောင်ရဲ့ဈေးနှုန်း ကတော့နှစ်ယောက်အိပ် စောင်တထည် ကို အမေရိကန်ဒေါ်လာ ၈၀ပါ ဈေးပေါတယ်လို့ပြောလို့ရပါတယ် နိုင်ငံခြားကိုပို့ပြီး ကုန်တိုက်တွေပေါ်ရောက်သွားပြီဆိုရင်တော့ အနဲဆုံးဒေါ်လာ ၁၂၀ကနေ၁၅၀ထိအောင်ရောင်းကြပါတယ် မိတ်အင်ချိုင်းနား ထက်လဲ စိတ်ချရတာမို့ ကျနော်လဲအပြန်မှာ ၂ထည်ဝယ်ခဲ့ပါတယ် ကျန်တဲ့ကြမ်းခင်းအဖြစ်အသုံးပြုတဲ့ အခင်းများလဲရောင်းပေမဲ့ အပေအရေလွယ်တာမို့ စိတ်မဝင်စားခဲ့ပါဘူး ရွာသူရွာသားများအား အစဉ်လေးစားလျှက်

About koaung

ko cho has written 51 post in this Website..

မြန်မာပြည်ကိုချစ်တဲ့ မြန်မာပြည်ဖွားတဦး ဖြစ်ပြီးအောင်မြင်နေတဲ့ company တခုမှာ ပျော်ရွှင်စွာ တာဝန်များ ထမ်းဆောင်လျှက်ရှိပါတယ် ကျမ်းမာကြပါစေ(လူ+စိတ်)

   Send article as PDF