ခံရသမျှထဲမှာ ပေါ်တင်ကြီးက အခံရအခက်ဆုံးပဲ
ရုံးမြှ ရင်ငြိမ်းအလုပ်က အစိုးရနဲ့ မပတ်သက်ရပါဘူး
ဒါပေမဲ့ HR ကတယောက်ပဲရှိတော့ သူ့အလုပ်ကို ပါလုပ်ကူရတာမျိုးရှိတယ်
တနေ့မှာတော့ ရုံးကဖုန်းသွားဆောင်ရမယ်
အခွန်ရုံးမှာ ပိုက်ဆံသွားသွင်းရမယ်
လုပ်ရမှာက 2နေရာ
ဖုန်းဘေက 2သောင်း
အခွန်ရုံးက 2သိန်း
နောက်လည်းနောက်ကျနေပြီ အခွန်ရုံးအတွက် စာရွက်ကလည်းစီရအုန်းမယ်

ဒါကြောင့်HR က အဒေါ်ကြီးကလည်း ပြာသလဲလဲနဲ့ ကားပေါ်က မဆင်းတော့ဘူး
ဖုန်းဘေလေး သွားပေးပေးပါတဲ့ဆိုပြီး ဖုန်းစာအုပ်ထဲ ပိုက်ဆံထည့်ပေးလိုက်တယ်
ဘုမသိ ဘမသိ ဖုန်းစာအုပ်ယူပြီး သွားဆောင်တော့ ကောင်တာ6မှာ
မျက်နှာကြောတင်းတင်းနဲ့ ထိုင်နေတဲ့အမကြီး
စာအုပ်ကို မဖတ်ပဲ ပေးလိုက်မိတယ်
ဒါပေမဲ့ သူ့ဘေးက အမကြီးကတော့ 2သောင်းပဲမလား 2သိန်းတောင်နောလို့ပြောလိုက်သံတော့ ကြားလိုက်ပေမဲ့ မမေးမိလိုက်ဘူး
စိတ်ထဲတမျိုးဖြစ်တာနဲ့ ကားထဲပြန်ရောက်တော့ အဒေါ်ကိုမေးကြည့်တယ်
ဘယ်လောက်ဆောင်ရလဲဆိုတော့ 2သောင်းတဲ့
မဟုတ်သေးဘူးလို့
2သိန်းလိုလိုပဲနော်ဆိုပြီး ကျန်တဲ့ပိုက်ဆံပြန်ကြည့်တော့ 2သောင်းပဲကျန်တော့တယ်
ဒါနဲ့ ဖုန်းရုံးကို ပြန်ပြေးတယ် ခဏလေးမှ ခဏလေး
ရင်ငြိမ်းရောက်တော့ ကောင်တာက အမက သိနေတယ်
ကောင်တာ ကိုချက်ချင်းပိတ်လိုက်ပြီး ဒီအတိုင်း ပြန်မရဘူးလို့ပြောတယ်
ပြီးတော့ 2သောင်းကို ပေါ်တင်ကြီးတောင်းတယ်
ရင်ငြိမ်းလည်း မသက်သာတဲ့အဆုံး 15000 နဲ့စစ်ပြီး 2သိန်းနဲ့ပြန်လဲလာရတယ်
ကိုယ့်ဘက်ကအမှားဆိုပေမဲ့ပေးကတည်းက ပိုနေတာ သူသိနေတာ ဘာလို့ပြန်မပေးလဲ
ပြန်သာသွားမယူရင်တော့ 2သိန်းလုံး သူယူမဲ့ပုံ
စိတ်ထဲနေလို့မရတာနဲ့ ဖုန်းရုံးက သိနေတဲ့ကောင်မလေးကိုပြောပြလိုက်တော့
တိုင်လို့၇တဲ့အကြောင်းနဲ့ သူတိုင်ပေးမယ်ဆိုပြီး တိုင်ကြားရန်မှာ ထည့်ခဲ့တာပဲ
အခုထိတော့အကြောင်းမပြန်လာသေးပါဘူး…

About Yin Nyine Nway

Yin Nyine Nway has written 356 post in this Website..

I m web developer

   Send article as PDF