ဖုန်းရုံးမှာ သတိထား

Yin Nyine NwayNovember 26, 20111min17218

ခံရသမျှထဲမှာ ပေါ်တင်ကြီးက အခံရအခက်ဆုံးပဲ
ရုံးမြှ ရင်ငြိမ်းအလုပ်က အစိုးရနဲ့ မပတ်သက်ရပါဘူး
ဒါပေမဲ့ HR ကတယောက်ပဲရှိတော့ သူ့အလုပ်ကို ပါလုပ်ကူရတာမျိုးရှိတယ်
တနေ့မှာတော့ ရုံးကဖုန်းသွားဆောင်ရမယ်
အခွန်ရုံးမှာ ပိုက်ဆံသွားသွင်းရမယ်
လုပ်ရမှာက 2နေရာ
ဖုန်းဘေက 2သောင်း
အခွန်ရုံးက 2သိန်း
နောက်လည်းနောက်ကျနေပြီ အခွန်ရုံးအတွက် စာရွက်ကလည်းစီရအုန်းမယ်

ဒါကြောင့်HR က အဒေါ်ကြီးကလည်း ပြာသလဲလဲနဲ့ ကားပေါ်က မဆင်းတော့ဘူး
ဖုန်းဘေလေး သွားပေးပေးပါတဲ့ဆိုပြီး ဖုန်းစာအုပ်ထဲ ပိုက်ဆံထည့်ပေးလိုက်တယ်
ဘုမသိ ဘမသိ ဖုန်းစာအုပ်ယူပြီး သွားဆောင်တော့ ကောင်တာ6မှာ
မျက်နှာကြောတင်းတင်းနဲ့ ထိုင်နေတဲ့အမကြီး
စာအုပ်ကို မဖတ်ပဲ ပေးလိုက်မိတယ်
ဒါပေမဲ့ သူ့ဘေးက အမကြီးကတော့ 2သောင်းပဲမလား 2သိန်းတောင်နောလို့ပြောလိုက်သံတော့ ကြားလိုက်ပေမဲ့ မမေးမိလိုက်ဘူး
စိတ်ထဲတမျိုးဖြစ်တာနဲ့ ကားထဲပြန်ရောက်တော့ အဒေါ်ကိုမေးကြည့်တယ်
ဘယ်လောက်ဆောင်ရလဲဆိုတော့ 2သောင်းတဲ့
မဟုတ်သေးဘူးလို့
2သိန်းလိုလိုပဲနော်ဆိုုပြီး ကျန်တဲ့ပိုက်ဆံပြန်ကြည့်တော့ 2သောင်းပဲကျန်တော့တယ်
ဒါနဲ့ ဖုန်းရုံးကို ပြန်ပြေးတယ် ခဏလေးမှ ခဏလေး
ရင်ငြိမ်းရောက်တော့ ကောင်တာက အမက သိနေတယ်
ကောင်တာ ကိုချက်ချင်းပိတ်လိုက်ပြီး ဒီအတိုင်း ပြန်မရဘူးလို့ပြောတယ်
ပြီးတော့ 2သောင်းကို ပေါ်တင်ကြီးတောင်းတယ်
ရင်ငြိမ်းလည်း မသက်သာတဲ့အဆုံး 15000 နဲ့စစ်ပြီး 2သိန်းနဲ့ပြန်လဲလာရတယ်
ကိုယ့်ဘက်ကအမှားဆိုပေမဲ့ပေးကတည်းက ပိုနေတာ သူသိနေတာ ဘာလို့ပြန်မပေးလဲ
ပြန်သာသွားမယူရင်တော့ 2သိန်းလုံး သူယူမဲ့ပုံ
စိတ်ထဲနေလို့မရတာနဲ့ ဖုန်းရုံးက သိနေတဲ့ကောင်မလေးကိုပြောပြလိုက်တော့
တိုင်လို့ရတဲ့အကြောင်းနဲ့ သူတိုင်ပေးမယ်ဆိုပြီး တိုင်ကြားရန်မှာ ထည့်ခဲ့တာပဲ
အခုထိတော့အကြောင်းမပြန်လာသေးပါဘူး…

18 comments

  • E.T

    November 26, 2011 at 6:05 pm

    အမရင်ငြိမ်းရေ ့ အစိုးရရုံးမှာ ပိုက်ဆံနဲ ့ပတ်သက်ရင် သတိထားပြီးပေးဗျ။ သူတို ့က လိုတောင်း၊ ပိုပြန်မပေးတွေများတယ် 😀 အမကို ပြန်ညှိပေးလိုက်တာ ကံကောင်းတယ်။ နောက်ဆို အစိုးရရုံးတွေနဲ ့ ပတ်သက်ရင် စာရွက်စာတမ်းတို ့၊ ပိုက်ဆံတို ့ကို တိတိကျကျသာလုပ်သွား။ မဟုတ်ရင် ရစ်လွန်းလို ့။ ကိုယ့်ဘက်ကစုံနေရင်တောင် နည်းနည်းလောက်တော့ ပညာပြခံရတယ်။

  • thit min

    November 26, 2011 at 6:24 pm

    အရှက်မရှိလိုက်ပုံများ၊ လစ်ရင်ဘုံးတယ်၊မိရင် ပိုက်ဆံတောင်းပြီး ပြန်ပေးတယ် အဲဒီလိုလား။
    ပိုက်ဆံပေးပြီး အားရပါးရပြောလိုက်ချင်တယ်၊ အရှက်မဲ့တဲ့ ဒင်းတို့ကို။
    ရွံတာဟာ။

  • ကိုရင်စည်သူ

    November 26, 2011 at 7:05 pm

    ဟင်… နွေလေး.. အတို့ကို ဘာလို့ မခေါ်သွားတာတုန်း..
    စီစစ်ပေးမယ့်လူမရှိတာနဲ့ … ဖြစ်တာပဲ..
    အစိုးရ ဝန်ထမ်းအချို့ တောက်တုံးမကျချက်ကတော့
    လစ်ရင်လည်း ဘုံးတယ် … မိရင်လည်း ပြန်မပေးဘူး…
    ခက်တယ်.. ခက်နေတယ်… နွေလေးရယ်..
    နောက်ဆို တိတိကျကျ ပြင်ဆင်သွားနော်…
    စိုးတယ်.. စိုးမိတယ်… စိုးရိမ်မိတယ်… 🙄 🙄

  • Yin Nyine Nway

    November 26, 2011 at 7:15 pm

    ကိုရင်စည်သူ ကိုခေါ်ဖို့နေနေသာသာ ရုံးကနေ မြန်မြန်ထွက်မိလို့ပေါ့
    ဒါတောင် LC ဖွင့်လို့ ဘဏ်ှာ ငွေသွားသွင်းရင် ပေးရပါလိမ့်မယ် 1000 … 1000
    ပေးပြီးရင်လည်း ပိုပေးတဲ့ သူကို ပိုလုပ်ပေးတယ်

    • ကိုရင်စည်သူ

      November 26, 2011 at 8:57 pm

      ဟင်.. ကိုရင့်ကို ကြိုဖုန်းဆက်ပေါ့.. နွေးကလေးရဲ့..
      ဒီက အသင့်.. အသင့်.. ဘဏ်ကနေ ရယ်ဒီလုပ်ပေးထားမှာပေါ့.. 😉 😉
      အတို့ ရုပ်ခံဆို သူတို့ ပိုမတောင်းရဲဘူး.. တိရား…
      နောက်ဆို.. နွေးလေးအတွက် လိုအပ်ရင်
      မီးပုံးပျံ ဦးကျော်ရင်လို စွန့်စားပေးမယ်… တိရား.. 😳 😳

      • မှော်ဆရာ

        November 26, 2011 at 9:55 pm

        ဇွတ်ကြီးပါလားနော … ကျွန်တော်တောင် အနေသာကြီး

  • windtalker

    November 26, 2011 at 7:17 pm

    စိုးရိမ်တယ်
    ညီမကြီးရေ
    စိုးရိမ်တယ်

  • cobra

    November 26, 2011 at 7:21 pm

    ုလုပ်ရဲတဲ့သတ္တိကိုချီးကျူးတယ်ဗျာ………
    ဘယ်လိုမျက်နှာမျိုးနဲ့လုပ်ရဲတာလဲ
    ပေါ်တင်ကြီးလုပ်စားနေတယ်

  • မှော်ဆရာ

    November 26, 2011 at 7:39 pm

    အဲဒါ အနုကြမ်း စီးတယ်ခေါ်တယ် ..

    • inz@ghi

      November 26, 2011 at 10:41 pm

      မကျေနပ်ရင်
      ပေါက်-ပေ-လူး-ဂီ-မှော်-တီ-စည် သိုင်းညီနောင်ရဖော်ကိုခေါ်လိုက်
      ဝိုင်းပီး ဓါးသိုင်းကပေးမယ်….

      ဘားလမ်းကနေ ဓါးထမ်းစောင့်နေတဲ့ ဂီဂီ

  • unclegyi1974

    November 26, 2011 at 9:04 pm

    ဟုတ်ပရင်ငြိမ်းရေ
    ဘလည်းတခါထိဖူးတယ်ကြာခဲ့ပါပြီ
    ငွေကို၃ခါလောက်ပြန်စစ်နေတာဘကလည်းအပါ့
    ညနေငွေပြန်စစ်မှလျော့နေတာ
    ပြန်မပေးပဲခပ်တည်တည်ပဲယူထားလိုက်တာ
    စာရိတ္တဆင်းရဲနေကြတာ

  • pasi

    November 26, 2011 at 9:41 pm

    တော်တော်ဆိုးတဲ့ ဝန်ထမ်းပဲ မန်းမှာလား ရန်ကုန်မှာလား ဘယ်မှာလဲ မသိဘူးနော် ကျနော့အသိအရာရှိတွေ ရှိတယ် တိုင်ပြောလိုက်မယ် ဘယ်မြို့ကလဲ

    • Yin Nyine Nway

      November 27, 2011 at 9:43 am

      ရန်ကုန် လေ ဆူးလေနားက ဖုန်းရုံးကြီးပေါ့

  • သော်ကြီး

    November 26, 2011 at 9:55 pm

    အဲ့ဒီမိန်းကလေးက မြန်မာလူမျိုး မဟုတ်ဘူးထင်တယ်။ မြန်မာနိုင်ငံမှာ မွေးဖွား ကြီးပြင်းသူဆိုရင် ဒါမျိုးစိတ် ဓာတ်မရှိဘူးလို့။

  • Gipsy

    November 27, 2011 at 1:53 am

    မြန်မာပြည်မှာမွေးတာတွေချည်းပါပဲ….၊
    ဆိုးတာက မွေးရာပါ အကျင့်တွေလေ…၊
    စနစ်တစ်ကျ ချစားပျက်စီး နေကြတာ…။ 😡

  • Moe Z

    November 27, 2011 at 9:19 am

    မျက်နှာပြောင်လိုက်တာနော် မရှက်ဘူးလားမသိဘူး
    သင်ခန်းစာပေါ့မမရင်ငြိမ်းရေ နောက်ဆိုသတိထား

  • Yin Nyine Nway

    November 27, 2011 at 9:44 am

    ဟုတ်တယ် မိုးဇက်ရေ …နောက်တခါဆို ကိုယ်ပဲ သတိထားရမယိ
    သူကတော့ပျောနေမှာနော်
    ခဏခဏလာလို့မပြောလာတာ ကံကောင်းမယ်
    ဒီတခါသွားရင် သေသေချာချာ စစ်ရမယ်

  • ကြောင်ကြီး

    November 27, 2011 at 12:13 pm

    အဲဒါမျိုးက ချက်ခြင်း မန်နေဂျာကို သွားတိုင်ရတယ်။ ကိုယ့်ပိုက်ဆံ ဆုံးမှာကြောက်ရင် သူတောင်းတဲ့ ပိုက်ဆံပေးပြီးမှ သွားတိုင်ပေါ့။ တိုင်ကြားစာဆိုတာ ရောက်ဖို့ မသေချာဘူး။။။ ငွေတသောင်းခွဲအတွက်နဲ့တော့ နေပြည်တော်သွား လွှတ်တော်တက်တိုင်ဖို့လည်း ဆင်ဖိုးထက် ချွန်းဖိုးကြီးနေဒယ်။။။။။

Leave a Reply