ပေါက်ကွဲသံစဉ် – ၁

mipukayNovember 22, 20111min14810

ကျမတို ့အထည်ချုပ်လောကမှာ အခုတစ်လောခေတ်စားနေတဲ့သီချင်းတစ်ပုဒ်ပေါ်ပေါက်နေပါတယ်
ခင်မင်ရင်းနှီးတဲ့ညီမလေးတွေဖွတားတဲ့ သီချင်းလေးဖြစ်လို ့ဒီဆိုဒ်မှာတင်ခွင့်တောင်းပြီး မျှဝေချင်ပါတယ်။ အားလုံးဘဲနှစ်သက်ကျလိမ့်မယ်လို ့ယူဆပါတယ်။ ကူးယူဖော်ပြထားတာဖြစ်လို ့ သီဖွဲ ့သူတွေရဲ ့နံမည်အပါအားလုံးကို မချွင်းမချန်ဖော်ပြလိုက်ပါတယ်။
———————
အထည်ချုပ်မှပရိတ်သတ်ကြီး!!!!!!!

အားလုံးအားလုံးမင်္ဂလာပါ။

ဒီသီချင်း အောင်ရင် ကိုဆိုမလားလို.အရင်ပြကြည်.ပါတယ်။
သူမဆိုဘူးတဲ.။(မရီနဲ.မဂီ ခဲနဲ.ထုမှာကြောက်လို.လို.ပြောပါတယ်)
သူမဆိုတာနဲ.သူနဲ.နာမယ်တူတဲ.သူကိုဘဲကျနော်ဆိုခိုင်းလိုက်ပါတယ်။
သူလဲအောင်ရင်ပါဘဲ။မိန်းမဖြစ်နေတာတခုဘဲရှိတယ်။
သူလဲနာမယ်ကြီးဘဲလေ။
နာမယ်က”မအောင်ရင်”တဲ.။(ဖျာလိပ်နတ်လေ)
ဟိဟိ
သီချင်းနာမယ်ကို ” မလည်ရှုပ်တဲ.အထည်ချုပ်” လို.ပေးထားပါတယ်။
ကို်ယ်ဟာကိုယ်နာမယ်ပြောင်းချင်ရင်လဲရတယ်။
ပို်က်ဆံမတောင်းဘူး။
(အောက်မှာ စာလုံးပေါင်းမှားတာလေးတွေနဲ.အကျအပေါက်လေးတွေ
ပြန်ပြင်ပေးလိုက်ပါတယ်။)

Thandar

MMGFT

GFT သန္တာမှ အောင်ရင်၏နေကာမျက်မှန်လေးနဲ့သီချင်းကို
ကိုယ်ပိုင်ဟန်နှင့် သီးကုံးဖွဲ့နွှဲ့ထားပုံကို ခံစားကြည့်ကြပါရှင် ….

မရေရာနက်ဖြန်ရေးကအတွေးဆရန်မလွယ်ပါတယ်
အဖြေရှာ Chat မှာမေးတော့ ပဲရဟတ်ဟာလည်နေပါတယ်

ဝင်္ကပါအမှိုက်ပုံကြီးသဖွယ် စာရင်းမရပါတယ် …..
တပြည်တရွာက “ဂ ငယ်ကြီး” ကြောင့်နားငြီးရမှာ သေချာပါတယ် ..

(ပဲသာမဲပြင်ပါတယ် အထဲမှာပြဲနေပါတယ် Snap တွေလည်းပါမလာပါတယ် ဝဲပါ Reject ထဲကိုသာကွယ်)

ချုပ်ကြောင်းလေးတွေ ချည်ကျော်လို့နေ Stitch ၁ကြောင်းမေ့နေ အထည်မှာအမွှေးတွေ
Size မှားတွဲလို့ Label ဇောက်ထိုး လက်ပေါက်ပွင့်နေတယ် …
မှတ်မိစေကြောင်းရယ် Worksheet တွေသာပြောင်းလဲ
Export နက်ဖန် Input မပြီးသေး အလင်းသာဗျင်းကြပါတော့တယ် …

ပြင်မရတဲ့အထည်က ဒိုက်ပုံကြီးသဖွယ် စက်ရုံထဲမှာဝဲကာဝဲကာလည်
ကသုတ်ကရက်နဲ့ ချုပ်ထည့်လိုက်စဉ်
ဟိုဘက်ပုခုံးက ဒီဘက်ပုခုံးနဲ့ လက်၂လုံးလောက်ကို လွဲနေသတဲ့ကွယ်

(ပဲသာမဲပြင်ပါတယ် အထဲမှာပြဲနေပါတယ် Snap တွေလည်းပါမလာပါတယ် ဝဲပါ Reject ထဲကိုသာကွယ်)

၂နာရီခွဲခါနီးထိ မပြီးသေးတာအထည်ပါကွယ်..
Container ထွက်ခါသွားပေါ့ တဝက်လောက်တောင်မပါပါတယ်
လိုင်စင်အလွဲတွေနဲ့မှ အလုံးလိုက်ကျန်တယ်

Packing Listတွေလဲမရ Phone ဆက်ကြမှာသေချာပါတယ်….

(မလွဲပါ Airသာအမြန်ကွယ်၊ အမြဲသာအဆဲခံပါကွယ် တွဲပါအမြဲတရားခံသဖွယ်၊ နွှဲပါ GFT ရန်တပွဲ….)

အာလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင် …

MyanmarGFT အဖွဲ့သားများ

———————
ကိုင်းအားလုံးလဲ ပြုံးပျော်နိုင်ကြပါစေလို ့

10 comments

  • etone

    November 22, 2011 at 10:04 am

    ပြုံချင်လို့ လိုက်ရှာဖတ်တာ ပြုံးရမယ့်နေရာလည်း မတွေ့ဘူး … နဲနဲလေးတော့ လွဲနေသလိုပဲနော် …. ။ 😆

    • mipukay

      November 22, 2011 at 10:51 am

      ပါတ်ဝန်းကျင်နည်းနည်းကွာလို ့ဖြစ်ပါလိမ့်မယ်

      • etone

        November 22, 2011 at 11:57 am

        ပတ်ဝန်းကျင်ချင်း မကွာပါဘူး … ကျွန်မလည်း အထည်ချုပ်လောကထဲကပါပဲ … ။ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောတွေမို့ မရယ်ရလိုက်တာဖြစ်မယ် ။ 🙂

        • mipukay

          November 23, 2011 at 10:14 am

          အဟဲ
          အဲဒါဆို တုံတုံက အရမ်းကိုအတွေ ့အကြုံများပြီး ရင့်ကျက်တဲ့သူဖြစ်မယ်။

        • etone

          November 23, 2011 at 11:14 am

          မဟုတ်ရပါ မိပူးကေရေ …. ။ အတွေ့ကြုံတော့ (ခဏခဏကြုံရလွန်းလို့ … ) များပေမယ့် … ရင့်ကျက်တဲ့ လူမဖြစ်သေးပါဘူး … ။ 🙁

  • Gipsy

    November 22, 2011 at 11:21 am

    ပေါက်ကွဲသံစဉ် – ၂ ရောက်ရင် ကျနော်လဲ နားလည်လာမလားမသိ…၊
    ခုတော့ ရေးရေးလေးပဲပေါ်သေးတယ်…။

  • athaylay

    November 22, 2011 at 2:20 pm

    ဆိုတဲ့အသံလေးပါ ထည့်ပေးထားရင် ရယ်ရင် ရရမှာ

  • lwinmg

    November 22, 2011 at 6:23 pm

    ပတ်သက် မှု ရှိသူအဖို့ ရယ်ရမှာပါ ၊
    ♪ မောင်ဟာ လူစိမ်း ♪ အဲလေ ကျနော်က စိမ်းနေတာမို့ ။

  • windtalker

    November 22, 2011 at 9:22 pm

    အထည်ချုပ်သမ ညည်းချင်း
    “ ချစ်တဲ့ယောင်းမရေ
    သငယ်ချင်းခေါင်း ၊ မိန်းမတို ့ရေ
    ချုပ်သာချုပ် ၊ လုပ်ဟာလုပ်
    လက်ချုပ်မှ ပါးစပ်လှုပ်ရမှာမို ့လေ
    တို ့များ မကုတ်ပါလေ (ပွေးယားရင်တောင်)
    ချုပ်ပါလေ ၊ ချုပ်ပါလေ ”

    • mipukay

      November 23, 2011 at 10:22 am

      ဒဂါလေအိုးရဲ ့ညည်းချင်းကို
      ဂလိုလေးပြင်ရေးပါရစေ….
      ” ချစ်တဲ့သူငယ်ချင်းတို ့ရေ (ယောင်းမတင်မကဘူး ယောက်ဖတွေပါပါနေလို ့သူငယ်ချင်းလို ့ပြောင်းခေါ်တာ)
      သူငယ်ချင်းခေါင်း၊ မိန်းမယောင်္ကျားတစ်တွေရေ
      ချုပ်သာချုပ်၊ လုပ်ဟာလုပ်
      လက်ချုပ်ရင်း ပါးစပ်ပါလှုပ်နေကြသမို ့လေ
      တို ့များဖြုတ်ကျစို ့လေ (ချုပ်ရင်းစကားများပြီးအပေါက်မှားချုပ်မိလို ့)
      ဖြုတ်စို ့လေ၊ ပြန်ချုပ်ဘို ့လေ”

      *အခုခေတ်ကခေတ်မှီနေပြီ ယောင်္ကျားတွေပါ အထည်ချုပ်မှာရင်ဘောင်တန်းနေပြီခင်ဗျာ့။

Leave a Reply