ဖလန်းဖလန်း မကြိုက်သော ဘလက်။

black chawNovember 22, 20111min19633

ပြီးခဲ့သည့် တစ်လခန့်က မြန်မာဟာသ ရုပ်ရှင်တစ်ကားကို  ပါရမီစိန်ဂေဟာရှိ ရုပ်ရှင်ရုံတွင် မိသားစု နှင့် အတူ ကြည့်ဖြစ်ပါသည်။ ဇာတ်လမ်း စစခြင်း

အဖေလုပ်သူ သေအံ့ဆဲဆဲ  ဘေးမှာ သား နှင့် အမေ တို့က ဝမ်းနည်းနေ ကြသည်ပေါ့ခင်ဗျာ။ ဖအေက သေမှာကို မသေနိုင်သေးပဲ

မှာပုံတော် ဖွင့်နေတာကို ဟာသဖြစ်အောင်ရိုက်ပြနေပါသည်။

ယောင်္ကျားသေလို့ မိန်းမငိုတာက “ အသေနောက်ကျလို့ နှမြောလှချည်ရဲ့ “ တဲ့။ ဘာကိုများ နှမြောသည်မသိပါ။

အဖေလုပ်သူ သေလည်းသေရော အမေလုပ်သူ ဖလန်းဖလန်း ဖြစ်ပါတော့သည်။ ရိုင်းရိုင်းပြောရလျှင် အမေဆိုသည့် ဂုဏ်သိက္ခာပင်မထောက်တော့ပဲ လွှတ်နန့်ပါတော့သည်။

သားဖြစ်သူ က လိုက် ထိန်းနေရတာကို ဟာသလုပ်ရိုက်ထားခြင်း ဖြစ်ပါသည်။ ရယ်ရလျှင်ပြီးရော ဘုရားနှင့်တစ်ဂိုဏ်းထဲထားပါသော

အမေ ကိုပင် စော်ကားမော်ကား ရိုက်ရဲတာကို ကြည့်ပြီး အံ့ဩမိပါသည်။ အပြင်မှာ သားကြီးသမီးကြီး ရှိလျက် ထိန်းမရသိမ်းမရ ဖြစ်နေသော

အမေမျိုး ရှိကောင်းရှိနိုင်ပါသည်။ သို့သော် အခုကျွန်တော် ကြည့်လိုက်သော ရုပ်ရှင်ထဲမှ အမေအဖြစ်သရုပ်ဆောင်သူ နန့်ပြတာလောက်တော့ ဆိုးအံ့မထင်မိပါ။

ကျွန်တော် စာဖြင့်ရေးပြရုံဖြင့် ရုပ်ရှင်ထဲမှ အမေလုပ်သူ ဘယ်လိုနန့်တယ်ဆိုတာ ပေါ်လွင်အောင် ဖေါ်ပြနိုင်လိမ့်မည် မထင်ပါ။

ဟာသလုပ်ရိုက်ပြစရာ ဇာတ်လမ်း ဒီလောက်ရှားနေကြပါပြီလား။ ထိုကားတွင် အမေအဖြစ် သရုပ်ဆောင်သူမင်းသမီးကြီးသည်

တခြားကားပေါင်းများစွာတွင် မိခင် မေတ္တာဖွဲ့ ရုပ်ရှင်ပေါင်းများစွာတွင် အမေအဖြစ် သရုပ်ဆောင်ဘူးသူဖြစ်ပါသည်။

သို့သော် ထိန်းမရသိမ်းမရ ဖြစ်နေသော အမေတစ်ယောက်အဖြစ် ဒီကားတွင် သရုပ်ဆောင်လိုက်တာကိုက မိခင်တွေကို

စော်ကားလိုက်ခြင်း ဖြစ်သည်ဆိုတာကို မင်းသမီးကြီး မေ့နေပုံပေါက်ပါသည်။

ကျွန်တော် ပြောချင်သည်မှာ ဟာသရုပ်ရှင်တွေ ရိုက်စရာဇာတ်တွေ အများကြီးရှိပါလိမ့်မည်။ ဒီလို အမေလုပ်သူ ဆတ်စလူးထပြီး

နန့်နေပျံနေတာမျိုးကို ဟာသလုပ်ပြီး အမေ တွေကို စော်ကားတာမျိုးတော့ မရိုက်ကြဘို့ တောင်းဆိုချင်ပါ သည်

မြန်မာ့ရုပ်ရှင် ဒါရိုက်တာများ ခင်ဗျား။

33 comments

  • etone

    November 22, 2011 at 9:53 am

    ဖလန်းဖလန်းထတဲ့ အ ချစ်ဆိုတဲ့ ရုပ်ရှင်မှ ဟုတ်ရဲ့လား ဟင် … ။
    မို့မို့ မြင့်အောင်နဲ့ ရန်အောင်ကို သားတွေ သမီးတွေက လိုက်ထိန်းရတဲ့ကားလေ … ။
    အဲ့ဒီလို ဇာတ်လမ်းမျိုး ရှိတော့ ရှိပေမယ့် …. ဒီလောက်ရွမှာတော့မဟုတ်ဘူး … ။
    ဟာသကားတွေချည်း ရယ်ရလျှင် ပြီးရော တွက်ချေကိုက်အောင် ရိုက်တယ် ဆိုတာမျိုး များလာတယ် … ။ ကြာလာလျှင် မြန်မာ့ရုပ်ရှင် လို့ဆိုတာနဲ့ .. ဟာသကားကိုပဲ လက်ငြိုးထိုးရတော့မလို ဖြစ်လာတော့မယ် … ။ 🙁

  • weiwei

    November 22, 2011 at 10:00 am

    တီဗီမှာ ကြော်ငြာတစ်ခါ မြင်ဖူးလိုက်တယ် …. စိတ်ပျက်စရာတော်တော်ကောင်းတာပဲ … လက်မှတ်အလကားပေးပြီး ထမင်းတစ်နပ်ကျွေးမယ်ဆိုရင်တောင်မှ အကုသိုလ်ဖြစ်မှာကြောက်လို့ မကြည့်တော့ဘူး … 😛

  • ပေါက်ဖော်

    November 22, 2011 at 10:11 am

    တော်တော်ပေါရဲတဲ့ ကားကြီးပါ..

    • မိုးပွင့်ဖြူ

      November 22, 2011 at 10:40 am

      ဟုတ်ပ ကြော်ငြာတုန်းကတောကြည်လိုက်ရတယ် စိတ်ညစ်စရာ

  • inz@ghi

    November 22, 2011 at 10:46 am

    တိန်. …တားတားဝတ္ထု ရုပ်ရှင်ပြန်ရိုက်ရင်
    တားတားလည်း အဆဲခံ ရမှာပေါ့နော် ..ကြောက်ထှာ

  • MaMa

    November 22, 2011 at 11:03 am

    အနုပညာဖြင့် တိုင်းပြည်ကို တဖက်တလမ်းက ထူထောင်ရမှာကို မဟုတ်တာတွေကို ငွေရပြီးရော ရိုက်ပြနေတာဟာ တိုင်းပြည်နဲ့ လူထုကို အနုနည်းနဲ့ ဖျက်ဆီးနေတာ ဖြစ်ပါတယ်။ အခုလို ကြည့်ပြီး ပြန်ပြောပြပေးတဲ့ ဆြာဘလက်ကိုလည်း ကျေးဇူးတင်ပါတယ်။ မကြည့်ရသေးတဲ့လူတွေ ရှောင်နိုင်ရှားနိုင်တာပေါ့။

    • inz@ghi

      November 22, 2011 at 11:16 am

      ထောက်ခံပါတယ်ဗျို့
      မြန်မာ့ရုပ်ရှင်ကို သပိတ်မှောက်မယ်ဗျာ ကြာတယ်
      ဘတ်ထ်
      အမေလိကား တွားနေတဲ့ တက်မွန်မျင့် ကလေးနဲ့
      သင်္ချာဝင့်ကြော် လေးတော့ပါဝူး 😀

    • lone

      November 22, 2011 at 11:38 am

      lone တောင်ရုပ်ရှင်မကြည့်ဖြစ်တာ ကြာပြီ…ကြည့်ရင်လည်း နေပြည်တော် တို့ ရှေ့ဆောင် တို့က အင်္ဂလိပ်ကားတွေ ကြည့်ဖြစ်တာများတယ်။ မြန်မာကားတွေဆို စိတ်ဝင်စားစရာကောင်းမှပဲသွားကြည့်ဖြစ်တယ်။ တစ်ချို့ ကားတွေက ကလိထိုးရယ်နေရတယ်။ ဒါပေမယ့် နောက်ထွက်မယ့် change ဆိုတဲ့ နေတိုးနဲ့အိဒ္နြာကျော်ဇင်ပါတဲ့ ကားကိုတော့ ကြည့်ဖြစ်အောင် သွားကြည့် လိုက်ဦးမယ်…အဲ့ဒီ့ ကားက နေတိုး နဲ့အိဒ္နြာကျော်ဇင် စိတ်ချင်း change သွားတာထင်တယ်။စိတ်ဝင်စားဖို့ကောင်းတယ်။ ဟာသလည်းပါမယ် ထင်တယ်။

      • ကြောင်ကြီး

        November 22, 2011 at 12:05 pm

        လုံးကိုကိုနဲ့ ဦးကြောင်နဲ့ စိတ်ချင်းလဲလိုက်ပြီ။ “လုံးကို ဦးကြောင်မုန်းဒယ်” လုံးကိုကိုက ဦးကြောင်ကိုယ်ထဲဝင် ပြောနေတာနော်…. အဲဒီအချိန်မှာ “လုံးလေးကို လိုကုံးကုံး လုံးကိုကိုက သိပ်ချစ်တာပဲ၊ ရုပ်ရှင်သွားကြည့်ရအောင်.. အစ်အစ်” လုံးဘဲကြီးကို ဦးကြောင်ခွစီး ပြောတာနော်၊ စီးရုံတင်မကဘူး သူ့လည်ပင်းပါညှစ်ပြီး ပြောနေတာ။ ကြိုက်ရာရွေးစမ်း လုံးကလေး၊ ကြောင့်ကို ချစ်မလား၊ ဒကောင့်ကို ပစ်မလား…။ 😳

        • lone

          November 22, 2011 at 12:53 pm

          ဦးကြောင်တို့က တစ်ကယ်ရယ်ရတယ်…တော်ပြီ မြန်မာကားမကြည့်တော့ဘူး…ဦးကြောင်ပြောတာတွေဖတ်ပြီးပဲ ရယ်တော့မယ်…kwi kwi kwi… 😛

      • etone

        November 22, 2011 at 12:15 pm

        မိလုံးရေ .. အဲ့ဒါလည်း စိတ်ဝင်းစားစရာမကောင်းဘူး ..ကိုရီးယားကားကို လိုက်ခိုးချထားတာ … ယုတိ္တရှိလား မရှိလား မတွေးပဲနဲ့ … ။ မြန်မာတွေ အကူးကတော့ တော်ပါပေတယ် ..တ ခါ ကူးလျှင် မပြောပါဘူး …ကူးပြီးရင်း ကူးလွန်းလို့ …. နောက်တကားကလည်း အဲ့လိုပဲ … ကူးထားတယ် .. သူထူးစံနဲ့ … မိုးဟေကို သရုပ်ဆောင်ထားတာ ဗွီဒီယိုခွေပဲ ..နာမည်တော့မမှတ်မိဘူး … ကိုယ့်အိုင်ဒီယာနဲ့ကိုယ် ဇာတ်လမ်းကောင်းလေးတွေ ဖန်တီးပြီး တခြား နိုင်ငံကလူတွေ လိုက်ကူးပါစေလားဟယ် .. အခုတော့ … 😆

        • hmee

          November 22, 2011 at 2:09 pm

          တုံရေ ကျွန်တော်က မိန်းမ၊ ကျွန်မက ယောက်ကျားတဲ့။ ရှေးရှေးတုန်းက လက်စွပ်ကို ဝတ်မိပြီး စိတ်ပြောင်းသွားတာ။ ခိုးတာကတော့ ခိုးသလားမမေးနဲ့။ ဒါပေမဲ့ သူများကားကို ကူးရိုက်တာတောင် ပီပြင်အောင် မကူးနိုင်ဘူး အံ့ချက်။

        • etone

          November 22, 2011 at 3:59 pm

          ဟုတ်တယ် မမှီရေ ကူးတာတောင် သာအောင်မရိုက်နိုင်ဘူး … ဦးနှောက်ကွာတာကိုး ။ ဟီး 😛

  • Gipsy

    November 22, 2011 at 11:41 am

    နဂိုကတည်းက မြန်မာ့ရုပ်ရှင်ကို စိတ်ပိန်နေရတဲ့အထဲ ဒီလိုဇတ်ကားမျိုးက
    လာသေးတယ်၊ ဒါရိုက်တာတွေက မှိုလိုပေါနေပြီး အရည်အချင်းက နတ္တိနဲ့…။

  • အီးတီ

    November 22, 2011 at 12:13 pm

    လူ ့ကျင့်ဝတ်နေနဲ ့ကြည့်ရင်မရိုက်သင့်တဲ့ကားပေါ့နော်။ တခြားအမြင်နဲ ့ ကြည့်ကြည့်ရအောင်။ ဥပမာပေါ့နော် ကတော်တွေပေါ့ဗျာ ပိုက်ဆံရှိသူတွေပေါ့ ယောက်ျားရှိတယ် တချို ့ဆို ကလေးလည်းရှိတယ် ဖောက်ပြန်တဲ့သူတွေ ရှိပါတယ်။ ယောက်ျားတောင် မသေသေးပါဘူး။ အဲဒီလိုကိစ္စတွေ တွေလည်းရှိပါတယ်။ လူနည်းစုပေါ့ဗျာ။ သင်္ဘောသားလောကနဲ ့ အရာရှိလောကတွေမှာ များပါတယ်။ စာဖတ်သူတွေလည်း ကြားမိမှာပါ။ GYM တွေနဲ ့ စကော့ဈေးမှာ တွေ ့ရတတ်ပါတယ်။

  • Shwe Ei

    November 22, 2011 at 12:42 pm

    ဗမာကားဆို ဗီဒီယိုခွေတောင် အပျင်းပြေငှားမကြည့်တော့ဘူး။ စိတ်ပိန်ဒယ်။ ရုပ်ရှင်ဆို ပိုစတာမြင်တာနဲ့ ဘာဂျီးလဲသိဘီးသား ဆိုတော့ ပိုဝေးရော။ (ပြီးခဲ့တဲ့ ရုပ်ရှင်ကားတွေ ကြည့်မိတုန်းက ကောင်းကောင်းသဘောပေါက်သွားဘီလေ)။

  • water-melon

    November 22, 2011 at 12:43 pm

    Lone ပြောတဲ့ change ဇာတ်ကားက ကိုရီးယားဇာတ်ကားကြီးဗျ။ 5 series မှာလာသွားပြီ။ ဘာတဲ့ဇာတ်ကားနာမည်က ဧဒင်ဥယျာဉ်ထဲက ဘီယာတစ်ခွက်ဆိုလား ဘဲ။ ဟီဟီ
    တော်ပြီ မြန်မာကားတွေကို ကြည့်တော့ဘူး

  • mipukay

    November 22, 2011 at 12:44 pm

    တို ့ကတော့စာရေးဆရာနာမည်ဘယ်သူလဲဆိုတာသိမှရုပ်ရှင်ကြည့်တယ်။
    ဟာသကားတိုင်းမကြည့်ဘူး ပေါရင်ချာတာဘဲ —အဲဒါကြောင့်ပေါချာချာဆိုတဲ့စာလုံးရှိနေတာမှတ်လား။
    သဘာသကျကျ ဟာသကမှ ငါကကြိုက်သဗျ။

  • mipukay

    November 22, 2011 at 12:45 pm

    တို ့ကတော့စာရေးဆရာနာမည်ဘယ်သူလဲဆိုတာသိမှရုပ်ရှင်ကြည့်တယ်။
    ဟာသကားတိုင်းမကြည့်ဘူး ပေါရင်ချာတာဘဲ —အဲဒါကြောင့်ပေါချာချာဆိုတဲ့စာလုံးရှိနေတာမှတ်လား။
    သဘာဝကျကျ ဟာသကမှ ငါကကြိုက်သဗျ။

  • Wow

    November 22, 2011 at 12:51 pm

    တစ်ခါတစ်လေ စာရေးဆရာကြိုက်ပြီး ကြည့်မိရင်တောင် ကြည့်ပြီး အမြဲရတယ်။ နောင်တ။ ဒါကြောင့် ဆုံးဖြတ်ထားတာ မြန်မာကားနဲ့၊ မြန်မာဘောလုံး ဘယ်တော့မှ မကြည့်ဘူး။

  • cobra

    November 22, 2011 at 1:21 pm

    မင်းသားတွေမင်းသမီးတွေကိုမေးရင်ပြောပါလိမ့်မယ်
    ပရိသတ်အကြိုက်လိုက်ရိုက်ရတာပါတဲ့
    ဒါရိုက်တာမေးတေ့ာလည်း ပရိသတ်အကြိုက်ပါတဲ့
    ရိုက်လိုက်တဲ့ကားတွေကပေါတောတောတွေ
    သူတို့ပြောမှပရိသတ်တွေကပဲငပေါတွေလိုလို
    အဲဒီလိုပေါတောတောကားတွေကြည့်နေတဲ့
    ပရိသတ်တွေလည်းရှိသေးတော့ပိုဆိုးတယ်
    ကျွန်တော်ပြောချင်တာကအဲဒီလိုပေါတောတောကားတွေကို လုံးဝသွားမကြည့်
    ဘဲနေကြဖို့ပါ ဒါမှလည်း ဇာတ်လမ်းကောင်းတဲ့ရုပ်ရှင်အမှန်တွေကိုပြန်ကြည့်ရမှာပါ
    ခုဟညက တကားတင်လည်းဟာသ
    တကားတင်လည်းဟာသ
    အချိန်ကုန် ငွေကုန်တာပဲဖြစ်နေတယ်
    ဘာမှလည်းပညာမရ၊ဗဟုသုတမရနဲ ့
    စိတ်ပျက်ဖို့ကောင်းတဲ့ ရုပ်ရှင်လောက
    ပေါတောတောရုပ်ရှင်လောကဖြစ်နေပါပြီ……….။

    • MaMa

      November 22, 2011 at 4:58 pm

      အရင်က ကြားဖူးတာ
      `ဇာတ်သမားပြန်ရင်
      မှတ်သားစရာ
      ကျန်ရမယ် …´ တဲ့။
      ခုလုပ်ပုံတွေက ….. 🙁

      • windtalker

        November 22, 2011 at 8:56 pm

        အခုခေတ် က ဇါတ်သမားပြန်ရင်
        အီးပုံတွေ ချေးပုံတွေ
        အမှိုက်တွေ ပလူပျံ ခဲ့တဲ့ ဗျို ့

  • လင်းဝေကျော်

    November 22, 2011 at 2:42 pm

    ကိုဘလက် ကိုက မိုက်တာ။ သွားကြည့်တာကိုး။
    ဒီခေတ်မှာ ပုံမှန် တွေးခေါ်တတ်သော ဦးဏှောက်ရှိသူတိုင်း မြန်မာကားမကြည့်ပါ။
    တကယ်ပြောတာ။ အလကားလက်ဆောင်ရတဲ့အခွေတွေတောင်မကြည့်ဘူး။ ပစ်ထားလိုက်တာ။
    အိမ်က အကူကောင်မလေးတွေက ကြည့်ချင်ရင် လို့ ချောင်းနေကြတယ်။ အသိ၊သူငယ်ချင်း၊တစ်လမ်းတည်းနေ စတာတွေထဲမှာ ဒါရိုက်တာတွရှိတယ်။ အခွေတွေပေးကြတယ် ကြုံရင်။ အားနာလို့ ယူလာပြီး ဒီအတိုင်းပစ်ထားလိုက်တာပဲ။ သူတို့လည်း လုပ်စားနေကြတာဆိုတော့ ဘာမှ ပစ်ပစ်ခါခါတော့ မပြောဖြစ်ပါဘူး။ တကယ်တော့ သပိတ်မှောက်လိုက်ကြမှ အေးမှာပဲ။

  • thit min

    November 22, 2011 at 3:56 pm

    ခင်ဗျားရုပ်ရှင်ကိုဖတ်ရင်း ရေးချင်စိတ်ပေါက်သွားလို့ စာစုတခုပြုစုလိုက်ပါသည်
    မိတ်ဆွေကြီးကိုဘလက်ချောခင်ဗျား။
    ~~~~~~~~~~~~~~~~~
    “သူ” ပါတဲ့ကားတိုင်းမှာ အဲဒီမင်းသမီးကြီးပြောတဲ့စကားတွေ”နားထောင်” ရတာ နားညီးလို့
    ကျနော် နားမထောင်ဖြစ်ဘူး။စိတ်ပျက်စရာများကျနော်လည်းရေးလိုက်ပါသည်ပေါ့ဗျာ။
    (ကျနော်ရုပ်ရှင်နားထောင်သောသူဖြစ်ပါသည် (^^))
    ~~~~~~~~~~~~~~~~~
    “လင်းဝေကျော် says:
    ဒီခေတ်မှာ ပုံမှန် တွေးခေါ်တတ်သော ဦးဏှောက်ရှိသူတိုင်း မြန်မာကားမကြည့်ပါ။”

    ဘုရား၊ဘုရား ငါလွတ်နေပြီလားကွယ်ရို့ (^^)
    ငါကကြည့်တာဟုတ်ဘူး။။”နားထောင်တာ” မြန်မာရုပ်ရှင်နားထောင်သူ။

    ဘာဖြစ်ဖြစ် ရတယ်။အေးဆေးနွေးထွေး။

    • lone

      November 22, 2011 at 4:13 pm

      မသိလို့မေးပါရစေနော်…ရုပ်ရှင်ဆိုကြည့်ရတာမဟုတ်ဘူးလား…ရုပ်ရှင်နားထောင်တယ်ဆိုတာ ဘာလဲဟင်…ကြည့်တာတောင်တစ်ခါတလေ ပျင်းစရာကောင်းတာ နားထောင်ရင် အိပ်များပျော်သွားမလားမသိဘူးနော်….

      • thit min

        November 22, 2011 at 4:49 pm

        ရုပ်ရှင်ကိုဖွင့်ထားပြီး လုပ်စရာရှိသည်များ အလုပ်မပျက်လုပ်နေရင်း

        အသံကိုဘဲ နားထောင်ခြင်းကို ရုပ်ရှင်နားထောင်ခြင်း ဟုခေါ်ပါသည်။

        • hmee

          November 23, 2011 at 2:23 pm

          ကိုသစ်မင်း ပြောတာကို တကယ်သဘောကျတယ်။ ကျွန်မလည်း ရုပ်ရှင်နားထောင်သူပါပဲ။ ကိုယ်က ပြည်ပရောက်နေတာရယ် အိမ်မှာ အမြဲတယောက်တည်း နေရတာရယ်ကြောင့် အပျင်းပြေ အသံလေးပဲ ကြားရကြားရဆိုပြီး (စကားမပြောရလို့ ကြာရင် အ သွားမှာ စိုးလို့ 🙂 ) တနေ့ အနည်းဆုံး နှစ်ကားတော့ ဖွင့်ဖြစ်တယ်။ ထိုင်တော့ မကြည့်ဖြစ်ဖူး။ ကွန်ပြူတာရှေ့ ရောက်သွားရင်တော့ မြင်လိုက် ကွယ်ရာရောက်ရင် အသံကြားတဲ့အခါကြား မကြားတဲ့ အခါမကြားပေါ့။ နေ့စဉ်နားထောင်တော့ အရည်မရ အဖတ်မရကားတွေ အတော်ကိုများတာ သိရတယ်။ တခါတခါများ စကားလုပြောတာများ ဘေးအခန်းက လာပြောမှာစိုးလို့ တိုးထားရတယ်။ အင်္ဂလိပ်ကား၊ ကိုရီးယားကား အများကြီးပဲ ကူးထားတာ။ ဒါပေမဲ့ ကိုယ့်ဗမာတွေ ကူးရိုက်မှ မူလကား အရသာနဲ့ ဆိုလိုရင်းပါ ပျောက်ပြီး ပေါချာချာတွေ ဖြစ်နေတော့တာပဲ။ ဒါနဲ့ တို့ဗမာတွေများ ညံသလားဆိုပြီး Burmese classic ကနေ ရှေးကားတွေ ပြန်ရှာကြည့်တော့ ကောင်းလိုက်တာများ ဟာကွက်မရှိဘူး။ အကြိမ်ကြိမ်ကြည့် မရိုးနိုင်ဘူး။ ဒါနဲ့ပဲ သိလိုက်ပါတယ် ခေတ်ကိုက ချာလာတာလို့။ ကျွန်မ အမျိုးသားကတောင် ပြောတယ် (ရုပ်ရှင်ကြည့်ပြီးတိုင်း ဟာ..ဘာကားကြီးမှန်း မသိဘူးပြောလို့) မင်း သိရက်နဲ့ အမှတ်မရှိပဲ ကြည့်ပြီးပြောပြန်ပြီတဲ့။ အော် ရေခြား မြေခြားဆိုတော့လည်း မကောင်းမှန်းသိပေမဲ့ အလွမ်းလေးပဲ ပြေပြေဆိုပြီး အခုလည်း ကြည့်နေတုန်းပါပဲ။ 🙁

  • kai

    November 22, 2011 at 4:17 pm

    ပြီးခဲ့တဲ့.. စနေနဲ့တနင်္ဂနွေက.. အယ်လ်အေမှာ.. “အာဒမ်ရယ်ဧဝရယ်ဒသရယ်”ရုံတင်တယ်..။
    အဲဒါ သွားကြည့်ဖြစ်တယ်..။
    အဲဒီကစတော့… ပြေတီဦးက.. အခန်းထဲခေါက်တုံ့ပြန်လျှောက်ရင်း.. စားပွဲကို ဗြမ်းကနဲ့ရိုက်.. ဝန်ထမ်းတွေ.. အော်ဟစ်ကြိမ်းမောင်းတာပေါ့..။
    ..ဝါးကနဲ့ ရီသံတွေထွက်လာတယ်..။
    ပြီးတော့.. မင်းသမီးသက်မွန်မြင့်ဖုံးဆက်တာကို.. ပြေတီဦးပြန်ပြောတာ..
    …ရယ်သံတွေထွက်လာပြန်ပါတယ်..။
    နောက်.. အခန်းထဲ ပြေတီဦးဝင်.. ဂေါက်ရိုက်တံနဲ့ ပန်းအိုးရိုက်ခွဲ..
    … ရယ်သံတွေထွက်လာပြန်ရော…

    အဲဒါနဲ့.. ကျုပ်လည်း ရုံအပြင်ထွက်လာတယ်..။
    ပွဲပြီးတော့.. လာကြည့်တဲ့.. ယူအက်စ်မှာမွေးတဲ့.. မြန်မာတွေကို မေးစမ်းကြည့်ပါတယ်..။
    ဘာလို့ …အာဗြဲနဲ့ရီကြသလည်းပေါ့..။
    သူတို့က.. အဲဒါတွေကို.. ရီစရာဖြစ်အောင် တမင်တကာလုပ်ပြနေတယ်..မှတ်နေလေရဲ့..။
    ဒီလောက်ပဲ..။

    ဆက်ပြောရင်.. လူနေမှုပုံစံကွာသွားလို့.. ကန့်လန့်ဖြစ်နေတာချည်းပဲ..တန်းစီထွက်လာတော့မယ်..။
    ဒီလောက်ပဲ..။ 🙁

    • etone

      November 23, 2011 at 9:52 am

      ဟီးဟီး … အဲ့ဒီတုန်းက သူရိုက်ခွဲလိုက်တဲ့ ပန်းအိုးကြီးကိုကြည့်ပြီး ကျွန်မတောင်မဆီမဆိုင်နှမျောနေမိသေးတယ် … ။
      အဲ့ဒီကားကြည့်ပြီး အလုပ်ရှင်ဆိုတာ အော်ချင်တိုင်းအော်ခွင့်ရထားတဲ့ လူလို့ လူအတော်များများ လက်ခံထားပါလားဆိုတဲ့ အချက်ကို သွားတွေ့မိတယ် … ။

      ကျွန်မကတော့ အလုပ်ရှင်မို့လို့ အော်တယ်ဆဲတယ် …အလုပ်သမားမို့ခံရတယ်ဆိုတာကြီးကို မကြိုက်ပါဘူး …ကိုယ်တိုင်လည်း သူများလခစားလုပ်နေရတဲ့ အချိန်မှာ ဘာပြသနာမှ မတတ်ပဲ အချောင်ဆဲခံရကြည့် … ပြန်ဆဲမယ်ဆိုတဲ့ စိတ်မျိုးတော့ရှိတယ် .. ဒီထက်ဆိုးလျှင် အွန်လိုင်းကနေ အကြောင်းစုံရေးပြီး ပြောလိုက်မယ် …. ။အလုပ်ပြုတ်တာ မပြုတ်တာ အရေးမကြီးဘူး …. အလုပ်ရှင်တွေ ခေါင်းထဲ … အလုပ်သမားကို အော်ချင်တိုင်းအော်လို့မရပါလားဆိုတဲ့ စိတ်လေး ထည့်ပေးနိုင်လျှင်ပဲ ကျေနပ်တယ် … ။

  • blackchaw

    November 22, 2011 at 4:37 pm

    ဟားဟား။ သူကြီးပြောမှ ပိုရယ်ရတယ်ဗျာ။ ဒါနဲ့ သူကြီးက ရယ်စရာပြောတာပါနော်။
    (နောက်ထှာ)
    သူကြီးရေ။ ဒီကမင်းသားတွေ မင်းသမီးတွေက အတည်ပေါက်ကြီးတွေ
    စွတ်တင်နေပေမယ့် သူတို့အတွက် ရယ်စရာကြီးတွေဖြစ်ဖြစ်နေတာ
    ပြုပြင်သင့်နေပါပြီ။ အခုလည်း ဟိုတစ်နေ့က ဂျာနယ်ထဲမှာ
    ဆင်ဆာမူဝါဒတွေကို လျှော့ပေါ့ပေးဘို့ တင်ပြကြဆိုလား။
    ဆင်ဆာမူဝါဒတွေလျှော့ပေးရုံလောက်နဲ့တော့
    မြန်မာ့ရုပ်ရှင်တိုးတက်လာမယ်ဆိုတာကတော့
    အင်း အဲဒါကလည်း အတည်ပေါက်ကြီးနဲ့ ရယ်ရတာပဲနော် သူကြီး။ ဟားဟား။
    စိတ်ညစ်ထှာ….။

  • GreeNSheeP

    November 22, 2011 at 8:01 pm

    Brother Blackchaw Bravo !
    I’m same with you !

  • တွက်ချေကိုက် အောင် ဟာသကားတွေများများထုတ်ရတာက. ကျနော်တို ့မြန်မာတွေက စိတ်ညစ်နေရတာများတော့ ပျော်စေချင်လို ့ပါလို ့ပြော
    တဲ့ဒါရိုက်တာတစ်ယောက်စကား ထင်ပါတယ်။ကြားဖူးပေမယ့် ဘယ်သူဆိုတာတော့ သိတော့ပါဘူး။ဒါပေမယ့် ခုလောက်ထိပေါတောတော နဲ ့
    ပြောင်ချော်ချော်ဖြစ်နေတာတော့ ရုပ်ရှင် သမိုင်းအတွက်ကြည့်ရဆိုးစေပါတယ်။

Leave a Reply