အားကိုးစရာတိုင်းရင်းဆေးပညာ(၃) အရိုးဆက်ပညာ

mg wineNovember 22, 20111min22710

တနေ့ကဆရာထက်ပုသိမ်ကန်ကြီးဒေါင့်မြို့မှာလက်ကျိုးတဲ့လူနာကုသွားတာကျွန်တော်ကိုခေါ်လို့လိုက်သွားပါတယ်။ချော်လဲပြီးလက်ဖျံရိုးကျိုးတာပါ။
ဆေးစည်းပြီးနာရီပိုင်းအတွင်းလုပ်ရှားလို့ရတယ်လို့လူနာရှင်ကိုယ်တိုင်ကပြောပါတယ်။ကျွန်တော်လည်းအမှန်အတိုင်းပြောရရင်မယုံပါဘူး။ဆေးရုံမှာတက်ကု
တဲ့သူတွေစတီးရိုးထည့်တာတွေကြားဖူးတယ်လေ။နောက်ပြန်ခွဲရတာတွေ..။ကျောက်ပတ်တီး၂၁ရက်တို့ ၄၅ရက်တို့စည်းရတာတွေသိကြားနေရတယ်
အခု ရက်ပိုင်းနဲ့ကောင်းတယ်ဆိုတာတော့မယုံချင်ဘူး။ဒါကြောင့်ရှေ့မျက်နှာနောက်ထားလို့မေးကြည့်မိပါတယ်။ဆရာရယ်နာရီပိုင်းနဲ့အရိုးဆက်တာ၊ရက်ပိုင်း
နဲ့ကောင်းတာကိုတခုတခုနဲ့လက်တွေ့ပြပါလားပေါ့။ဆရာကအိမ်ရှင်ကိုဘာဟင်းချက်လဲမေးပါတယ်။အိမ်ရှင်ကကြက်သားဟင်းချက်တယ်လို့ပြောတော့ မချက်
ရသေးရင်ကြက်ခြေတောက်ရနိုင်မလားမေးတယ်။ကြက်ကလည်းစောစောကမှသတ်တဲ့လတ်လတ်ဆတ်ဆတ်ပါ။ဆရာကကြက်သေခြေတောက်ကိုတူနဲ့ကျွန်
တော်ကိုထုခိုင်းပါတယ်။ကျွန်တော်ကလည်းအားရပါးရထုပါတယ်။ကြေမွလောက်ပြီဆိုမှဆရာကိုပေးလိုက်တယ်၊ဆရာက ကြက်ခြေတောက်ကိုဆေးစည်တယ်
ဒုတ်ချောင်းထည့်ပြီးကြပ်ကြပ်ကလေးပတ်တီးနဲ့စည်တာပါ။ပြီးတော့“ခဏနော်” ဆိုပြီးသူကုစရာရှိတဲ့လူနာကိုဆက်ကုပါတယ်။
၁၂နာရီထိုးတော့ ကျွန်တော်တို့ထမင်းစားကြပါတယ်။ ကြက်ခြေတောက်ကိုဆေးစည်းထားတာကိုပဲကျွန်တော်ကစိတ်ဝင်စားနေမိပါတယ်။ဆရာကခြေ
ဖနောင့်အတက်ထွက်တဲ့လူနာကိုရောဂါလက်ခဏာတွေပြောပြပါတယ်။ကျွန်တော်လည်းလိုက်မှတ်တယ်။နံနက်စောစောအိပ်ယာထနာကျင်မူပိုမယ်၊ထောက်မရ
အောင်နာမယ်ပြီးတော့ပုံမှန်ပြန်ဖြစ်မယ်။ သွေးပူရင်ပြန်ကောင်းမယ်၊လမ်းလျှောက်တဲ့အခါနာမယ် ထိုင်ပြီးထစမှာ နာမယ် သွေးပူရင်ပြန်ကောင်းသွားမယ်
ဆရာက ဆေးစည်းပေးပါတယ်၊ဆေးကြပ်ထုပ်ထိုးဖို့ပြောပါတယ်။
ကျွန်တော်စိတ်ထဲကြက်ခြေတောက်ကိုစိတ်ဝင်စားနေပါတယ်။ဆရာကဓါးလေးထုတ်ပေးပြီးကျွန်တော်ကိုကြက်ခြေတောက်ကိုအရေခွံခွာခိုင်းပါတယ်
ကျွန်တော်လည်း အရေခွံကိုတလွှာချင်းခွာတယ်။အကြောလေးတွေဖယ်ထုတ်တယ်။ထူးတယ်ဗျာ ကြက်ခြေတောက်ကနဂိုအတိုင်းပဲ ပြောစရာရှိတာက
ကွေးလိုက်တော့ ဖယောင်းတိုင်အပူပေးထားသလို ကွေးသွားတယ် ကြက်အရိုးက ညီနေတာပဲ။ကြေမွနေတဲ့ အရိုးဗျာ ဆက်နေတယ် ညီနေအောင်ဆက်တာ
တိုင်းရင်းဆေးပညာက အံဩစရာကောင်းလိုက်တာဗျာ။
အိမ်မဲမှာလပြည်ဆိုတဲ့လူငယ်လေးတယောက်ဘိလပ်မြေဖျော်တဲ့အိုးပိပြီးလက်ဖျံရိုးကြေမွသွားတယ်၊ပုသိမ်ဆေးရုံးကိုလွဲပေမယ့်သူဆီလာလို့ကုသပေးလိုက
်တာ၁၅ရက်အကြာမှာအကောင်းပကတိရှိပြီတစ်လအတွင်းမူလအလုပ်ကိုပြန်လုပ်နိုင်ကြောင်းပြောပြပါတယ်။နောက်လှည်းကြိတ်တာ၊သစ်ပင်ပေါ်ကကျတာတွေ ချော်
လဲလို့ကျိုးတာတွေ….အများကြီးကုဖူးကြောင်း။ ပုသိမ်ထုံးဖိုရပ်ကွက်မှာဆေးခန်းဖွင့်ပြီးလူမှားစွာကိုကယ်တင်ပေးဖူးကြောင်း၊အရင်က ရန်ကုန်မြို့သိမ်ဖြူလမ်း
ပီတိဆေးဆန်း(သိမ်ဖြူဈေးနဲ့ စာတိုက်မှတ်တိုင်ကြား)မှာ၂နှစ်ကြာဆေးခန်းဖွင့်ဖူးကြောင်းပြောပြပါတယ်။
ပုသိမ်မှာသူနဲ့ပညာတူအကိုတယောက်ရှိပြီးထုံးဖိုဓါတ်ဆီဆိုင်အနီးမှာကမ္ဘာကျော် အရိုးဆက်ဆိုပြီးဆေးခန်းဖွင့်ထားပါတယ် ဖုန်းနံပတ်က
၀၉-၄၉၇၃၅၀၃ဝပါ လေ့လာသူများလေ့လာနိုင်ပါတယ်လို့ပြောပြပါတယ်။အရိုးကျိုးတာမည်သို့ပင်ကျိုးကျိုးအချိန်တိုနဲ့သက်သာပျေက်ကင်းနိုင်ကြောင်း၊
မိမိတို့မှကုသပေးနိုင်ကြောင်း လူပေါင်းထောင်ချီကုသပေးခဲ့ကြောင်းဆရာထက်ကပြောပြပါတယ်။
မြန်မာ့တိုင်းရင်းဆေး၏တိုးတက်မူကို အချိန်ယူပြီး ကိုယ်တိုင်လေ့လာ တင်ပြလိုက်ရပါတယ်ခင်ဗျား။ ။

10 comments

  • kyawtheinmyint 23

    November 22, 2011 at 2:53 pm

    အရိုးဆက်ကုထုံးက တော်တော်စွမ်းတယ်နော်။ ပြီးတော့ ဖနောင့်အတက်ထွက်တဲ့ရောဂါအတွက် ပျောက်တဲ့နည်းလဲသိချင်ပါတယ် ကျနော်အရင်ကအဲဒီလို ဖြစ်တော့ အရိုးအထူးကုနဲ့ပြပြီး ဖနောင့်ထဲ ဆေးထိုးထည့်လိုက်တာ ကောင်းသွားတယ်. ဒါပေမဲ့ ၂ခါ ၃ခါ ဆေးထိုးဘူးတဲ့သူတွေပြောတာကတော့ ဆေးထိုးကြိမ်ရေများလို့ရှိရင် အထဲမှာဂျပ်ခဲကြီး ဖြစ်သွားရောတဲ့။ တိုင်းရင်းဆေးဗဟုသုတ အတွက်လဲ ကို mg wine ကို ကျေးဇူးတင်ပါတယ်။

  • mipukay

    November 22, 2011 at 4:01 pm

    ဒူးလည်ဖူးတဲ့ဒါဏ်ရာက အခုတင်ပလင်ခွေထိုင်လို ့တောင်မရတော့ဘူး။
    အဲဒါအရွတ်ကဖြစ်တာလား ။ အရိုးကဖြစ်တာလား မေးကြည့်လို ့ရမလား။
    ကုလို ့ရောရလား။ မေးကြည့်ပါရစေ။

  • mg wine

    November 22, 2011 at 7:05 pm

    မေးခွန်းနှစ်ခုစလုံးကိုဖုန်းနဲ့မေးပြီး
    ပြန်လည်ဖြေပေးပါမယ်။ကျွန်တော်တိုင်းရင်းဆေးသင်တန်း
    တက်ရမလိုဖြစ်နေပါပြီ။
    ဆရာထက်ပြောတာကအတက်ထွက်တာဒူးမှာလည်းထွက်တတ်
    ပါတယ်..တဲ့calciumထုံးဓါတ်ပိုလျှံလို့ပါ။ခြေဖနောင့်အတက်က
    ဆေးထိုးပါများရင်side effectဘေးထွက်ဆိုးကျိုးရှိတယ်လို့ပြောပါတယ်
    ဆေးစည်းရုံနဲ့လုံးဝကောင်းပါတယ်။ဆရာနဲ့မကုနိုင်ရင်တောင်ညပိုင်း
    ခြေဖနောင့်ကိုဆားနဲ့၁၅မိနစ်လောက်ပွတ်ပါ။ရေနွေးနဲ့ဆေးပြီးဆောင်းပါးပါ
    လိမ်းဆေးလိမ်းပါ၊ဆေးကြပ်ထုပ်ထိုးပါ၊သက်သာမယ်လို့ပြောပါတယ်ခင်ဗျား။
    ဒူးသမားက အဆစ်ဟပြီး၊အရွတ်ကျုံတာလို့ပြောပါတယ်၊ကုလို့ရပါကြောင်း
    ပြောပါတယ်၊အချိန်တိုတိုနဲ့ကောင်းနိုင်တယ်လို့ထပ်ဆင့်ပြောပါတယ်

  • windtalker

    November 22, 2011 at 9:19 pm

    ဒေါက်တာဝိုင်းရေ
    အရမ်းအကျိုးရှိစေတဲ့ စာမို ့
    ကူးပါရစေ ခင်ဗျာ။
    ( ကိုယ့်မေးလ်ထဲတွင်သာ ဒရပ်ဖ် အနေဖြင့် သိမ်းဆည်းထားရုံမျှသာ ဖြစ်ပါသည် ။ ဖတ်ချင် ပြန်ဖတ် လို ့ရအောင် ပါ ။ )
    တင့်ခရု

  • kyawtheinmyint 23

    November 23, 2011 at 1:52 am

    ကျေးဇူးပါကိုဝိုင်းရေ တိုင်းရင်းဆေးနဲ့ပါတ်သက်ပြီး ကိုဝိုင်းကလဲဝါသနာပါမယ် ဆရာကလဲ ပညာအမွေပေးမယ်ဆိုရင်တော့ သင်ထားသင့်ပါတယ် ဆရာဖြစ်ကုမစားရင်တောင် အခက်ခဲရှိတဲ့သူတွေကို ကူညီလို့ ရတာပေါ့ ။ အပေါ်ကဆေးနည်းလေးကိုလဲ ကူးခွင့်ပြုပါခဗျာ ကျေးဇူးတင်ပါတယ်။

  • kai

    November 23, 2011 at 7:11 am

    ကြက်ခြေတောက်ကနဂိုအတိုင်းပဲ ပြောစရာရှိတာက
    ကွေးလိုက်တော့ ဖယောင်းတိုင်အပူပေးထားသလို ကွေးသွားတယ် ကြက်အရိုးက ညီနေတာပဲ။ကြေမွနေတဲ့ အရိုးဗျာ ဆက်နေတယ် ညီနေအောင်ဆက်တာ
    တိုင်းရင်းဆေးပညာက အံဩစရာကောင်းလိုက်တာဗျာ။

    အရိုးတော့ဆက်သွားတယ်..။ ပျော့သွားတဲ့သဘောပေါ့နော..။
    ကြက်ဥကို ရှာလကာရည်စိမ်ပြီး.. အပူပေးထားတဲ့.. ပုလင်းဝမှာ ပိတ်ထောင်လိုက်ရင်.. အဝကျဉ်းပလင်းထဲ.. ကြက်ဥဝင်သွားတတ်တယ်..။
    ကြက်ဥက ..ကယ်လ်စီယမ်.. ရှာလကာရည်က..အက်စစ်..
    ထိတွေ့ရင်.. ပျော့သွားတတ်ပါတယ်..။

    အခုက.. သက်ရှိ..အရိုး..
    ဘာပဲဖြစ်ဖြစ်.. သေသေချာချာ ဆက်သုတေသန ပြုစေချင်ပါတယ်.။
    ကင်မရာနဲ့ အဆင့်ဆင့်.. ရိုက်ပြီး.. အချိန်နဲ့..မှတ်တမ်းတင်ထားရင်.. အင်မတန်တန်ဖိုးရှိတဲ့..စာတန်းဖြစ်မှာပါ…။
    😆

  • small cat

    November 23, 2011 at 10:42 am

    ကြောင်လေးတို့မြို့မှာ အရိုးဆက် ဆရာတစ်ယောက်ရှိတယ်၊တော်တော်နာမည်ရပါတယ်၊အတော်များများလည်းလာကုကြပါတယ်။
    တစ်ခါက ကျနော်မိတ်ဆွေတစ်ယောက်ခြေခေါက်လဲသွားတာ သူ့ှဆီသွားပြတယ်၊ကျနော့အိမ်မှာတည်းပြီးေးတာ့ ဆေးစည်းတယ်၊ဘာအခန့်မသင့်ဖြစ်သလဲမသိဘူး၊
    အရေပြားတွေလောင်လာတယ်၊အသားပါလောင်တယ်။အဲဒီအနာကိုကျက်အောင်ပြန်ကုရတယ်၊ ဆရာကတော့ ဒါကထုံးစံပဲ၊အထဲကအရိုးကိုအပူနဲ့ လှမ်းစည်းတဲ့အတွက် အပြင်ကအသားကတော့လောင်မှာပဲ၊လူတိုင်းဒီလိုဖြစ်တယ်လို့ပြောပါတယ်။ အရိုးကတော့မကောင်းပါဘူး။ရန်ကုန် အရိုးအထူးကုနဲ့သွားပြီးပြန်ပြရပါတယ်။
    ဒီလိုကောဖြစ်တတ်ပါသလား၊ဘာကြောင့်ဖြစ်ရတာပါလဲ၊မေးပြီးဖြေကြားပေးစေချင်ပါတယ်။
    အဲဒီဆရာကုတာ အခြားသူတော်တော်များများကောင်းသွားကြတယ်လို့ပြောပါတယ်။

  • moethidasoe

    November 23, 2011 at 11:27 am

    အပ်စပ်မယ့်လူ ဆိုရင် အဆင်ပြေပြီး ဝဋ်နာကံနာ ဖြစ်ရမယ့်လူဆိုရင် ဇီဝကတောင်မှ ကယ်လို့ ရမှာ မဟုတ်ဘူး ဆိုတော့ တစ်ယောက်တစ်လေ အပျက်အစီး ရှိနိုင်ပါတယ်

  • mg wine

    November 23, 2011 at 12:29 pm

    ဒီမေးခွန်းကိုကျွန်တော်ဖြေပါမယ်။ဒီကိစ္စကနေရာတော်တော်များ
    များမှာဖြစ်လို့ဆရာ မမေးခင်ကျွန်တော်မေးပြီးခဲ့ပါတယ်
    လောင်တတ်တယ်ဆိုတာသုံးစွဲမူအပေါ်မှာမူတည်ပါတယ်
    အပြင်ကအသားလောင်စရာမလိုဘူးလို့ဆရာထက်ကပြောပါတယ်
    အပူနဲ့စည်းတယ်ဆိုတာကိုလက်တွေ့ပြပါတယ်ကျွန်တော်လက်ကို
    အဲ့ဒီဆေးစည်းပါတယ်လုံးဝမပူပါဘူး။ကျိုးတဲ့လူနာကတော့ပူပါတယ်
    ဆေးမှာပူတဲ့သတ္တိမရှိဘူး။ဓါတ်ပြုမူပေါ်မှာပဲပူတာပါဆရာဆေးစည်းတာ
    လောင်တာမရှိပါဘူး၊အသားနုတဲ့လူတွေအရည်ပြားနီခဲ့ရင်ရှားဇောင်းလက်ပတ်
    ကိုအုံပေးရင်ရပါကြောင်း၊အပူလောင်ရင်တောင်ရှားဇောင်းလက်ပတ်အုံရင်ရပါတယ်။
    ထုံးစံဆိုတာတော့မဟုတ်နိုင်ပါဘူးကျွန်တော်လေ့လာကြည့်တာလောင်တာတော့မရှိ
    ကြပါဘူး။

  • koyinmaung

    November 24, 2011 at 10:00 am

    ကိုဝိုင်းခင်ဗျာ…..
    ကျနော်နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်
    (မချက်ရသေးရင်ကြက်ခြေတောက်ရနိုင်မလားမေးတယ်။
    ကြက်ကလည်းစောစောကမှသတ်တဲ့လတ်လတ်ဆတ်ဆတ်ပါ။
    ဆရာကကြက်သေခြေတောက်ကိုတူနဲ့ကျွန်တော်ကိုထုခိုင်းပါတယ်။
    ကျွန်တော်ကလည်းအားရပါးရထုပါတယ်။ကြေမွလောက်ပြီဆိုမှဆရာကိုပေးလိုက်တယ်၊
    ဆရာက ကြက်ခြေတောက်ကိုဆေးစည်တယ်ဒုတ်ချောင်းထည့်ပြီးကြပ်ကြပ်ကလေးပတ်တီးနဲ့စည်တာပါ။
    ပြီးတော့“ခဏနော်” ဆိုပြီးသူကုစရာရှိတဲ့လူနာကိုဆက်ကုပါတယ်။
    ၁၂နာရီထိုးတော့ ကျွန်တော်တို့ထမင်းစားကြပါတယ်။
    ကြက်ခြေတောက်ကိုဆေးစည်းထားတာကိုပဲကျွန်တော်ကစိတ်ဝင်စားနေမိပါတယ်။
    ဆရာကဓါးလေးထုတ်ပေးပြီးကျွန်တော်ကိုကြက်ခြေတောက်ကိုအရေခွံခွာခိုင်းပါတယ်
    ကျွန်တော်လည်း အရေခွံကိုတလွှာချင်းခွာတယ်။အကြောလေးတွေဖယ်ထုတ်တယ်။
    ထူးတယ်ဗျာ ကြက်ခြေတောက်ကနဂိုအတိုင်းပဲ ပြောစရာရှိတာက
    ကွေးလိုက်တော့ ဖယောင်းတိုင်အပူပေးထားသလို ကွေးသွားတယ် ကြက်အရိုးက ညီနေတာပဲ။
    ကြေမွနေတဲ့ အရိုးဗျာ ဆက်နေတယ် ညီနေအောင်ဆက်တာ)
    ဒီအကြောင်းအရာတွေကကိုဝိုင်းကိုယ်တိုင်ကြုံခဲ့တာလားတဆင့်ပြောတာကိုကြားခဲ့တာလားဆိုတာသိပါရစေ…
    သက်ရှိသတ္တဝါတိုင်းအရိုးကျိုးသွားယင်အဲ့ဒီနေရာကိုဘာမှမလုပ်ဘဲငြိမ်ငြိမ်လေးထားယင်တောင်
    သူ့အလိုလိုပြန်ဆက်နိုင်ပါတယ်…ညီညီညာညာမရှိယင်သာ နေတာပါ
    ခုကိုဝိုင်းပြောသွားတာကသေနေတဲ့အကောင်ရဲ့ခြေထောက်တူနဲ့ထုထားတာ
    ကြေမွနေတာ ဒါကိုပြန်ကောင်းတယ်ဆိုတော့ ဆေးစွမ်းတာလား
    ကုတဲ့သူကတန်ခိုးရှိတာလား….
    နည်းနည်းလောက်ထပ်ရှင်းပြပါလား…လေးစားစွာဖြင့်
    ကိုရင်မောင်

Leave a Reply