ယောက်ျားလေးများ ကြိုက်တဲ့အသီး… :)

loneNovember 22, 20111min24129

ဟိုးရှေးရှေးတုန်းက ပငေါတိုင်းပြည်မှာ ဒညီး လို့အမည်ရှိတဲ့…မင်းသမီးလေးတစ်ပါး ရှိသတဲ့ကွယ်။
အဲဒီ့ မင်းသမီးလေးဟာ အရမ်းကို ချောမောလှပပြီး ကြည့်မြင် ရသူတိုင်း ရင်သပ်ရှုမောဖွယ် အလွန်ကောင်းသူလေးဖြစ်လေသည်။ မင်းသမီးလေးဟာ ဘယ်လောက်ချောမောလည်း ဆိုရင် ကောင်းကင် က နှူးဘာနတ်သားကပင် သူရဲ့ ဘယ်ညာ နတ်သမီး အားလုံးကို မေ့ရလောက်အောင်ပင် ချောမောသူ ဖြစ်ပါသတဲ့။
တစ်ခုရှိတာက ဒညီးမင်းသမီးလေးဟာ တစ်ခြားသူများနဲ့မတူ ငယ်ငယ်ကတည်းက သားငါး မစားသူလေးဖြစ်သတဲ့ကွယ်။ အသီးအရွက်ကိုပဲ နေ့တိုင်းစားသောက်လေသတဲ့ ။ ပငေါဘုရင်ကြီး ရဲ့ တစ်ဥ တည်းသော ရတနာလေးပေါ့ကွယ်။ ဘုရင်ကြီးဟာ တစ်နေ့တစ်နေ့
အသီးအရွက်တွေ မထပ်အောင် ကျွေးမွေးလေသတဲ့။တစ်နေ့သ၌ တိုင်းပြည်က ရှိသမျှအသီးအရွက်တွေ မှာ မင်းသမီးလေးမစားဖူးတာမရှိသဖြင့် အရင်ကကျွေးဖူးတဲ့ အသီးအရွက်တွေကို ပြန်လည် ကျွေးမွေးသတဲ့။ ဒါပေမယ့် မင်းသမီးလေးက အသစ်အဆန်းကို သာ စားချင်တယ်လို့ ဘုရင်ကြီးကို တောင်းဆိုသတဲ့။ ဘုရင်ကြီးမှာ အခက်တွေ့နေတုန်း ကောင်းကင်က နှူးဘာနတ်သား ကသူ့ဘုံနန်းကို လိုက်ခွင့် ပေးပါ။ မင်းသမီးလေးအတွက်လူ့ပြည်မှာမရှိတဲ့ အသစ်အဆန်း အသီးလေးတွေရှိပါတယ် ဟု ဘုရင်ကြီးကို လျှောက်တင်လိုက်လေသည်။ဘုရင်ကြီးမှာလည်း ဒညီး မင်းသမီးလေးကို စိတ်ချမ်းသာစေချင်သဖြင့် နှူးဘာနတ်သားနဲ့ ထည့်ပေးလိုက်လေသည်။ဒါပေမယ့် ရက်သတ္တပတ်တစ်ပတ်သာ နေခွင့်ရှိပြီး ဘုံနန်းကနေဘာမှယူဆောင်လာခွင့် မရှိဟု မိန့်တော်မူလိုက်လေသည်။ အဲ့ဒီ့ ခေတ်က ကောင်းကင် က ပစ္စည်းတစ်ခုယူလျှင် လူ့ပြည်၌အမျိုးသမီးများ ကလေးမွေးရခက်သည်ဟု ပရောဟိတ်ကြီးများက နိမိတ်ဖတ်ထားသောကြောင့်ဖြစ်လေသည်။မင်းသမီးလေးမှာလည်း ဘုရင်ကြီး၏အမိန့်ကိုနာခံပြီး နှူးဘာနတ်သားနဲ့လိုက်သွားလေသည်။ နှူးဘာနတ်သားက သူ့ဘုံနန်းကို ရောက်တဲ့အခါ သူကိုယ်တိုင်ရှာဖွေမျိုးစပ်ထားတဲ့ အသီးပင်တစ်ပင် ကို ပြလေသည်။ မင်းသမီးလေးမှာ အဲဒီ့ အပင်ကို မြင်တာနဲ့ပင်စားချင်စိတ်အလွန်ဖြစ်ပေါ်ပြီး အားပါးတရစားလေတော့သည်။ အိမ်ပြန်ချင်စိတ်ပင်မေ့လောက်အောင် ဒီအသီးနဲ့ပင်နေ့တိုင်းထမင်းစားပြီး နှူးဘာနတ်သားနဲ့အပျော်ကြီးပျော်
နေလေသည်။ ရက်သတ္တပတ်ပြည့် တဲ့အခါမှာတော့ နှူးဘာနတ်သားက မင်းသမီးလေးကို တိုင်းပြည်ပြန်ဖို့သတိပေးလေသည်။ မင်းသမီးလေးမှာ
လည်း ပြန်လည်း ပြန်ချင်သည်။အသီးလည်း သယ်သွားချင်နေလေသည်။ဒါပေမယ့် ဘုရင်ကြီးရဲ့ အမိန့်ကိုလည်း လွန်ဆန်၍မရဖြစ်နေလေသည်။ အဲဒါနဲ့ နှူးဘာနတ်သားက အသီးရဲ့ မျိုးစိတ်ကိုဘုရင်ကြီးမသိအောင်မင်းသမီးလေးခန္ဓာကိုယ်ကအလုံခြုံဆုံးနရာမှယူသွားရန်ပြောလေသည်။လူ့ြ့ပည်ရောက်ရင်ဒီအသီးလေးကို သေချာစိုက်ဖို့လည်း မှာလိုက်လေသည်။ အဲ့ဒီလိုနဲ့မင်းသမီးလေးကို လူ့ပြည်ပြန်လွှတ်လိုက်လေသည်။ မင်းသမီးလေး ကို ပြန်ပို့တဲ့စီးတော်ယာဉ် ဟာ လူ့ပြည်မရောက်ခင်မှာပဲ ဂက်စ် အိုးပေါက်ပြီး ပျက်ကျလေတော့သည်။ မင်းသမီးလေးအတွက် ဘုရင်ကြီးသာမက တစ်တိုင်းပြည်လုံးက ဝမ်းနည်းပူဆွေးကြရလေသည်။ဘုရင်ကြီးက မင်းသမီးလေးကိုချစ်လွန်းသောကြောင့်သူ့ရဲ့ပန်းဥယျာဉ်ထဲမှာပဲ ကောင်းမွန်စွာ မြေမြုပ်သဂြိုလ်စေသည်။ လေးငါးခြောက်လလောက်ကြာတဲ့ အခါမှာတော့ မင်းသမီးလေးကို မြုပ်ထားတဲ့နေရာအလယ်တည့်တည့် မှ အပင်တစ်ပင် ထွက်လာလေသည်။ အဲဒီ့အပင်က သီးတဲ့အသီးကို လည်းတစ်တိုင်းပြည်လုံးကို ဘုရင်ကြီးက စားစေသည်။ အဲဒီ့ အသီးမှာအနံ့တစ်မျိုးပါလာလေသည်။ အဲ့ဒီ့အသီးကို တိုင်းသူပြည်သားများက မင်းသမီးလေးနမည်ကို အစွဲပြုပြီး ဒညီး လို့ပေးခဲ့သည်။ အနံ့တစ်မျိုးပါလာသောကြောင့် ဒညီး အနံ့သင်း တဲ့ ဒညီးသင်း လို့နမည်ပေးခဲ့ကြရာ ယခုထိ ကျွန်ုပ်တို့လူသားများစားသုံး
လျက်ရှိကြလေသတည်း။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်…ရွာသူရွာသားအပေါင်းတို့လည်း နားလည်ကြမယ်ထင်ပါတယ်ကွယ်။… ယခုခေတ်မှာ တော့ ဒညီးသင်း ကို ဒညင်းသီး ဟု ပြောင်းလဲခေါ်ဝေါ်လိုက်ကြပါသည်။ အထူးသဖြင့် အဲ့ဒီ့အသီးကို ယောက်ျားလေးများပိုမိုကြိုက်ကြပါသည်။ lone ရဲ့ အစ်ကို ဝမ်းကွဲတစ်ယောက်နဲ့ lone သူငယ်ချင်းတစ်ယောက်ဆိုလျှင် ဒညီးသင်း အဲ့ ဒညင်းသီး မပါရင် ထမင်းမစားတာတွေ့ရတယ်။
လေးစားစွာဖြင့်
lone… 🙂

29 comments

  • mipukay

    November 22, 2011 at 2:32 pm

    အဲဒါတစ်ကယ်လား ဟီးဟီး
    မယုံရင်ပုံပြင်လို ့မှတ်ရမှာလား

    • lone

      November 22, 2011 at 2:45 pm

      lone ၆တန်းလောက်က ဖတ်ဖူးတဲ့ပုံပြင်လေးကို ကိုယ့်ဘာသာကိုယ် ပြန်ကိုးကားပြီး ဟာသအနေနဲ့ရေးထားတာပါ။…တကယ်မဟုတ်ပါဘူး…. 🙂

  • amatmin

    November 22, 2011 at 2:32 pm

    အသီးလေးကို..မင်းသမီးလေးခန္ဓာကိုယ်ကအလုံခြုံဆုံးနရာမှယူသွားရန်ပြောတယ်ဆိုတဲ့ နေရာလေးမှာ
    အရမ်းကိုစိတ်ဝင်စားသွားပါတယ်..
    ဒါပေမဲ့ ဒညီးသင်း ဆိုတော့ ..ကြိုက်တော့ဝူး..:)

  • ပေါက်ဖော်

    November 22, 2011 at 2:38 pm

    မန်းလေးက ကျောက်သထေး တစ်ယောက်တော့ ဒညီးသင်း တော်တော်ကြိုက်တယ်ဆိုပဲ
    ဘီယာနဲ ့မြည်းတယ်ဆိုလားပဲဗျ.

    နှူးဘာနတ်သားတွေဖြစ်တဲ့..ဂီနှူးဘာတို ့၊စည်နှူးဘာတို ့၊တီနှူးဘာတို ့..ကတော့
    မကြာခင် ကြွလာပါလိမ့်မယ်..
    အသီးစားချင်ရင်တော့..ကျွန်ုပ်တို ့.နှူးဘာနတ်သားများ အခြေစိုုက်ရာ..သီရိမင်္ဂလာဈေး..
    သိမ်ကြီးဈေးအောက်၊ခရေပင်အောက်တို ့မှာ လာရောက်သုံးဆောင်နိုင်ပါကြောင်း
    ပုံ
    နှူးဘာဂိုဏ်းချုပ်
    ငဖော်ရီး

    😆

    • inz@ghi

      November 22, 2011 at 2:44 pm

      ဘာယောက်ျားများ ကြိုက်တဲ့အသီးလဲ ….
      ညှညှတတ ကျော မှာပေါ့

      အဲ့ဒညီးသင်းကို သဲထဲမြှုပ် အညောက် ထွက်အောင်ထားပီးမှ
      ဒညက်ဝင်း ဆိုပီး ဖော်စားကြတဲ့ မမတွေ ပေါမှပေါ
      ဒညီးသင်းကိုပဲ နူးနေအောင်ပြုတ် …တူလေးနဲ့ ပြားပြားလေးဖြစ်အောင်ထုပီးမှ
      အုန်းနို့ ဆမ်းစားကြတဲ့ တီတီဝဝဂျီးဒွေလည်း ပေါမှပေါ 😀

      ယောက်ျားတွေလည်း ကြိုက်ဝူးတော့ ဟုတ်ပါဝူး
      ကြိုက်တဲ့လူတွေကြိုက်ကြပါဒယ်..
      ဒညီးသင်း အလုံး၅ဝပြုတ်ပီး အရက်နဲ့ မြည်းလိုက်တာ
      ဆေးရုံရောက်သွားတဲ့ ဂီ့ဘော်ဒါ တကောင် တွေ့ဖူးလို့ပါ 😛

      ပုံဂီနှူးဘာ

      • lone

        November 22, 2011 at 2:49 pm

        ဒညက်ဝင်း က ဒညီးသင်း လောက်အနံ့မဆိုးဘူးလေ…သူက တိုက်ရိုက်ပေါက်တာမဟုတ်ဘူး..သွယ်ဝိုက်ပေါက်တာဆိုတော့ အနံ့ အဲ့လောက်မဆိုးဘူး..

  • etone

    November 22, 2011 at 3:03 pm

    မိလုံးကတော့ လုပ်ပြီနော် …
    ကောင်လေးတွေတခြားအသီး ကြိုက်မကြိုက်တော့ မသိဘူး .. အုန်းသီးတော့ကြိုက်ကြတယ် … ချိုလို့ထင်ပါ့ 😆

  • အီးတီ

    November 22, 2011 at 6:26 pm

    ဒညီးသင်းကြီး ကြိုက်ဖူး။ မင်းသမီးလေးကလည်း တခြားနာမည်မှည့်တာ မဟုတ်ဘူး။ အပေါ်က ဒေါ်အိတုန်ကတော့ အုန်းသီးကြိုက်တယ်တဲ့။ ချိုတယ်ဆိုဘဲ 😆

  • ကိုရင်စည်သူ

    November 22, 2011 at 6:49 pm

    ဒညင်း..သီး.. ကြိုက်ဝူး..
    တားတား..က အဝှာသီးမှ ကြိုက်တာ..
    အဝှာလေ.. မေ့နေလို့..
    အော်..
    ဒရင်းသီးပြောဒါဘာ… 😉 😉 😀

  • “ဘီလူးကြီး”ogre

    November 22, 2011 at 7:03 pm

    ဒညီးသီးက
    ဒါ့ကြောင့် ဒီလောက်အနံ့ပြင်းတာကိုဗျ
    အင်းသေချာတွေးကြည့်မှ ပေါက်ရောက်ရာဒေသကိုလိုက်ပြီး
    အနံ့ပြင်းတာဖြစ်ရမယ်လို့ စဉ်းစားမိတွားတယ် ဂယ်ပဲ ချားချင်စိတ်ကုန်တယ် 🙂

  • windtalker

    November 22, 2011 at 9:13 pm

    မန်းတလေး မြို ့က
    မိုးကုတ်ရွှေတုတ် ရဲ ့ရှူးရှဲလဘက်သုပ် ကို သူတို ့ဆိုင်မှာ ရောင်းတဲ့ ကချင်ဘက်ကလာတဲ့ ဒိန်ညင်းသီး ၂ လုံး လောက်နဲ ့အုပ်လိုက်ရလို ့ကတော့
    ရှူးရှဲ ရှူးရှဲ နဲ ့လျှာလည် သွားမှာ အမှန်ပါဘိ

  • Don Juan Ronald

    November 22, 2011 at 9:33 pm

    ကျနော်တို့ကချင်ပြည်နယ်မြင်ကြီးနားမြို့ကဒညင်းသီးဆိုတကယ်ကောင်း၊
    ရန်ကုန်ဆင်းရင်အမြဲပါတဲ့လက်ဆောင်၊
    မစားရတာသိပ်ကြာသွားပြီ၊
    ခံတွင်းထဲမှာသွားရည်နှင့်ပြည့်လျှံနေပြီ။
    ဂလု……ဂလု……..ဂလု

  • naywoonni

    November 22, 2011 at 10:01 pm

    အဲဒိအသီးနဲ့ ဘီအီးတွေ့လိုက်လို့ကတော့ ကိုယ်ခန္ဓာ ကိုယ်က ထွက်သမျှ အကုန် နံပါကြောင်း…..။ မောင်ပေနဲ့ ဖောက်ဖော်ကိုမေးကြည့်ပါလား……………….။ ဒါပေမဲ့ အဒိအသီးကို ဆီးဒုက္ခ မပေးအောင် စားသင့်ပါကြောင်း………..။ ဒညင်းသီး ပြုတ်ကို အခွံသင်ပြီး ထက်ခြမ်းခြမ်း အစေးများပြောင်အောင် ရေဆေးပါ….။ တစ်ခြမ်းစီက အစေ့ညှာလေးတွေကို ဖယ်ရှားပြီး စားပါက ဆီးမအောင့်တတ်ပါ…….။ ဒီအတိုင်း ဒညင်းသီးပြုတ်အိုးကို ဒီအတိုင်း ခွစားနေလို့ကတော့ ဆီးအောင့်တတ်ပါကြောင်းးးး………….။

    • ပေါက်ဖော်

      November 23, 2011 at 11:47 am

      ဝှီး..
      ဖတ်ရတာတောင် နံတယ်..ဘိုနေ ရေ့..
      ဘီအီးနဲ ့..ဒညီးသင်းနဲ ့ ဆွဲလာပြီး လာရေးသွား သလား အောင့်မေရတယ်..
      😆

  • cobra

    November 23, 2011 at 12:40 pm

    အဲဒါကြောင့်
    အလုံခြုံဆုံးနေရာက အနံ ့နဲ ့
    ဓညင်းသီးက အနံ ့ နဲ ့က
    တူနေတာကို………….
    ဧကန်ဏတော့
    အလုံခြုံဆုံးနေရာကအနံ ့က
    နှာဘူးနတ်သားပေးလိုက်တဲ့အသီးမှာဆွဲသွားတာ
    ဖြစ်ဖို့များတယ်
    ဟုတ်တယ်ဟုတ်
    🙂

    • lone

      November 23, 2011 at 4:36 pm

      အလုံခြုံဆုံးနေရာက အနံ့နဲ့ ဒညင်းသီးနံ့နဲ့တူတယ်လို့ cobra ဘယ်လိုသိလဲ…:P

      • စုံ စုံ

        November 23, 2011 at 4:48 pm

        cobra ဘယ်လိုသိမသိတော့မပြောတတ်ဘူး
        အနံ့၂ခုတူတယ်ဆိုလို့ ဒညင်းသီးတောင်မစားချင်တော့ဘူး
        တော်ပြီ ဒညင်းဝက်ဘဲစားတော့မယ် 😛 😛

        • cobra

          November 25, 2011 at 11:46 pm

          အော် လုံးရယ်…
          ကျွန်တော်တို့လိုဆယ်ကျော်သက်တွေက
          အရာရာကိုစူးစမ်းချင်ကြတယ်လေ
          ကျွန်တော်လည်း စူးစူးလေးစမ်းထားတာပေါ့
          သိတယ်ဟုတ်……

  • ကြောင်ကြီး

    November 23, 2011 at 12:41 pm

    ဒညင်းသီးကို
    ငါးမြင်းအီးနဲ့
    တထောကြီး
    ရောတီးတာ
    အပြောကြီးတဲ့
    စမောလ်သမီး
    သဘောမနီး
    ဗျောတီးသွားတယ်
    တောသဂျီးရေ…။ 😆

    • lone

      November 23, 2011 at 4:46 pm

      ဦးကြောင်ကြီးက လည်း ဘာတွေပြောမှန်းမသိ…
      နှူးဘာကြီးနဲ့လည်း အမျိုးတော်ဖူးလားမသိ…
      ယောက်ျားမှာ နှစ်မျိုးပဲရှိတယ်…ဂန္မူးမဟုတ်ရင်အာလူးသာရွေး ဒါကိုပြောစရာလည်းပြော…ကြည့်ကျပ်ပြီးဖောတာဖော…

  • ဆူး

    November 23, 2011 at 4:50 pm

    တညင်းသီး ကတော့ များများ စားရင် ကျောက်ကပ်မှာ ပြသနာ ဖြစ်ပြီး ဆီးအောင့်တာ ဆီးမသွားနိုင်တာတွေ ဖြစ်နိုင်တယ်။ စားတော့ စားပေါ့ ချင့်ချိန်ပြီးတော့ စားသင့်တယ်။

  • PHYOGYI86

    November 24, 2011 at 4:05 pm

    တညင်းသီးရဲ့ အရသာက စားလို့အရမ်းကောင်းပါတယ် … ဒါပေမယ့် စားပြီးလို့ ပြန်ထွက်လာတဲ့ အနံ့က ဆိုးလွန်းတော့ ကြိုက်ပေမယ့်လည်း နောက်ပိုင်း မစားတော့ဘူး … ရှောင်တယ် … 😀

  • လင်းဝေကျော်

    November 24, 2011 at 5:04 pm

    အီးတုံး ရှင်းပါဦး။
    အုန်းသီးကို ယောကျာ်းလေးတွေဘာဖြစ်လို့ကြိုက်တာလည်း။
    အေကေကေအို အကြိုက်က အဲဒါဖြစ်မယ်။
    အုန်းသီးနှစ်လုံး …. အီးတစ်တုံး… တစ်လုံးခေါင်းပေါ်တင် တစ်လုံး…

    • ဆူး

      November 24, 2011 at 5:26 pm

      တစ်လုံး ခေါင်းပေါ်တင် နှစ်လုံး ဖင်ခုထိုင်..
      တစ်လုံး တည်းက ပြုတ်မကျ..
      အဲဒါ အီးတုံးကွ.. ဟိဟိ

  • pasi

    November 25, 2011 at 5:08 pm

    မင်းသမီးလေး နတ်ပြည်တက်သွားကတည်းက ရေမချိုးဘူးဆိုတော့ဖြစ်နိုင်တယ် နတ်ပြည်တစ်ပတ်ဆို တော့ အင်း တော်တော်လေးအနံ့အသက်ကောင်းနေပြီပေါ့ ငပိရည်ကျိုအနံ့လေး ဟိဟိ ထည့်ထားတဲ့နေရာလေးဝင်ဆွဲလိုက်လို့ကတော့ (အမေက ငပိရည်ကျိုကိုကြောင်အိမ်ထဲထည့်ထားတတ်လို့)
    ရှလွှီး… ရှလွှီး

  • zawminthant

    November 25, 2011 at 7:37 pm

    နောက်ဆို မစားတော့ ပါဘူးဗျ။ လူမမြင်အောင်ဘဲ စားတော့မယ်။

  • သော်ကြီး

    November 25, 2011 at 8:00 pm

    ဒညီးသင်းကို ဥပါဒ်မဖြစ်အောင်စားချင်ပါက ဒညီးသင်းပြုတ်သောအိုးထဲတွင် ဒညီးသင်းနှင့်အတူ ရောမ ထညက်ခဲ ( ရောမကလာသောထညက်ခဲမဟုတ်ပါ) မြန်မာပြည်တွင်ပြုလုပ်သော ( ဝရောမ ) ဟုခေါ်သော ထညက်ခဲနှင့် နာနတ်သီး အခွံ ကို ထည့်ပြုတ်ပါက ရောဂါဘယများ အဖြစ်နည်းတတ်ပါကြောင်း၊ ဒညီးသင်း စားပြီး နာနတ်သီး စားပါက အနံ့အသက်များ ပျောက်ကင်းကြောင်း၊ ဆီးကျဉ်ခြင်းများ၊ ဆီးအောင့်ခြင်းများ ဖြစ်ပွားခြင်းမှ ကင်းဝေးပါကြောင်း ဒညီးသင်း ကြိုက်သော ကိုကိုများ၊ မကြိုက်ဘူးဟု ပြောသော ( ကွယ်ရာမှ တိတ်တခိုး မမများကို ) သတင်းကောင်းပါးလို်က်ပါတယ်။ မယုံရင် စမ်းကြည့်လိုက် ။ မာမီသော်ကွ။

  • ဒညင်းသီးက သုံးခါနံ တဲ့အသီးလေးပါ.
    မစားခင်လဲနံ
    စားတုန်းလဲနံ
    စားပြီးတော့လဲနံ
    ဒါပေမယ့်လည်းစားကြတာပါဘဲ။

  • cryingsoul

    November 26, 2011 at 2:54 pm

    ကျွန်တော်လဲယောကျာင်္းလေး ပါဗျာ ဒါပေ.မယ်မစားပါဘူး အနံကိုမကြိုက်လို. ပါ

Leave a Reply