ဘုရင်တစ်ပါး၏ ချစ်ခြင်းတရား အပိုင်း (၆)

SonnyNovember 22, 20113min15418

6

——————————–

The King is Dead! Long Live the King!

ဘုရင်ကြီး(အက်ဒဝပ် ဖခင်) နန်ရွာစံ၊ ဘုရင်လေး သက်ကျော်ရာကျော်ရှည်စေသော်

In January 1936 Edward went to Windsor for a few weeks. He was tired of town life and he wanted to work in his garden and ride his horses.

၁၉၃၆ ခု၊ ဇန်နဝါရီ လမှာ၊ အက်ဒဝပ် က ဝင်ဆာ ရဲတိုက် ကြီး မှာ သီတင်းပတ် အနည်းငယ် အနား သွား ယူခဲ့ပါတယ်။ မြို့ ကြီးပြကြီး ဘဝနေမှု့ ကိုး ငြီး ငွေ့ လို့ပေါ့။  ဥယျာဉ်မှုး အလုပ်တွေလုပ်၊ မြင်းစီး ဒါတွေပဲ လုပ်နေခဲ့ပါတယ်။

But then, one afternoon, there was a phone call from Queen Mary. “Edward,” she said, “you must come back immediately. Your father is very ill and I think he’s gong to die.”

အဲဒီမှာ အနားယူနေတုန်း…သူ့မယ်တော်..ဘုရင်မကြီးမေရီ ဆီက နေ ဖုန်းလာပါတယ်။ “သားတော်…ဖခမည်းတော် အတော် အသည်းအသန် နေမကောင်းဖြစ်နေတယ်…ချက်ခြင်းပြန်လာခဲ့နော်..မယ်တော့်အထင်တော့ နတ်ရွာစံခါနီး ပြီထင်တယ်..”

When Edward arrived, he went straight to his father’s room. He waked to the side of the bed and kissed his father’s white face. The King opened his eyes and smiled. Then he took his son’s hand and said: “Be a good King. Edward. And be good to your mother.”

“Yes, father, I will.”

အက်ဒဝပ် နန်းတော်ကို ရောက်ရောက်ချင်းပဲ သူ့ခမည်းတော်ရဲ့ အခန်းထဲ တန်းဝင်သွားပြီး၊ သူ့ခမည်းတော် အိပ်စက်ရာ ကုတင် ဘေးမှာသွားပြီး ခမည်းတော် ရဲ့ ဖြူလျော်လျော် ဖြစ်နေရှာ တဲ့ မျက်နှာ ကို နှုတ်ဆက် နမ်း လိုက်ပါတယ်။ ဖခမည်းတော်ဘုရင် ကြီးကပြုံးရှာတယ်။ ပြီး..သားတော်ရဲ့လက်ကိုဆွဲယူပြီး..ပြောတယ်

 “ သားတော် မင်းကျင့်တရားဆယ်ပါးနဲ့ ညီတဲ့ ဘုရင်တစ်ပါးဖြစ်အောင်ကြိုးစားနော်..မယ်တော် ကိုလည်း ဂရုစိုက်နော်..”

“စိတ်ချပါ ဖခမည်းတော်”

The King closed his eyes and did not speak again. Just after midnight he died.

ဘုရင်ကြီးက မျက်လုံးအသာမှိတ်သွားပြီး..စကားဆက်မပြောတော့ပါဘူး…ညလယ်

ကျော်ကျော်လောက်မှာ ဘုရင် ကြီး နတ်ရွာစံရှာပြီ။

Then Queen Mary took Edward’s hand and kissed it. “My child, you are King,” she said softly.” “God be with you.”

ဒါနောက် ဘုရင်မကြီး က သားတော်ကို လက်ဆွဲပြီး..အားပေး နမ်းလိုက်ပါတယ်။ “သားတော်..အခုသားတော် ဘုရင်ဖြစ်သွားပြီနော်..ဘုရားသခင်က စောင့်ရှောက်ပါစေကွယ်…” လို့ တိုးညှင်းစွာပြောလိုုက်ပါတယ်။

His three brothers came to him, one by one, they each kissed his hand, and “The King is dead. Long live the King,” they said.

အက်ဒဝပ် ရဲ့ညီတော် သုံးရောက် တစ်ယောက်ပြီး တစ်ယောက် ဝင်လာပြီး အက်ဒဝပ်ကို ဂုဏ်ပြု နှုတ်ဆက်နမ်း ရင်း.. “ ညီတော် ဖခမည်းတော်လည်းနတ်ရွာစံ ပြီ။ နောင်တော် ဘုရင်မင်း သက်ကျော်ရာကျော်ရှည်ပါစေသော်..”

At one o’ clock, Edward left the room to telephone Wallis, “My father is dead,” he said.

နံနက် နှစ် နာရီ လောက်မှာ အက်ဒဝပ် က ဝေါလစ် ကိုဖုန်း ဆက်ပြောလိုက်ပါတယ်။ “မောင်တော့် ဖခမည်းတော် နတ်ရွာစံသွားပြီ။”

“I’m so sorry, Sir.”

“စိတ်မကောင်းဖြစ်ရပါတယ် ရှင်..”

“I must stay here for a while,” Edward went on. “But I’ll phone you at the weekend. Nothing will change between you and me. I love you more than ever, and you’ll be my Queen.”

အက်ဒဝပ်ကဆက်ပြီးပြောတယ်..

“မောင်တော် နန်းတော်မှာ ပဲ ဆက်နေရမယ်။ စနေ တနင်္ဂနွေရောက်တိုင်းဖုန်းဆက်မယ်နော်..

ဖခမည်းတော်ဆုံးပေမဲ့  မောင်တော်နဲ့နှမတော် တို့ နှစ်ဦး ကြား က တော့ ဘယ်အရာမှ ပြောင်းလဲမသွားဘူးနော်..အရင်ကထက်တောင် ချစ်မေတ္တာ ပိုလို့လာပါတယ်။ နှမတော် ဟာလည်း မောင်တော့်ရဲ့ ဘုရင်မ တစ်ယောက်ဖြစ်လာရမှာ ပေါ့။”

“Let’s not talk about that now,” Wallis replied. “You must go back to your family.”

ဝေါလစ်က.. “မောင်တော် ဒီအကြောင်းတွေ  အခုလောလောဆယ် မပြောကြရင်ကောင်းမယ်ရှင်…မိသားစုဆီကို သာ ပြန်နေပါအုံး။”

“But you are my family, Wallis. You are everything to me. Good night. Sleep well.”

“ဒါပေမဲ့ ဝေါလစ်က ကိုယ့် ရဲ့ မိသားစု ဝင်ပဲလေ..နှမတော် ဟာ ကိုယ့်ဘဝ ရဲ့ အရာအားလုံးပါ။ ကောင်းသောညပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ကောင်းပါစေ။”

When Wallis put the phone down that night, she suddenly felt afraid. “Edward is now King,” she thought, “but what will happen to me?”

အဲဒီည…ဝေါလစ်ဖုန်းဆက်ပြီးနောက်..ကြောက်ကြောက်နဲ့ တွေးမိတာကတော့…….

“အက်ဒဝပ်ကတော့ ဘုရင်ဖြစ်သွားပြီ။ ငါ့မှာရော ဘာတွေဆက်ဖြစ်ဦးမည်လဲ။..”

 

အပိုင်း (၇) ဆက်ရှုကြအုံးနော်  ဘုရင် ကြီး “အကွဲတွေ သဲ တော့မယ်”

အသည်းကွဲဘူးတယ်မဟုတ်လား…..ချစ်ခြင်းအားဖြင့်…ကိုဆန်နီ….

 

 

18 comments

  • Sonny

    November 22, 2011 at 2:04 pm

    မင်္ဂလာပါခင်ဗျာ…ဝေါလစ်ရဲ ဖိုတိုတွေ.ခရစ်ယာန်ဂိုဏ်းချုပ်ကြီးရဲ့ပုံ..တွေတင်ကြည့်ပါတယ် တင်မရပါ။ဘယ်နည်းနဲ့တင်ရင်ကောင်းမလည်း အကြံပြုကြပါ
    မင်းကျင့်တရားဆယ်ပါးလည်းတင်ပြလိုက်ပါသည်။
    မင်းကျင့်တရားဆယ်ပါး
    ဒါန၊ သီလ၊ ပရိစ္စာဂ=မင်းမှု့ထမ်းတို့အားရိက္ခာထောက်ပံ့ခြင်း။
    အဇ္ဇဝ=ပြည်သူကိုမလိမ်ဘဲဖြောင့်မတ်ခြင်း။
    မဒ္ဒဝ=နူးညံ့ခြင်း။
    တပ= ခြိုးခြံစွာကျင့်ခြင်း၊ တစ်လလေးကြိမ်ဥပုသ်စောင့်ခြင်း။မေတ္တာပွားခြင်း။
    အကောဓ=အမျက်မထွက်ခြင်း။
    အဝိဟိ ံသ= မညှင်းဆဲခြင်း။
    ခန္တီ = သည်းခံခြင်း။
    အဝီရောဓန = ပြည်သူ၏အလိုဆန္ဒနှင့်မဆန့်ကျင်ခြင်း။
    (မြတ်ဗုဒ္ဓ ဟောကြား) မေတ္တာရှင်ရွှေပြည်သာ ရေးသော (လူဖြစ်ရခြင်းရဲ ့အဓိကရည်ရွယ်ချက်) နှာ(၁၀)

    ိချစ်ခြင်းအားဖြင့်..ကိုဆန်နီ

  • ပေါက်ဖော်

    November 22, 2011 at 2:28 pm

    ဆရာဆန်ရေ
    ပုံတွေကတော့ အရင်နည်းနဲ ့ပဲ တင်ကြည့်ပေါ့..
    အရင်က ရပြီး ခုမရတာ ကိုးနတ်ရှင် ဝင်နှောင့်လို ့..ပဲမှတ်..
    နောက်အပိုင်း..ဘုရင်ကြီးအတဲကွဲတော့မယ်ဆိုပါလား……
    ဖတ်ရဲဘူး..ငိုချင်လာဘီ..ရွှတ်..ရွှတ်..

    😆

    • Sonny

      November 22, 2011 at 10:32 pm

      ဆရာကိုပေါက်ဖေါ်
      မင်္ဂလာပါနော်…အရင်အတိုင်းလှနေတယ်..ဆံပင်တွေအတိုတော့မထားပါနဲ့ ဆိုတဲ့ ကိုထူးအိမ်သင်
      သီချင်းလိုပဲ..အရင်အတိုင်းတင်တာပဲ။။မရဘူး။ အခု ဆရာခိုင်ကပြောတယ် အက်ဒစ် လုပ်ပြီးပြန်တင်ကြည့်တဲ့။ စမ်းလိုက်အုံးမယ်လေ။ အလကားနောက်တာ ဘုရင်ကြီးက အချစ်ကိုကိုယ်းကွယ်တာ။။Heart rules head. ပေါ်လစီသုံးတာ။ရင်ညိမ်းပွင့်လေးလောက်တော့မဆိုးရှာဘူး။ကိုပေါက်ရဲ့ငိုချင်ရက်လက်တို့များလား။။
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ…..

      • inz@ghi

        November 22, 2011 at 11:16 pm

        အိုင်ဆေး ကိုဆန်နီရေ…
        ဆြာ့ ကို ချစ်ခြင်းအားဖြင့် ဆိုတဲ့ ဆစ်ဂနေချာ ကိုကြည့်ကတည်းက ကိုငှက် ပိတ်သတ်မှန်း
        တွေးမိနေတာ … ခုတော့ ကိုငှက် သီချင်းလေးပါ ညည်းပြနေပီနော့်…
        ဖတ်ဖြစ်ပေမယ့် ဆြာ့ကို အားဖြစ်စေအောင် ကွန်းမန့်လေးတောင်
        မမန့်ဖြစ်ခဲ့လို့ ပျက်ကွက်မှုတွေ ရှိတဲ့ ဂီဂီ

        ချစ်ခြင်းအားဖြင့်
        ဂီဂီ…

        • Sonny

          November 23, 2011 at 1:53 pm

          ကိုအင်ဇာဂီရောသီချင်းဆိုလည်းကြိုက်မှာပါ။ ( laughing and smiling)
          တစ်ခါတလေ သီချင်းညီးရင်းအချိန်တွေကုန်ရတာ ကောင်းတယ်Kill the time ပေါ့
          ကိုငှက်ရော
          ကိုလေးဖြူရော
          ကိုအငဲရော
          မျိုကြီးရော အားပေးတယ် အနှစ်သာရရှိတဲ့ သီချင်းတွေများတယ်။ သူတွေက
          ပရိတ်သတ်ကိုမညာဘူး လေးဖြူက ကျွန်တော် နဲ့ တက္ကသိုလ်တက်တက်နှစ်အတူတူပဲ
          ထင်ပါတယ်။
          ချစ်ခြင်းအားဖြင့် …. ကိုဆန်နီ

        • inz@ghi

          November 23, 2011 at 2:06 pm

          အစ်ကိုရေ….

          အစ်ကိုက ကိုလေးနဲ့ အတူ မမေ့နိုင်မယ့် ၈၅မန္တလေးညတွေ
          ဖြတ်ကျော်ခဲ့မယ် မဟုတ်လားဗျာ …

          ဆြာ ပေါ်ဦးသစ် တော့ မဟုတ်ပါဘူးနော်…
          ငယ်ဘဝ ဂီတ အကြောင်းလေးတွေ ရေးပြပါဦးဗျာ
          ကျနော်တို့ လူငယ်တွေ အတွက် ဗဟုသုတပါ …

          အစ်ကို့ စာစုလေးနဲ့ ပါတ်သတ်ပီး မန့်ရရင် ….
          သည် ထဲက character တွေဟာ
          King Henry VIII and Catherine of Aragon တို့ခေတ် နဲ့ သိပ်မကွာဘူးထင်တယ်ဗျ..
          ကျနော်က သမိုင်းလေ့လာအားနည်းတော့ ဆက်စပ်မှုလေး
          နည်းနည်း ရှင်းပြပေးပါဦးလားဗျာ..

          ကျေးဇူးပါ

  • kai

    November 22, 2011 at 4:38 pm

    ပုံလေးတွေ ပြန်တင်ကြည့်ပါနော…။
    Edit လုပ်ပြီး ပြန်တင်လို့လည်း ရပါပြီ..။

    မင်းကျင့်တရား ၁ဝပါးပါ ထည့်လိုက်တေ့ာ.. တမျိုးတော့ဖြစ်သွားတယ်..။
    စိတ်ထဲ.. မင်းကျင့်တရားနဲ့ အုပ်ချုပ်ပါတယ်ဆိုတဲ့.. မြန်မာပြည်ကဘုရင်ကို.. သိမ်းပိုက်ကျွန်လုပ်လိုက်တဲ့.. အင်္ဂလန်ကဘုရင်ဆိုတာလေး.. တွေးမိသွားလို့…။ 🙂

    • Sonny

      November 22, 2011 at 10:19 pm

      အကိုခိုင်ရေ…
      မင်္ဂလာပါ…edit လုပ်ကြည့်လိုက်မယ်နော်…ဒီရက်ပိုင်း connection သိပ်မကောင်းဘူး..
      ဟုတ်ပါတယ် မြန်မာနိုင်ငံကို သူ့အဖေ (Edward’s) George သိမ်းခဲ့တာထင်တယ်..နောက်ပိုင်းကျရင်အဲဒီအကြောင်းနဲနဲပါတယ်။ မင်းကျင့်တရားနဲ့ညီတဲ့ အာဏာရှင် သို့မဟုတ် ဘုရင်တော့ခပ်ရှားရှားပါလေ..တစ်ချက်လောက်တော့ငြိကြတာပဲဗျ.နော်..
      i will give it a try to editing, thank u. Take care, sir.
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ……

    • thit min

      November 23, 2011 at 5:41 am

      Be a gentleman ဆိုတဲ့စကားလိုပါဘဲလေ
      Be a good King ဆိုတဲ့စကားက ဘယ်သူမဆိုသိတဲ့စကားလေးပါ။
      သူ့မှာရည်ရွယ်ချက်ရှိလို့ ဇွတ်လုပ်လိုက်တာလို့ထင်ပါတယ်။
      ဟဲ့ နင်တို့များ ဟိုဘက်အိမ်က ကလေးတွေနဲ့ ကွာလိုက်တာ…..
      လို့ မိခင်ကသူ့ သားသမီးများကိုမြည်တွန်တောက်
      တီးသော လေသံဖြင့် Be a good King ကိုမင်းကျင့်တရား ဆယ်ပါးလို့ ပြောလိုက်တာဟု ယူဆရပါကြောင်း။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
      ဟလို ဆရာဆန်နီ ရေ
      အကိုက ပျောက်ဆုံးသွားသော “အဘဆွေ “များဖြစ်နေမလားဘဲ။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

      • Sonny

        November 23, 2011 at 2:02 pm

        အကိုသစ်ရေ
        မင်္ဂလာပါနော်
        ကျွန်တော် စာသင်ပါတယ် အင်္ဂလိပ် စာ သင်ပါတယ် အဘဆွေ မဟုတ်ဘူးခင်ဗျ
        သားအသက်က လေးဆယ်ကျော်ပြီ..ဟို..သွားဖို့ ခြေတစ်ဖက်လှမ်းနေပြီ..ဟား ဟား
        just kidding, man!!!
        မင်းတုန်းမင်း တို့ သီပေါမင်း တို့နေခဲ့တဲ့မြို့မှာ နေပါတယ်။
        ကျွန်တော်လည်း မင်းကျင့်တရားဆယ်ပါး ကို ကြိုက်တာ နဲ့ b a good king ကို ကိုယ်လိုရာ ဆွဲပြန်လိုက်တာ
        အကိုရေ…ချစ်ခြင်းအားဖြင့်…ကိုဆန်နီ။။

  • MaMa

    November 22, 2011 at 6:48 pm

    လူတစ်ယောက်ရဲ့ နေရာဌာန၊ ဂုဏ်ထူးအဆင့်အတန်းကို လိုက်ပြီး ခံစားချက်၊ ခံယူချက်တွေလည်း အများကြီး ခြားနားသွားတယ်လို့ ထင်မိတယ်။ ရိုးရိုးလူသာမန်တွေမှာဆိုရင် ဖခင်တစ်ယောက်ဆုံးရှုံးတဲ့အခါ ဝမ်းနည်းပူဆွေးမှုကို ပိုအလေးထားပေမယ့် ရှင်ဘုရင် မင်း ဖြစ်တဲ့အခါကျတော့ အာဏာအလွဲအပြောင်းက ပိုအရေးပါနေသလိုပဲ။ 🙁

    • Sonny

      November 22, 2011 at 10:26 pm

      ဟုတ်ပါတယ် မမ ရေ…
      နေရာဌာန၊ ဂုဏ်ထူးအဆင့်အတန်း၊အာဏာ ဒီသုံးကောင်မွှေနေတာပါပဲ။
      အာဏာ သုံးပြီး မမွှေတဲ့ အက်ဒဝပ် မို့သာပေါ့။ ကြည့်ပါလား ဖခင်သေတာတောင် ညီတော်ဘုရင်ဖြစ်မဲ့သူ ကို Congratulatory Kiss ပေးသေးတယ်။ သူတို့ ဓလေ့လည်းဖြစ်လို့နေမှာပါ။ ဒါပေမဲ့ အက်ဒဝပ် အာဏာမရူးဘူးဗျ..ဒီကောင်အချစ်ရူးတာ..
      ကျေးဇူးပါ
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ..

  • ကိုရင်စည်သူ

    November 22, 2011 at 11:32 pm

    ကိုဆိုနီး ဘာသာသေချာပြန်ပေးလို့
    ကျနော့် အင်္ဂလိပ်စာ စကေးနည်းနည်းတက်သွားပါတယ်..
    ကျေးဇူးပါခင်ညာ… နောက်ထပ်ရေးပေးပါ။
    တောင်ဆိုပါတယ်…

    • Sonny

      November 23, 2011 at 2:10 pm

      ကိုရင်စည်သူ
      ဒကာ ဆန်နီ စာပြန်လိုက်ပါတယ်နော်
      အင်္ဂလိပ်စာရော ဗမာစာရေ မပြတ်စေနဲ့ ဖတ်ပြီးရင်းဖတ် မှတ်မိပေ့စေ။
      အခု အင်္ဂလိပ်စာ က Lower Intermediate လောက်ပဲ ရှိတာ ကိုရင် အတွက်လွယ်မယ်ထင်တယ်
      နောက်..ဒီထက်မြင့် ထက် level တွေကြိုးစား ပြန်မှာပါ။ ဒီလို ကိုယ့်အိတ်ကိုစိုက် လုပ်ချင်နေတာကြာပြီ
      ချစ်ခြင်းအားဖြင့်….ကိုဆန်နီ..ဒကာကြီး…

  • အဲဒီအကြောင်း ကျွန်တော် အများကြီးဖတ်ခဲ့ဖူးပါတယ်။ ရိုးသားစွာပြောရရင် ဝေါလစ်ကို မိန်းမလည်လို့ပဲ ကျွန်တော်မြင်ပါတယ်။ ဒီကိစ္စ သိပ်သိမ်မွေ့တော့ ချပြချင်ရင် အစအဆုံးပြန်ဖတ်ရဦးမှာ ။ ဒါကြောင့် မပြောနိုင် တော့တာပါ။ ပြီးတော့ ပို့စ်ကလည်း ဝေဖန်ရေးမဟုတ်၊ ဘာသာပြန်ဖြစ်နေတယ်။

    • Sonny

      November 23, 2011 at 2:19 pm

      တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး ရေ
      ဝေါလစ် ကို မိန်းမလည် အဆင့်တော့ ကျွန်တော် မထင်ရက်ဘူး။ သူဗြောင် ပြတ်စဲပြီး မင်းသား အက်ဒဝပ်နဲ့ ယူသွားတာ။ မညာဘူး ကြာမခိုဘူးပေါ့ဗျာ။ မိန်းမလည် ဆိုရင် လည်း သူ ဘုရင်မ အဆင့်ထိ ရောက်အောင် ဇွတ်ဖန်တီးယူမယ်ထင်တာပဲ။ ဘုရင်မဖြစ်ရင် သိတဲ့အတို်င်းဘာမဆို အဆင့်သင့်ဖြစ်ပြီလေ။ မင်းသားကလည်းဗြောင် ကြေညာပြီးယူကြတာ။ ဝေါလစ်ယောကျာင်္းတော့ အသဲကွဲ ရတာပေါ့။
      အကိုဖတ်ဘူးတယ်ဆိုတာ သိ ရလို့ ဝမ်းသာပီတိဖြစ်မိပါတယ်။
      ချစ်ခြင်းအားဖြင့်….ကိုဆန်နီ…..

  • windtalker

    November 27, 2011 at 8:13 pm

    ဖတ်ရင်း..ဖတ်ရင်း နဲ ့ဘုရင်တစ်ပါးရဲ ့ချစ်ခြင်း ကို ဘာသာပြန်နေတဲ့
    ယောက်ျားတစ်ယောက် ရဲ ့ချစ်ခြင်း ကို မြင်မိလာသလိုဘဲ
    ကြည့်ရတာ အက်ဒဝပ် နဲ ့ကိုဆန်နီ နဲ ့တိုက်ဆိုင်မှုတွေ ရှိနေမယ် နဲ ့တူတယ် နော
    🙂

    • Sonny

      November 27, 2011 at 10:27 pm

      ညီဝင်းထောခါ…
      အိမ်း…မတူတန်ရာပေ..
      မူကွဲရှိဟန်ပါ့…
      သနားလိုက်ပါဘိ ကိုယ့်ကိုယ်ကို။
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ

Leave a Reply