စေတနာလား၊ အသပြာလား(ဆရာဝန်များ)

Sky ko koNovember 22, 20111min823
အားလုံးပဲမင်္ဂလာပါခင်ဗျား...
ရွာသူကြိးကိုပဲ တို်င်ရတော့မယ်...
ကျုပ်တို့မန်းလေးရွာတကယ်ကို ဆိုးပါတယ်.....
ဆရာဝန်(Doctor)တွေ အတော်များများက လူနာကို စေတနာထက် အသပြာကို သာဥိးစားပေးနေကြလေရဲ့..... အခြားနေရာတွေ (မြန်မာပြည်အနှံ့)ရှိ ဆရာဝန်/ဆရာဝန်မအားလုံးလိုလိုပါပဲလားလို့တောင် ထင်စရာပါ.... လူနာထက်၊ အသပြာကအရေးကြီး နေကြောင်း တွေ့နေရတယ်... ဪလူတိုင်းက အမှန်တကယ်ဘယ်သူမှ စေတနာကို အရင်းခံပြီး မကုသပေးချင်ကြပါလား... တကယ်တရားကြဖို့ကောင်းတယ်.. ပိုက်ပိုက် မရှိရင်ဒုက္ခ၊ ယမမင်းကိုပဲ သွားတွေ့ရတော့မယ့်အနေအထားဗျ.....

3 comments

  • etone

    November 22, 2011 at 2:57 pm

    ဘာများလဲလို့ ဖတ်ကြည့်တော စာက အပြည့်စုံလည်းမပါဘူး .. ဘေးတွေကျော်ထွက်နေတာ @#!%^&*! စိတ်မှန်းနဲ့ ဖတ်လိုက်တယ် 😆

  • moethidasoe

    November 23, 2011 at 11:46 am

    ကောင်းကင်က ကိုကို
    ကောင်းကောင်းကုတဲ့ ဆရာတွေကို မတွေ့သမျှ
    ကော်ကော်တုတ်နေလို့ မသင့်သေးဘူး ထင်တယ်
    စေတနာ ထားတတ်တဲ့ ဆရာတွေ အများကြီးပါ
    ငွေအသပြာ ဆိုတာကလဲ လူတိုင်းကြိုက်တဲ့ အရာဘဲလေ
    ဝေဒနာ ကြွတဲ့အခါ စေတနာ ဆရာဝန်တွေနဲ့ တွေ့ချင်သေးတာ ဓမ္မတာပါ

    ကာရံတွေနဲ့ ရေးချင်တာ ဆက်ရေးလို့ မရတော့ဘူး ..
    ပြည်မြန်မာမှာ စေတနာ ဆရာတွေ အများကြီးရှိပါတယ်
    ကောင်းကင်ကိုကိုက ကုသိုလ်ကံ ဆိုးနေလို့ ငွေအသပြာဆရာတွေချည်းသာ တွေ့နေလို့ ဖြစ်မှာပါ
    ကုသိုလ်လေး ဆက်လိုက်ပါ .. စေတနာ ဆရာတွေနဲ့ တွေ့ရမှာပါ

  • VHC

    November 23, 2011 at 12:13 pm

    စီးပွားရေးလောက ပညာရေးလောက ကျန်းမာရေးလောက ဘယ်လောကမှာဘဲ ဖြစ်ဖြစ် ကောင်းသူ ဆိုးသူရှိကြတာဘဲလေ။ မကောင်းသူကိုရှောင် ကောင်းသူပေါင်းပေါ့ လူမိုက်ကိုရှောင် လူလိမ္မာကိုပေါင်းဖို့ မင်္ဂလာ တရားတော်မှာ ဘုရားဟောထားတာဘဲ။
    မကောင်းတာ လုပ်တဲ့သူက သူ့အကုသိုလ်နဲ့သူ သွားမှာပါ။
    ဒါပေမဲ့ အားလုံးကို ခြုံ သိမ်းကြုံးပြီး စော်ကားရင် ကိုယ်ဘဲ အကုသိုလ်ရတာဘဲ။
    လူဆိုတာ တချိန် ရောဂါဝေဒနာ ဖြစ်တတ်တာမို့ ကိုယ်နေမကောင်းရင် ဆေးကုရင် မှန်ကြည့်သလိုဘဲ ပြန်မြင်မှာကို သတိထားပါအုံး။

Leave a Reply