တဏှာရူးတွေ..သတိထား။။။။

အမျိုးသမီးအများစုအတွက် ခရီးသွားလာကြတဲ့အခါအမှာ အသုံးပြုတဲ့ယာဉ် ကား/ရထားများအပြင်လမ်းမကြီးငယ်များပေါ်
မှာပါကာယိန္ဒြေပျက်ပြားအောင် ပြုလုပ်လျှက်ရှိကြတာကို အခုအခါ တော်တော်များများတွေ့မြင်လာရပါတယ် ညနေပိုင်းလို
လိုင်းကားကြပ်ချိန်/မီးရထား ကြပ်ချိန်များမှာ မိန်းခလေးအများစုဟာ ဒီလိုအဖြစ်မျိုးတွေနဲ့ရင်ဆိုင် တွေ့နေရတတ်တာပါပဲ
အများအားဖြင် အမူးသမားနဲ့ တဏှားရူးတွေဟာ ဒီလိုအကွက်ကောင်းကိုချောင်းပြီး မိန်းခလေးတွေအပေါ်  ကျူးလွန်း
တတ်တာပဲလေ  ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်တစ်ခုကတော့ …..///
““ကိုကျော်မြင့်သန်း””  ဒီဘိုတော်နဲ့က ဘော်ဒါဘော်ကျွတ်တွေပဲလေ တစ်ခါတစ်ရံ ရုံးကနေ စောစောအပြင်ထွက်ဖြစ်တဲ့
ရက်တွေဆို ဒီဘိုးတော် လင်မယားနဲ့ဆုံနေကျ သူငယ်ချင်းဆိုပေမယ့်  သူကအသက်ကြီးပါတယ်လေ ကျုပ်ကတော့ သူ့ကို
““ကိုမြင့်သန်း””လို့ခေါ်လိုက်တာပဲ သူတို့လင်မယားသဘောကောင်းကြပါတယ် ကိုမြင့်သန်းကသာ နည်းနည်းလေး စိတ်
ဆတ်ပေးမယ် သူ့မိန်းမကတော့ခပ်အေးအေးရယ် ကျုပ်တိုနှစ်ယောက်ဘီယာထိုင်သောက်လဲလိုက် အရက်ဆိုင်သွားလဲလိုက်
လက်ဖက်ရည်ဆိုင်ထိုင်လဲ လိုက်ရှာတာပါပဲ အရက်ထိုင်သောက်လို့ ရေချိန်လွန်ပြီဆိုမှဖြင့် မိန်းမလုပ်သူခမျာ ကိုမြင့်သန်း
ကို တွဲပြီးပြန်ရရှာလေတာပဲ ဒါပေသိ ဆိုးသည်ကောင်းသည် တစ်ခွန်းမပြော ယောကျားအပေါ်အတော်ချစ်ရှာတာပဲဗျ
သူတို့လင်မယားက မြို့ထဲက အရောင်းဆိုင်တစ်မှာအလုပ်လုပ်နေကြတာလေ ဆိုင်ဖွင့်ချိန် မနက်(၉)နာရီ  မှီအောင်သွား
ညကျတော့ လဲ (၉)နာရီ လောက်ပြန်တတ်ကြတာ အခါတိုင်းရက်တွေက မြို့ထဲသွားရင်လိုင်းကားပေါ်မှာဆုံတတ်သလို
ရံဖန်ရံခါ အလုပ်နောက်ကျလို့ မြို့ထဲကအပြန် ဆူးလေ ကားဂိတ်မှာဆုံချင်ဆုံတတ်ကြတာကလားဗျ အဲလိုဆုံတဲ့အခါမှာတော့
ကျုပ်တို့ နှစ်ယောက်သား ဘယ်ဆိုင်သွားပြီး စည်းစိမ်ယူရင်ကောင်းမလဲ တိုင်ပင်တိုင်း မျက်လုံးလေကလယ်ကလယ်နဲ့
သူ့မိန်းမ ခမျာ ဘာမှဝင်ပြောရှာသည်မဟုတ် …မိန်မလုပ်သူခမျာ အဲသလောက် အလိုလိုက်ရှာသည်။။။
တစ်နေ့ …..
ဆူးလေးကားဂိတ်မှာအလုပ်ကအပြန်ည(၈)နာရီခွဲသာသာ မှာပေါ့ ကျုပ်ရပ်နေတာအတော်ကြာပြီ အထူးကားတွေလာတိုင်း လူကအပြည့် “အထူး”ကားသာဆိုတာပါ ညနေပိုင်းကနေစပြီး တင်လိုက်တဲ့လူကအပြည့်အသိပ် “တော်တော်လေး ထူပြီး ကား
နေအောင်” တင်ကြတော့တာပါပဲ တစ်ကားဆိုက်လိုက် ပြေးတက်လိုက် လူပြည့်သွားလိုက်အပေါက်ဝကနေလှည်ပြန်လိုက်  …ဟောနောက်တစ်ကားလာပြီ
သူလဲ“အထူး”ကားပဲလေ ကားရပ်တဲ့နေရာထိပြေးလိုက်သွားလိုက် အပေါက်ဝရောက်တော့ တက်မရတော့လို့ ပြန်လှည့်
လာလိုက် ဒီလိုနဲ့ ဘယ်နှစ်စင်းမြောက်မှန်းမသိတော့ ကျုပ်ခြေထောက်တွေလဲ ကားရပ်တိုင်းပြေးပြေးလိုက်ရလို့ တော်တော်
ညောင်းနေပြီလေ ငုတ်တုတ်သာထိုင်ချလိုက်ချင်တော့တယ် ဒီအချိန်မှာပဲ ကျုပ်အနားကို သူတို့လင်မယားရောက်လာပြီး
““ဟ..ကောင်ရ ခုထိမပြန်ရသေးဘူးလား””
ကျုပ်လဲ လှည့်ကြည့် မိတော့မှ ကိုကျော်မြင့်သန်းတို့လင်မယားလေ
““ဟုတ်ပကိုကျော်မြင့်သန်းရာ တော်တော် စိတ်ကုန်နေပြီး ကားတွေကြပ်လွန်းလို့ မတက်နိုင်ဘူးဖြစ်နေတယ်””ဟုတ်တယ်လေ ကားဆိုက်လာသမျှနောက် ပြေးပြေးလိုက်ရတာလဲတော်တော်မောနေပါပြီ ကျွန်တော်ပြေးလိုက်သမျှခရီးဆန့်
ကြည့်ရင်တောင် အိမ်ရောက်လောက်ပြီဗျ  ဒီပုံဆိုအိမ်ပြန်ဘို့တောင်မလွယ် တက္ကစီငှားဖို့ကျပြန်တော့ ငဝိုင်း  ကုန်မှာလဲ
ကြောက်တာကိုးဗျ ဒီလောက်တော့ ဒုက္ခရောက်မှာပဲလေ ကိုယ့်ရှေ့မှာ မိန်းခလေးတွေများ  တိုးတိုးတက်သွားလိုက်တာ
အောင်မလေး လေနတ်သမီး တွေကျနေတာပဲ လှစ်ခနဲလှစ်ခနဲ သူတို့နဲ့ယှဉ်တိုးဖို့ကျတော့ ကျုပ်စိတ်မရဲတာတော့ အမှန်ပဲဗျ
““ငါ့ကောင်ရာ မင်းပုံနဲ့ဆိုဒို့လင်မယားအိမ်တောင်ရောက်မှာမဟုတ်ဘူး နည်းနည်းတော့ အားစိုက်တိုးတက်မှပေါ့ကွ””
““ဟာမိန်းခလေးတွေများတယ်ဗျ ကျွန်တော်တိုးတက်လို့ မတော်ထိမိခိုက်မိရင် ပြသနာတက်မှာပေါ့ဗျ””
““ဟိတ်ကောင်ရာ အသားယူပြီးသက်သက်လုပ်တာမှမဟုတ်ပဲ ဒီလိုပဲ လိုင်ကားစီးပြန်နေရတာပဲ သူတို့နားလယ်ပါတယ်
မင်း ကားပေါ်ရောက်မှ ထောက်လှမ်းရေးသာမလုပ်မိစေနဲ့  ဟေ့ကောင်ရေ””
““ဟာ ..ကိုမြင့်သန်းရာ မဟုတ်ကဟုတ်ကဗျာ””
““လာပါကွာ..ဒီတစ်ခါကားလာရင် မင်းကိုငါတွန်းတင်ပေးမယ် ရအောင်တက် မိန်းမ နင်ကအရှေ့ကနေတက်နော်””
ဒီလိုနဲ့ ကားတစ်စီးဆိုက်လာတယ်လေ ရိုးရိုးကားပဲဗျ  မှတ်တိုင်မရောက်ခင်ထဲက လူကပြည့်နေပြီးသား ကိုမြင့်သန်းရော
သူ့မိန်းမပါ လှုပ်လှုပ်ရှားရှားဖြစ်ပြီး ကားထိုးဆိုက်လောက်မယ့်နေရာကိုစိတ်ထဲက တွက်ချက်နေကြတယ်ထင်တယ် ကျုပ်လဲ
အိတ်ကိုလက်ကကိုင်ထားရာက  ကောက်လွယ်လိုက်တယ် ကျုပ်လဲ အသင့်ပြင်ထားရတော့မယ် လေ..။။
““မိန်းမပြေးလိုက်ဟေ့……ဟာ ဟေ့ကောင်လာလေ””
ကျုပ်လဲ ကိုယ်မြင့်သန်းဆွဲခေါ်ရာကို  လိုက်ပါရင်းကားထိုးဆိုက်လိုက်တာနဲ့ တက်ဘို့အသင့်ပြင်ထားလိုက်တယ် လိုင်းကား
တိုးရတာကလဲပညာတော့ပါသားဗျ သိပ်ပြီးယောကျားမိန်းမ ခွဲခြားမနေနဲ့  လေဒီးဖတ်(စ်) တွေဘာတွေနောက်ထား လိုင်းကား
တံခါးပေါက်နားရောက်အောင်သွား တံခါးနားက လက်ကိုင်သံတိုင်ကိုသေချာကိုင်မိရင် ခင်ဗျားသေချာပြီ  ဒီလိုင်းကားနဲ့လိုက်
လို့ရပြီ သံတိုင်ကိုင်မိရုံနဲ့လဲ မပြီးသေးဘူးနော် ခြေတစ်ဖက်က ခြေနင်းခုံပေါ်ရောက်အောင်တင်ထားရမယ် တက်နင်းခြင်နင်း
ကြပေစေ  သီးခံလိုက်  အောက်ကခြေထောက်ကိုအားပြုပြီးသံတိုင်ကိုင်ကာ ရှေ့ကလူရဲ့ ကျောကုန်းကို ပခုံးစောင်နဲ့ အတင်း
ကာရောသာ စွတ်တွန်းတော့ဗျို့  အဲလိုသာအားစိုက်လိုက်ရင် အရှေ့ကလူရောကိုယ်ပါ တစ်ခါတည်း စွပ်ကနဲဝင်သွားလိပ်မယ်
အောင်မယ် ကောင်မလေးတွေကလဲ တိုးနေတုန်းသာအတိုးခံရလို့  ဖြည်းဖြည်းလုပ်ပါသေပါပြီအော်တာဗျ ကားပေါ်
ရောက်သွားတော့လဲ စောစောကဘာမှမဖြစ်ခဲ့သလိုပဲ အေးအေးဆေးဆေးပဲလေ  ..ကျုပ်လဲ ကိုမြင့်သန်းအားကိုးနဲ့ တိုးတက်
လိုက်တာ ကားပေါ်တော့ရောက်ပါရဲ ့ ကိုမြင့်သန်း  မိန်းမက ရှေ့ကနေတိုးသွားလိုက်တာ ကားရဲ့ဟိုးအနောက်ကိုရောက်သွား
လေရဲ့ ကျုပ်ကတော့ အပေါက်နားက သံတိုင်ကိုကိုင်ကာ  ပေကပ်ရပ်ကျန်နေခဲ့တယ်လေ  ဆက်လဲမတိုးနိုင်ဘူး ကိုမြင့်သန်း
ခမျာတော့ သူ့မိန်းမဆီလဲမရောက်  ကားအလယ်လောက်ကကျုပ်နဲ့ခပ်နီးနီးမှာ လူကြားထဲညပ်နေလေရဲဗျို့ ဒီလိုနဲ့
သုံးယောက်သား စကားလဲလှမ်းပြောမရ မျက်စမျက်န နဲ့ပဲ ပြောပြီးသူတို့လင်မယားနှစ်ယောက်စာပါ ကားခပေးလိုက်မယ်
ပြောလိုက်တာပေါ့  ကားစပါယ်ယာလဲ  ကားအရှေ့ကနေ စပြီးပိုက်ဆံကောက်လာလိုက်တာ ကျုပ်နားကိုရောက်တယ် ဆိုရင်ပဲ
ကားခ ပိုက်ဆံထုတ်ပေးလိုက်တယ် လေ….။။
““ဒီမှာ (၃)ယောက်ခ အလယ်မှာ အင်္ကျီအပြာနဲ့တစ်ယောက်ရယ် ဟိုနောက်နားက အဝါရောင်လေးနဲ့အမရယ်….”””
ဘာတုန်းဟ ကားကထွက်တာ မှ (၁၅)မိနစ်လောက်ပဲမောင်းရသေးတယ် အခုမှ ကျောက်တိုင်မီးပွိုင့်မှာရပ်တုန်း ကာခပေးရင်း
နဲ့ ကိုယ်ပေးထားတဲ့လူတွေ ထဲက   ကိုမြင့်သန်းမိန်းမကို  စပါယ်ယာကိုပြရင်း  သူ့ကိုလှမ်းကြည့်
လိုက်တော့  ကျုပ်ကိုမျက်စ မျက်နတွေနဲ့ ဘာတွေပြောနေတယ်မသိ ဒီမိန်းမ ဘာဖြစ်နေတယ်မသိ  ကျုပ်လဲ လက်ဟန်
ခြေဟန် တွေနဲ့ပြန်မေးရတော် တာပေါ့ဗျာ ပြန်ပြောရတာပေါ
ဒီတော့မှသူပြန်ပြောတာကို သဘောပေါက်ရတော့တယ် ဟုတ်ပ
ကြည့်လိုက်ပါအုံး ကိုမြင့်သန်း  မိန်းမရဲ့  နောက်တည့်တည့် မှာ လူတစ်ယောက် အသက်ကတော့ငါးဆယ်လောက်ရှိမယ်
ထင်တာပဲ  မျက်မှန်ကြီးလဲတပ်ထားသေးတယ် အိတ်တစ်လုံးကလွယ်ထားသေးတယ် ဒီလူကြီးရပ်နေတဲ့ပုံက ပုံစံမကျ
ကိုမြင့်သန်းမိန်းမရဲ ဖင်နောက်တည့်တည့်မှာ လူကြပ်တာကိုအကြောင်းပြုပြီး   ကိုမြင်သန်းမိန်းမရဲ ဖင်နှစ်လုံးနောက်မှာ
တည့်တည့်လှည့်လို့ သူ့ခါးကိုအတင်းဖိကပ်ထားလေရဲ ့ လူဒီလောက်ကြပ်နေရင်တောင် သူလွယ်ထားတဲ့အိတ်ကလေး အရှေ့မှာ ခံထားလိုက်လဲရတာပါပဲ ဒါပေမယ် ဒီလို ကားတွေပေါ်မှာ မိန်းခလေးတွေကိုမဖွယ်မရာလုပ်နေသူတစ်ချို့ရဲ့
မလုံမလဲမျက်လုံးတွေကိုတွေ့ဘူးခဲ့လေတော့ ဒီလူကြီးမျက်လုံးကလဲအရှက်သိက္ခာမဲ့တဲ့ တဏှာရူး မျက်လုံးမျိုးပါပဲ
အင်းပြောရမယ်ဆိုရင်တော့ ကိုမြင့်သန်းမိန်းမကို  ဒီလူကြီး ထောက်လှမ်းရေးလုပ်နေပြီဆိုတာပေါ်လွင်လှပါတယ်..။။
ကျုပ်လဲ ခဏတော့ ကြည့်နေမိတယ် ဒီအချိန်မှာပဲ ကိုမြင်သန်းမိန်းမခမြာ လူကြပ်ကြပ်နဲ့လှုပ်လို့မရ လှည့်ထွက်လိုလဲမရ
သူနောက်က တဏှာရူးကိုမျက်နှာထိမျက်နှာထားနဲ့  မော့ကြည့်တော့လဲ ဟိုတဏှာရူးက မသိသလိုလုပ်နေတယ်လေတော့
ကျုပ်လဲ မနေသာဘူလေ  ဒီကိစ္စ ကိုမြင့်သန်းကိုပြောမှ ဖြစ်ခြေတော့မယ်ဗျ  ဒီလိုနဲ့ ကိုမြင့်သန်း အနားကိုရောက်အောင် တစ်မှတ်တိုင်ကားရပ်တိုင်း  လူဆင်းလူတက်နဲ့ ရောပြီးနေရာရွှေ့လာလိုက်တော့တယ်။။။
““ဟ  ငါ့ကောင်အပေါက်ဝကနေ ဒီဘယ်လိုရောက်လာတာတုန်းကွ””
ကျုပ်လဲဘေးလူကြားမှာစိုးတာနဲ့ လေသံတိုးတိုးနဲ့ပဲ ကိုမြင်သန်းနားကပ်ပြီးပြောလိုက်ရတယ် လေ
““မေးမနေနဲ့ ခင်ဗျားကားမှတ်တိုင်မှာ ကျုပ်ကိုပြောတဲ့…ထောက်လှမ်းရေးဆိုတဲ့ငနဲတော့ ခင်ဗျားမိန်းမနောက်မှာ
ထောက်လှမ်းနေလေရဲ့””
““ဟေ …ဟုတ်လား ဘယ်မအေ…””
““ဟာတိုးတိုးလုပ်ပါဗျ ခင်ဗျားမိန်းမကတော့လက်ဟန်ခြေဟန်နဲ့ပြောတာပဲ သိပ်တော့မသေချာဘူး အရမ်းကာရော ထိုးကြိတ်
မနေနဲ့အုံးဗျ  ရန်ဖြစ်ရင်မကောင်းဘူးနော်””
““အော်…အေး ပါကွ ဒီကိုယ်မေ#&%ကောင်တော့ ဟုတ်ရင်တွေ့မယ်  မင်းဒီမှာအခြေနေကြည့်နေ..ငါရောက်အောင်
သွားမယ်””
ပြောလဲပြော ဒီလောက်ညဖက် အတက်သာရှိပြီးအဆင်းနည်း တဲ့လိုင်းကားပေါ်မှာ ဒီလူကြီးမိန်းမဇောနဲ့ နေရာရွှေ့သွားလိုက်
တာများ မြန်ချက်ဗျာ သူအတိုးခံရတဲ့ လူတွေရောခြေထောက်အနင်းခံရတဲ့  လူတွေကလဲ သူ့ကိုဝိုင်းဩဘာပေးကြတော့
တာပဲလေ
““ဘယ်လိုဖြစ်လို့  ဒီလောက်တိုးနေရတာလဲ ဒီမှာသေတော့မယ် ””
ခပ်စွာစွာ မိန်းခလေးက ရန်တွေလိုက်တဲ စကားကိုပြန်မပြောအားပဲ သူ့မိန်းမနားကလူကြီးဆီရောက်အောင်  တိုးတိုက်ဝင်
သွားတဲ့ ကိုကျော်မြင့်သန်းကိုသာ ကျွန်တော်လိုက်ကြည့်နေမိတော့တယ်..တော်ကြာချကြရင် ကျုပ်လဲ ဝိုင်းတွယ်ရအောင်
နေခဲ့လို့မဖြစ် လိုက်သွားမှပဲလေ ဘယ်ရမလဲကျုပ်လဲတိုးတာတော့တာပဲဗျို့ ကျုပ်လူတိုးဝင်သွားတဲ့ အချိန်မှာပဲ ကိုမြင့်သန်း
က သူမိန်းမနောက်က လူဆီရောက်နေပါပြီ ကျုပ်လှမ်းကြည့်လိုက်တော့ ရန်ဖြစ်တာလဲမတွေရပါ သူမိန်းမကိုလဲ သူရှိရာဘက်
ဆွဲခေါ်ထုတ်တာလဲမတွေ့ …ဟာဒီလူကြီးဘာတွေသွားလုပ်နေတယ်မသိဘူးအနားရောက်ခါမှ တစ်ခုခုတော့လုပ်မှပေါ့..။။။။
ဒီအချိန်မှာပဲ သိပ်ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကိုကျုပ်တွေ့လိုက်ရတော့တာပဲဗျို့  ……/////
ကိုကျော်မြင့်သန်းဟာ လူတွေကိုတိုးသွားနေရာကနေ တစ်ဖြည်းဖြည်း သူ့မိန်းမကို ထောက်လှမ်းရေးလုပ်နေတဲ့လူကြီးရဲ့
နောက်ဖက်ရောက်အောင်သွားနေတာကိုတွေ့ရတယ်ဗျ…
ဟောဒီလူကြီးနောက်ကိုသူရောက်သွားပြီ ဒီလိုအနေအထားဆိုအပိုင်ပဲဗျ
ဆံပင်ဖုတ်နောက်လှန်ဆွဲ  မျက်နှာကို လက်ကျဲကြီးနဲ့ အားပါပါအုပ်ရိုက်ပြီး တံခေါက်ခွက်ဆောင့်နင်းလိုက်ရင်
ဒီလူဖင်ထိုင်သွားမှာပဲလေ ..။။
ဟုတ်မှာပါ….ဒီအတိုင်းလုပ်မလို့ သွားတာနေမှာ ကျုပ်လဲသူ့နောက်မှီအောင်လိုက်တိုးရတော့တာပေါ့ သူအနားရောက်ချိန်
မှာတော့ ကျုပ်ရဲအထင်နဲ့ အမြင်ဟာ ပါစင်အောင်လွဲတော့တာပဲဗျို့ ကျုပ်ဘယ်လိုမှ မျှော်လင်မထားတဲ့ လုပ်ရပ်ကို လုပ်နေ
တဲ့ ကိုကျော်မြင့်သန်းရဲ့အပြုအမှုကို တွေ့လိုက်ရတော့ ရယ်ချင်စိတ်ကိုမနည်း ထိမ်းထားလိုက်ရတယ် ကျုပ်ကလဲ ဒါမျိုးဆို
အရယ်(ရီ)ကခပ်သန်သန်ရယ်လေ  ဒီလူကြီးလုပ်နေပုံက သူမိန်းမကိုယ်လဲ လွတ်ရာကျွတ်ရာဆွဲမခေါ်  ဟိုတဏှာရူးကိုလဲ
ရန်မရှာပဲ သူ့မိန်းမကို ထောက်လှမ်းရေးလုပ်နေတဲ့ တဏှာရူးရဲ့ နောက်တည့်တည့်ကိုရောက်အောင်သွားလို့ သူ့ ဖွားဖက်
တော် နဲ့ပြန်ပြီး  ယောကျားခြင်း ထောက်လှမ်းရေးပြန်လုပ်နေတာကြီးကိုတွေ့လိုက်ရတော့ တာပါပဲဗျာ။။
တစ်ခါတစ်ခါ ကားဘရိတ်ဆောင့်အုတ်လိုက်တဲ့ အခါများဆို ဒီလူကြီးခါးကိုတောင်လက်နှစ်ဖက်နဲ့ဆွဲပြီး အတင်း ဖိကပ်
ထားလိုက်သေးတယ် ကျုပ်ကိုလဲအသာနေဆိုတဲ့သဘောနဲ့ မျက်စိတစ်ဖက်မှိတ်ပြလိုက်သေးရဲ့  ဒီတဏှားရူးလဲ ပထမတော့
မရိပ်မိသေးဘူးဗျ နောက်မှ သူနောက်ကနေ ထူးထူးခြားခြားအထိအတွေ့ကြီးနဲ့ အတင်းကြီကို  ဖိကပ်ထားတာကြီးကို သတိ
ထားမိသွားဟန်တူပါတယ် အရှေ့က သူရဲ့ တဏှာပေမကို စိတ်မရောက်အားတော့ အနောက်ကအန္တရာယ်ကြီးကိုလွတ်အောင်
ရှောင်ဘို့ ကျိုးစားရှာပါတော့တယ် မျက်မှန်အောက်က မျက်လုံးကြီးပြူးထွက်လာတဲ့ အထိသူနောက်က အန္တရာယ်ကောင်
ကိုကျော်မြင့်သန်းကို လှည့်လှည့် ကြည်ပါတယ် ဟိုလူကလဲ သူလှည့်ကြည့်လေတိုင်းမသိချင်ယောင်ဆောင်ပြီး  အတင်း
ခါးအောက်ပိုင်းကို အနောက်ကနေ ဖိကပ်နေပါတော့တယ် ဒီတဏှာရူးကြီးလဲ ဟိုဘက်ကို ဖင်လေးလှည့်ရှောင်လိုက် ဒီဘက်
ကိုခါးလေးလိမ်ရှောင်လိုက်နဲ့ ဘယ်လိုမှ မလွတ်သာဖြစ်နေတဲ့အပြင် သူ့ရဲ့နဖူးက ချွေးသီးချွေးပေါက်တွေဟာ ဇီးကင်းခန့်
ကျဆင်းလာပြီး တစ်ကိုယ်လုံး ချွေးတွေနဲ့ ရွှဲနစ်နေပါတော့တယ်  ခဏခဏလဲလှည့်လှည့်ကြည့်ပါတယ် ဒီလူကြီးသူ့ရှေ့က
ကိုကျော်မြင့်သန်းမိန်းမကိုလဲ ဂရုမပြုအားတော့ ကျုပ်လဲရယ်(ရီ)ချင်စိတ်ကို မနည်းထိမ်းထားရတယ် ကျုပ်မျက်နှာမချိုမချဉ်
ဖြစ်နေတာကို ဒီလူကြီးတွေ့သွားတယ် ထင်ပါရဲ့ ကျုပ်ကိုလဲ ဘုကြည့် ကြည့်ပါတယ် သူနောက်ကကိုကျော်မြင့်သန်းကိုလဲ
ဘုရှိုး  ရှိုးပါတယ်  ဟိုလူကလဲ သူမဟုတ်သလိုဘာလိုနဲ့ မတည့်  တည့်အောင် အနောက်ကနေ လိုက်ပြီး ဖိနေပါတော့တယ်
သူတို့နှစ်ယောက်အတွဲလိုက်ကြီး ဖားပူးတွဲ  ပူးနေသလိုကြီးကိုအနီးနားက ခရီးသယ်တွေလဲ သတိထားမိလာပါတော့တယ်
ခရီးသယ်တွေလဲ သူတို့ဖားပူး အတွဲကြီးကို မသင်္ကာသလိုပုံစံတွေနဲ့ကြည့်ကြကာ အနည်းငယ်လွတ်ရာကို ရှောင်ပေးကြ
ရှာပါတယ် ကိုကျော်မြင့်သန်းရဲ မိန်းမဟာလဲ သူယောကျားလုပ်ပုံကိုကြည့် ပြီး ပါးစပ်အဟောင်းသားနဲ့ဖြစ်နေရှာပါတယ်
ကျုပ်လဲမျက်နှာလွဲနေလိုက်တယ်လေ တော်ကြာအကျယ်ကြီး ထရယ်(ရီ)မိတော့မယ်ဗျ မအောင်နိုင်တော့ဘူး  ကျုပ်ကသာ
ရယ်(ရီ)ချင်နေတာ ဟိုလူကြီးခမျာ လက်ကိုင်ပုဝါကြီး ထုတ်ထုတ်ပြီးချွေးတွေသုတ်လိုက် ခါးလေးလိမ်ပြီးရှောင်လိုက် ဖင်လေးနွဲ့ပြီးရှောင်လိုက် အရှေ့ကို တိုးပြေးလိုက် နဲ့ ပုံပျက်ပန်းပျက်ကြီးကိုဖြစ်နေပါတော့တယ် …။။။
ကမ္ဘာအေးဘုရား မှတ်တိုင်ကိုအရောက်မှာတော့ တစ်လမ်းလုံး အနောက်ကအန္တရာယ် ကိုဘယ်လိုမှ သီးမခံနိုင်တော့တဲ့
တဏှာရူး အဖိုးကြီးလဲ ဟန်တောင်မဆောင်နိုင်ပဲ  ကားအနောက်ကနေ လှမ်းအော်လိုက်တာကတော့
““စပါယ်ယာညီလေး   ခဏခဏ အကိုဆင်းမယ်””…………စပါယ်ယာကလဲပြန်ပြောရှာပါတယ်
““ဟာ…ဆင်းမယ်ဆိုစောစောထဲကထွက်ထားပါလားဗျ ..ခင်ဗျားကို မှတ်တိုင်အော်ပြီးပါလားမေးနေတာကို နားလေးနေလား””
““အေးပါကွာ….ပါတယ်ပါတယ်….ခဏလေးပါ အကိုတိုးချင်လို့””
““မြန်မြန်တိုးဗျာ  နောက်ကားပါတယ်ဗျ””
လူတွေလဲ ဖားပူးအတွဲကြီးပြုတ်ပြီးထွက်ပြေးသွားတဲ့လူကြီးကို ရှောင်လဲရှောင်ပေး လိုက်လဲကြည့်ကြရင် ပြုံးစိစိ   ကြီးတွေ
ဖြစ်နေကြပါတော့တယ်    ဒီလူးကြီးကားအောက်ရောက်လို့ ကားမှတ်တိုင်ကစထွက်တယ်ဆိုရင်ပဲ ကျုပ်ဟာ ကိုကျော်မြင့်သန်း
ကိုလှည့်ကြည့်ပြီး နှစ်ယောက်သားအကြည့်ချင်းဆုံစဉ်မှာတော့  တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကျယ်လောင်
စွာ  သံပြိုင် ဟားတိုက်လို့ ရယ်(ရီ)မောမိပါတော့တယ် ကိုကျော်မြင့်သန်း မိန်းမခမျာမှာတော့  ရှက်နေရှာပါတယ် လိုင်ကားပေါ်
က ခရီးသယ်တွေကတော့ ကျုပ်တိုနှစ်ယောက်ကိုကြည့်ကာ လူထူးလူဆန်းတွေကို တွေ့ရသလို အူလယ်လယ်ဖြစ်နေကြပါတော့တယ်ခင်ဗျား…။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

42 comments

  • ပေါက်ဖော်

    November 22, 2011 at 5:58 pm

    တန်ပြန်ထောက်လှမ်းနေပုံ ရေးထားတာ..
    ရီရလွန်းလို ့..အူတောင်နာတယ် ကဘလူးရေ..
    ကြုံလဲ ကြုံတတ်..ရေးလဲ ရေးတတ်ပါပေ့..

    ကိုမြင့်သန်းနေရာမှာ ကျနော်ဆိုရင်တော့ အဲလောက် ခန္တီ မရှိဘူးဗျ..
    အဲလိုထောက်လှမ်းရေးကောင်မျိုး..သမ.ပစ်ရမှာ..ကုန်းကုန်းပါလုပ်ပစ်ဖို ့ကောင်းတယ်..

  • thit min

    November 22, 2011 at 6:11 pm

    ဘတ်စ်ကားပေါ်ထောက်လှမ်းရေးနှိမ်နင်းရေး ခေါင်းဆောင် ကိုကျော်မြင့်သန်း လိုလူမျိုးတွေနဲ့
    အဲဒါမျိုးတွေ ကို နှိပ်ကွပ်ရမယ်ဗျ။
    ဖတ်ပြီး ရီရတာနဲ့ နေမကောင်းဖြစ်ချင်နေတာတောင် ပျောက်သွားပြီ ကိုဘီလူးရေ။(^^)

  • အီးတီ

    November 22, 2011 at 6:17 pm

    ပညာပေးလိုက်ပုံ ကတော့မိုက်တယ်ဗျာ။ အဲဒါမှ မှတ်မှာ။ လုပ်သာလုပ် အားပေးတယ်။ ဖတ်ပြီးတော်တော် ရီရတယ်။ အခုတောင်ရီလို ့ မပြီးသေးဘူး :mrgreen:

  • ကိုရင်စည်သူ

    November 22, 2011 at 6:31 pm

    အဲ့ဂလို ထောက်လှမ်းရေးဒွေကို ကြည့်နေဒါကြာပီ…
    တန်ပြန်ထောက်လှမ်းရေး ငစည်နဲ့ တွေ့လို့ကတော့
    ပွင့်ပီတာမှတ်.. ငွင်းငွင်း… စီးသမျှလိုင်းကားထဲမှာ
    မတွေ့သေးဘူး… တွေ့လို့ကတော့..
    တန်ပြန်ချက်တွေ တွေ့တွားမယ်..
    နှမချင်း ကိုယ်မစာတဲ့ မအေဘေးတွေ…
    ဒါမျိုးကောင်တွေရှိတယ်ဆိုတာ..
    ရွာသူလေးတွေ သိဖို့တင်ပေးတာ… သိပ်ကောင်း..
    အားကြီးကောာင်းလယ်.. ကိုဘီလူးကြီး…………:)

  • Gipsy

    November 22, 2011 at 6:35 pm

    အားပါး… တစ်ကယ်ကို ရီရပါတယ် ကိုဘလူး …၊
    တန်ပြန်နည်းသုံးမယ် လို့ တစ်ကယ် မထင်ရဘူးဗျာ….၊
    ရှေ့ဆုံးက သူက တစ်လုံး အရှုံးပေးထားတယ်….
    အလယ်လူက တစ်လုံး သရေ ပေးထားတယ်….
    အနောက်ကလူက တစ်လုံးကျော ပေးထားတဲ့ ဇတ်လမ်းပဲဗျ…..။ 😛

  • cobra

    November 22, 2011 at 7:14 pm

    အူတောင်နာတယ်ဗျ………
    တကယ်ကိုမထင်ထားတဲ့တိုက်ကွက်ပါပဲ
    အခုမှအကွက်သစ်ကိုတွေ ့တော့တယ်
    နောက်ဆိုအဲဒီအကွက်ကိုသုံးမယ်ဗျာ
    သေဖို့သာပြင်ထားကြတော့

  • z-Z

    November 22, 2011 at 7:18 pm

    မှတ်ကရော လဟယ် …..
    ငနဲကြီးတော့ ညတောင် အိပ်ပျော်မှာ မဟုတ်ဘူးထင်တယ် …
    😆

  • cobra

    November 22, 2011 at 7:21 pm

    အူတောင်နာတယ်ဗျ………
    တကယ်ကိုမထင်ထားတဲ့တိုက်ကွက်ပါပဲ
    အခုမှအကွက်သစ်ကိုတွေ ့တော့တယ်
    နောက်ဆိုအဲဒီအကွက်ကိုသုံးမယ်ဗျာ
    သေဖို့သာပြင်ထားကြတော့

  • GreeNSheeP

    November 22, 2011 at 7:42 pm

    Great Job ! I accept you Orge

  • fatty

    November 22, 2011 at 8:49 pm

    ကိုဘီလူးကြီး ရေးမဲ့ရေးတော့အတော်ရေးနိုင်တာပါလား ….။
    အသည်းထဲကတောင်ယားကျိကျိဖြစ်လာတယ် အမယ်လေး … လေး …။

  • ပေါက်ဖော်

    November 22, 2011 at 9:09 pm

    ဟေ့…
    နှူးဘာတိုင်းပြည်ကလာတဲ့..ပေ-ဂီ-အီး-မှော်-စည် တို ့ကြားကြသလား
    သတိထားနော်..တန်ပြန်တိုက်စစ်ကို..
    ပြီးမှ..အာဘား..အာဘား..မီလုပ်နဲ ့..
    ဝှ ကတော့ တီဂိုးမှ အီကြောမပေးနိုင်ဘူး..
    လုတို ့ဘာသာ..ခံစစ်ကိုလုံအောင် ကြည့်ပေလော့..

    • အီးတီ

      November 22, 2011 at 9:37 pm

      ညီနောင် ရဖော်ရှိတာ ပေါက်နဲ ့လူး ဘယ်ရောက်သွားပါလိမ့်။ တိဘီ တိဘီ ခံစစ်သွားဆော့နေတာလား မသိ 😛 ပေ-ဂီ-အီး-မှော်-စည် ကတိုက်စစ်မှူးတွေ။ ဘောလုံးကန်တာပြောတာ။ နောက်တန်းက ပေါက်နဲ ့လူး ကောင်းကောင်းခံထားနော် မပေါက်စေနဲ ့။ ညီနောင် ၅ ယောက် ရှေ့တန်းထွက်ပြီး ဂိုး သွင်းလိုက်ဦးမယ်။

  • windtalker

    November 22, 2011 at 9:10 pm

    ကိုကျော်မြင့်သန်း ဆိုတာ ကိုဘီလူး ပါဘဲ ခင်ဂျာ
    ဒန်တန်တန်
    ထိပ်သီးသိုင်းပညာရှင် ကိုလူး
    နှစ်တစ်သောင်း ရေခဲပလုတ်တုတ်စားထားသော ကိုလူး

  • gyinkalay

    November 22, 2011 at 9:25 pm

    သူ တစ်ဂိုး ကိုယ် တစ်ဂိုးနဲ ့ အကျိတ်အနယ် ယှဉ်ပြိုင်နေစဉ်…ပွဲ ပြီးခါနီးလေးဆယ့်ငါးမိနစ်အလိုမှာ…ရှေတန်းတိုက်စစ်မှူး ကိုမြင့်သန်းက ချေပဂိုးသွင်းသွားနိုင်ပါတယ်..ခင်ဗျာ…:P

  • ကြောင်လတ်

    November 23, 2011 at 1:36 am

    ဒီ လူကြီး လူရွှင်တော်ငြိမ်းချမ်းတု့ိ အဖွဲ့ ကိုမကြည့်ဖူးဘူးထင်တယ်။
    အဲဒါပေါ့ဗျ “” ရှေ့ကထမင်းထုပ်ပဲမဲ မနေနဲ့
    နောက်က ဝါးရင်းတုတ်လည်းသတိထားဦး”” ဆိုတာ

  • aye.kk

    November 23, 2011 at 5:51 am

    ဖတ်တဲ့သူပါ မနေနိုင်ဘဲ ရီရလွန်းလို ့..
    မျက်ရည်တောင်ထွက်တယ်..ပြောပြရအုံးမယ် ကိုဘီလူးရေ..
    အရင်တုံးက ရန်ကုန်မှာနေဘူးတယ်..
    မလွဲသာမှဘဲ ဘတ်စကားစီးတယ်..
    ထောက်လှမ်းရေးက တစ်ကွေ ့မကြုံလဲ တစ်ကွေ ့ကကျိန်းသေကြုံတာဘဲ..
    ဒါကြောင့်တွယ်အပ် တစ်ချောင်းတော့အမြဲဆောင်သွားတာပါဘဲ..
    ထောက်လှမ်းတဲ့သူနဲ ့တိုးရင်တန်ပြန်ထောက်လှမ်းကတော့မရှိဘူး..
    တွယ်အပ်နဲ ့ကိုပြန်ထိုးတာ ဒေါသကပါတော့ အပ်တစ်ချောင်းလုံး ဝင်အောင်ကိုစိုက်တာ..
    လုပ်ခဲ့ဘူးလို ့ပြန်ပြောပြတာပါ..တဏှာရှူးတွေဆိုတော့ နာနာကျင်ကျင် ဖြစ်အောင်ပြန်ဆုံးမရတယ်..
    ကားဆရာနဲ ့စပါယ်ယာလဲ မဖြေရှင်းပေးရဲဘူးလေ..လုပ်တဲ့သူပါဖြုံသွားတယ်..ဘာမှပြန်ပြောလို ့မှ မရတာ
    သူ ့ဘက်ကစမှားတာဆိုတော့ မကျေနပ်လဲ ရဲစခန်းကိုသာမောင်း အဲဒီရောက်ရင် ရှင်းတာပေါ့လို့ ့ပြောလိုက်တော့ ကားဆရာပြန်ပြောတာ အနှိုက်ခံရရင်တော့ပို ့ပါတယ် အခုလိုကတော့..
    ဆိုပြီးသူ ့စကားလဲအဲဒီမှာတင်ရပ်သွားအောင် ကျမဖြတ်ပြောလိုက်ရတာက..
    မိန်းမတွေရဲ ့အိန္ဒြေသိက္ခာနဲ ့ပတ်သက်လို ့
    ခုခံကာကွယ်ဘို ့အပြည့်အဝရှိတာ မသိရင်လဲ မှတ်ထားလိုက်အုံး.စည်းမရှိရင်ဥပဒေနဲ့ငြိမှာဒါမျိုးလုပ်ရင်တော့..ဆုံးမပြရမှာ နောက်ကိုမလုပ်ရဲအောင်လို ့
    ပြောလိုက်တော့..လုပ်တဲ့သူလဲဆင်းပြေးပါလေရော..
    နောက်တစ်ခါဆို အဲလိုပြန်လုပ်ဘို ့နည်းပေးလိုက်ပါတယ်..။

    • ပေါက်ဖော်

      November 23, 2011 at 9:44 am

      ဟေ့…
      နှူးဘာတိုင်းပြည်ကလာတဲ့..ပေ-ဂီ-အီး-မှော်-စည် တို ့ကြားကြသလား
      အပ်တစ်ချောင်း မြုပ်အောင်တွယ်တာတဲ့ နော်..တတိထားကြ
      😆

      • inz@ghi

        November 23, 2011 at 9:51 am

        တိန်
        ဂီ ပါဝူး……… ဂီ ပါဝူးနော်…
        ပေ-မှော်-စည် တို့ပဲ သဒိထားဂျ

        ထောက်လှမ်းရေးရော တန်ပြန်ထောက်လှမ်းရေးပါ
        စိတ်မဝင်စားသော အဖြူရောင် သိုင်းသမားလေး
        ဂီဂီ

      • ကိုရင်စည်သူ

        November 23, 2011 at 11:29 am

        တိန်… စည်မပါဘူး.. စည်တို့က
        အသန့်လေး… ရှောင်လင်သိုင်သမားလေး
        ကိုယ့်လာထိတောင် ရှောင်ရှောင်ပေးနေရလို့လေ… ဟီးး 😀 😀
        အပ်ဆိုလို့ ဆေးထိုးအပ်တောင် ခံနိုင်တာ
        မဟုတ်ဝူး.. ဂီ့ – အီး-ပေ-မှော်ဆိုရင်တော့
        မပြောတတ်ဘူး… အပ်အထိုးခံနိုင်အောင်
        အရင်က တရုတ်အပ်စိုက် ကုတဲ့ဆီမှာ
        သွားကျင့်ဖူးတယ်လို့ ပြောဖူးဒယ်… 😛 😛 😛

        ရှောင်လင်သိုင်သမားလေး
        ကိုရင်စည်

        • မှော်ဆရာ

          November 24, 2011 at 7:09 pm

          တို့ကတော့ ထောက်လှမ်းရေးလဲ မလုပ်ဘူး
          တန်ပြန်ထောက်လှမ်းရေးလဲ ကြောက်တယ် ..
          လက်နက်ပုန်းဆို ပိုတောင်ကြောက် ..
          ဘတ်စကား စီးရင် မိန်းကလေး အုပ်စုနားကို ရှောင်ပါ၏ ..။
          မတော် သူတို့ တိုက်ပွဲနား နေရတာ ထောက်လှမ်းရေးတို့ တန်ပြန်ထောက်လှမ်းရေးတို့ လက်နက်ပုန်းတို့ လိုရာပစ်မှတ်ကို မရောက်ပဲ ကိုယ့်လာ မှန်နေ အခက် …
          ဘေးကင်း ရန်ကင်း အပေါက်ဝကပဲ တွယ်လိုက်တာ စိတ်ချမ်းသာတယ် …

    • nigimi77

      November 23, 2011 at 9:17 pm

      အရင်ကလည်း အဲလို အသံတွေကြားခဲ့ဘူးတယ်။

      ဒါနဲ ့နေဘာအုံး။

      အပ်တစ်ချောင်းလုံး ဝင်အောင်စိုက်တယ် ဆိုဒေါ့ ။

      တော်တော် အားစိုက်ရမဘဲ ။

      ချီးကျူးချင်ဒယ် ။

      တော် တော် လက် ယဉ် သ ဂိုး ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • kai

    November 23, 2011 at 7:25 am

    တိုကျိုက. ဂျပန်ရထားတွေမှာ.. ရဲမေတွေ.. . အဲဒီလို ထောက်လှမ်းရေးသမားတွေကို.. အထာပေးပြီးထောင်ချောက်ဆင်ဖမ်းတတ်တယ်..။

    မြန်မာပြည်လည်း.. အဲဒီလို..လုပ်ပြီး သတင်းစာထဲ ထည့်လိုက်ဖို့ကောင်းတာပေါ့..။
    ဗော်လန်တီယာ မိန်းကလေး.. ၁-၂ယောက်နဲ့.. စလုပ်ကြည့်ပေ့ါ…။
    ဘာမှမကုန်ကျပါဘူး..။
    အင်မတန်အကျိုးများတဲ့.. မွန်မြတ်တဲ့.. လူမှုရေးအလုပ်ဖြစ်မှာပါ..။ 🙂

  • layla

    November 23, 2011 at 8:16 am

    Great Job aye.kk!!!!!
    There should be alot of girls like you in Myanamr to protect themself being abuse of such a bad behaviour.

  • koyinmaung

    November 23, 2011 at 8:36 am

    ကဲ……မှတ်ပြီလား
    ဒီတိုက်ကွက်ကမာ္ဘကိုဖြန့်ဘို့စီစဉ်နေပါတယ်
    ကိုဘီလူးကြီးရေ….ရယ်ရလွန်းလို့….
    ထွက်ကုန်ပြီ….မျက်ရည်တွေပြောပါတယ်..ဟေ…ဟေ့

  • amatmin

    November 23, 2011 at 9:09 am

    အဲဒီ တန်ပြန်ထောက်လှမ်းရေးကိုသာ အတော်လေးသုံးလာကြရင်တော့ မိန်းကလေးတွေ အတွက်အိုကေ သွားပြီး
    ကျွန်တော်တို့ ယောက်ျားလေးတွေ တော့ သားကောင်အသစ်တွေ ဖြစ်တော့မှာပဲ ဗျာ.. 🙁
    အဲလိုလူကြီးတွေ က နောက်ပိုင်း သဘောတွေကျပြီး လိုင်း ပြောင်းလာရင် သေပြီဆရာ….
    ခုတောင် ကားတွေ ပေါ်မှာ မစိုမခြောက်တွေ တပြုတ်တခဲ.. 🙂

  • etone

    November 23, 2011 at 9:29 am

    ကိုဘီလူးရေ ဖတ်ပြီးရယ်ရတာ အူတွေတောင်နာတယ် …. ။
    အလုပ်လုပ်ရင်း မောနီတာကြီးကြည့်ပြီး ရယ်နေလို့ ဘေးကလူတွေက ရူးသွားပြီလားတောင် ထင်နေကြတယ် 😀
    ကောင်းတယ် … မှတ်လောက်အောင် ပညာပေးခဲ့တာပါလား .. ဟီးဟီး… ဒါနဲ့ အဲ့ဒီထောက်လှမ်းရေးက လိင်တူချစ်သူဆိုလျှင်တော့ ဒီနည်းနဲ့ မဖြစ်ဘူးထင်ပါရဲ့နော် … ။

    ကျောင်းတတ်တုန်းကတော့ ကားကြပ်ကြပ်တွေ စီးရဖူးတယ် … လိုအပ်တာထက် ကိုယ့်နားပိုကပ်လာလျှင်တော့ ခြေထောက်နင်းတာမျိုး ၊ တထောင်ဆစ်စာ ကျွေးတာမျိုးတော့ လုပ်ခဲ့ဖူးတယ် .. သိသိသာသာကြီး ထောက်လှမ်းရေးလုပ်ခံရတာမျိုးမရှိခဲ့ဖူးဘူး …. မရှိဆို… ကားပေါ်တက်တာနဲ့ လူဘယ်လောက်ကြပ်ကြပ် သုံးရာ့ခြောက်ဆယ် ဒီဂရီပတ်ချာလှည့်ရန်လုပ်နေတာကိုး :mrgreen:

  • lone

    November 23, 2011 at 9:45 am

    lone ကတော့ ရုံးမှာမို့လို့ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရတယ်။…ဘာဖြစ်လို့ မိန်းကလေးတွေကို အဲ့လိုလိုက်လုပ်နေကြတာလဲ…မသိဘူး…
    …..lone ၁ဝ တန်းတုန်းကတစ်ခါကြုံဖူးတယ်…lone က ပန်းဘဲတန်း(ထ-၂)မှာကျောင်းတက်တာ…ပြန်ရင် lone သူငယ်ချင်းနဲ့ lone ခန်းမရှေ့ကနေမြေနီကုန်းကျူရှင်ကိုသွားဖို့ ၄၅ သွားစီးရတယ်…ကားကကျပ်တော့ အဲ့ဒီ့လူကြီး က Lone တို့နားကပ်လာပြီး…သူxxxကို ထမင်းချိုင့်ကိုင်ထားတဲ့ lone ရဲ့လက်နားကို အတင်းကြီးလာထိတယ်… lone ကလည်း ဘယ်ရမလဲ…ထမင်းချိုင့်ကို အပေါ်ကို ဆောင့်ဆွဲလိုက်တာ အဲဒီ့လူကြီး အု ကနဲကိုမြည်သွားတာပဲ….ကျောင်းစိမ်းအဝတ်စားနဲ့ ကျောင်းသူလေးတွေကို လုပ်ရက်တာတကယ်အံ့ဩတယ်….တဏှာရူးတို့ရယ်…

  • ကြောင်ကြီး

    November 23, 2011 at 9:47 am

    rush hour မှာ အထူးသဖြင့် မနက်ရုံးတက်ချိန် ရထားစီးရင် အိုအိုမမ ဘယ်သူ့မှာ ညှာလို့မဖြစ်နိုင်ပါဘူး။ ရထားကိုလည်း တမိနစ် တစင်းလောက် ပြေးပေးလဲ မလောက်၊ ထပ်ချဲ့ဖို့လည်း မဖြစ်နိုင်၊ သံလမ်းပေါ်ပြေးရတာဆိုတော့။ အဲဒီလိုမျိုးမှာ တန်းစီစနစ်လည်းမရှိ၊ သက်ကြီးရွယ်အိုလည်းမသိ၊ လေဒီဖတ်စ်လည်း မရှိတော့ဘူး။ အားလုံးက ရုံးချိန်နောက်မကျဖို့ အားထုတ်နေရတယ်။ ပိုဆိုးတာ အတော်များများက ရထား၊ကား အထဲကို မဝင်ချင်ကြဘူး။ အဝမှာ ပေကပ်ရပ်နေတယ်။ ဒီတော့ အဝင်အထွက် နှေးသွားတယ်။ လူဆန့်သင့်သလောက် မဆန့်ဘူး။ နောက်ပိုင်း ရထားတွဲအချို့မှာ ထိုင်ခုံတွေကို ဖြုတ်ပြီးဆွဲဖို့ စမ်းသပ်နေတယ်။ လူပိုဆန့်အောင်လို့။ သဂျီးတို့လို နောက်ဆုံးပေါ် hybrid ကားလေး စီးပြီး သူများကို ကွန်ဆာဗေးတစ် ဖြစ်လို့ဘာညာနဲ့ လှောင်ပြောင်ရှုံ့ချနိုင်ရင်တော့ တမျိုးပေါ့လေ။။။။ 🙄

    • inz@ghi

      November 23, 2011 at 9:56 am

      အဲ့လာပြောလာပေါ့ ….
      ခုတော့ ဂီ အိုခေတွာ းဘီ ….
      ဂီ စီးတဲ့ရထားက သည်ဘက်ထိပ်ဆုံးဘူတာက ရုံး
      ဟိုဘက် ဘိတ်ဆုံး ဘူတာ က အိမ် ထိုင်စရာရလို့
      အိပ်ပီး လိုက်ရုံပဲ အေးဆေး..

      အရင်အိမ်တုန်းကများ ခန်းဒ လိုနေရာမျိုးကနေ
      ရထားပြောင်းစီးရပါတယ်….rush hour မှာများပြောပါတယ်..
      ဂလောက်ကျပ်ညပ်နေတာ …
      သည်တော့ မောင်ဂီ့ ခမျာ ဖရီးကစ် လူတံတိုင်း ထုံး နှလုံးမူပီး
      လက်ပကျွတ် ထည့်တဲ့ အိတ်ကလေး ကွယ်ပီး စီးရပါတယ်ခည….

      သနားထှာ..

      • မှော်ဆရာ

        November 24, 2011 at 7:13 pm

        အော် လက်နက်ပုန်းရန်ကြောက်လို့ ထောက်လှမ်းရေးကို ကာကွယ်ပေးထားတော့ နောက်ပိုင်း ခံစစ်ကတော့ ဟာလာဟင်းလင်း ပွင့်နေမှာပေါ့နော် …
        သနားထှာ …

  • မောင်ဘလိူင်

    November 23, 2011 at 11:27 am

    ဦးဘီလူးရေ..ကျွန်တော်လည်း အဲဒီလိုငနဲတွေနဲ့
    ရန်ပွဲဆင်ဖို့အထိဖြစ်ဖူးတာ..ကျွန်တော်တော့
    တန်ပြန်ထောက်လှမ်းရေးတွေ ဘာတွေ မလုပ်မိဘူး။
    အဲဒီငနာ ဂုတ်ဆွဲပြီး ဟေ့ကောင်လာ ရှေ့မှတ်တိုင်ဆင်း
    ဆိုပြီး ဆွဲချသွားတာ..အောက်ရောက်တော့မှ ဆော်ကြ
    နှက်ကြမလို့။ ငနာက ကြောက်ပြီးထွက်ပြေးသွားတာ..
    ဘယ်ရမလဲ ကျွန်တော့်ဘက်က သူငယ်ချင်း ၄..၅ယောက်
    ပါတာကိုး.. 🙂

  • small cat

    November 23, 2011 at 12:15 pm

    ကား/ရထားပေါ်က တဏှာရူး ဆိုရာမှာအများအားဖြင့် ယောက်ျားလေးတွေများပါတယ်။ ၉၀%ပါ၊
    ၁၀% သော အမျိုးသမီးများလည်းရှိပါတယ်၊(ရှိကိုရှိပါတယ်။) ကြောင်လေးလူပျိုဘဝ၊ သင်တန်းတက်တုန်းကနှစ်ကြိမ်လောက် သေသေချာချာ ထိမိခဲ့ဘူးပါတယ်၊ အေသေးစိတ်ရေးမပြတော့ပါ။ ဪ သူရို့ခမျာလည်း သွေးသားနဲ့ တည်ဆောက်ထားကြတဲ့ ဣထိယတွေပေကိုး………..
    (မကောင်းတာလုပ်စားတဲ့ ကောင်မတွေ ကားပေါ်တက်မြှူဆွယ်တာလို့ ပြောချင်ကြပါသလား?
    ကြုံဖူးတဲ့ ပုရိသများ သိပါလိမ့်မယ်။)

    • မှော်ဆရာ

      November 24, 2011 at 7:15 pm

      အော် ဒါကြောင့် ဂီဂီ က နောက်ပိုင်းခံစစ် ဖွင့်ကစားနေတာကိုး ….

  • True Answer

    November 23, 2011 at 1:11 pm

    တွေ့တယ်နော် ။
    ကံကံ၏ အကျိုးဆိုတာ…
    ဒီလို ချက်ချင်း အကျိုးပေးတာ။ း)

  • ရွှေအိမ်စည်

    November 23, 2011 at 2:18 pm

    ဒီပိုစ့်ဖတ်ပြီး…ကြော်ငြာတစ်ခုတင်လိုက်ပါတယ်..
    ကျေးဇူးပါနော်……

    အမျိုးသမီးသီးသန် ့ မော်တော်ယာဉ်လိုင်းပြေးဆွဲရန် အစီအစဉ်များချမှတ်………….

    ယနေ ့ခေတ်၌ အများပြည်သူလူထုတို ့သည် ရုံးလုပ်ငန်းခွင်သို ့သွားရောက်ရာတွင် ဘတ်စ်ကားများ ၊ ဝန်ထမ်းကြို ပို ့ကားများ ကို အသုံးပြုလျက်ရှိကြသည်။

    သို ့သော် ဘတ်စ်ကားများ ကိုသာ ပိုမိုသုံးစွဲကြသည်။သို ့ရာတွင် ဘတ်စ်ကားဖြင့် ရုံးတက်၊ ရုံးဆင်းသွားလာနေရသော အမျိုးသမီး များ အား

    အချို ့သော မသမာသူ အမျိုးသားများ က အနှောက် အယှက် ပေး၊ ထိခိုက် စော်ကား ကာ ထိကပါး ယိကပါး ပြုနေကြောင်း မီဒီယာများ ၊ ဂျာနယ်များ တွင် မကြာခဏ တွေ ့ရှိရပါသည်။

    သို ့ပါ၍ အမျိုးသမီးများ ထိုအန္တရာယ်များ မှ ကင်းဝေးကာ အဆင်ပြေချောမွေ ့စွာ သွားလာနိုင်ရန် ဒေါ်ကေခိုင်အောင်ခင် မှ ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းလမ်း ပို ့ဆောင်ရေး ဝန်ကြီးအား

    သီးသန် ့မော်တော် ယာဉ်လိုင်းပြေးဆွဲ ပေးရန် တောင်းဆိုထားပါသည်။ ထို ့အပြင် လိုအပ်ပါက အမျိုးသမီး ယာဉ်မောင်း နှင့် အမျိုးသမီး ယာဉ်အကူ ထားရှိနိုင်ရန် စီစဉ်လျက်ရှိပါသည်။

    ထိုနည်းအတူ သွားလာရေး သက်သာချောင်ချိစေရန် အတွက် လည်း ယာဉ်လိုင်း တစ်လိုင်းကို တစ်ပတ် လျှင် နှစ်ကြိမ်ခန် ့ ယဉ်စီးခ အခမဲ့ ဖြစ်စေရန်အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ြ

    ပီး

    ဒေါ်ကေခိုင်အော်ခင် မှ အလှုငွေများ ထည့်ဝင် လှုဒါန်းသွားမည်ဖြစ်ပါသည်။

    သို ့ပါ၍ မြန်မာအမျိ်ုးသမီး လေးများ ခရီးသွားလာရေး အဆင်ပြေ ချောမွေ ့သက်သာချောင်ချိစေရန် ပါဝင် ကူညီပေးပါရန် အလှုရှင်များ အား လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

    မထသ ၊ ပါရမီ ယာဉ်လိုင်းများ နှင့် ချိတ်ဆက်ကာ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ပါဝင်ကူညီ လှုဒါန်းလို ပါက ဆက်သွယ် စုံစမ်းနိုင်ပါသည်။

    ဒေါ်ကေခိုင်အောင်ခင်

    ဖုန်း – 01-510146 , 09-4927832

  • နွယ်ပင်

    November 23, 2011 at 3:23 pm

    ကိုဘီလူးရေ ဖတ်ရင်းနဲ့ ရီရတာ မောတောင်သွားတယ် .. 🙂
    မှတ်လောက်အောင် ပညာပေးခဲ့တဲ့ ပုံပဲနော် …
    နွယ်ပင်သူငယ်ချင်း တစ်ယောက်တုန်းကတော့ သူကစိတ်ကလဲ
    ဆတ်ဆတ် စွာကလဲစွာတော့ သူ့ကိုအဲလိုလာလုပ်တာကို
    လက်တုန့်ပြန်ဖို့ အပ်ကလဲမပါ ဖိနပ်ကလည်း စလစ်ပါမို့
    လက်နဲ့အားရပါးကို ဆွဲဆောင့်ပစ်လိုက်တာဆိုပဲ … 😛
    ပြီးမှ သူ့မှာ ထမင်းတောင်မစားနိုင်ရှာဘူး သူ့လက်ကို
    ကြည့်လိုက်အန်လိုက် ပျို့လိုက်ဖြစ်နေတာလေ ဟီးးးးး …. 🙂

  • စုံ စုံ

    November 23, 2011 at 3:59 pm

    ကိုဘီလူးကြီးရေ ရီလိုက်ရတာအရမ်းဘဲ 😛
    မထင်မှတ်ထားတဲ့တိုက်ကွက်နဲ့ဆိုတော့ ဟိုတဏှာရူးတော့
    တော်တော်ကြောင်သွားမှာဘဲ နောက်ဆိုလဲဆင်ခြင်နိုင်သွားမယ်ထင်ပါရဲ့
    မြင်ဖူးကြားဖူးသမျှတော့ ကားပေါ်မှာအဲ့လိုလုပ်ကြတာ
    အများအားဖြင့်အသက်ကြီးပိုင်းတွေနော် လူငယ်ယောကျာ်းလေးတွေ
    တော်တန်ရုံမလုပ်ကြဘူး သေခါနီးရိက္ခာယူကြတယ်ထင်တယ် 🙁

  • Rose Minn

    November 23, 2011 at 4:10 pm

    ကိုဘီလူးရေ တကယ်ရီရတယ်။ အူတွေနာလိုက်တာ။ ရုံးမှာဆိုတော့ မနဲကို အောင့်ပြီးရီရတာ။ သူငယ်ချင်းကတောင် ဘာဖြစ်နေလဲတဲ့။ ရီကျော ထိလို့ လား။ ရီတာမပြတ်ဘူးတဲ့။ တက် သွားအုံးမယ်တောင်ပြောတယ်။ rose ရုံးက အပြန် တစ်ယောက်ထဲရယ် 39လိုင်းကား စီးတာ။ တကိုယ်ထဲ ဆိုတော့ ရှက်ပြီးဘာမှ မလုပ်ရဲဘူးထင်လို့ ကိုယ့်ကိုစော်တာလေ။ နောက်လှည့်ကြည့်ရင် သူမဟုတ်သလိုမျက်နှာမျိုး ကို အသည်းယားတာက တစ်မျိုး။ ဒေါသထွက်တာက တစ်ခု နှစ်ခုပေါင်းပြီး။ သူ့ခြေထောက်ကို ဒေါက်ဖိနပ်ချွန်ချွန်နဲ့ဖိ လှည့် နင်းတာ တစ်မျိုး။ ကားဘရိတ်အုပ်လို့ စောင့်နင်းချလိုက်တာက တစ်မျိုး စော်ပြစ် လိုက်တာ။ တော်တော်ယုတ်မာတဲ့မိန်းမ ဆိုပဲ ပြောပြီး ဆင်းပြေးသွားတယ်။ အသဲခိုက်သွားတယ်ထင်ပါ့။ ရှက်တာရောကိုယ့်ဒေါသက လဲ အထွဋ်ထိပ်ရောက်နေလို့လုပ်ရဲတာ။ ဟီးဟီး။

  • nayminn

    November 23, 2011 at 4:13 pm

    အရင်တုံးက အတက်အဆင်းလုပ်လို့ရတဲ့ တံခါးနှစ်ပေါက်ပါတဲ့ကားမှာသံစကာနဲ့ကန့်ပြီး အမျိုးသား အမျိုးသမီးခွဲစီးရတယ်လို့ကြားဖူးတယ်..။

    အခု ထိုင်ခုံပြည့်ပဲတင်မယ်ဆိုပြီး ဘယ်စီးစီး ၂၀ဝ တန် အထူးအဲယားမွန်းကားတွေက တစ်ပေါက်ပဲပါတော့…။

  • nozomi

    November 23, 2011 at 8:03 pm

    ကိုချောဆီက အညွှန်းဖတ်တော့လဲ သဘောကျ
    တကယ်လာဖတ်တော့လဲ ရီ ရတယ် ဗျ
    လိုအပ်ရင် သုံးလို့ ရမဲ့ နည်းတစ်ခု အနေနဲ့ မှတ်သားသွားပါကြောင်း

  • pasi

    November 23, 2011 at 9:21 pm

    ကိုကျော်မြင့်သန်းဆီမှာ တန်ပြန်ထောက်လှမ်းရေးသင်တန်းတက်ရမယ် ပြီးရင် အဆင့်(၁)ထူးချွန်ဖြစ်အောင် ကြိုးစားမယ်

  • PHYOGYI86

    November 24, 2011 at 4:16 pm

    ကိုဘီလူးကြီးရေ ရယ်ရလွန်းလို့ အူတောင်တက်တော့မယ် .. 😀
    ဒီလောက်နှာဘူးထတဲ့ တဏှာရူးတွေကို ဒီလို ပညာပေးမှ ကောင်းတယ် …. 😀

Leave a Reply