“ မ ငိုက် မြည်း လို လျှင် ”

aye.kkNovember 23, 20111min1757

      ကျ မ သည် ငယ် ငယ် က တည်း က ပင် ဝ ၏ အ စား ကြီး ကာ အ  အိပ် ပုတ် ၏ နေ ့ခင်း

နေ့လည် ဖက် ဆို လျှင် အ လွန် ငိုက် မည်း တတ် ၏  ၊မ ငိုက် မြည်း အောင် မျှက် နှာ ကိုယ် လက်

တို ့အား ရေ စို ဝတ် ဖြင့် သုတ် ခြင်း ၊ အ ချဉ် စား သုံး ခြင်း တို ့ပြု လုပ် က လည်းမ ရ ၊ ငိုက် မြည်း

မှု ကား  မ ပျောက် သွား ပါ ။

တစ် နေ့ သော ခါ ကြုံ ကြိုက် သ ဖြင့် ကျ မ ၏ ငိုက် မြည်း တတ် မှု ကို ဘ ကြီး အား ပြော ပြ ရာ

ဘ ကြီး က  “မ ငိုက် မြည်း လို လျှင် ” နည်း ပေး မည် ဟု ပြော ၏ ဘ ကြီး ပြော ပြ သည့် နည်း

က ဆေး မြည်း တို တစ် လက် ပင် ဖြစ် ပါ သည်။

ဘ ကြီး က ဆေး မြင်း ခွာ ရွက် ကို မြင် ဘူး လား ဟု မေး လျှင် ကျ မ မှ မသိ သ ဖြင့် ဘ ကြီး က

ဆေး မြင်း ခွာ ရွက် အ ကြောင်း အား ပြော ပြ ပါ သည် ၊ ကျ မ တို ့နေ ့စဉ် စား သုံး နေ ကြ မြင်း

ခွာ ရွက် မ ဟုတ် တာ က တော့ အ မှန် တစ် ကယ် သေ ချာ ပါ သည် ၊ကျ မ မြင် ဘူး သည့် မြင်း

ခွာ ရွက် က စား သုံး နေ ကြ မြင်း ခွာ ရွက် ဖြစ် ပြီး ၊ နှစ် မျိုး လောက် သာ မြင် ဘူး ပါ သည် ၊ဆေး

မြင်း ခွာ ရွက် ရှိ သည် ကို ဘ ကြီး ပြော ပြ မှ သာ သိ ပါ သည် ရံ ဖန် ရံ ခါ ဈေး တို ့တွင် အ နည်း

ငယ် မျှ လာ ရောက် ရောင်း ချ တတ် ကြောင်း ပြော ပါ သည် ၊ စား သုံး နေ ကြ မြင်း ခွာ ရွက် က

စိုက် ပျိုး ရ လွန် စွာ လွယ် ကူ သ ဖြင့် ပေါ များ ကြောင်း ၊ ဆေး မြင်း ခွာ ရွက် ကား စိုက် ပျိုး ရန်

မ လွယ် ကူ ကြောင်း ၊  အ လွယ် တစ် ကူ စိုက် ပျိုး မ ရ နိုင် သ ဖြင့် ရှား ပါး ကြောင်း ပြော ပြ ပါ

သည် ၊ ဘ ကြီး ပြော ပြ သည့် ဆေး မြင်း ခွာ ရွက် အ ပင် ကား ၊ စမ်း ချောင်း စိမ့် စမ်း တို ့ရှိ ရာ

ရှို မြှောင် ကျောက် ကြို ကျောက် ကြား တို ့ အ ကြား ၊ ရေ အ စို ဓတ် အ မြဲ ရှိ နေ သည့် မြေ ကွက်

လပ် အ နည်း ငယ် မျှ ရ ရှိ သော နေ ရာ တို ့ တွင် သာ၊သ ဘာ ဝ အ လျှောက် ကပ် ငြိ တွယ် ကာ

ပေါက် ရောက် ကြ သ ဖြင့် လွန် စွာ ရှား ပါး ရ သည် ဟု ပြော ပြ ပါ သည် ၊ ဆေး မြင်း ခွာ  ရွက်

မှာ စား သုံး နေ ကြ မြင်း ခွာ ရွက် နှင့် မူ မ တူ ဘဲ တစ် မူ ထူး ခြား ကာ ပန်း ပွင့် နှင့် အ လွန် တူ

၍ “ ပန်း မြင်း ခွာ ရွက် ” ဟု လည်း ခေါ် ဝေါ် သုံး စွဲ ကြ သေး သည် ဟု ပြော ပြ ၊ လေး နာ ရီ ပန်း

ပွင့်( မြဉ္ဖူသက ) နှင့် အ လွန် တူ ကြောင်း ၊ အ ရွက် သွား ပုံ မှာ ပန်း ပွင့် ပုံ စံ ကျ ကာ ရိုး ရိုး

မြင်းခွာ ရွက် ထက် ပို ငယ် သည် ဟု ပြော ပြ ပါ သည်။

၎င်း ဆေး မြင်း ခွာ ရွက် အား ပဉ္စ ငါး ပါး မ ကျန် သန် ့ရှင်း စင် ကြယ် စွာ ရေ စင် အောင် ဆေး

ကြော ပြီး နေ ပူ လှမ်း ကာ အ ခြောက် ခံ ရ မည် ဟု ပြော ပါ သည် ၊ ပြီး လျှင် ဆေး မြင်း ခွာ ရွက်

အ ခြောက် အား အ မှုန် ့ ဖြစ် အောင် ထောင်း ၍ ပျား ရည် နှင့် တေ ကာ  ဇီး ကင်း စေ့ အ ရွယ်

လေး များ လုံး ထား ပြီး လျှင် နေ ့စဉ် နံ နက် တစ် နေ ့ တစ် လုံး စား သုံး ပေး ပါ က “ ငိုက် မြည်း

ခြင်း ” အ လျှင်း မ ရှိ ကြောင်း ပြော ပြ ပါ သည်။

ထို ဆေး မြင်း ခွာ ရွက် အား ပြော သည့် အ တိုင်း ပြု လုပ် စား သုံး ပေး ပါ လျှင်  ငိုက် မြည်း

ခြင်း ပျောက် သည့် အပြင် အ သက် ရှည် ကျမ္မာ နု ပျို စေ နိုင် သည့် ဆေး စွမ်း ကောင်း တစ်

လက် ဖြစ် ကြောင်း ဘ ကြီး ပြော ပြ သ ဖြင့် လွန် စွာ ပင် ကျေး ဇူး တင် မိ ပါ သည် ၊စာ ဖတ်

သူ တို ့အား သိ ရှိ ကြ စေ ရန် ထပ် မံ မျှ ဝေ ရ ကာ ရေး သား လိုက် ရ ပါ  ပေ သည်။

 

7 comments

  • htoosan

    November 23, 2011 at 9:18 am

    ကိုယ်တိုင် ကော စမ်းသပ်ပြီး ပြီ လား ။။ အဲ့ဒီ့ ဆေးမြင်းခွာရွက် ဘယ်မှာ ဝယ်လို့ ရမလဲ။

  • ပေါက်ဖော်

    November 23, 2011 at 9:37 am

    တော်တော်စွမ်းတဲ့ နည်းပါလား..
    တစ်လုံးသောက်ရုံနဲ ့….အကျိုးများကြီးရတယ်ဆိုတော့..လန်ဒါပေါ့နော်..
    အန်တီကော….စမ်းပြီးပြီလား..ဟင်..
    အခြေအနေဘယ်ရိုရဲ….
    တားက ခုတောင် ငိုက်နေပြီ..
    ညက ရပ်ကွက်လုံခြုံရေးအတွက်..ကိုယ့်အသိစိတ်နဲ ့ကိုယ် ပလောင်ထင်းပြီး ကင်းစောင့်ပေးနေလို ့..အိပ်ရေးဝဘူးဗျ

    • inz@ghi

      November 23, 2011 at 9:42 am

      ဂီ့မှာလည်း မငိုက်မြည်းတဲ့ နည်းတခုရှိတယ်
      ဂီကိုယ်တိုင် စမ်းသပ်သုံးစွဲကြည့်ပြီးသား…
      အကုန်အကျလည်းများဝူး နည်းက ရိုးလည်း ရိုးရိုးလေး…
      ငိုက်သလား ငိုက်ရင် အိပ်ပလိုက်ပါ ….အိပ်ပျော်သွားပါက ငိုက်မြည်းမှု မရှိတော့ကြောင်း
      ဝမ်းမြောက်ဖွယ်ရ တွေ့ရှိရပေလိမ့်မည်

      ပုံဂီဂီ
      (သိုင်းညီနောင် ရ ဖော်)

  • etone

    November 23, 2011 at 10:17 am

    အစ်မရေ … ဆေးမြင်းခွာဆိုတာ ကြားတော့ကြားဖူးတယ် …ဈေးမှာရောင်းတဲ့ ဆေးမြင်းခွာကတော့ အရွက်ပိုကြီးတယ် အရိုးနီတယ် … သာမန်မြင်းခွာထက်ပိုခါးတယ် …(ဟုတ်မဟုတ်မသိ ) ဒါပေမယ့် .. ငိုက်တယ် မငိုက်ဘူးဆိုတာကတော့ … လူတစ်ယောက်ရဲ့ ပင်ပန်းနွမ်းနယ်မှု ၊ စိတ်ပါဝင်စားမှုရယ် ၊ လုပ်လေ့လုပ်ထဖြစ်မှုနဲ့လည်း ဆိုင်မယ်ထင်ပါတယ် … ။

    ကျွန်မအရင်က ကျောင်းပြီးပြီးချင်း တစ်နေ့တစ်နေ့အိပ်တာကလွဲလို့ ဘာမှ စိတ်မဝင်စားခဲ့ဘူး ။ အလုပ်လည်းဝင်ရော အဲ့ဒီအကျင့်က ပြသနာ တက်ပါလေရော …။ ထမင်းစားပြီးတဲ့အချိန်တွေ ငိုက်တာ အဆိုးဆုံးပါပဲ … ။ နောက်ပိုင်း အဲ့ဒီအချိန် မငိုက်အောင် ဂိမ်းဆော့တာမျိုး (လစ်ရင်လစ်သလို) ….. စက်ရုံထဲဆင်း လမ်းလျှောက်တာမျိုးနဲ့ … တဖြည်းဖြည်း အဲ့ဒီအကျင့်ပျောက်သွားတော့တယ် … ။

    အခုနောက်ပိုင်းတော့ အလုပ်ပင်ပန်းပြီး stress များလျှင် များသလို ငိုက်တတ်ပါတယ် … ။ ငိုက်တိုင်းလည်း အာရုံပြောင်း လမ်းထလျှောက်လိုက်ရင် အဆင်ပြေသွားတယ် …. ။ တစ်ခါတစ်လေ … အလုပ်မှာ ပြသနာတက်နေလျှင်လည်… လူရောစိတ်ပါနှစ်ပြီး စိတ်ဝင်တစားလုပ်တဲ့အခါ … မငိုက်တာကိုလည်း သတိထားမိတယ် … ။ 🙂

  • windtalker

    November 23, 2011 at 12:34 pm

    အေးကေကေ ဘကြီးကိုရော အေးကေကေ ကိုဘာ ကျူးဇေး
    အလုပ်ထဲမှာ ငိုက်နေတဲ့ကောင်တွေ အတွက် နည်းကောင်းတစ်ခု ရသွားဘီ

  • htoosan

    November 23, 2011 at 3:23 pm

    နေပြည်တော်လမ်း ကားမောင်းသူ များအတွက် ဖော်ရောင်းလိုက်လို့ ကတော့ မီလျှံနာ ဘိစိနပ်ဘဲ 😀

  • aye.kk

    November 23, 2011 at 7:50 pm

    မေးလာသူတို ့အားပြန်ကြားလွှာအနေနဲ ့
    ပြောပြချင်ပါတယ်..
    ၁။ကိုယ်တိုင်စမ်းသပ်ပြီးဖြစ်သူဘကြီးကအသက်(၉၅) နှစ်တိုင်အောင်နေထိုင်သွားခဲ့ပါတယ်
    အသားရေလှပကာတွန် ့ရိ ခြင်း မရှိခဲ့ပါ ၊ဆေးမြင်းခွာရွက် (ပန်းမြင်းခွာရွက်)ကဝယ်ယူရ
    မလွယ်ကူသဖြင့်မြေအစိုဓတ်ဖန်တီးပေးကာလေဝင်လေထွက်ကောင်းမွန်သည့်နေရာတွင်
    အမိုးအောက်ထားရှိ ၍ စိုက်ပျိုးကာသုံးစွဲယူခဲ့ကြောင်းပြောပါသည်..။
    ၂။မသိလျှင်ပန်းနှင့်တောင်အထင်မှားနိုင်ရကာအလွန်ပင်လှပါသည်အရိုးတံလုံးဝမနီပါ ဆေး
    ကျမ်းများမှာပင် ဖော်ပြထားခြင်းမတွေ ့မြင်မိပါ ..။
    ရေးသူကိုယ်တိုင်ပင်လျှင် ထွက်ရှိရာနေရာသို ့သွားရောက်ကာရှာဖွေတွေ ့ရှိခဲ့ပါသည် ၊ ယနေ ့ခေတ်
    ဆေးကျမ်းများတွင် မတွေ ့ရသဖြင့် လွန်စွာဝမ်းနည်းမိပါသည် ၊ အပင်အားတယုတယ ယူဆောင်ကာ
    ဘကြီးပြောသည့်အတိုင်း စိုက်ပျိုးသော်လည်း မအောင်မြင်ခဲ့ပါ ၊ နောက်ပိုင်းတွင်လည်း ဘကြီး အသက်
    ကြီးမြင့်လွန်းသည့် အချိန်တွင်၊ သားသ္မီးများက စိုက်ပျိုးသော်လည်းမအောင်မြင်ကြောင်းသိရပါသည် ၊
    ရှေးပညာရှိတို ့သာလျှင်ဆေးမြင်းခွာခေါ် ပန်းမြင်းခွာအသုံးဝင်ပုံနှင့်လွန်စွာအစွမ်းထက်မြက်ပုံကိုမလွဲမသေ
    သိရှိကြမှာအမှန်ဟုယုံကြည်မိပါသည် ၊ရေးသူအားပြောပြခဲ့သည့် ဘကြီး ဆိုသူ ၏ အဖေမှာဆေးဆရာ
    အကျော်အမော်ဖြစ်သည့်အပြင်ကုသပေး၍မပျောက်ကင်းသည့်လူနာဟူ၍မရှိခဲ့ပါ ၊သားသ္မီးသည်ပင်လျှင်
    နိုင်ငံတော်ကအားထားရသည့်ဆေးဝါးဗေဒပညာရှင်ကြီးတစ်ဦး အဖြစ်ဆေးလောကတွင်အောင်မြင်ခဲ့ပါ
    သည် ၊ဆေးပညာကိုတစ်စိုက်မတ်မတ်လေ့လာလိုက်စားခဲ့သည့် ဘကြီး ၏ပြောပြချက်တို ့အား သေရွာ
    သို ့ထိ ယူမသွားချင်ပါ စေတနာထားကာ၊ နောင်လာနောက် သားတို ့သိရှိနိုင်စေ ရန်ရေးသားရခြင်းဖြစ်
    ပါသည်..။

Leave a Reply