အလုပ်သမဒိုင်ယာရီ-၃ (ရင်ဖွင့်တမ်းခြင်း)

mipukayNovember 22, 20111min17613

ရုံးသူ နဲ ့သူ ့ဝန်းကျင်
စုလိုက်ရပါတဲ့ စာရင်းတွေ
စစ်လိုက်ရပါမဟဲ့ အပျင်းမသွေ
ဟစ်လိုက်ရပါမကွဲ ့ ဒင်းတို ့တစ်တွေ
တွန်းလိုက်ရတာကွဲ ့ အဟင်းထကြလေ (g-talk က)
ဆွဲလိုက်ကြပါဟဲ့ အထည်တွေမပြီးသလေ (ချုပ်တုန်း)
ပြင်လိုက်ကြပါဦးကွဲ ့ ဂွတ်ထည်တွေ (စစ်ပြီးသားတွေ)
လုပ်လိုက်ရပါတဲ့ စစ်ခြင်းတွေက ခဏခဏ…
ပြောလိုက်ရပါတဲ့ ချော့ခြင်းတွေက ခဏမက
အသောလိုက်ရပါတဲ့ ပစ္စည်းအလို
အဟောသိကံ မဟုတ်ကွဲ ့ အပြောသည်းခံမလုပ်နဲ ့
အကောင်းစည်းကမ်းသာ ဖြစ်ရမကွဲ ့ အိုထိန်းသိမ်းကြလဟေ။
ပြောပြီးအပြန် ကောပြီးအကျန် မနောမညီးအမှန် အော်တောင်းလိုက်ကြရပြန်
တောင်းတာကို အပြစ်တင်မစောပါနဲ ့
မဟောင်းအခါခါ ဖြစ်နေကျပါကွဲ ့
ခေါင်းခံကာ ပြောနေရပေမယ့် အကြောင်းမမှန်တာသိပါရဲ ့
ပေါင်းပြန်ကာ ကြည့်ပါဟဲ ့ နှောင်းသံသယမရှိကြပါနဲ ့။
တောင်းသမျှကို ပြစ်ဟဆို
ဟစ်သမျှကို ပါတ်ပျိုးလုပ်လို ့သာပ့
အနှုတ်မတိုးဖို ့သာ ရှိတော့တယ် ပေးကြပါဦး ။
အဖိုးအခက အသာနေပါဦး
အကျိုးအမြတ်က ရှာနေရတုန်းပါပ
ပစ္စည်းဖိုးသာတောင်းရင်ဟ တို ရဲ ့ချုပ်ခကတော့သွားပြီကွ။
အဖိုးအနုတ်က ဆတိုးလို ့မရပေမယ့်
အမျိုးပါပြုတ်နိုင်တဲ့ဈေးမို ့ အိုးဟိုးဟိုးလုပ်ကြပါဦး။
ရုံးသူ နဲ ့သူ ့ဝန်တာ
ပညာမပြည့်စုံတဲ့ သူများပေမို ့
အထင်မှာတော့ အသုံးမကျကြပါကွဲ ့
အမှန်မှာတော့ ဆုံးမပါရဲ ့
တစ်ကယ်သာ အပြစ်မယူရက်ပါကွဲ ့ မတတ်နေသူများနေလို ့။
အခက်ပူကာသနားပြန်တော့ ပျက်ရယ်ကာ အသုံးမကျသူလို ့ မှတ်ထင်ကာ မပြောကြပါနဲ ့ အော်တောသူမို ့။
အညှပ်ဘယ်ကစမယ်လို ့ အပြတ်တစ်ကယ်ပြောပေမယ့်
အခက်ကွယ် မလည်တဲ့သူမို ့အတည့်အမှန်ကိုပြောင်းပြန်လှန်မိတာပါကွဲ ့
အိုအမယ့်လေး ပျက်ကုန်ပြီဟဲ့။
အဲသလို အဖြစ်မျိုးတွေကိုပ
အပြတ်ကို ချေမှုန်းပြစ်ချင်တာငါကွ
အခက်ကြုံ မိစိန်ငတုံးဖြစ်နေတာက
သူ ့အမေ မဆုံးမတာအပါဟ။
အသုံးအမှန်ကို တည့်ချင်ရင်တော့
အကြောင်းပြန်ကာ ကြည့်မည်နော့်
အဟောင်းအဖန်ဖန် ထပ်ပါတဲ ့ အတတ်ပညာအားနည်းတာပေါ့။
အစစ်ကို အလိမ်မပြောဝံ့ပါဘူး
အဖြစ်ကို အတည်သုံးသပ်ရင်တော့
နီးသူကိုသာ အခွင့်သာ သင်ကာကြားပါတဲ့ အိုဘယ့်အသက်မွေးပညာ။
မြန်မာတွေ အကောက်မတွေးကြပါနဲ ့
ကမ္ဘာမှာ အသက်မွေးကြရင်ဖြင့်
အသက်မွေးပညာက အရေးအကြီးဆုံးပါခင်ဗျာ့။
ဆံကလေးထောက်ကာ အရွယ်ရောက်ရင်ဖြင့်
အမှန်တွေးဆကာ စိတ်အဆာကျွေးကြပါမှ
ခလေးမခမျာ အသိရှိပေမလိမ့်။
အဲဒီအခါ အရေးပါနေတာက ရပ်ရွာမှာ ကြီးနေပါတဲ့
သက်ကြီးပညာရှိသူတို ့ရဲ ့ ဖေးမခေါ်ဆောင်ချင်းတွေပါ
ရှေ းကဖော်ဆောင်ဘူးကြပါရဲ ့ တွေးဆမျှော်ရောင် လွမ်းမိပါသကွဲ ့ အမလေးအမတို အဘတို့ရေ။
ကျောင်းပညာမှာ အစွံမဟုတ်ရင်ဖြင့်
မွေးပညာမှာ အစွံဖြစ်ရလေအောင် တွေးဆောင်ကာပေးကြပါခင်ဗျာ။
အတန်းပညာတွေမှာ လက်တွေ ့တွေပါပါမှ ဘဝလမ်းတစ်ကာမှာမျက်နှာမငယ်ရမှာမို ့
အချိန်ကလေးပေးကာ သင်ပေးကြပါဦး။
တစ်ပည့်ကို ဆရာအကဲခတ်ပါမှ ကလေးမခမျာ အလားလာကောင်းမှာမို ့
ဖေးမဆရာတွေကလည်း အခရာ။
အလေးသာကာရေးလိုက်ရပါရဲ ့ သင်ညာလေးတွေပေးကြပါဦး။
အထင်မှာ ပညာတတ်ဖြစ်နေပေမယ့် စိတ်အဆာက ရင်မှာမပြည့်ပါတော့
တစ်ကယ့်ဘဝမှာ နေရာမရရှာဘူး။
ဒေလ်းကာနက်ဂျီရဲ ့မိတ္တဗလနီကာ က
စိတ်ရဲ ့အဆာတွေ အပြည့်ပါတာမို ့
ဟိတ်ဆရာတွေရေ ဖတ်ကြပါဦး။
ဆရာတွေ ပညာပြည့်ပါမှ သင်ခံရသူတွေ ညဏ်တွေကွန် ့မှာပေါ့
အကြံတွေဟုတ်စေဘို ့ အမှန်တွေထုတ်ကာသင်ပေးကြပါဦးခင်ဗျာ့။
ဒီမယ်မောလှပြီ တစ်ကယ်ကိုပြောပါရစေ
ဘဝမှာရင်ဘောင်တန်းချင်ရင် တစ်ဦးကောင်းက တစ်သောင်းကောင်းဖြစ်အောင်လုပ်ကြပါဦး။
တစ်သောင်းကောင်းက တစ်သိန်းကောင်းဖြစ်ပါမပေါ့
ဟစ်ကာပြောလိုက်ရပါပေ့ါ။

သည်းညည်းခံဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
ဆက်ပါဦးမည်….
မိပူးကေ

13 comments

  • windtalker

    November 22, 2011 at 8:50 pm

    အိုး..ခင်မောင်..ခင်မောင်…
    ဒီစာသားတွေ မိပူးကေ အစဉ်ရေးနေ
    မင်းတို ့သိဖို ့က အထည်ချုပ်သမ တွေ
    ယို ရို ့

    • mipukay

      November 23, 2011 at 9:41 am

      ဒီဒဂါလေအိုးက ဟစ်ဟော့ကြိုက်ပုံရတယ်။
      ရာဇဝင်လေးတွင်သွားအောင် ကမာ္ဘပေါက်သီချင်းလေးအဖြစ် ဆင်ကြပါလားခင်ဗျာ။

  • ပေါက်ဖော်

    November 22, 2011 at 9:00 pm

    ဟစ်ကာပြောလိုက်တော့လဲ..ပြူးကာ ဖတ်သွားရတာပေါ့ဗျာ..
    ဆက်ပါ..ဆက်ပါ….
    အရက်သမားလောကနဲ ့..အထည်ချုပ်လောကမိုလို ့ လိုက်လို ့တော့မမီဘူး……
    မှီရာဆွဲပြီးလိုက်ရမှာပဲ..

    • mipukay

      November 23, 2011 at 9:44 am

      ပေါက်ဖော်ကြီးရေ
      မူးသွားတာတော့ တူတယ်မှတ်လား။
      ပုဆိုးနဲ ့ထမီကျွတ်တာချင်းလဲတူတယ်ကွဲ ့။
      ဘေးကလိုက်ဆွဲ လိုက်ထိန်းရတာကလဲဘဲ အတူတူဘဲ။
      ဆွဲတော့ဆွဲပါ အပျိုနဲ ့အအိုတော့မှားမဆွဲမိစေနဲ ့။
      သူတို ့ကပုံဖျက်တော်တယ်…ဟဲဟဲဟဲ

  • ကိုရင်စည်သူ

    November 22, 2011 at 9:11 pm

    အထည်ချုပ်လောက၊ အရက်သမားလောက
    အနုပညာလောက ထို သုံးလောကအား
    ယောင်လို့ပင် မဝင်ကြလေနှင့်
    အကြင် ရွာသူားများ ခင်ညားးးးးးး 🙂 🙂

    • mipukay

      November 23, 2011 at 9:38 am

      ဒီမယ်ကိုရင် ဘယ်ကျောင်းကမိန် ့ပါသလဲ။ မြန်မာနိုင်ငံမှာရှိတဲ့ကျောင်းကတော့ဟုတ်ဟန်မတူဘူး။
      ဒီ ၃လောကကိုရှောင်နိုင်တာက ရေခြားမြေခြားဘဲရှိသမို ့ကျောင်းထိုင်က မေးတာပါ အမျက်တော့ မမူပါနဲ ့။

      • inz@ghi

        November 23, 2011 at 9:45 am

        လိုခယ်လ်မှာလည်း သည် ၃လောကကို ရှောင်လို့ရပါတယ်ကွယ်…
        အဲ့ဒါကတော့ သီလရှင် ဝတ်လိုက်တာပါ
        ;P

        • mipukay

          November 23, 2011 at 9:51 am

          သီလရှင်တောင် မလွတ်ဘူးဂီဂီရဲ ့
          ဟိုတစ်လောကကြားမိပါရဲ ့ဒကာမတစ်ဦးအိမ်သွားရင်း အခစားနဲ ့အထည်အမွှေးညှပ်ပေးရတဲ့ကိစ္စဝင်ကူပေးလိုက်ရတာ နည်းနည်းတော့ဟန်ကျသားဆိုဘဲ။ အဲဒီအိမ်ကဒကာမကြီးက အမွှေးညှပ်ခလို ့သဘောမထားပါနဲ ့ လှူတာပါဘုရားဆိုတော့ သီလရှင်လဲမလွတ်ဖြစ်သွားတာလေ။

        • inz@ghi

          November 23, 2011 at 10:00 am

          အဲ့ဂလိုကြီးလား ….
          ရွှေပြည်ကြီး ခေတ်မှီထှာ…

  • inz@ghi

    November 22, 2011 at 9:16 pm

    ဟိုသောကြာနာမ်နဲ့စတဲ့မြို့လည်း မတွားနဲ့

    • Gipsy

      November 22, 2011 at 10:52 pm

      သောင်္ကြာနာမ်နဲ့စတဲ့မြို့က ..
      .. ဟံသာဝတီတို့ ၊ ဟင်္သတ တို့ အဲဒါတွေလား ဟင်…. :mrgreen:

  • nigimi77

    November 22, 2011 at 9:59 pm

    ဒေလ်းကာနက်ဂျီရဲ ့မိတ္တဗလ ” နီ ” ကာ ။

    အင်း..အင်း…….။

    အသစ်ထွက်တာလား မသိဘူး ။

    ကျောင်းထိုင်ကြီး စိတ်မဆိုးကြေး။

    • mipukay

      November 23, 2011 at 9:36 am

      အလိုဒကာကြီး “နီ” ရတာက 007 ရဲ ့သေနတ်စာမိမှာကြောက်လို ့”ဏီ” ကပုံဖျက်ထားတာဗျ။

Leave a Reply